မေ ၂၄ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2022-05-24

တနင်္ဂနွေ - ဒီလိုနေ့မှာ အသွားအလာတွေ ပိုများလာတတ်ပြီး အိမ်မကပ်ဘဲ ဖြစ်နေတတ်တယ်။ ဘယ်ကိစ္စမဆို တော်တော်နဲ့ မဆုံးဖြတ်နိုင်ဘဲ တွေဝေတာတွေ များလာမယ်။ ဟိုဟာလည်း လုပ်ချင်၊ ဒီဟာလည်း ပါချင် ဖြစ်ပြီး အလုပ်တွေ လက်စမသတ်ဘဲ ဖြစ်နေမယ်။ တစ်နေ့တာ အလုပ်ကိစ္စ၊ စီးပွားရေးကိစ္စတွေမှာတော့ အတော်သင့် အဆင်ပြေနိုင်တယ်။ ငွေကြေးအရလည်း စိတ်ချမ်းသာရမယ်။ မိတ်ကောင်းဆွေကောင်းတွေက ကူညီမစမယ်။ အချစ်ရေး၊အိမ်ထောင်ရေးမှာ သဘောထား မတိုက်ဆိုင်တာတွေ ဖြစ်ပြီး စိတ်အခန့်မသင့်စရာတွေ ဖြစ်လိမ့်မယ်။ ဒီနေ့ မနက် ၁၁ နဲ့ ၁၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ မုန့်ဟင်းခါးတစ်ပွဲ ကပ်လှူပြီး ဆုတောင်းပါ။

သင့်

တနင်္လာ - လိုအင်ဆန္ဒတွေ ပြည့်ဝတတ်တဲ့နေ့ ဖြစ်ပြီး အကြံအစည်ကောင်းတွေ ပေါ်ထွက်လာမယ်။ ဒီတစ်ရက် အလုပ်ကိစ္စမှာတော့ အခက်အခဲတွေ များတတ်တယ်။ လုပ်ရကိုင်ရ ကျပ်ပြီး အရှုပ်အရှင်းတွေပါ ဖြစ်တတ်တယ်။ ပြည်ပအလုပ်ကိစ္စ ကြိုးစားနေသူတွေတော့ အဆင်ပြေတတ်တယ်။ ငွေကြေးပိုင်းမှာ စောင့်ဆိုင်းရ၊ သည်းခံရတာ ဖြစ်နေမယ်။ မေတ္တာရေးကံဇာတာ အားနည်းတတ်ပြီး တစ်ယောက်နဲ့တစ်ယောက်ကြား နားလည်မှု လွဲနေမယ်။ ဒီနေ့ ညနေ ၃ နဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ သကြားဖြူးဆွမ်း ကပ်လှူပေးပါ။

သင့်

အင်္ဂါ - အမှုအခင်း ဖြစ်လွယ်၊ ပြဿနာ ဖြစ်လွယ်လို့ ဒီနေ့မှာ အစစအရာရာ သတိထားရမယ်။ တစ်ခုခုဆိုရင် စိတ်လိုက်မာန်ပါ မလုပ်မိဖို့လည်း ရှောင်ရမယ်။ ကိုယ့်ကို မတရား စွပ်စွဲပြောဆိုတာ၊ တိုက်ခိုက်တာတွေလည်း ခံရတတ်တယ်။ အလုပ်မှာ အကြိတ်အနယ် လုပ်ရတတ်ပြီး တာဝန်တွေလည်း မနိုင်မနင်း ဖြစ်မယ်။ ငွေကြေး ကံဇာတာ အားနည်းတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း အကောင်းအဆိုးတွေ ရောထွေးနေမယ်။ ဒီနေ့ မနက် ၉ နဲ့ ၁၀ ကြား ကံကောင်းချိန် ဖြစ်တယ်။ ကိုယ်အင်္ဂါ မသန်စွမ်းသူကို စားစရာသောက်စရာ ပေးပါ။

ညံ့

ဗုဒ္ဓဟူး - ကိုယ့်အောက်ငယ်သူတွေနဲ့အခြေအတင် ဖြစ်တတ်သလို ကိုယ့်ကိုလည်း အာခံတာမျိုးတွေ ကြုံရမယ်။ အလကားနေရင်း စွပ်စွဲခံရတာ၊ အငြိုငြင်ခံရတာတွေ ဖြစ်မယ်။ ဒါပေမယ့် တစ်နေ့တာ အလုပ်အကိုင်ကိစ္စတွေမှာ ထူးခြားမယ်။ ကံတွေ ကောင်းနေတတ်တယ်။ ကိုယ်တိုင်ကလည်း လုပ်ရဲကိုင်ရဲ ဖြစ်နေလို့ စွန့်စားရတဲ့အလုပ်မျိုး ဆိုရင် အောင်မြင်တတ်တယ်။ အကျိုးတူလုပ်ငန်းတွေ အလုပ်ဖြစ်မယ်။ မေတ္တာရေးမှာလည်း စိတ်ချမ်းသာမယ်။ ဒီနေ့ နေ့ခင်း ၂ နဲ့ ၂ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ပေါင်မုန့်ကြက်ဥကြော် လှူပြီး ယတြာပြုပေးပါ။

ကောင်း

ရာဟု - ငွေဝင်ကိန်းလည်း ရှိသလို ပြန်ကုန်ဖို့လည်း အသင့် ဖြစ်နေမယ်။ ဘယ်လောက်ပဲ သတိထားထိန်းပါစေ ကြံဖန်ပြီး ငွေကုန်မယ့်ကိစ္စတွေ ပေါ်လာမယ်။ အလုပ်တွေ ကောင်းပြီး ငွေလည်း ဝင်ပေမယ့် လက်ထဲ မထိန်းနိုင် မသိမ်းနိုင်ဘဲ ဆီလိုအပေါက်ရှာ ငွေထွက်နေမယ်။ ရှိတာလေးပါ ပြောင်သွားတတ်တယ်။ စိတ်ထဲ ထင်သလိုတွေ လျှောက်လုပ်မိတတ်လို့ ကိုယ့်ဖာသာ ထိန်းချုပ်ရမယ်။ အကူအညီပေးမလိုနဲ့ နှောင့်ယှက်သူတွေ ရှိနေလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ စိတ်ချမ်းသာပျော်ရွှင်ရမယ်။ လူငယ်တွေအတွက် ပျော်စရာတွေ များမယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့ ၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ မလိုင် ၅ လုံး ကပ်လှူပေးရမယ်။

သင့်

ကြာသပတေး - ကံကောင်းမယ့်နေ့ ဖြစ်တယ်။ ဘာသာရေးအလုပ်တွေ လုပ်နေသူဆိုရင် ပိုထူးခြားတတ်တယ်။ ဆရာသမားတွေ၊ မိတ်ဆွေတွေဆီက အကူအညီတွေ ရလိမ်မ့ယ်။ ထိရောက်တဲ့အကူအညီလည်း ဖြစ်လိမ့်မယ်။ အလုပ်စီးပွားကံ အထူးကောင်းလာနိုင်တယ်။ ကိုယ့်ဘက်က နည်းနည်း ကြိုးစားရုံနဲ့ များများအဆင်ပြေနေမယ်။ ငွေအထုပ်အထည်နဲ့ ဝင်လာတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးတော့ အားနည်းမယ်။ စိတ်ညစ်နေရမယ်။ ဒီနေ့ မနက် ၇ ခွဲနဲ့ ၈ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ပေါင်မုန့် ၅ ချပ် ကပ်လှူပြီး ဆုတောင်းပေးပါ။

ကောင်း

သောကြာ - ခရီးကောင်းတွေ ပေါ်လာတတ်တယ်။ မရောက်ဖူးမသွားဖူးတဲ့နေရာဒေသတွေဆီ ရောက်ရတတ်ပြီး ပျော်စရာတွေည်း ကြုံရတတ်တယ်။ ကိုယ့်အတွက် အရေးပါတဲ့သတင်းတွေ၊ အဆက်အသွယ်တွေ ရရှိလာမယ်။ အလုပ်ကိစ္စမှာတော့ ခေါင်းရှုပ်ရ ပူပန်ရတာတွေ များမယ်။ ငွေကြေးပိုင်းမှာလည်း အခက်အခဲ ပေါ်လာနိုင်တယ်။ အကြီးအကဲတွေနဲ့ စကားများရတတ်တယ်။ အိမ်တွင်းရေး မပြေမလည် ဖြစ်မယ်။ အစိုးရကိစ္စတွေ အလွဲအချော် ဖြစ်တတ်တယ်။ မေတ္တာရေးမှာ စိတ်ပူပန်ရတာတွေ ခံစားရမယ်။ အချင်းချင်း ကတောက်ကဆ ဖြစ်မိလိမ့်မယ်။ ဒီနေ့ မွန်းလွဲ ၁၂ ခွဲနဲ့ ၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ သံပရာရည် ကပ်လှူပေးရမယ်။

သင့်

စနေ - တစ်နေ့လုံးမှာ စိတ်ပူစရာတွေ မကြာခဏ ကြုံရတတ်တယ်။ အမှုအခင်း၊ ပြဿနာတွေနဲ့ ပတ်သက်မိပြီး ကိုယ်ပါ နစ်နာစရာတွေ ဖြစ်လာတတ်တယ်။ ဖြစ်နိုင်ရင် အသုဘပို့တာ၊ နာရေးအိမ်သွားတာတွေ ခဏရှောင်ပါ။ မဟုတ်ရင် အပူမီးကူးပြီး တစ်နေ့တည်းမှာပဲ စိတ်ညစ်စရာတွေ ဆင့်ကဲ ဖြစ်လာတတ်တယ်။ အလုပ်အကိုင်ရေး စီးပွားရေးမှာ လုပ်သာလုပ်ပြီး ဘာမှ မထူးသလို ခံစားရမယ်။ ငွေကြေးကိစ္စမှာလည်း ရလိုက်မရလိုက် ဖြစ်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အဆင်ပြေချင်ပေမယ့် ကိုယ့်ဘက်က အမှားအယွင်းတွေ လျှောက်လုပ်မိနေမယ်။ ဒီနေ့ ညနေ ၅ ခွဲနဲ့ ၆ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဖိနပ်ဟောင်းနဲ့ အဝတ်ဟောင်းတွေ စွန့်ပါ။

ညံ့

#lotaya_horoscope




Some text some message..