လူငယ်ကောင်မလေးတွေမှာရှိထားသင့်တဲ့ဖိနပ် ၅ မျိုး
mystylemyanmar.com
|
2021-08-20

ဖိနပ်ဆိုရင် တစ်မျိူးထဲပဲစီးနေရတာကို မကြိုက်တဲ့သူတွေရှိမှာပါ။ ဖိနပ်ကလည်း များများရှိမှ ကိုယ်ဝတ်မယ့်အဝတ်အစားနဲ့ လိုက်ဖက်တဲ့ဖိနပ်မျိုးကို ဖက်ရှင်ကျကျစီးလို့ရမှာပါ။ ဒါကြောင့် ဒီတစ်ခါမှာတော့ လူငယ်ကောင်မလေးတွေဆီမှာ ရှိထားသင့်တဲ့ဖိနပ် ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။


Slipper




Slipper ဖိနပ်အပါးလေးတွေကတော့ ထသွားထလာ ပေါ့ပေါ့ပါးပါး စီးလို့ရတာကြောင့် must have ပါပဲ။ ဖက်ရှင်တော်တော်များများနဲ့လည်း လိုက်ဖက်တာကြောင့် Slipper ကတော့ လူတိုင်းမှာ ရှိမှာပါ။


Sneakers




လူငယ်ကောင်မလေးတွေအတွက် မရှိမဖြစ်လိုအပ်တာတော့ Sneakers ပါပဲ။ Sneakers လေးတစ်ရံရှိရင် တော်တော်အဆင်ပြေပါတယ်။ သူလည်း ဖက်ရှင်အများစုနဲ့ လိုက်ဖက်ပါတယ်။ Sneakers ကို တစ်ရံပဲဝယ်ထားမှာဆိုရင်တော့ အဝတ်အစားအားလုံးနဲ့ လိုက်ဖက်မယ့် Sneakers အဖြူ (သို့) အနက်ကို ရွေးဝယ်သင့်ပါတယ်။


Boots




Boots လေးတွေစီးတာကလည်း အထာကျပြီး အရမ်းမိုက်ပါတယ်။ လူငယ်ကောင်မလေးတွေနဲ့ဆို အရမ်းလိုက်ပါတယ်။ ဒါကြောင့် ဖိနပ်ကို လိုလိုမယ်မယ်ဝယ်ထားချင်ရင်တော့ Boots အမဲလေးတစ်ရံသာ ဝယ်ထားပါ။


High heels




မိန်းကလေးတစ်ယောက်အတွက် High heels လေးကလည်း လိုပါသေးတယ်။ လူငယ်ကောင်မလေးတွေဆိုရင် ဖက်ရှင်ကို စုံနေအောင်ဝတ်တတ်တာကြောင့် High heels အနက်ရောင် (သို့) nude color လေးတစ်ရံတော့ ဝယ်ထားသင့်ပါတယ်။


Sandals




Sandals လေးတွေကလည်း လူငယ်ကောင်မလေးတွေနဲ့ အရမ်းကိုလိုက်ဖက်ပါတယ်။ ဒေါက်စီးရတာကြိုက်တဲ့သူဆိုရင် Sandals ဒေါက်ဖိနပ်လေးဝယ်ထားပြီး ဒေါက်စီးရတာမကြိုက်တဲ့သူဆိုရင် စီးရတာပေါ့ပါးမှုရှိစေတဲ့ Sandals ဖိနပ်မျိုးကို ရွေးဝယ်လို့ရပါတယ်။




Some text some message..