ဖိနပ်ဝယ်တဲ့အခါ ရွေးချယ်မှု မှန်ကန်စေဖို့ သိထားသင့်တဲ့ အချက်များ
mystylemyanmar.com
|
2024-04-24

လူတစ်ယောက်မှာ ဝတ်စားဆင်ယင်မှုက ထိုသူရဲ့ First Impression အပေါ်သက်ရောက်မှု ကြီးမားပါတယ်။ ထို့အတူ ဖိနပ်များဟာလည်း ဝတ်စားဆင်ယင်မှုထဲမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။

ထို့အပြင် ဖိနပ်များဟာ နေ့စဉ်သုံးပစ္စည်း တစ်ခုထက်တဲ့အပြင် ရွေးချယ်ဝတ်ဆင်တဲ့ အသွင်အပြင်ကိုလိုက်ပြီး စတိုလ်ကျမှုနဲ့ ဖက်ရှင်ပိုင်းမှာလည်း ကွဲပြားစွာအကျိုး သက်ရောက်ပါတယ်။

ဒါကြောင့် ဖိနပ်ရွေးချယ်မှု မှန်ကန်စေဖို့ သိထားသင့်တဲ့ အချက်များကို ဖော်ပြပေးချင်ပါတယ်။

(၁) အမျိုးအစားရွေးချယ်မှု


ပထမဆုံးအနေနဲ့ Shoes ရွေးချယ်မှု မှန်ကန်စေဖို့အတွက် ဘယ်လိုရည်ရွယ်ချက်နဲ့ ဘယ်လိုနေရာမှာ ဝတ်ဆင်ဖို့လည်းဆိုတာ သေချာသိပါစေ။ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ဖို့ Sneaker လိုမျိုး ဖိနပ်ရှာနေတာလား။ ဒါမှမဟုတ်ပွဲတတ် ဝတ်စုံနဲ့ ဝတ်ဆင်ဖို့ အတွက်လားဆိုတဲ့ အပေါ်မှာ မူတည်ပြီး ဖိနပ်အမျိုးအစားကို သေချာဆုံးဖြတ်ပါ။

(၂) ဖိနပ် Size


မှန်ကန်တဲ့ ဖိနပ်ကိုရွေးချယ်နိုင်ဖို့ဆိုရင် ဖိနပ် Size ကို သေချာရွေးချယ်ဖို့ပါပဲ။ ဖိနပ် Size ကို သေချာစွာရွေးချယ်နိုင်ဖို့ အကောင်းဆုံးနဲ့အလွယ်ဆုံးကတော့ သေချာစီးကြည့်ခြင်း ဖြစ်ပါတယ်။ ကြီးလွန်း ၊ သေးလွန်းတဲ့ ဖိနပ်တွေက အဆင်မပြေဖြစ်စေပါတယ်။

နောက်အရေးကြီးတဲ့ တစ်ချက်က ခြေထောက်အရှည်ဆုံးထိပ်နဲ့ ဖိနပ်ထိပ်မှာ ကြားနေရာမှာ နေရာရာ အလုံအလောက်ရှိသင့်ပါတယ်။ စစ်ဆေးရန်အတွက် ခြေဖနောင့်နှင့် ဖိနပ်ကြားတွင် လက်ညိုးကို နောက်သို့ ထားကြည့်ပါ။

လက်ညိုး သေချာထိုးကြည့်လို့ ရရင် ပြီးပြည့်စုံတဲ့ အရှည်ဖြစ်ပါတယ်။ ဒါမှသာ သက်တောင့်သက်သာ ဖြစ်စေမှာပါ။

(၃) ဖိနပ်ကို သေချာစီးကြည့်ပါ


ရွေးချယ်မှု မှန်ကန်ဖို့ဆိုရင် မိမိရွေးချယ်ထားတဲ့ဖိနပ်ကို သေချာစီးကြည့်ဖို့ လိုပါတယ်။ တစ်ခါတစ်ရံ ဖိနပ်တွေက ခြေထောက်တွေနဲ့ အရွယ်အစား ကွက်တိဖြစ်ပေမဲ့လည်း လမ်းလျှောက်တဲ့အခါ သက်တောင့်သက်သာ မရှိတာမျိုး ဖြစ်တတ်ပါတယ်။

ဒါကြောင့် ရွေးချယ်ထားတဲ့ ဖိနပ်ကို စီးပြီးအကြိမ်အနည်းငယ် လမ်းလျှောက်ကြည့်ပါ။ ဒါ့အပြင် ပုံမှန်ဝတ်ဆင်နေကျ ခြေအိတ်နဲ့လည်း အဆင်ပြေခြင်းရှိမရှိ၊ သိရအောင် တစ်ပါတည်း ဖိနပ်စမ်းသပ်စီးကြည့်တဲ့အခါ တစ်ပါတည်း ဝတ်ဆင်ထားပါ။

(၄) နေ့ခင်းဘက်တွင် ဖိနပ်ဝယ်ပါ


ဖိနပ်ဝယ် ရွေးချယ်ဝယ်လျှင် နေ့ခင်းဘက်မှာ ရွေးချယ်ဝယ်ယူဖို့ အကြံပြုချက်တွေ ရှိပါတယ်။ နေ့ခင်းဘက်မှာ ခြေထောက်ဟာ သဘာဝအတိုင်း အနည်းငယ်ကျယ်လာလို့ ဖြစ်ပါတယ်။ ဒါမှသာ အချိန်အများဆုံး ဝတ်ဆင်ဖြစ်လေ့ရှိတဲ့ နေ့ဘက်အတွက် မှန်ကန်ပြီးသက်တောင့်သက်သာဖြစ်တဲ့ ဖိနပ် အရွယ်အစားကို ရွေးချယ်နိုင်မှာပါ။

(၅) ဖိနပ်ကို သေချာစစ်ဆေးပါ


နောက်ဆုံးတစ်ချက်အနေနဲ့ ရွေးချယ်ထားတဲ့ဖိနပ်ရဲ့ ချုပ်ရိုးချုပ်သားများ၊ ခြေထောက်ကိုထိခိုက်စေတဲ့ အရာများအခြားအရာများ ရှိမရှိသေချာစစ်ဆေးပါ။ ထို့အပြင် ချွန်ထက်သောအရာများကို နင်းမိခြင်းကြောင့် ခြေထောက်ထိခိုက်ဒဏ်ရာဖြစ်စေခြင်းကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်စေရန် ခိုင်ခံ့မှုရှိမရှိ စစ်ဆေးပါ။




Some text some message..