ကင်ဆာ
healthcare.com.mm
|
2019-05-26


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ၂ဝ၁၁ ခုနှစ်ထုတ်ပြန်တဲ့အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က ကင်ဆာအဖြစ်ဆုံး ၁ဝ နိုင်ငံထဲမှာ နံပါတ် ၂ နေရာကိုရောက်နေပြီး ကင်ဆာဖြစ်စေတဲ့အဓိကအကြောင်းအရင်းတွေကို ပြောရရင်တော့ - ကင်ဆာကြောက်ရင် ပလတ်စတစ်နဲ့ ဖော့ဘူးရှောင်အလွယ်ကြိုက်တတ်တဲ့ မြန်မာတွေဟာ မုန့်ဟင်းခါးပဲ ဝယ်ဝယ် ၊ လက်ဖက်ရည်၊ ကော်ဖီ ၊အသုပ်စုံတွေ၊ ထုံချိုင်းတွေ၊အကြော်စုံတွေ၊အကင်တွေပဲထုပ်ထုပ် ပလတ်စတစ်တွေ၊ ကြွပ်ကြွပ်အိတ်တွေနဲ့ချည်းပဲ သုံးနေကြပါတယ်။ ပလတ်စတစ်ထဲမှာပါတဲ့ ပလတ်စတစ်ဆိုက်ဇာဆိုတဲ့ ဓာတ်နဲ့တွေ့ရင် စတိုင်ရင်း ( Styrene) ဆိုတဲ့ ဓာတုပစ္စည်းတွေဟာအပူဓာတ်နဲ့ပဲ တွေ့တွေ့ ဆီပါတဲ့အစားအသောက်နဲ့ပဲ တွေ့တွေ့အစားအသောက်တွေထဲကို ဓာတ်ပြုပျော်ဝင်တော့တာပါပဲ။ နောက်ပြီး ကလေးနို့ဘူးတွေ ပြုလုပ်တဲ့ PVC ပလတ်စတစ်နဲ့ ပလတ်စတစ်ရေပိုက်တွေမှာ မိုနိုမာ ( Monomer) ဆိုတဲ့အင်မတန်အဆိပ်ပြင်းပြီး ကြောက်စရာကောင်းတဲ့ ဓာတ်တစ်မျိုးပါဝင်တာ တွေ့ရပါတယ်။ ဒီဓာတုပစ္စည်းတွေအကုန်လုံး ဆိုးရွားတဲ့ ကင်ဆာရောဂါတွေ ဖြစ်စေနိုင်တာမို့အရင်တုန်းကလို စက္ကူတွေ၊အင်ဖက်တွေ၊ ဗန်ဒါရွက်တွေ၊ စတီးချိုင့်တွေ၊ ဖန်ဘူးတွေနဲ့ပဲအစားအသောက်တွေကို ပြောင်းလဲ ထုပ်ပိုးကြပါစို့။ ဒန်ပေါက်ဆိုင်တွေ စားသောက်ဆိုင်တွေမှာအသုံးပြုနေတဲ့ ဖော့ဘူးတွေဟာလည်း စတိုင်းရင်း ( Styrene) ဓာတ်ပါတဲ့ ပလတ်စတစ်အုပ်စုဝင်တွေ ဖြစ်လို့ ဖော့ဘူးတွေ တစ်ခါသုံး ပလတ်စတစ်တွေလုံးဝအသုံးမပြုဘဲ တော်လှန်ဆန့်ကျင် ပြောင်းလဲကြပါစို့ ။အချဉ်ရည်နဲ့ ကင်ဆာရောဂါအသုတ်ဆိုင်တွေအကြော်ဆိုင်တွေ ထုံချိုင်းဆိုင်တွေ၊အကင်ဆိုင်တွေ၊ တုတ်ထိုးဆိုင်တွေမှာ နေ့စဉ် လူတွေ မြိန်ရည် ယှက်ရည် စားနေကြတာကတော့အန္တရာယ်ရှိ တားမြစ်ဆိုးဆေး နီနီရဲရဲတွေရယ် ၊အစာအိမ်အူလမ်းကြောင်း၊ ကင်ဆာဖြစ်စေတတ်တဲ့ ဆာ(လ်)ဖျူရစ်အက်ဆစ်ပြင်း ( H2SO4) ရောစပ်ထားတဲ့အချဉ်ရည်လိုခေါ်တဲ့အဆိပ်ရည်တွေပါပဲ ဆာ(လ်)ဖျူရစ်အက်ဆစ်က နည်းနည်းလေးထည့်ရုံနဲ့အချဉ်ရည်အရသာကို ဖြစ်ပေါ်စေပြီး ဘက်ထရီအိုးမှာသုံးတဲ့အက်ဆစ်ပါ။ ရေရှည်စားသုံးရင်တော့အစာအိမ်အူလမ်းကြောင်း ကင်ဆာ၊အူမကြီး ကင်ဆာအသည်းကင်ဆာတွေကို ကျိန်းသေဖြစ်နိုင်တာမို့ လုံးဝရှောင်ရှားကြဖို့ တိုက်တွန်းလိုက်ပါရစေ။ နှာခါင်းကင်ဆာ၊အဆုတ်ကင်ဆာနဲ့အသက်ရှူလမ်းကြောင်းကင်ဆာတွေ ဖြစ်ပွားစေတဲ့ ခြင်ဆေးခွေ ခြင်ဆေးခွေတွင် ဓာတုပိုးသတ်ဆေးများထဲတွင်အပြင်းထန်ဆုံးလို့ သတ်မှတ်ထားတဲ့ S.2 ပိုးသတ်ဆေး၊ လွှစာမှုန့်၊ ဗိုင်ဒါကော်၊ ဆိုးဆေးနဲ့ ဓာတုအမွှေးအကြိုင်တို့ ပါဝင်သည်။ ထို့အပြင်အပြင်းထန်ဆုံးအဆိပ်တစ်မျိုးဖြစ်သည့် Benzene (ဘန်ဇိုင်း) ကာစီနိုဂျင် တစ်မျိုးပါဝင်ပြီးအာရုံကြောမှ စကာ ရိုးတွင်းချဉ်ဆီအထိအဆိပ်ဖြစ်စေသည်။ ခြင်ဆေးခွေ တစ်ခွေဧ။်အဆိပ်ဓာတ်သည် စီးကရက်အလိပ်ပေါင်း ၁၃၇ လိပ်မှထွက်ရှိသောအဆိပ်မှုန်အရေအတွက်နှင့် ညီမျှသဖြင့် ဝေးဝေးကရှောင်ကြဖို့ သတိပေးလိုက်ရပါသည်။အမွှေးတိုင်များသည်လည်း ခြင်ဆေးခွေကဲ့သို့ပင်အန္တရာယ်ရှိသဖြင့် လုံးဝမသုံးအပ်ပေ။အချိုရည်နှင့် ဂျယ်ရီများအချိုရည်ဘူးများတွင် တားမြစ်ဆိုးဆေး၊ ကင်ဆာဖြစ်စေသော တာရှည်ခံဆေး၊ သကြားထက်အဆ ၂ဝဝ ပိုမို ချိုစေသော ပါဝါသကြားနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဖိန်း ဓာတ်များ ပါဝင်သဖြင့် ခံတွင်းကင်ဆာ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါနှင့်အဝလွန်ရောဂါ၊အသည်းကင်ဆာရောဂါတို့ကို ဖြစ်ပွားစေသည်။ ထို့အတူ ဂျယ်ရီဘူးများတွင်လည်း တရုတ်မှလာသော ဂျယ်ရီပေါင်ဒါ၊ ဆီထရစ်အက်ဆစ်၊ Sodium Benzorate ခေါ် တာရှည်ခံဆေး ပါဝင်သဖြင့် ကလေးများကို လုံးဝမကျွေးသင့်၊ မရောင်းသင့်ပါ။ မယ်လမင်း (ဖိုက်ဘာ) ပစ္စည်းများ ထိုပစ္စည်းများသည်အပူနှင့် ထိတွေ့လျှင် ဓာတ်ပြုသဖြင့် ကျောက်ကပ်ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသဖြင့် လုံးဝအသုံးမပြုသင့်ပါ။ တရုတ်နို့မှုန့်နှင့် ၎င်းနှင့် ပြုလုပ်သော မုန့်များ တရုတ်နို့မှုန့်ကို ဖျော်ကာ ခွေးပေါက်စ၊ ကြောင်ပေါက်စလေးများကို တိုက်ကျွေးရာ ထိုခွေးကလေး ကြောင်ကလေးများသည်အကြောဆွဲကာ ၁၈ ကောင်ထက်မနည်း သေဆုံးကုန်ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် တရုတ်ပြည်မှ တံဆိပ်မျိုးစုံနှင့် တင်သွင်းသော နို့မှုန့်များနှင့် ၎င်းတို့ဖြင့် ပြုလုပ်သော မုန့်ပဲ သရေစာများကို ကလေးများကို လုံးဝ မတိုက်ကျွေးသင့်ပါ။ ကော်ဖီမစ်များ ( Coffeemix) ကဖိန်း၊ တာရှည်ခံ ဓာတုဆေး၊ ကော်ဖီအနံ့ ၊အုန်းသီးခွံအမှုန့်များနှင့် သကြား၊အခြားကုန်ကြမ်းပစ္စည်းများ ပါဝင်သည်ကို တွေ့ရသဖြင့် မသောက်သုံးသင့်ပါ။၎င်းရယ်ဒီမိတ် ကော်ဖီများကို သောက်သုံးပါက ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း၊ နှလုံးသွေးတိုးရောဂါ၊ စိတ်ကျရောဂါနှင့် ရင်သားကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ ဆီးကျိတ် ကင်ဆာ၊ ပန်ကရိယ ကင်ဆာနှင့်အမျိုးသမီးများ မြုံခြင်းနှင့် ကိုယ်ဝန်ပျက်ကျခြင်းတို့ကို ဖြစ်စေသဖြင့် လုံးဝ မသောက်သုံးသင့်ပါ။ ထို့ပြင် ကော်ဖီမစ်တွင် နို့ဆီနှင့် နို့မှုန့်အစားအသုံးပြုသော creamer မှာ မလေးရှားတွင် စားအုန်းဆီကိုအဆီထုတ်ပြီး ကျန်သော ကြိတ်ဖတ်များကို တရုတ်နိုင်ငံမှ ဝယ်ယူကာ မှုန့်နေအောင် ကြိတ်ချေပြီး Creamerအဖြစ် ပြန်လည်ရောင်းချကြောင်း သိရှိရသည်။ ထို ကြိတ်ဖတ်မှုန့်များသည် သွေးတိုးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ လေဖြတ်ရောဂါနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသည်။အရောင်ချွတ်ထားသောအစားအသောက်များ နိုင်ငံခြားတိုင်းပြည်များတွင် သကြားကို မူလသဘာဝအရောင်အတိုင်း ဝါညစ်ညစ် သကြားများကို စားသုံးကြသော်လည်း မြန်မာနိုင်ငံတွင်မူ ဟိုက်ဒရိုဟု ခေါ်သော Chemical ချွတ်ဆေးသုံးကာ ဖြူဖွေးသော သကြားမျာကို ရွေးချယ်စားသုံးကြ၏။ ထန်းညက်သည်လည်း မူလအညိုရောင် ပျောက်ကာ ချွတ်ဆေးကြောင့် ဖြူဖွေးသွားကာ နေ့စဉ်သုံးသည့်အိမ်သုံး ဆားသည်ပင်လျှင် ဓာတု ချွတ်ဆေးသုံးပြီး ဖြူဖွေးအောင် လုပ်ကြ၏။ ထိုဓာတုချွတ်ဆေးများသည် ကင်ဆာရောဂါကို ဖြစ်ပွားစေသဖြင့် သဘာဝအရောင်ကို ရွေးချယ် စားသောက်ကြပါစို့။ ရောင်စုံဆိုးဆေးများနှင့်အစားအသောက်များ တားမြစ်အန္တရာယ်ရှိ ဆိုးဆေးများအသုံးပြုထားသော မျှစ်နီ၊ မျှစ်ဝါ၊ ပုစွန်ချဉ်နီနီ၊အဝါရောင်ဆိုးထားသော ငါးပုဏား၊ ငါးမြွေထိုး၊ ရွှေငါး၊ ကြက်သားများနှင့်အနီရောင်ဆိုးထားသော ငရုတ်သီးမှုန့်၊ ပုစွန်ခြောက်၊ ပတ္တမြားပြောင်းဖူး၊ ငါးပိ၊ ပဲနီလေး၊ ပဲဝါလေး၊ မက်မန်းသီး၊ ဆီးထုတ်စသည်တို့သည်အသည်းနှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသဖြင့် လုံးဝရှောင်ကြဉ်သင့်ပါ၏။ သတိထားသင့်သောအသီးအနှံများ ဓာတုဟော်မုန်းဆေးများအသုံးပြုထားကာအဆမတန် ကြီးထွားနေသော မုန်လာဥအဖြူများ၊အမြစ်တိုတိုအလုံးတုတ်တုတ်နှင့် ပဲပင်ပေါက်များ ၊ ပိုးသတ်ဆေးအပြင်းစား သုံးထားသည့် ဂေါ်ဖီထုပ်၊ ပန်းမုန်လာထုပ်၊ မုန်ညင်းထုပ်များနှင့် ဆေးစိမ် ဆေးဖျန်းကာ မှည့်နေသော သရက်သီး၊ သင်္ဘောသီး၊ လိမ္မော်သီး၊ ပန်းသီး၊ ငှက်ပျောသီး စသည်တို့သည် ကင်ဆာ ဖြစ်စေနိုင်သဖြင့် ရှောင်ရှားသင့်သည်။ ထို့အပြင် လူသေကောင်မပုပ်အောင် ပြုလုပ်သည့် ဖော်မလင်နှင့်အသုံးပြုထားသော ပဲပြား၊ မဲနယ်ဆိုးထားသော ပုစွန်၊ ယူရီးယား ဓာတ်မြေသြဇာပါသော ငါးပိရေကျိုတို့ကိုလည်း ကင်ဆာရောဂါဖြစ်မှာ ကြောက်လျှင် ရှောင်ရှားသင့်ပါသည်။အစေ့မပါတဲ့ စပျစ်၊ ကီလိုမာလကာနှင့် ဆီးသီး၊ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့အသီးမှန်သမျှ ကင်ဆာကို ဖြစ်စေသတဲ့။ ပလတ်စတစ် ပါကင်လှလှ၊ တံဆိပ်မျိုးစုံဖြင့် ထုတ်လုပ်သော ငါးမုန့်ကြော်၊အာလူးကြော်၊ တိုဟူးကြော်၊ ကြက်သွန်ကြော်များသည်အာဟာရတန်ဖိုး လုံးဝမရှိသည့်အပြင် ပလတ်စတစ် ဆိုက်ဇာဓာတ်များ ပါဝင်သဖြင့် ကင်ဆာရောဂါကို ဖြစ်ပွားစေပါသည်။ ပဲဆီ၊နှမ်းဆီအတုများ ကင်ဆာရောဂါ သတိထားအခု စားအုန်းဆီတွေထဲကိုအနည်ကျအောင်အီလန် ဆပ်ပြာမှုန့်၊ ဒါမှမဟုတ် ဆပ်ပြာတစ်မျိုးမျိုးကို ထည့်ပြီး ဆပ်ပြာထဲက ဟိုက်ဒြောဆိုဒ် ဓာတုပစ္စည်းက စားအုန်းဆီထဲက ခဲစေတတ်တဲ့အနည်တွေကိုအောက်မှာသွားထိုင်ပြီး တခြားစားအုန်းဆီတွေကို မခဲတော့ဘူး။ ဒီတော့မှ ၂၇ လမ်း ၂၈ လမ်းက ဝယ်ထားတဲ့ ၂၅ဝကျပ်တန် ပဲဆီအနံ့၊ နှမ်းဆီအနံ့ ဓာတုဆေးရည်ကို ထည့်လိုက်တော့ ပဲဆီ၊ နှမ်းဆီအစစ်ထက်တောင် ပိုမွှေးသွားရော။ ဒါပေမယ့် ဆပ်ပြာထဲက ဟိုက်ဒြောဆိုဒ်ဓာတ်နဲ့အက်ဆစ်ဓာတ်တွေက ကင်ဆာရောဂါမျိုးစုံကို ဖြစ်စေပါတယ်။ မြန်မာ့ဆီဈေးကွက်မှာ ထွက်သမျှမြေပဲဆံတွေကို တရုတ်နိုင်ငံက ဈေးကောင်းပေးဝယ်သွားလို့ မြန်မာပြည်မှာ ကြိတ်စရာ မြေပဲဆံ မကျန်တော့ဘူး။ ဈေးကွက်ထဲမှာ ၈ဝ% သော ပဲဆီတွေကအနံ့ထည့်ထားတဲ့ ပဲဆီအတုတွေလို့ ဆီလုပ်ငန်းရှင်တစ်ဦးက ကျွနု်ပ်တို့ CPAM သို့အကြောင်းကြားပါတယ်းအချိုမှုန့်နှင့် ကြက်သားမှုန့်များအချိုမှုန့်တွင် ပါဝင်သော ဓာတုပစ္စည်းများသည် ဦးနှောက်နှင့်အာရုံကြော ထိခိုက်စေကာ လေဖြတ်လေငန်းရောဂါ၊ လေးဖက်နာရောဂါ၊ နှလုံးရောဂါ၊ ကျောက်ကပ် ချို့ယွင်းပျက်စီးစေသော ရောဂါ၊ ဆီးချို သွေးချိုနှင့် သွေးတိုးရောဂါများကို ဖြစ်ပွားစေသဖြင့် ရှောင်ကြဉ်သင့်ပါသည်။ ကြက်သားမှုန့်တွင်လည်းအချိုမှုန့်နှင့် တာရှည်ခံ မှိုသတ်ဆေးများ၊ ဓာတုပစ္စည်းများ ပါဝင်သဖြင့်အချိုမှုန့်ထက်ပင် ပိုမိုဆိုးရွားစေပါသည်။ Credit : Consumer Protection Association ( Myanmar )သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..