အောင်မြင်တဲ့ ဘဝကို ရဖို့အတွက် လူငယ်တိုင်း သိထားရမယ့် အချက် (၅) ချက်
auntymay.com
|
2020-12-20

အောင်မြင်မှုဆိုတာ ရဖို့ မလွယ်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ အောင်မြင်မှုဆိုတာကလည်း အလွယ်ရရင် အလွယ်ပဲ ပျက်သွားတတ်ပါတယ်။ လူတိုင်း အောင်မြင်မှု မရနိုင်တဲ့ ဒီအတွက် ကြိုးစားနေကြတဲ့သူတွေ တကယ့်ကို ဒုနဲ့ဒေး ပါပဲ။ အောင်မြင်ဖို့အတွက် ဘယ်အရွယ်ကမဆို စပြီး ကြိုးစားနိုင်ပါတယ်။ အောင်မြင်ဖို့ ကြိုးစားနေတဲ့ လူငယ်တွေအနေနဲ့လည်း ဒီအချက်တွေကိုတော့ သိထားဖို့ လိုပါလိမ့်မယ်။


(၁) ဝီရိယက အဓိကပါ

အောင်မြင်တယ်ဆိုတာ အောင်မြင်ချင်တယ်လို့ ပြောလိုက်ရုံနဲ့ ဖြစ်လာနိုင်တာမျိုး မဟုတ်ပါဘူး။ အောင်မြင်ချင်ရင် ကိုယ့်ဘက်က မလျှော့တဲ့ ဇွဲလုံ့လ ရှိဖို့ လိုအပ်ပါတယ်။ ကမ္ဘာမှာ အောင်မြင်နေတဲ့သူတွေကို ကြည့်လိုက်ရင် ဇွဲရှိရှိ ကြိုးစားခဲ့ကြလို့ အောင်မြင်နေတဲ့သူတွေ ရှိနေတာကို တွေ့ရမှာပါ။ လွယ်လွယ်နဲ့ အောင်မြင်တာ မဟုတ်လို့ အောင်မြင်မှု ရတဲ့အထိ ကိုယ့်ဘက်က ဝီရိယအားစိုက်ထုတ်နေဖို့ လိုပါတယ်။


Photo by Sharon McCutcheon from Pexels


(၂) အမှားကို မကြောက်ပါနဲ့

လူတိုင်း မှားတတ်ပါတယ်။ မှားတာက စိတ်ဓာတ်ကျစရာ မဟုတ်ပါဘူး။ အမှားကို ပြင်ပြီး တိုးတက်အောင် လုပ်ဖို့ပဲ လိုပါတယ်။ ဒီလိုပဲ အရှုံးဆိုတာလည်း ကြုံရတတ်တဲ့ အရာပါပဲ။ ရှုံးနိမ့်တဲ့ အခြေအနေတွေက တစ်ခါမက ရှိနေနိုင်ပါတယ်။ ဒီအတွက် အရှုံးတွေ၊ အမှားတွေက ကိုယ့်အတွက် ခွန်အားတွေပါလို့ တွေးပြီး အောင်မြင်တဲ့အထိ ကြိုးစားဖို့ လိုအပ်ပါတယ်။


Photo by cottonbro from Pexels


(၃) ကိုယ့်အရည်အချင်းကို အမြဲ တိုးတက်နေပါစေ

အောင်မြင်ချင်တယ်ဆိုပြီး ကိုယ့်မှာ ဘာအရည်အချင်းမှ သေချာ မရှိသေးဘူးဆိုတာကလည်း သဘာဝ မကျပါဘူးနော်။ ကိုယ်က တစ်နေ့ထက် တစ်နေ့ ပိုပြီး အရည်အချင်း ရှိလာအောင် လေ့လာမှုတွေ၊ အားထုတ်မှုတွေ ပြုလုပ်နေဖို့ လိုအပ်ပါတယ်။ အရည်အချင်း ရှိအောင် မလုပ်ဘဲနဲ့ အောင်မြင်မှုတွေ ရလာမှာ မဟုတ်ပါဘူး။


Photo by Zen Chung from Pexels


(၄) ခေတ်ကို မျက်ခြေမပြတ်ပါစေနဲ့

ဘယ်နယ်ပယ်မှာပဲ အောင်မြင်ချင်တာ ဖြစ်ပါစေ၊ ကိုယ်က လက်ရှိ ခေတ်ကာလ အခြေအနေတွေကို သိနားလည်ထားဖို့ လိုပါတယ်။ အောင်မြင်မှုကို လိုချင်တဲ့သူအတိုင်း ခေတ်ရေစီးကြောင်းတွေကို သိဖို့ လိုလို့ လူအများနဲ့ ကင်းကွာလို့ မဖြစ်ပါတယ်။ လူအများရဲ့ အကြောင်းကို သိနေတာက သင့်ရဲ့ ကြိုးစားမှုတွေ၊ အလုပ်တွေ၊ အားထုတ်မှုတွေကို အောင်မြင်မှုနဲ့ နီးစပ်အောင် လုပ်နိုင်စေပါတယ်။


Photo by Tranmautritam from Pexels


(၅) ရှေ့ကို ကြိုတွေးတတ်ပါစေ

အောင်မြင်မှုကို လိုချင်တဲ့သူက အခုလက်ရှိအချိန်အတွက်တင် မဟုတ်ဘဲ အနာဂတ်အတွက်ပါ တွေးတတ်နေဖို့ လိုပါတယ်။ ခေတ်ဆိုတာ အမြဲ ပြောင်းလဲနေတာမို့ ကိုယ့်ရဲ့ အကြံအစည်တွေက လက်ရှိနဲ့ အဆင်မပြေရင်တောင် အနာဂတ်မှာ ကွက်တိ အောင်မြင်မှုကို ရစေတတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဖုန်းတွေ တီထွင်ခဲ့သူတွေ၊ လူမှုကွန်ယက် တီထွင်ခဲ့သူတွေကို ကြည့်ရင် ရှေ့ကြိုတွေးမှုက အောင်မြင်မှုဆီ ခေါ်သွားနိုင်တာကို သိမှာပါ။

Kham

 




Some text some message..