Serum ဆိုတာကို ချစ်တို့အားလုံးပဲ ရင်းနှီးကြမယ်လို့ထင်ပါတယ်နော်။Serum ကိုလိမ်းတော့လိမ်းပါရဲ့။ဘာလို့အကျိုးထိရောက်မှု မရှိတာလဲဆိုတော့ အဓိကက လိမ်းပုံလိမ်းနည်းမမှန်လို့ပါနော်။
ဒါကြောင့် Serum ကို နည်းလမ်းမှန်မှန်နဲ့ ဘယ်လိုလိမ်းရမလဲဆိုတာ Myanmar Wedding Guide ကဖော်ပြပေးလိုက်ပါတယ်နော်။
အရင်ဦးဆုံး မျက်နှာကို မျက်နှာသစ်ဆေးနဲ့ အရင်ဆေးကြောသန့်စင်ပေးမယ်။ပြီးရင် Alcohol ပါဝင်မှုကင်းတဲ့ Toner လေးသုံးပြီး ကျန်ရှိနေတဲ့ အညစ်အကြေးလေးတွေကို ဖယ်ရှားမယ်။
Toner ခြောက်သွားတဲ့အချိန်ကျမှ သုံးနေကျ Serum ကိုလက်ချောင်းထိပ်လေးတွေနဲ့အသာအယာတို့ထိနှိပ်နယ်ပြီး အသားအရေထဲ စိမ့်ဝင်သွားသည်အထိ လိမ်းပေးရပါမယ်။
Serum အပြည့်အဝ စိမ့်ဝင်သွားအောင် မိနစ်အနည်းငယ် စောင့်ပါ။ပြီးရင်တော့ အစိုဓာတ်ဖြည့်ခရင်မ် လိမ်းပေးပါနော်။
အသားအရေ ကောင်းမွန်သူတွေဟာ Serum ကိုသိပ်ပြီးတော့ မလိုအပ်ပါဘူး။ဒီလိုမှမဟုတ်ဘဲ အသားအရေပိုင်းဆိုင်ရာ ပြဿနာတစ်ခုခု ရှိနေသူတွေဆိုရင်တော့ မိမိအသားအရေနဲ့
သင့်တော်တဲ့ Serum ကို မှန်မှန်ကန်ကန် ရွေးချယ်ဖို့ လိုအပ်ပါတယ်။ရွေးချယ်ဝယ်ယူရာမှာလည်း Serum မှာအထူးပြုထားတဲ့ အညွှန်းကို ဖတ်ရှုလေ့လာပြီးမှသာ ဝယ်ယူဖို့အကြံပေးဖော်ပြပေးလိုက်ပါနော်။
အားလုံးပဲ လှပတဲ့နေ့ရက်တွေကိုရရှိပိုင်ဆိုင်နိုင်ပါစေရှင်။
(Unicode ဖြင့်ဖတ်ရန်)

Myanmar Wedding Guide