ကင်ဆာရောဂါကြောင့် မျက်စိကွယ်ပြီးအသက်လုနေရတဲ့ကလေး ဆေးကုသရန်အလှူငွေလိုအပ်နေ
popolay.com
|
2019-05-16
၁၆ လသားအရွယ်သာ ရှိသေးတဲ့ မိန်းကလေးတစ်ဦးဟာ ဖြစ်ခဲလှတဲ့ ကင်ဆာရောဂါကြောင့် မျက်လုံးနှစ်ဖက် ကွယ်ခဲ့ရပြီးအချိန်မရွေး သေဆုံးသွားနိုင်တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

အသက် ၁၆ လ သမီးလေး ‘ချွန်းဇီ’ ဟာ တရုပ်နိုင်ငံ ဂန်ဆူးပြည်နယ် ဂျေးရင်ဂွမ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူရဲ့ ပြောပြချက်အရ မွေးပြီး ၉ လသမီးအရွယ်ထိ ကျန်းကျန်းမာမာနဲ့ ရှိခဲ့ပြီး နောက်ပိုင်းမှာ ရောဂါလက္ခဏာတွေပြလာခဲ့ပါတယ်။

“မျက်လုံးလေးတွေ ဖူးယောင်ရာပြီးအဝါရောင်သမ်းလာတယ်၊အဲံဒီအချိန်မှာ ကလေးကအရမ်းလည်း ပိန်သွားတယ်။ ဆေးရုံသွားပြတဲ့အခါ သမီးရဲ့ ဝမ်းဗိုက်ထဲမှာအကြိတ်လုံးတွေ့ရတယ်” လို့အသက် ၂၉ နှစ်အရွယ် ဖခင်ဖြစ်သူ ‘ချူးရှား’ က ဆိုပါတယ်။

“ကျွန်တော်တို့ ဘေဂျင်းမှာ သမီးရဲ့ ကင်ဆာရောဂါကို ဆေးကုဖို့ ကြိုးစားပါတယ်၊ ဒါပေမယ့် သေသေချချာကုသပေးနိုင်တဲ့ နေရာမရှိဘူး၊ သမီးလေးကအချိန်မရွေး သေသွားနိုင်တယ်” လို့ဆိုပါတယ်။

ကလေးမှာဖြစ်နေတဲ့ နူရိုဘလက်စ်တိုမာ ကင်ဆာရောဂါဟာ ကလေးရဲ့ခန္ဓာကိုယ်ထဲက မဖွံ့ဖြိုးသေးတဲ့အာရုံကြောဆဲလ်တွေထဲကနေ ကိုယ်ခန္ဓာအနှံ့မှာ တွေ့ရတာဖြစ်ပါတယ်။ ဒီလိုကင်ဆာမျိုးဟာအသက် ၅ နှစ်နဲ့အဲဒီထက်ပိုငယ်တဲ့ ကလေးတွေမှာသာ ဖြစ်တတ်ပြီးအသက်နဲနဲပိုကြီးတဲ့ ကလေးတွေမှာတော့ ဖြစ်ခဲတဲ့ ရောဂါဖြစ်ပါတယ်။

ဒါကြောင့် သူတို့လင်မယားနှစ်ယောက် ဘေဂျင်းကနေ စင်ကာပူထိ ကလေးကို ခေါ်လာခဲ့ပြီး ကုသဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကလေးကို စင်ကာပူနိုင်ငံ မောင့်အဲလိဇဘတ် ဆေးရုံကြီးမှာ တင်ပြီး ကုသနေပါတယ်။

ကလေးရဲ့ မျက်ခွံတွေဟာ ဖောင်းကားရောင်ယမ်းပြီး သွေးကြောလေးတွေတောင် ပေါ်နေတာကို စိတ်မကောင်းဖွယ်ရာ တွေ့ရပါတယ်။ ကလေးဟာ ရုတ်တရက်မျက်စိကွယ်ခဲ့ပြီးအလွန်စိုးရိမ်စရာကောင်းတဲ့အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ မကြာခဏဆိုသလိုအော်ဟစ်ငိုယိုနေပြီး ကိုယ်ခံအားလည်း ကျလာတယ်လို့ ဖခင်ဖြစ်သူက ဆိုပါတယ်။
ဘေဂျင်းမှာ ဓာတုကုထုံး(ကီမိုသရဖီ) ၇ ကြိမ်နဲ့ ခွဲစိတ်မှု တစ်ကြိမ် လုပ်ခဲ့ပေမယ့် ကလေးအခြေအနေ တိုးတက်မလာခဲ့ပါဘူး။

အဲဒီနောက် စင်ကာပူနိုင်ငံမှာ ကုသဖို့ ဆုံးဖြတ်ပြီးအလုပ်ထွက်ကာ စင်ကာပူနိုင်ငံကို ဇန်နဝါရီ ၂၂ ရက်နေ့က ရောက်လာခဲ့ပါတယ်။ တစ်လခန့်ကြာကုသမှုခံယူပြီးနောက် ‘ချွန်းဇီ’ ရဲ့ ကျန်းမာရေးအခြေနေ တိုးတက်လာတာကိုတွေ့ရပါတယ်။ ဒါပေမယ့် ကင်ဆာကြိတ်တွေကို ကုန်စင်အောင် မဖယ်ရှားနိုင်သေးသလို မျက်လုံးလဲ ပြန်မမြင်သေးပါဘူး။

ကုန်ကျစရိတ်ကြီးတဲ့ ခွဲစိတ်ကုသမှုနဲ့ ဓာတုကုထုံးတွေကြောင့် မိဘတွေမှာ ငွေရေးကြေးရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေကြရပါတယ်။ ကလေးကအားနည်းနေဆဲဖြစ်ပြီး ဓာတုကုထုံး သုံကြိမ် ကုသပေးခဲ့ကာ နောက်ထပ် ဓာတ်ရောင်ခြည်ကုထုံး သုံးကြိမ်လောက် ထပ်မံကုသမှုခံယူရဦးမှာဖြစ်ပါတယ်။

“ဆေးကုသစရိတ်တွေက ကျွန်တော်တို့ မိဘတွေအတွက်အသက်ရှုရပ်မတတ်ပါပဲ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သမီးလေးကို ရအောင် ကယ်မယ်” လို့ ပြောဆိုခဲ့ပါတယ်။ သူဟာ ဝင်ငွေမကောင်းတဲ့ စက်ရုံအလုပ်သမားဖြစ်ပြီး မိသားစုကို ရှာဖွေကျွေးမွေးရသူလည်းဖြစ်ပါတယ်။
သမီးဖြစ်သူ နေမကောင်းတဲ့အချိန်က စပြီးအလေုပ်ထွက်ထားရတဲ့အတွက်အခုဆိုရင် လူမွဲတစ်ယောက်ဖြစ်လာမှာကို ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ဆေးကုသစရိတ်တွေအတွက်အွန်လိုင်းလူမှုကူညီရေးအဖွဲ့အစည်းကအလှူငွေတွေ ကောက်ခံပေးခဲ့တဲ့အတွက် ကလေးကို ဆက်လက်ပြီး ဆေးကုသနိုင်နေတာဖြစ်လို့ ကျေးဇူးတင်ကြောင်း ပြောဆိုပါတယ်။

“ကျွန်တော်တို့အတွက် လေယာဉ်လက်မှတ်၊ နေထိုင်စရိတ်၊ ဆေးကုသစရိတ်တွေသာမကပဲ လက်မြှောက်အရှုံးမပေးဖို့ ဝိုင်းဝန်းအားပေးခဲ့တဲ့အလှူရှင်တွေကို ကျေးဇူးတင်ပါတယ်” လို့ ဆိုပါတယ်။

“နောက်ထပ် ဆေးကုသစရိတ်တွေအတွက် ရထားတဲ့ ငွေကြေးက မလုံလောက်သေးဘူးဆိုသည့်တိုင်အောင် ကျွန်တော်တို့ ဇနီးမောင်နှံက ကိုယ်ချင်စာစိတ်နဲ့ ကူညီခဲ့ကြသူအားလုံးကို ကျေးဇူးတင်ပါတယ်”

ကလေးကို နောက်ထပ် ကုသမှုတွေ တတ်နိုင်သေလာက် မြန်မြန်လုပ်ပါက မျက်စိပြန်ကောင်းလာနိုင်တဲ့အခွင့်အရေး ရှိသေးကြောင်း ဆရာဝန်တွေက ဖခင်ဖြစ်သူကို ပြောကြားခဲ့ပါတယ်။အကယ်၍ နောက်ကျသွားမယ်ဆိုရင်တော့ မျှော်လင့်ချက် မရှိပဲ ထာဝရ မျက်လုံးကွယ်သွားမှာ ဖြစ်ပါတယ်။

VID

လက်ရှိအခြေနေမှာတော့ ကလေးကို ဆက်လက်ကုသဖို့အတွက် စရိတ်ငွေကြေး လိုအပ်နေဆဲဖြစ်ပါတယ်။အကယ်၍အလှူငွေ ပါဝင်လှူဒါန်းလိုတယ်ဆိုရင်တော့ ဒီနေရာကိုနှိပ်ပြီး သွားရောက်လှူဒါန်းနိုင်ပါကြောင်း ဖော်ပြအပ်ပါတယ်။




Some text some message..