
ပိတ်ရက်မှာ အပြင်မထွက်ချင်ဘူး။အိမ်မှာပဲ အေးအေးအေးဆေး ရုပ်ရှင်ကြည့်၊စာအုပ်ဖတ်ရင်းအချိန်ကုန်ချင်တယ်၊အိမ်မှာပဲ မိသားစုနဲ့ အတူတူစားကောင်းဖွယ်ရာတွေစားချင်တယ်ဆိုရင် ပျားရည်ကြက်ကြော်လေးလုပ်စားကြည့်လိုက်ပါ။စားဖူးနေကျအရသာတွေနဲ့မတူပဲ
ကွဲထွက်နေတဲ့ ပျားရည်ကြက်ကြော်ဆိမ်ဆိမ့်လေးစားချင်တယ်ဆိုရင်…
ပထဆုံးအနေနဲ့ ခွက်အသေးတစ်လုံးထဲကို
-ခရမ်းချဉ်သီးဆော့စ် စားပွဲတင်ဇွန်း ၅ ဇွန်း
-သကြား စားပွဲတင်ဇွန်း ၄ ဇွန်း
-ရေ စားပွဲတင်ဇွန်း ၃ ဇွန်း
-ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
အားလုံးကိုရောမွှေထားပါ။
ပြီးရင် နောက်ထပ်ပန်းကန်လုံးတစ်လုံးထဲကို
– ကြက်ဥ တစ်လုံး
-ဆားအနည်းငယ်
-ကြက်သွန်ဖြူမှုန့် စားပွဲတင်ဇွန်း လေးပုံတစ်ပုံ
-ရေ ခွက်တစ်ဝက်
-Baking Powder စားပွဲတင်ဇွန်း ၂ ဇွန်း
– ဂျုံမှုန့် ခွက်လေးပုံသုံးပုံစာ
– ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
– ပြောင်းဖူးမှုန့် ခွက်တစ်ဝက်
အားလုံးကိုရောမွှေလိုက်ပါ။(အရမ်းပျစ်နေရင် ရေသင့်တော်ရုံထပ်ထည့်နိုင်)
ကြက်သားတွေကို စားမယ့်အနေအထားအရွယ်အတိုင်း တုံးပြီးအရသာမှုန့်၊ဆား၊အချိုမှုန့်၊ကြက်သွန်ဖြူမှုန့်အနည်းငယ်စီဖြူးပါ။ပြီးရင် ရေနည်းနည်းလေးထည့်ပြီး မွှေပါ။မွှေပြီးရင် ကြက်သားတုံးတွေကို ကြက်ဥ၊ဂျုံ၊ပြောင်းဖူးမှုန့်စသဖြင့်ရောမွှေထားတဲ့ပန်းကန်လုံးထဲကိုထည့်လိုက်ပါ။အားလုံးကိုနှံ့စပ်အောင်ထပ်မွှေပါ။အားလုံးမွှေပြီးရင် ဆီထဲထည့်ကြော်ပါ။
နောက်ထပ် ဒယ်ပိုင်းတစ်လုံးထဲကို ခရမ်းချဉ်သီးဆော့စ်ထည့်မွှေထားတဲ့အနှစ်တွေကိုလောင်းထည့်ပြီး အပူပေးမွှေပါ။ခပ်ပျစ်ပျစ်လေးဖြစ်သွားတဲ့အခါ ကြက်သားကြော်တွေကို ဒယ်ပိုင်းထဲပြောင်းထည့်ပြီး ထပ်မွှေကြော်ပါ။အနှစ်တွေအားလုံးစိမ့်ဝင်အောင်မွှေပေးပါ။မီးလည်းအရမ်းမပြင်းပါစေနဲ့။ခဏကြာရင်တော့ပျားရည်ကြက်ကြော်လေးရပါပြီ။အလှဆင်ချင်ရင်တော့ အပေါ်ကနေ နှမ်းလေးနည်းနည်းဖြူးပြီးစားနိုင်ပါတယ်။
မကြာခင်သီတင်းကျွတ်ပိတ်ရက်လေးလည်းရောက်တော့မှာဆိုတော့ အိမ်မှာပဲ အပန်းဖြေအနားယူရင်း ပျားရည်ကြက်ကြော်လေးလုပ်စားနိုင်ပါတယ်နော်။