
တနင်္ဂနွေ - မိတ်ဆွေတွေ၊ ဆရာတွေဆီက အကူအညီကောင်းတွေ ရမယ့်နေ့ ဖြစ်တယ်။ အမျိုးသမီးတွေဆီကပါ ပံ့ပိုးကူညီမှုတွေ ရတတ်တယ်။ ဘာသာရေးအလုပ်၊ အလှူအတန်းကိစ္စတွေ လုပ်ရင် အောင်မြင်လွယ်လိမ့်မယ်။ ငွေကြေးစီးပွား၊ အလုပ်ကိစ္စတွေမှာတော့ စိတ်ပင်ပန်းလူပင်ပန်းဖြစ်ပြီးမှ အဆင်ပြေရုံ ရှိမယ်။ ငွေရေးကြေးရေး ကံအားနည်းမယ်။ ပြည်ပထွက်ဖို့ ကြိုးစားနေရင် အခွင့်အလမ်း ပေါ်မယ်။ နိုင်ငံခြားအလုပ်ကိစ္စ အောင်မြင်မယ်။ ကျန်းမာရေး အားနည်းတတ်တဲ့နေ့ဖြစ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စကားများရန်ဖြစ်ရတာမျိုး ရှိမယ်။ ဒီနေ့ မနက် ၁၀ ခွဲနဲ့ ၁၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ပေါင်မုန့်အုန်းနို့ဆမ်း ဘုရားမှာ ကပ်ပြီး ဆုတောင်းပါ။
သင့်
တနင်္လာ - ကျန်းမာရေး ဂရုစိုက်ရမယ့်နေ့ ဖြစ်ပြီး ဖျားနာတာ၊ နေထိုင်မကောင်းချင်တာတွေ ဖြစ်လွယ်လိမ့်မယ်။ တစ်နေ့လုံးမှာ စိတ်ရောလူပါ ထိုင်းမှိုင်းသလို ဖြစ်နေတတ်ပြီး တစ်ခုခုဆို စိတ်ခံစားချက်တွေ မကောင်းချင်ဘဲ ဖြစ်နေတတ်တယ်။ အလုပ်မှာ အပြိုင်အဆိုင် များမယ်။ အနှောင့်အယှက်တွေ ဝင်တတ်တယ်။ အေးအေးလူလူ မလုပ်ရဘဲ အသည်းအသန် လုပ်ရမယ်။ ငွေအတွက် ပူပန်ရလိမ့်မယ်။ မေတ္တာရေးမှာ ကောင်းဆိုးရောနှောမယ်။ ဒီနေ့ ညနေ ၄ နဲ့ ၄ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ကျီးတွေကို အစာကျွေးတာမျိုး လုပ်ပေးပါ။
ညံ့
အင်္ဂါ - တစ်နေ့လုံးမှာ ကိုယ်လုပ်ချင်ရာ လုပ်ခွင့်နေတတ်တယ်။ အရင်က လုပ်ချင်ခဲ့တဲ့ အရာတွေကို အားပါးတရ လုပ်ဖြစ်လိမ့်မယ်။ စိတ်ထဲ တေးထားတဲ့ ကိစ္စတွေကိုလည်း ကျကျနန အကောင်အထည် ဖော်နိုင်မယ်။ အလုပ်၊ စီးပွားရေးမှာလည်း ရွေးရခက်အောင် ကောင်းလာတတ်တယ်။ အလုပ်ရဲ့ ကောင်းကွက်တွေကို ရွေးမြင်နိုင်မယ်။ အကျိုးအမြတ်ပိုင်းကို ကြည့်ရင်လည်း ကျေနပ်စရာကောင်းလိမ့်မယ်။ ငွေဝင်လာဘ်ရွှင်မယ့်နေ့လည်း ဖြစ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်ချမ်းသာကြည်နူးစရာတွေ ပြည့်နေမယ်။ လူပျိုလူလွတ်တွေဆို စန်းပွင့်မယ်။ ဒီနေ့ မနက် ၉ နဲ့ ၉ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ဇီးဖျော်ရည် ကပ်လှူပြီးတော့ ဆုတောင်းပေးပါ။
ကောင်း
ဗုဒ္ဓဟူး - စိတ်အနှောင့်အယှက်ဖြစ်စရာကိစ္စတချို့ ဖြစ်တတ်တာကလွဲရင် ဒီနေ့မှာ ကိုယ်ရေးကိုယ်တာကိစ္စရော လုပ်ငန်းစီးပွားကံဇာတာပါ ကောင်းမွန်လိမ့်မယ်။ အထူးသဖြင့် လုပ်ငန်းဆောင်တာတွေ တိုးတက်အောင်မြင်မှု ရလွယ်ပြီး အလုပ်သစ် ရှာသူတွေ၊ လုပ်ငန်းတိုးချဲ့ချင်သူတွေ အခွင့်အရေး ရလာမယ်။ ငွေကြေးကံကောင်းမယ်။ စပ်တူရှယ်ယာတွေ လုပ်ကြည့်နိုင်တယ်။ အကြီးအကဲတွေနဲ့တော့ အနည်းငယ် ကတောက်ကဆ ဖြစ်လိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေး ကံခေတတ်တယ်။ ရည်မှန်းသလို မဖြစ်ဘဲ စိတ်ရောလူပါ ထိခိုက်စရာ ဖြစ်လာမယ်။ ဒီနေ့ နေ့ခင်း ၂ ခွဲနဲ့ ၃ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ဗယာကြော် ၅ ခု ကပ်လှူပြီး ယတြာပြုပေးပါ။
ကောင်း
ရာဟု - ဒီနေ့ ဘယ်ကိစ္စမဆို ကိုယ့်ဘက်က မှန်မှန်ကန်ကန် လုပ်ရလိမ့်မယ်။ အကြံအဖန်တွေ လုပ်မိရင်တော့ ကောင်းမယ့်ကံက ညံ့သွားတတ်တယ်။ အလုပ်ကိစ္စ၊ စီးပွားရေးရာကိစ္စတွေမှာ အခြေအနေကောင်းတွေ ဖြစ်ပြီး အကျိုးခံစားခွင့်တွေ ရှိလာလိမ့်မယ်။ ဒါပေမယ့် မရိုးမသား လုပ်ထားရင် ၊ ဥပဒေပြင်ပက လျှောက်လုပ်ထားရင် ပြစ်ဒဏ်တွေ ခံစားရတတ်တယ်။ ဒီနေ့ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အသေးအဖွဲတွေကို ပြဿနာ လုပ်မိမယ်။ မိတ်ဆွေတွေထဲက ကိုယ့်အပေါ် မမှန်တဲ့သူတွေ အလိုလို လွင့်သွားလိမ့်မယ်။ လူမှန်တွေပဲ ကျန်ရစ်လိမ့်မယ်။ ဒီနေ့ ညနေ ၄ခွဲနဲ့ ၅ နာရီကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ ရွှေရင်အေး ကပ်လှူပေးပါ။
သင့်
ကြာသပတေး - ကံကောင်းမယ့်နေ့လို့ ဆိုနိုင်တယ်။ ငွေကြေးဘဏ္ဍာရေးကိစ္စတွေ လုပ်ကိုင်ဆောင်ရွက်နိုင်မယ်။ အကျိုးအမြတ်လည်း ကောင်းမယ်။ ငွေကြေး ကံကောင်းတတ်ပေမယ့် သူတပါးငွေ လက်ခံတာ၊ အချေးအငှား လုပ်တာနဲ့ အာမခံတာ ကြားဝင်တာမျိုးတွေ ရှောင်ရမယ်။ ဝင်မယ့် လာဘ် ပိတ်သွားတတ်သလို ပြဿနာတွေပါ ရှင်းရတတ်တယ်။ အလုပ်မှာ အခက်အခဲတွေ ဖြစ်တတ်ပေမယ့် ကိုယ့်အရည်အချင်းနဲ့ပဲ ဖြေရှင်းသွားနိုင်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးကိစ္စမှာ ရန်ဖြစ်တဲ့ကြားက ပျော်စရာတွေ ကြုံရမယ်။ ဆူဆူပူပူနဲ့ ကြည်နူးရလိမ့်မယ်။ ဒီနေ့ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ ပန်းသီး ၅ စိတ် ကပ်လှူပေးရမယ်။
ကောင်း
သောကြာ - ဒီနေ့မှာ ဘာပဲလုပ်လုပ် ပျက်လွယ်မယ်။ ဘယ်လောက်ပဲ သေချာစီစဉ်ထားပါစေ ကြံဖန်လွဲချော်ပြီး ပျက်ပြားသွားတတ်တယ်။ ခရီးတွေဘာတွေ စီစဉ်ထားရင် ပျက်မယ်။ လမ်းခရီးမှာ ပြဿနာတွေ ပေါ်လိမ့်မယ်။ စကားကတိတွေ ပျက်တာကြောင့်လည်း အချင်းများရတတ်တယ်။ သတင်းဆိုးတွေချည်း ကြားနေရတတ်တယ်။ အလုပ်မှာ ဟိုမရောက်ဒီမရောက်နဲ့ မပြီးမပြတ်တွေ ဖြစ်မယ်။ ငွေကြေးအရလည်း အလိုမကျစရာတွေ များမယ်။ အပျော်အပါးကိစ္စတွေ လုပ်ရင် စိတ်ပျက်ရတတ်တယ်။ မေတ္တာရေးကံတော့ ကောင်းမယ်။ အကူအညီ ရရှိမယ်။ ဒီနေ့ မွန်းလွဲ ၁၂ ခွဲနဲ့ ၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ နွမ်းပါးတဲ့သက်ကြီးရွယ်အိုကို သစ်သီးတွေ လှူပေးပါ။
ညံ့
စနေ - ရည်ရွယ်တာတွေ ဖြစ်မလာဘဲ မရည်ရွယ်တာတွေပဲ ဆက်တိုက် ကြုံရတတ်တယ်။ လုပ်ချင်တာတွေကို တစ်ဝက်တစ်ပျက်နဲ့ ရပ်လိုက်ရတတ်ပြီး အစီအစဉ်တွေလည်း ပျက်လွယ်နေမယ်။ လူငယ်တွေဆိုရင် နှလုံးသား ပြဿနာ ဖြစ်လွယ်ပြီး တစ်ဖက်လူနဲ့ အမြင်မတူဘဲ သဘောကွဲလွဲစရာတွေ များလိမ့်မယ်။ စုံတွဲတွေဆိုရင်လည်း ဒီနေ့မှာ မကြာခဏ ကတောက်ကဆ များမယ်။ အလုပ်ကိစ္စမှာတော့ ကိုယ်က သိပ်မကြိုးစားရဘဲ အဆင်ပြေ လွယ်ကူနေတတ်တယ်။ ငွေကြေးအရလည်း ကျေနပ်စရာ ဖြစ်မယ်။ မိတ်ဆွေတွေဆီက အကူအညီ ရလိမ့်မယ်။ ဒီနေ့ ညနေ ၅ နဲ့ ၆ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ လက်ဖက်အသားချည်း ကပ်လှူပြီး ဆုတောင်းပါ။
သင့်
#lotaya_horoscope