လူချမ်းသာ ဖြစ်ဖို့ အခွင့်အလမ်း များတဲ့ ရာသီခွင်များ
lotaya.mpt.com.mm
|
2022-05-18

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အထိ ပြုလုပ်ထားတဲ့ စစ်တမ်းတွေအရ ကမ္ဘာ့ထိပ်တန်းဘီလျံနာသူကြွယ် ၅၀ စာရင်းထဲမှာ ဘယ်ရာသီဖွားတွေက အများဆုံး ပါဝင်နေသလဲ၊ ဘယ်လဖွားတွေက ချမ်းသာဖို့ အခွင့်အလမ်း ပိုသာနေသလဲ ဆိုတာ စိတ်ဝင်စားစရာ သုတေသနတစ်ခုအဖြစ် တွေ့ရပါတယ်။

လူချမ်းသာကြီး၊ ဘီလျံနာကြီးတွေဆိုရင် လူတွေက ပိုက်ဆံ ပေါပေါသီသီ သုံးနိုင်ဖြုန်းနိုင်တဲ့ အမိုက်စားတွေချည်း ဆင်ယင် ဝတ်စားထားတဲ့သူတွေကိုပဲ အရင် ပြေးမြင်တတ်ကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဇွဲလုံ့လနဲ့ ဝီရိယတွေ၊ အားစိုက်ကြိုးပမ်းမှုတွေ၊ စွန့်လွှတ်စွန့်စားမှုတွေနဲ့ အကွက်ရွှေ့ကစားတတ်ပုံတွေကိုတော့ လူအတော်များများက သတိမူမိကြမှာ မဟုတ်ပါဘူး။

လေ့လာမှုစစ်တမ်းတွေအရ ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာ(သန်းထောင်ချီ ကြွယ်ဝသူ) ထိပ်တန်း ၅၀ ယောက်ရဲ့ စာရင်းထဲမှာ …

မိဿရာသီဖွား (မတ် ၂၁ နဲ့ ဧပြီ ၁၉ အတွင်း မွေးဖွားသူများ)တူရာသီဖွား (စက်တင်ဘာ ၂၃ နဲ့  အောက်တိုဘာ ၂၂ အတွင်း မွေးဖွားသူများ)က အများဆုံးအရေအတွက်နဲ့ ပါဝင်နေပြီး ဒုတိယနေရာမှာတော့

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ နဲ့ သြဂုတ် ၂၂ အတွင်း မွေးဖွားသူများ)ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ နဲ့ နိုဝင်ဘာ ၂၁ အတွင်း မွေးဖွားသူများ)က အစဉ်လိုက် ရပ်တည်နေပါတယ်။

ဖော်ပြပါရာသီဖွားတွေရဲ့နောက်မှာ ကျန်ရာသီဖွားတွေက အနည်းငယ်စီ ဆက်လက် ပါဝင်နေပြီး အချမ်းသာဆုံး ထိပ်တန်းဘီလျံနာ ၅၀ စာရင်းထဲမှာ ပါမလာသူကတော့ ဓနုရာသီဖွားတွေပဲ ဖြစ်ပါတယ်။

ဒီလေ့လာမှုစစ်တမ်းအရဆိုရင် မွေးရာပါဇာတာအနေနဲ့ ချမ်းသာဖို့ အခွင့်အလမ်း များသူ၊ ချမ်းသာလာရင်လည်း ဘီလျံနာကြီးအထိ ထိပ်တန်းရောက်နိုင်သူတွေဟာ မိဿရာသီဖွားနဲ့ တူရာသီဖွားတွေ ဖြစ်တယ်လို့ ယေဘုယျ ကောက်ချက် ဆွဲနိုင်ပါတယ်။ ပြီးရင်တော့ သိဟ်ရာသီဖွားနဲ့ ဗြိစ္ဆာရာသီဖွားတွေက အခွင့်အလမ်း ရှိနေပါတယ်။

ရာသီခွင်ဗေဒင်အရ သုံးသပ်ရင်လည်း တုံးတိုက်တိုက် ကျားကိုက်ကိုက် ဘာလာလာ ရင်ဆိုင်ရဲတဲ့၊ စွန့်စားမှုကို ခုံမင်တဲ့ မိဿရာသီဖွားတွေနဲ့ အကောင်းအဆိုး အကြောင်းအကျိုးကို ချိန်ဆတတ်သူ၊ စနစ်တကျ စိတ်ကူးယဉ် တွေးတောကြံဆတတ်သူ တူရာသီဖွားတွေဟာ ကြီးပွားချမ်းသာဖို့ အားသာချက်တွေ ရှိနေတာ အမှန်ပါပဲ။

နောက်ထပ် စစ်တမ်းတစ်ခုမှာလည်း ထိပ်တန်းဘီလျံနာ အယောက် ၅၀ ရဲ့ မွေးလတွေကို သုံးသပ်ထားရာမှာ အောက်တိုဘာလမှာ ဖွားမြင်သူ ဘီလျံနာအရေအတွက်ဟာ ၁၁ ဦးအထိ ပါဝင်နေတာကြောင့် အောက်တိုဘာ ဖွားတွေဟာ တခြားလတွေထက် ချမ်းသာဖို့ ကံပိုပါသူတွေလို့ ဆိုနိုင်ပါတယ်။

ဒုတိယနေရာမှာတော့ ဇွန်လနဲ့ သြဂုတ်လဖွားတွေက ၅ ဦးစီ ပါဝင်နေတာကြောင့် ကြီးပွားချမ်းသာဖို့ ကံတရား ပိုအားသာသူတွေအဖြစ် ယူဆရပါတယ်။ ဒါပေမယ့် ထူးခြားချက်အနေနဲ့ ထိပ်တန်းဘီလျံနာ အယောက် ၅၀ စာရင်းမှာ ဒီဇင်ဘာလဖွား တစ်ဦးတစ်လေမှ မပါဝင်တာကြောင့် ဓနုရာသီဖွားတွေလိုပဲ ချမ်းသာဖို့မူလကံဇာတာ အားနည်းသူလို့တောင် ဆိုရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး ထိပ်တန်းဘီလျံနာ အယောက် ၅၀ နဲ့ ရာသီခွင်ဗေဒင်၊မွေးလဖွားတွေကို တိုက်ဆိုင်စစ်ဆေး ကောက်ချက်ချတာဟာ သုတေသနတစ်ခုသာ ဖြစ်ပြီး ယေဘုယျ ဆန်လွန်းတဲ့အတွက် လူချမ်းသာ ရာသီဖွားမျိုး မဟုတ်ရင်တောင် ၊ လူချမ်းသာတွေ မွေးတဲ့လမှာ မမွေးခဲ့ရင်တောင် ကိုယ်ပိုင် ကြိုးစားအားထုတ်မှုနဲ့ တစ်နေ့မှာ ချမ်းသာကြွယ်ဝသူတစ်ယောက် ဖြစ်လာနိုင်တယ်ဆိုတာ အခိုင်အမာ ယုံကြည်ထားစေချင်ပါတယ်။

အားလုံးပဲ ပြည့်စုံချမ်းသာတဲ့ဘဝတွေ ရရှိပိုင်ဆိုင်နိုင်ကြပါစေ

ဧက (ဗေဒင်သုတ)

#lotaya_horoscope




Some text some message..