"Elementary, my dear Watson"
ဒီစကားလေးကိုမြင်လိုက်တာနဲ့ လူတိုင်းပြေးမြင်တာကတော့ Sir Arthur Conan Doyle ရဲ့ ဂန ္တဝင်မြောက်ဇာတ်ကောင်ဖြစ်တဲ့ စုံထောက်ကြီး Sherlock Holmes ပါပဲ။
စုံထောက်ကြီးရဲ့နာမည်ကြီးပုံကတော့ အမေရိကန်သမ္မတကိုတောင် သိချင်မှသိကြမယ် Sherlock Holmes ဆိုတာနဲ့ စုံထောက်ကြီးရယ်လို့ လူတိုင်းနီးပါးပြောနိုင်ကြတဲ့အထိပါပဲ။
ဒီလောက်အထိ ကမ္ဘာကျော်တဲ့ Conan Doyle ရဲ့လက်ရာကို ခေတ်အမျိုးမျိုး production အမျိုးမျိုးက ဇာတ်ညွှန်းအမျိုးမျိုးနဲ့ ပြန်လည်ပုံဖော်ခဲ့ကြပါတယ်။ ဒီထဲမှာ အခုပြောမယ့် BBC Sherlock လည်းအပါအဝင်ပါပဲ။
ဒီ BBC Sherlock ကတော့ ပုံမှန် Sherlock Holmes ဇာတ်လမ်းတွေကနေ ကွဲထွက်ပြီး အခုခေတ်ပုံစံရိုက်ကူးထားတဲ့အပြင် Sherlock အနေနဲ့ကလည်း နာမည်ကျော် Benedict Cumberbatch နဲ့ Watson အနေနဲ့ကလည်း Martin Freeman တို့ကအဓိကပါဝင်ထားတာမို့ ပိုပြီးနာမည်ကြီးခဲ့ပါတယ်။
အခု ပရိတ်သတ်ကြီးကို ဖော်ပြချင်တာကတော့ BBC Sherlock ရဲ့ Behind the scenes နဲ့ လူသိနည်းတဲ့အချက်တွေအကြောင်းပဲဖြစ်ပါတယ်။
Sherlock Holmes ဇာတ်ကားတွေအများကြီးရှိတဲ့ထဲကမှဒီကားလေးဟာခေတ်နဲ့အညီရိုက်ထားတဲ့ကားမျိုးဖြစ်ပြီး ဗြိတိန်မင်းသား Benedict Cumberbatch က Sherlock Holmes သရုပ်ဆောင်ထားတာပါ။
1. Matt Smith ကိုတော့ Doctor Who ကြည့်ဖူးတဲ့သူတိုင်းသိကြမှာပါ။ Doctor Who ဇာတ်လမ်းမှာ Eleventh Doctor အနေနဲ့နာမည်ကြီးခဲ့တဲ့ Matt Smith ဟာ Doctor မဖြစ်ခင်က Watson အနေနဲ့ Audition ဝင်ခဲ့တယ်ဆိုယုံကြပါ့မလား။ ဟုတ်ပါတယ်။ သူတကယ် Watson လုပ်ဖို့ audition ဝင်ခဲ့တာပါ။ ဒါပေမယ့် သူ့ကို Sherlock ရဲ့ creator ဖြစ်တဲ့ Steven Moffat က သူ့ပုံစံက Watson ထက် Sherlock နဲ့ပိုတူနေတယ်ဆိုပြီး ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် ဒီ audition ကပဲ သူ့ကို Doctor Who မှာနေရာတစ်နေရာရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ Moffat က Doctor Who ရဲ့ creator team မှာလည်းပါနေတာကြောင့် Smith ရဲ့ပုံစံက Eleventh Doctor အနေနဲ့ ကိုက်ညီလောက်တယ်ဆိုပြီး Doctor Who series ထဲမှာ ပါဝင်ဖို့ရွေးချယ်ခဲ့လို့ပါ။
2. Sherlock Season 2 Episode 2 ဖြစ်တဲ့ The Scandal in Belgravia ကိုရိုက်နေတဲ့အချိန်မှာ 2011 London အဓိကရုန်း ဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်။ ဒီကာလမှာ ရိုက်နေတဲ့ ရုပ်ရှင်တွေတော်တော်များများဟာ အဓိကရုန်းကြောင့် အနှောက်အယှက်ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် Scandal in Belgravia ကိုလည်း ခပ်သွက်သွက်လေးရိုက်ခဲ့ရပါတယ်။ အခုပြထားတဲ့ scene ကိုလည်း လူတွေမြို့ထဲရောက်မလာခင် ခပ်မြန်မြန်ရိုက်ပြီး မြန်မြန်လက်စသတ်ခဲ့ရပါတယ်။ တခြား scene တွေကိုလည်း လူနည်းတဲ့နေရာမှာ ရိုက်ခဲ့ရပါတယ်။ ပုံကိုကြည့်ရင်တော့ အဓိကရုန်းဖြစ်နေတုန်းမှာရိုက်ခဲ့တာလို့မထင်ရလောက်အောင် အေးဆေးတဲ့ပုံစံပေါက်နေတာတွေ့ရမှာပါ။
3. Sherlock ရဲ့ပထမ series သုံးခုကိုကြည့်ရင် Sherlock ဟာ Lestrade ရဲ့ ပထမနာမည်ကို ဘယ်တော့မှမှန်အောင်မခေါ်နိုင်တာ သတိထားမိကြမှာပါ။ ဒါဟာ Sherlock ရဲ့စိတ်ထဲမှာ အာရုံစိုက်ပြီးမှတ်ရလောက်အောင် Lestrade ကအရေးမပါဘူးလို့ လူတော်တော်များများကပြောကြပါတယ်။ series ကိုအစအဆုံးပြန်ကြည့်ရင် Sherlock က Lestrade ကိုသူနဲ့အရင်းနှီးဆုံးသူတစ်ယောက်အနေနဲ့ သဘောထားကြောင်းသိရမှာပါ။ ဒါဆိုဒီလောက်မှတ်ဉာဏ်ကောင်းတဲ့ high functioning sociopath ကြီးက Scotland yard က ငတုံး အရာရှိကြီးကို ဘာလို့သေချာမမှတ်ထားတာလဲ။ဒါကတော့ မူရင်းစာအုပ်ထဲကအကြောင်းအရာကို အခြေခံထားလို့ပါ။ မူရင်းစာအုပ်ထဲမှာ Lestrade ရဲ့ရှေ့နာမည်ကို G တစ်လုံးတည်းသာဖော်ပြထားတဲ့အတွက် Sherlock Holmes ကလည်း Lestrade နာမည်ကိုလုံးဝမသိပါဘူး။ ဒီ Series ကလည်း မူရင်းစာအုပ်ရဲ့ အရသာလေးလည်းမပျက်ရအောင် BBC Sherlock ကိုလည်း Lestrade ရဲ့နာမည်ကို မမှတ်မိသလိုထည့်ထားတာပါ။(BBC Sherlock ထဲက Lestrade ရဲ့ပထမနာမည်က Greg ဖြစ်ပြီး မူရင်းစာအုပ်တွေထဲမှာပါတဲ့ Lestrade ရဲ့ပြိုင်ဘက်နာမည်ဖြစ်တဲ့ Gregson ကိုယူထားတာပါ)
4. Sherlock ဇာတ်လမ်းတွဲတွေကို Doctor Who ရဲ့ Head writer ဖြစ်တဲ့ Steven Moffat ရဲ့ master piece လို့တောင်တင်စားကြပါတယ်။ Sherlock ရဲ့ main creater လည်းဖြစ်တဲ့ Moffat ဟာ Doctor Who ကိုအချိန်ပေးသလောက် Sherlock ကိုအချိန်သိပ်မပေးနိုင်ခဲ့ပါဘူး။ ရိုက်ကွင်းမှာသူရှိတဲ့အချိန်ကလည်း မရှိသလောက်နည်းပါးပြီး သူရှိနေပြီဆိုရင်လည်း ရိုက်ကွင်းမှာပြဿနာတစ်ခုခုရှိနေလို့ဆိုတာသေချာပါတယ်။ သူနဲ့တွဲဖက် creator ဖြစ်တဲ့ Mark Gatiss (Mycroft Holmes) ကတော့သူနဲ့ပြောင်းပြန် ရိုက်ကွင်းမှာအချိန်ပြည့်နီးနီးရှိတတ်ပြီး ရိုက်ကူးရေးကိုကြီးကြပ်ပါတယ်။
5. Sherlock နေရာမှာသရုပ်ဆောင်ခဲ့တဲ့ Benedict Cumberbatch ဟာ လူအများထင်သလိုပဲ သူ့ဇာတ်ကောင်စရိုက်ကိုအပြည့်အဝနားလည်ဖို့ Sir Arthur Conan Doyle ရဲ့ မူရင်း Sherlock Holmes စာအုပ်တွေကို ထပ်ပြန်တလဲလဲဖတ်ပြီး လေ့လာခဲ့ပါတယ်။ Sherlock ရဲ့ အဓိကရန်သူကြီးဖြစ်တဲ့ Jim Moriarty နေရာမှာသရုပ်ဆောင်တဲ့ Andrew Scott ကတော့ လုပ်ရိုးလုပ်စဉ်အတိုင်းမလုပ်ခဲ့ပါဘူး။ သူက ဟိုးအရင် ရိုက်ခဲ့သမျှ Sherlock Holmes ဇာတ်ကားတွေရော စာအုပ်တွေရောကို မလေ့လာပဲနဲ့ သူ့ကိုယ်ပိုင် creation နဲ့ Moriarty ကိုအသက်သွင်းခဲ့ပါတယ်။ ဇာတ်ညွှန်းထဲမှာပါတဲ့ action တွေကိုလည်း လုပ်ချင်မှလုပ်တတ်သလို သူ့အတွေးနဲ့အဆင်ပြေမယ်ထင်တဲ့ဟာတွေကိုလည်း ဖြည့်ပြီးစိတ်ရောကိုယ်ပါသရုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် BBC Sherlock နောက်ပိုင်းထွက်တဲ့ Sherlock ကားတွေမှာသရုပ်ဆောင်မယ့် Moriarty တွေကတော့ သူ့ကိုမှီဖို့တော်တော်လေးကြိုးစားရမှာပါ။
6. ရုပ်ရှင်ဇာတ်လမ်းတွဲတွေတော်တော်များများက မင်းသားတွေမင်းသမီးတွေပြောတာ ကြားဖူးကြမှာပါ။ သူတို့တွေအချိန်အကြာကြီးအတူတူ အလုပ်လုပ်ခဲ့ရလို့ မိသားစုတွေလိုတောင်ဖြစ်နေပြီဆိုတာလေ။ BBC Sherlock မှာတော့ မိသားစုတွေ'လို' တောင်မဟုတ်ပါဘူး။ cast တွေကတကယ့်မိသားစုတွေပါပဲ။ Mary Watson နေရာမှာသရုပ်ဆောင်တဲ့ Amanda Abbington ဟာ အဲ့ဒီအချိန်တုန်းက Martin Freeman နဲ့အပြင်မှာတကယ့်ချစ်သူတွေဖြစ်ခဲ့ပြီး ဇာတ်ကားထဲက Sherlock ရဲ့မိဘတွေကလည်း တကယ်တော့ Benedict Cumberbatch ရဲ့မိဘတွေဖြစ်ပါတယ်။ ဒါ့အပြင် co-creator လည်းဖြစ် Mycroft လည်းဖြစ်တဲ့ Mark Gatiss ရဲ့အမျိုးသား Ian Hallard ကလည်း Season 2 နောက်ဆုံး Episode မှာ Jim Moriarty ရဲ့ရှေ့နေ အဖြစ်နဲ့သရုပ်ဆောင်ခဲ့ပါသေးတယ်။ Season 3 Episode 3 နောက်ဆုံးပိုင်းက Sherlock ငယ်ဘဝမှာသရုပ်ဆောင်တဲ့ကောင်လေးကလည်း Creator ဖြစ်တဲ့ Steven Moffat နဲ့ producer Sue Vertue တို့ရဲ့သား Louis Moffat ဖြစ်ပါတယ်။ Sherlock ရဲ့မှတ်ဉာဏ်ထဲက Red Beard ဆိုတဲ့ခွေးလေးကလည်း Martin Freeman အိမ်ကခွေးလေးဖြစ်ပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့ Season 1 Episode 3 က Van Coon ရဲ့ အတွင်းရေးမှူးနေရာကသရုပ်ဆောင်တဲ့မင်းသမီးက Benedict Cumberbatch ရဲ့ ချစ်သူဟောင်း Olivia Poulet ဖြစ်ပါတယ်။ဒီလောက်အမျိုးတွေစုံနေမှတော့ နောက်ထွက်မယ့် Sherlock မှာ Benedict Cumberbatch ရဲ့အမျိုးသမီး Sophie Hunter ပါလာရင် မအံ့သြကြနဲ့တော့နော်။
7. BBC Sherlock ထဲမှာ John Watson က အာဖဂန်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်ဆရာဝန်တစ်ယောက်ပါ။ ဒါဟာ ရုတ်တရက်ကြည့်ရင် မူရင်းစာအုပ်တွေထဲမှာမပါတဲ့ version တစ်ခုလို့ထင်စရာရှိပါတယ်။ တကယ်တော့ Conan Doyle ရဲ့ Watson ကလည်း ဇာတ်လမ်းအစမှာ Second Anglo-Afghan စစ်ပွဲကပြန်လာပြီး စိတ်ဓာတ်ကျနေတဲ့လူတစ်ယောက်ဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ဒါ့အပြင်တိုက်ဆိုင်မှု့တစ်ခုက Martin Freeman ရဲ့အဖိုးကလည်း ဒုတိယကမ္ဘာစစ်မှာ စစ်ဆရာဝန်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
8. Sherlock ဟာ IMDb က rating အကောင်းဆုံး series တွေထဲက နံပါတ် ၈စာရင်းဝင်ခဲ့ပါတယ်။ ဒီလောက်ဒိတ်ဒိတ်ကြဲနေတဲ့ series မှာသရုပ်ဆောင်ဖို့ audition လာဝင်တဲ့နာမည်ကြီးသရုပ်ဆောင်တွေကလည်း မနည်းပါဘူး။ ဒါပေမယ့် creator တွေဖြစ်တဲ့ Moffat နဲ့ Gatiss ဟာ ဇာတ်ကားကို ပိုပြီးအသက်ဝင်စေချင်တာကြောင့် နာမည်သိပ်မကြီးသေးတဲ့သရုပ်ဆောင်တွေကိုသာခေါ်ဖို့ စိတ်ကူးထားခဲ့ပါတယ်။ဟာ... ဒါပေမယ့် Benedict Cumberbatch ရော Martin Freeman ရောက နာမည်ကြီးတွေလေ!?ဒါကအခုမှပါ။ Sherlock မရိုက်ခင်က Freeman က The Office ဆိုတဲ့ဇာတ်ကားမှာ Tim အနေနဲ့ မထင်မရှားလေးသရုပ်ဆောင်ခဲ့ပြီး Cumberbatch ကလည်း ပြဇာတ်တွေကလွဲရင် ရုပ်ရှင်မှာကတော့ ဇာတ်ပို့သဘောလောက်သာ ပါဝင်ခွင့်ရခဲ့ကြပါတယ်။Sherlock ပြီးတော့မှ နှစ်ယောက်လုံးက လျှမ်းလျှမ်းတောက်အောင်မြင်လာခဲ့တာပါ။
9. Sherlock ရဲ့အောင်မြင်မှုဟာ Europe မှာသာမက Asia အထိပါ ပေါက်ရောက်ခဲ့ပါတယ်။ ဘယ်လောက်အောင်မြင်သလဲဆို UK ရဲ့ ဝန်ကြီးချုပ်ဟောင်း David Cameron တစ်ယောက် တရုတ်နိုင်ငံကိုသွားရောက်လည်ပတ်တုန်းမှာ ပရိသတ်တွေက "Sherlock ကို မြန်မြန်ပြီးအောင် ရိုက်ဖို့ပြောပေးပါ" လို့အမှာစကားပါးရလောက်အောင်ကို အောင်မြင်ခဲ့တာပါ။ ပိုထူးဆန်းတာက တရုတ်ပြည်မှာ Sherlock series ကို ပိတ်ပင်ထားပါတယ်။ ဒါကြောင့် Sherlock ကိုကြည့်တဲ့ တရုတ် ပြည်သူ 69 သန်းလုံးဟာ ခိုးကြည့်ကြတာပါ။ ဒါ့အပြင် ဂျပန်မှာလည်း Sherlock ကို manga အနေနဲ့ ထုတ်ဝေခဲ့ပါသေးတယ်။
10. Sherlock series အကုန်လုံးမှာ လူကြည့်အများဆုံးအပိုင်းကတော့ "The Empty Hearse" ဖြစ်ပါတယ်။ ဒါက Sherlock တို့ပေါ်ကခုန်ချလိုက်ပေမယ့် ဘာလို့မသေတာလဲဆိုတဲ့အကြောင်းကို သိချင်လို့ဖြစ်နိုင်သလို Sherlock နဲ့ Moriarty နမ်းမလိုဖြစ်သွားတဲ့အခန်းကို ကြည့်ချင်လို့လဲဖြစ်နိုင်ပါတယ်။ပြီးတော့ လူကြည့်အနည်းဆုံးကတော့ The Blind Banker ဖြစ်ပါတယ်။
11. Sherlock series ဟာ James Bond ကိုလည်း နည်းနည်း မှီငြမ်းထားတယ်ဆို ယုံနိုင်မလား။ယုံသင့်ပါတယ်။ Sherlock ရဲ့ "A Study in Belgravia" မှာ Mycroft ရဲ့ လှို့ဝှက် လေယာဉ်project ရဲ့ နာမည်က Bond Air ဖြစ်ပြီး လေယာဉ်ရဲ့နာမည်ကလည်း 007 ဖြစ်ပါတယ်။ ဒါကတော့ James Bond ဇာတ်ကားဖြစ်တဲ့ Her Majesty's Secret Service ရဲ့ deleted scene တစ်ခုထဲက Q နဲ့ Bond တို့ပြောနေကြတဲ့ ရထားတစ်စီးလုံးကို လူသေတွေထည့်ပြီး ရထားခရီးစဉ်အတုဖန်တီးတဲ့ အစီအစဉ်ကို မှီငြမ်းထားတာဖြစ်ပါတယ်။ ဒီ plot တစ်ခုလုံးက မူရင်းစာအုပ်ထဲမှာ ပါမပါကတော့ သေချာမသိရပါဘူး။
12. ဟိုးအရင် ရိုက်ခဲ့သမျှ Sherlock Holmes ရုပ်ရှင်တွေနဲ့ ထွက်ခဲ့သမျှစာအုပ်တွေအကုန်လုံးမှာ ဇာတ်ကောင်တွေအချင်းချင်း ပထမနာမည်မသုံးပဲ Holmes, Watson စသည်ဖြင့် ခေါ်ကြပြောကြတာကို သိကြမှာပါ။ အခု BBC Sherlock မှာတော့ ဒီလိုမဟုတ်တော့ပါဘူး။ ခေတ်သစ် series ဖြစ်တဲ့အတွက် ခေတ်မီအောင် နဲ့ ဇာတ်ကောင်အချင်းချင်းရင်းနှီးမှုကိုဖော်ပြနိုင်အောင် ပထမနာမည်တွေကိုသာ သုံးဖို့ စီစဉ်ခဲ့ကြပါတယ်။
13. The Blind Banker မှာ Sherlock က John ပစ်ပေးလိုက်တဲ့ဘောပင်ကို လှည့်မကြည့်ပဲ ဖမ်းလိုက်တဲ့အခန်းကိုမှတ်မိကြသေးရဲ့လား။ ဘောပင်လှမ်းဖမ်းလိုက်တဲ့အခန်းကို CGI မသုံးပဲ Cumberbatch က တကယ်လှမ်းဖမ်းနိုင်လိုက်တာပါ။ ဒီထက်ပိုအံ့သြစရာကောင်းတာက Cumberbatch က ပထမဆုံး take မှာပဲ အမိဖမ်းပြနိုင်ခဲ့တာပါ။ ဒါပေမယ့် စက်ချို့ယွင်းသွားတာကြောင့် ဒီ scene ကို ပြန်ရိုက်ခဲ့ရပါတယ်။ နောက် take တွေရိုက်တဲ့အခါမှာတော့ ဖမ်းမမိတော့ပါဘူး။ ဒါကြောင့် ထပ်ခါထပ်ခါပြန်လုပ်ခဲ့ရပါတယ်။
14. Watson ရခဲ့တဲ့ ဒဏ်ရာက တကယ်တော့ သိပ်အဓိပ္ပါယ်မရှိလှပါဘူး။ စစ်ပွဲထဲမှာ ပခုံးကိုသေနတ်မှန်ခဲ့ပေမယ့် တကယ်တမ်းဖြစ်နေတာက ခြေထောက်ဖြစ်နေပါတယ်။ ဒါကို စိတ်ကြောင့်လို့ဖြည့်တွေးရင်ရပေမယ့် နည်းနည်းတော့ ယုတ္တိမရှိဘူးလို့ခံစားရပါတယ်။ ဒါကအခုမှမဟုတ်ပါဘူး။ သမိုင်းအဆက်ဆက် ထွက်ခဲ့သမျှ Sherlock Holmes franchaise တွေအကုန်လုံးမှာ Watson က ဒဏ်ရာ ရတာကတစ်နေရာ နာနေတာကတစ်နေရာနဲ့ ဟိုရောက်ဒီရောက်ဖြစ်နေတတ်တာ အစဉ်အလာလိုကိုဖြစ်နေပါပြီ။
15. တကယ်တော့ Sherlock Series ကို Baker လမ်းထဲမှာရိုက်တာမဟုတ်ပါဘူး။ Sherlock Holmes ဟာ အရမ်းနာမည်ကြီးလာတဲ့အတွက် Baker လမ်းဟာလည်း Sherlock နဲ့ပတ်သတ်တဲ့ ဆိုင်တွေ ပြတိုက်တွေနဲ့ ပရိသတ်တွေနဲ့ပြည့်နေတတ်ပါတယ်။ ဒါ့ကြောင့် Sherlock ကို Baker လမ်းနဲ့ နှစ်မိုင်လောက်ဝေးတဲ့ မြောက်ဘက် Gower လမ်းမှာရိုက်ကူးခဲ့ပါတယ်။ အိမ်နံပါတ်ကလည်း 221 မဟုတ်ပါဘူး။ 185 ပါ။ ပြီးတော့ တိုက်အောက်က Speedy's ကော်ဖီဆိုင်ကလည်း ဇာတ်ညွှန်းထဲမှာ Sherlock ရဲ့အခန်းဘေးမှာဖြစ်ပေမယ့် အခြေအနေအရ အောက်ထပ်ကိုပြောင်းလိုက်ရပါတယ်။ အခုဆိုရင်တော့ 185 North Gower လမ်းကလည်း Baker လမ်းလိုပဲ ပရိသတ်တွေ ကျိတ်ကျိတ်တိုးနေတဲ့လမ်းတစ်လမ်းဖြစ်နေပါပြီ။
16. Sherlock နေရာမှာ သရုပ်ဆောင်ဖို့ Benedict Cumberbatch ကို ပထမဆုံးရွေးခဲ့တာပါ။ Creator Moffat က Cumberbatch ရဲ့ အဲဒီအချိန်တုန်းက လောလောလတ်လတ်ရိုက်ထားတဲ့ Atonement ဇာတ်ကားထဲက မျိုးကြီးရိုးကြီး မုဒိန်းသမား နေရာကသရုပ်ဆောင်ပုံကို သဘောကျပြီး Sherlock ဇာတ်ကောင်နဲ့လိုက်တယ်လို့ထင်တာကြောင့် Cumberbatch ကို audition ဝင်ခိုင်းပြီး ချက်ချင်းရွေးလိုက်ပါတယ်။
17. The Study in Pink မတိုင်ခင်မှာ The Study in Scarlet ဆိုပြီး pilot episode တစ်ခုကိုရိုက်ခဲ့ပါတယ်။ ဒါပေမယ့် လိုအပ်ချက်တွေရှိတာကြောင့် မထုတ်လွှင့်ဖြစ်ခဲ့ပါဘူး။ အပြီးလည်းမပယ်ခဲ့ပဲ Season 1 original ခွေတွေမှာ bonus အနေနဲ့ထည့်ပေးခဲ့ပါတယ်။ (UK က Original နော်။ မီယမ်မာပြည်ကဟာလို့မထင်စေလို)
18. Benedict Cumberbatch ဟာ Sherlock ဆံပင်ပုံကို သူ့ကိုမိန်းမကြီးနဲ့တူသွားစေတယ်လို့ထင်တာကြောင့် အရမ်းမုန်းပါတယ်။ Sherlock မှာ သူ့အကြိုက်ဆုံးအပိုင်းကတော့ Abominable Bride ပါ။ ဘာလို့လဲဆိုတော့ သူဆံပင်အတိုညှပ်လိုက်ရလို့ပါတဲ့။
19. Mycroft လည်းဖြစ် Co-creator လည်းဖြစ်တဲ့ Mark Gatiss ဟာ အစတည်းက hardcore sherlockian ပါ။ BBC Sherlock series ကိုလည်း Sherlock Holmes ကိုကြိုက်နှစ်သက်တဲ့ အနုပညာရှင်တွေရဲ့တွေ့ဆုံပွဲကို Gatiss က ဖိတ်ကြားခံရပြီး အဖော်တစ်ယောက်ခေါ်လို့ရတယ်ဆိုလို့ Moffat ကိုခေါ်သွားရာက series ပြန်ရိုက်ဖို့ idea ရပြီး ရိုက်ဖို့စီစဉ်ခဲ့တာပါ။(အကယ်၍ Moffat အစား သူ့အမျိုးသား Ian ကိုသာ ခေါ်သွားခဲ့ပါလျှင်...)
20. Sherlock ပြောပြောနေတဲ့ mind palace ဟာ အပြင်မှာလည်းတကယ်ရှိတဲ့မှတ်ဉာဏ်နည်းစနစ်တစ်ခုပဲဖြစ်ပါတယ်။ ဒါကို memory of loci လို့ခေါ်ပြီး အကြောင်းအရာတစ်ခုနဲ့ပတ်သတ်တဲ့အရာတစ်ခုကို ကိုယ်ရောက်ဖူးပြီး ရင်းနှီးတဲ့နေရာတစ်နေရာကို အစွဲပြုပြီးမှတ်သားတဲ့နည်းပါ။ သေချာလည်းမရှင်းပြတတ်တာမို့ စမ်းကြည့်ချင်ရင် Internet မှာသာ ရှာမှီးကြပါကုန်။
<<< Zawgyi >>>
အင်္ဂလိပ်စာလေ့လာသူများ မဖြစ်မနေကြည့်သင့်တဲ့ BBC မှ Sherlock အကြောင်းသိမှတ်စရာများ
------------------------------------------------------------------------------------------------------
"Elementary, my dear Watson"
ဒီစကားလေးကိုမြင်လိုက်တာနဲ့ လူတိုင်းပြေးမြင်တာကတော့ Sir Arthur Conan Doyle ရဲ့ ဂန ္တဝင်မြောက်ဇာတ်ကောင်ဖြစ်တဲ့ စုံထောက်ကြီး Sherlock Holmes ပါပဲ။ စုံထောက်ကြီးရဲ့နာမည်ကြီးပုံကတော့ အမေရိကန်သမ္မတကိုတောင် သိချင်မှသိကြမယ် Sherlock Holmes ဆိုတာနဲ့ စုံထောက်ကြီးရယ်လို့ လူတိုင်းနီးပါးပြောနိုင်ကြတဲ့အထိပါပဲ။

Ref ; Wiki