နားထဲရေဝင်တဲ့အခါ
hellosayarwon.com
|
2019-12-25

ရကေူး ရင်းဖြစ်ဖြစ်

ခေါင်းလျှော် ရင်းဖြစ်ဖြစ်၊ ရေချိုးရင်းဖြစ်ဖြစ် အမှုမဲ့အမှတ်မဲ့နဲ့ နားထဲရေဝင်သွားတဲ့အခါ တော်တော်လေး နေရခက်ပြီး အချိန်ကြာလာတဲ့အခါ နားပြည်ယိုတာအပါအဝင် အခြားအကြားအာရုံဆိုင်ရာ ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ နားထဲရေဝင်တာက လူ ၁၀ ယောက်မှာ တစ်ယောက်လောက်ခံစားရလေ့ရှိတဲ့ အခြေအနေတစ်ရပ်ပါ။

နားထဲရေဝင်တဲ့အခါ ဘယ်လိုခံစားရနိုင်လဲ .......
နားထဲရေဝင်တဲ့အခါ နားအတွင်းပိုင်းထဲက ပြွန်လေးတွေရောင်ရမ်းပြီး
နားထဲက နာမယ်
နားထဲက ယားသလိုလိုဖြစ်မယ် နားထဲက

ပြည်ထွက်မယ် နားအူ မယ်
အသံကို ကောင်းကောင်းမကြားရဘဲ ဖြစ်နေမယ်။

ဘယ်လိုသက်သာအောင်လုပ်မလဲ.............


နားထဲရေဝင်တာကြောင့်

နားကိုကျ မယ်။ နားပြည်ယိုမယ် စတဲ့လက္ခဏာတွေဖြစ်လာမယ်ဆိုရင်တော့


ခြောက်သွေ့သန့်ရှင်းအောင်ထားပါ

နားထဲမှာ စိုထိုင်းထိုင်းဖြစ်ပြိး ပိုးပေါက်ဖွားမှုတွေ မဖြစ်စေဖို့ နားကို ခြောက်သွေ့သန့်ရှင်းအောင်ထားပေးပါ။ နားထဲကို ရေထပ်မဝင်စေဖို့လည်း ဂရုစိုက်ပေးပါ။ နားထဲမှာ ပြည်တွေရှိနေမယ်ဆိုရင် သေသေချာချာလေးသန့်စင်ပေးလို့ နောက်ဆက်တွဲပြဿနာတွေဖြစ်မလာအောင် ဂရုစိုက်ပါ။ နားကို အတွင်းထဲထိ အတင်းကလော်တာမျိုး မလုပ်ဖို့တော့ သတိထားပေးပါ။



အပူက နားအတွင်းပိုင်းမှာ သွေးစီးဆင်းမှုကောင်းပြီး နားကိုက်နားနာတာကို အထိရောက်ဆုံးသက်သာစေနိုင်ပါတယ်။ အပူပေးတာ ရောဂါတွေကိုတိုက်ဖျက်ပေးတဲ့

သွေးဖြူဥဆဲလ်တွေ စီးဆင်းမှုကို ကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့် နားကိုက်နေတဲ့အခါ ရေနွေးစွတ်ထားတဲ့ တဘက်စသန့်သန့် ဒါမှမဟုတ် ရေနွေးအိတ်တို့ကို နားတဝိုက်မှာ ကပ်ပေးပါ။

ရှာလကာရည် အစက်ချပါ

နားစည် ကိုပါ ထိခိုက်သွားတယ်ဆိုရင်တော့ ဒီနည်းက အဆင်မပြေနိုင်ပါဘူး။ တကယ်လို့ ဒီလိုမဟုတ်ဘူးဆိုရင်တော့ နားထဲက ရေတွေကို

ဂွမ်း လေးနဲ့ စုပ်ထုတ်ပြီး ရှာလကာရည် အစက်ချပေးပါ။ ပြိးရင် ခေါင်းကို စောင်းလို့ ရှာလကာရည်တွေ ပြန်ထွက်လာအောင် လုပ်ပါ။ ဒီလိုလုပ်တာကည်း နားထဲရေဝင်တာကို သက်သာစေမယ့်နည်းလမ်းတွေထဲကတစ်ခုပါ။

နနွင်း နဲ့ နို့ သောက်ပေးပါ

နနွင်းက သဘာဝဆေးဖက်ဝင် အပင်တစ်မျိုးပါ။ နနွင်းမှာပါတဲ့ curcumin ကဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။ နားတွင်းတစ်ရှုးတွေကို ကျန်းမာစေနိုင်တဲ့ အာနိသင်ရှိပြီး နားပိုးဝင်ကူးစက်တာမျိုးမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် နားထဲရေဝင်ပြီး နားကိုက်လာတဲ့အခါ နို့ပူပူ တစ်ခွက်ထဲကို နနွင်း လက်ဖက်ရည်ဇွန်း တဝက်ထည့်မွှေပြီး သောက်ပေးပါ။



နားပိုးဝင်တာအပါအဝင် ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိနေတာကြောင့် နားပိုးဝင်တာကို အထိရောက်ဆုံးသက်သာစေနိုင်မှာပါ။ ဒါကြောင့် ရေနွေးဆူဆူထဲကို ချင်း (ဂျင်း) ပါးပါးလှီးထည့်ပြီး ၃ မိနစ် ကနေ ၅ မိနစ်လောက်အထိထားလို့ သောက်ပေးပါ။ နားထဲကို ရေဝင်တာကြောင့် နောက်ဆက်တွဲဖြစ်လာမယ့် ပြဿနာတွေကို အခုပြောခဲ့တဲ့နည်းလေးတွေသုံးလို့ အကောင်းဆုံးဖြေရှင်းလိုက်ရအောင်လား............

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။  




Some text some message..