စိတ်အပြောင်းအလဲမြန်ခြင်း (Mood Swing) ဆိုတဲ့ အချိန်ကာလတွေကို မိန်းကလေးတိုင်း ဖြတ်သန်းရလေ့ရှိပါတယ်။ အချို့သော ချစ်စရာမိန်းကလေးတွေဆိုရင်တော့ သတ်သတ်မှတ်မှတ်ရယ်လို့ကို မရှိဘဲ အချိန်တိုင်း စိတ်အပြောင်းအလဲမြန်နေကြတာပါ။ ဒါပေမယ့် တစ်ခါတလေမှာ ဒါက မထင်မှတ်ထားတဲ့ပြဿနာတွေကို ဦးတည်သွားစေနိုင်တာကြောင့် စိတ်အပြောင်းအလဲမြန်တဲ့အချိန်တွေမှာ ဘယ်လိုမျိုးနေထိုင်သင့်လဲ ဖော်ပြပေးလိုက်ရပါတယ်။
၁။ တစ်ယောက်တည်း အချိန်ဖြုန်းပါ။
အဲ့ဒီလိုအချိန်မျိုးကျ ဘေးမှာတစ်ယောက်ယောက်ရှိနေတယ်ဆိုရင် အဲ့ဒီတစ်ယောက်ကိုပဲ ကိုယ်ကပြဿနာရှာမိနိုင်ပါတယ်။ အဲ့ဒါကြောင့် စိတ်အပြောင်းအလဲတွေအင်မတန်များပြားနေတဲ့အချိန်မှာ တစ်ယောက်တည်းနေတာက အကောင်းဆုံးနည်းလမ်းတွေထဲကတစ်ခုပါ။ ကိုယ့်အပေါ်ကျရောက်နေတဲ့ဖိအားတွေကို စဉ်းစားပြီး ဒီပြဿနာတွေ ဘယ်လိုမျိုးအစပြုလာလဲဆိုတာကို တစ်ယောက်တည်းခေါင်းအေးအေးထားပြီး စဉ်းစားဖို့ လိုပါတယ်။ အဲ့ဒီနောက်မှာတော့ ကိုယ့်အတွက် သင့်တော်ကောင်းမွန်တဲ့ဖြေရှင်းနည်းတစ်ခုကို တွေ့လာပါလိမ့်မယ်။
၂။ အကောင်းမြင်စိတ်ကို မွေးမြူပါ။
အခုဖြစ်နေတဲ့အရာတွေ၊ ပြဿနာတွေက ကိုယ့်ဘဝတစ်လျှောက်ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်တွေလောက် မဆိုးရွားဘူးလို့ တွေးလိုက်ပါ။ အားလုံးက နေ့တဓူဝလိုလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး အဲ့ဒီအရာတွေကို သာမန်ကိစ္စအဖြစ်၊ အပေါင်းလက္ခဏာဆောင်တဲ့ကိစ္စအဖြစ် အသွင်ပြောင်းနိုင်ဖို့ လိုအပ်ပါတယ်။
၃။ ပြဿနာတွေကို ပိုမိုဆိုးရွားလာအောင် မလုပ်ပါနဲ့။
မိန်းကလေးတွေရဲ့ Mood Swing အချိန်ကာလက အင်မတန်မှ ခက်ခဲတယ်ဆိုတာကို တော်တော်များများက နားလည်လက်ခံထားတာကြောင့် ကိုယ်စိတ်မကြည်တာနဲ့ပဲ ကိုယ့်ဘေးနားကလူကို စကားလေးတစ်ခွန်းနဲ့တောင် ထိခိုက်နာကျင်အောင် မလုပ်မိပါစေနဲ့။ အဲ့ဒါတွေက ကိုယ့်လက်ရှိရင်ဆိုင်နေရတဲ့ပြဿနာတွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ နည်းလမ်းကောင်းတစ်ခုအနေနဲ့ကတော့ ကိုယ်လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကိုယ့်ရဲ့ချစ်သူ၊ သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်မယ်ဆိုရင်တော့ စိတ်ထဲပေါ့ပါးသွားပါလိမ့်မယ်။
၄။ အကူအညီတောင်းပါ။
ဒီလိုမျိုးစိတ်အပြောင်းအလဲဖြစ်နေတဲ့အချိန်မှာ ကိုယ့်ဘေးနားမှာ အကူအညီပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ ချစ်သူ၊ သူငယ်ချင်းတွေကို အတင်းအကျပ်တွန်းထုတ်တာမျိုးမလုပ်ဘဲ ကိုယ့်အတွက်လိုအပ်တဲ့နွေးထွေးမှု၊ အားပေးမှုတွေကို ပေးစွမ်းနိုင်ဖို့ အကူအညီတောင်းခံပါ။ သူတို့ကလည်း ကိုယ့်အပေါ်ကို သေချာပေါက် ပိုမိုဂရုစိုက်ကြမှာဖြစ်ပြီး အဲ့ဒီလိုဆိုရင်တော့ ကိုယ်ခံစားနေရတဲ့စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာကိုယ်ဆိုင်ရာ ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။
၅။ အရာအားလုံးက ကိုယ့်အတွက်ရှိနေပါတယ်။
တော်တော်များများ မိန်းကလေးတွေက အဲ့ဒီလိုမျိုး Mood- Swing ဖြစ်လာပြီဆိုရင် တစ်လောကလုံးနဲ့တစ်ယောက်ဖြစ်သွားသလို ခံစားရလေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ်နေထိုင်ရာကမ္ဘာကြီးက ကိုယ့်အတွက်တည်ရှိနေတာပါ။ အဲ့ဒါကြောင့် အားလုံးအတွက် ကိုယ်ကအမြဲတမ်းအဆင်သင့်ဖြစ်နေတယ်ဆိုတာကို ပြသသင့်ပြီး ကိုယ့်ဆီမှာအဲ့ဒီလိုစိတ်မရှိဘူးဆိုရင် အခြားသူတွေကလည်း ကိုယ့်အပေါ် နွေးထွေးနိုင်မှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့် Mood- Swing ရမယ့် အချိန်ရောက်ပြီဆိုရင် အခုပြောပြခဲ့တဲ့အချက်လေးတွေကို လက်တွေ့အသုံးချပြီး ခက်ခဲတဲ့အချိန်တွေကို တို့အားလုံးအတူတူကျော်ဖြတ်လိုက်ရအောင်နော်။
#HM
#LifestyleMyanmar
Source: magforwomen