အလှအပစိတ်ဝင်စားတဲ့ မိန်းကလေးတိုင်းအတွက် အသုံးတည့်မယ့် လျှို့ဝှက်ချက်လေးတွေ
mystylemyanmar.com
|
2020-02-25

ဒီတခါမှာတော့ လူတိုင်းအတွက် အသုံးဝင်မယ့် အလှအပဆိုင်ရာ နည်းလမ်းကောင်းလေးတွကို မျှဝေပေးသွားပါမယ်။


၁။ လက်သည်းနီအခြောက်မြန်အောင်




သင့်လက်သည်းနီ အခြောက်မြန်အောင် ခွက်တစ်လုံးထဲမှာ ရေခဲရေထည့်ပြီး ၁ မိနစ်လောက်စိမ်ထားပေးပါ။


၂။ ဆံကသော




ခေါင်းလျှော်ပြီးတိုင်း ပေါင်းဆေးသုံးပါ။ ပြီးရင် ခေါင်းမဖြီးဘဲ အခြောက်ခံပါ။ ပြီးမှ ခေါင်းဖြီးပါ။


၃။ ဆံပင်လေမှုတ်စက်သုံးတဲ့အခါ




ဆံပင်လေမှုတ်စက်သုံးတဲ့အခါမှာ ဆံပင်အမြစ်ကနေ စပြီး မှုတ်ပေးရမှာပါ။ ဒါမှ ဆံပင်အုံကို ထူထူလေးဖြစ်စေမှာဖြစ်ပါတယ်။


၄။ တဘက်သုံးတဲ့အခါ




ခေါင်းလျှော်ပြီးရင် တဘက်သုံးတဲ့အခါ ဆံပင်ခပ်ကြမ်းကြမ်းမသုတ်ပါနဲ့။ အဲဒီလိုလုပ်တာဟာ ဆံကေသာကို အလွယ်တကူ ပျက်စီးစေပါတယ်။ နူးညံ့ပြီး ရေစုပ်အားကောင်းတဲ့ တဘက် (သို့) တီရှပ်အဟောင်းနဲ့ သုတ်ပေးပါ။


၅။ အုန်းဆီ




အုန်းဆီကို မျက်လုံးနားမှာ လိမ်းထားတဲ့ မိတ်ကပ်တွေ ဖျက်ပစ်ဖို့ အသုံးပြုနိုင်ပါတယ်။ ဝါဂွမ်းစထဲမှာ အုန်းဆီနစ်ထည့်ပြီး မျက်ခွံနားမှာ ပွတ်ပြီးသုတ်ပေးပါ။


၆။ မျက်နှစင်စင်သစ်မယ်




မနက်မိုးလင်းလို့ မျက်နှာသစ်တဲ့အခါ ရေအေးနဲ့ မျက်နှာသစ်ပါ။ ပြီးရင် မျက်လုံးအောက်နားမှာ ရေခဲတုံးနဲ့ ပွတ်ပေးပါ။ မျက်ကွင်းယောင်တာ မျက်ကွင်းညိုတာတွေကို သက်သာစေမှာဖြစ်ပါတယ်။


၇။ ရေခဲတုံး




မျက်နှာပေါ်က ချွေးပေါက်ကျယ်နေတာတွေ၊ ဝက်ခြံနီရဲနေတာတွေ သက်သာစေဖို့ ရေခဲတုံးနဲ့ ပွတ်ပေးနိုင်ပါတယ်။ တိုက်ရိုက်မပွတ်ပေးရဲဘူးဆိုရင်လည်း တဘက်ပါးပါးခံပြီး ပွတ်ပေးါ။


၈။ နှုတ်ခမ်းသား နူးညံ့စိုပြေနေဖို့




နှုတ်ခမ်းပေါ်က ဆဲလ်သေတွေဖယ်ရှားပေးပြီး နှုတ်ခမ်းသားနူးညံ့စိုပြေစေဖို့ သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း ပျားရည် စားပွဲတင်ဇွန်း တစ်ဇွန်း နဲ့ အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းရောပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ။ ၅ မိနစ်လောက် ပွတ်လိမ်းပေးပြီးမှ ရေအေးနဲ့ ဆေးချလိုက်ပါ။


၉။ မျက်တောင်မွှေးရှည်ရှည်လေးရဖို့




မျက်တောင်မွှေးလိမ်းတဲ့ Mascara ဘူးအလွတ်ထဲကို ဗီတာမင် E အဆီ၊ ကြက်ဆူဆီ၊ အုန်းဆီ ရောပြီး သေချာမွှေလိုက်ပါ။ ပြီးရင် Mascara လိမ်းတဲ့ Brush နဲ့ မျက်တောင်နားကို လိမ်းပေးရမှာပါ။ ညအိပ်ယာမဝင်ခင် လုပ်ပေးရမှာဖြစ်ပြီး မျက်လုံးထဲ ဝင်မသွားစေဖို့ သတိထားပါနော်။

Featured Image Source: Texas Beauty Labs


The post

အလှအပစိတ်ဝင်စားတဲ့ မိန်းကလေးတိုင်းအတွက် အသုံးတည့်မယ့် လျှို့ဝှက်ချက်လေးတွေ appeared first on

MyStyle Myanmar .




Some text some message..