
လူတစ်ယောက်ရဲ့ဘဝမှာ ကိုယ်ကအရမ်းချစ်ပေးရဲ့သားနဲ့၊ နားလည်ပေးရဲ့သားနဲ့၊ သူ့ဆန္ဒတွေကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးရဲ့သားနဲ့ လမ်းခွဲခံလိုက်ရတဲ့ အခိုက်အတန့်တစ်ခုတော့ရှိမှာပါ။ ကိုယ်ဘက်က ဘာတွေများ မလုံလောက်နေလို့လဲ? ဘာတွေများ လိုအပ်ချက်ရှိနေလို့လဲ? ဆိုတဲ့ အတွေးတွေနဲ့ အဲ့ဒီလူကို မကျေမနပ်ဖြစ်ပြီး ဘဝကြီးကို မကုန်ဆုံးလိုက်ပါနဲ့။ ပြဿနာက မင်းမဟုတ်ပါဘူး။ မင်းတစ်ယောက်ထဲနဲ့ မလုံလောက်နိုင်တဲ့ သူရဲ့ အတ္တကြောင့်ပါ။ အထားခဲ့ခံရလို့ မင်းရဲ့ဘဝကြီး မရပ်တန့်သွားပါဘူး။ ကိုယ့်ကကောင်းပေးနေတာတောင် ကိုယ့်ကိုထားခဲ့ဖို့ ရွေးချယ်ခဲ့တဲ့ ယောက်ျားတစ်ယောက်ကို နောင်တရသွားအောင် ဘယ်လိုလုပ်ရမလဲ? လောကကြီးထဲ ရှင်သန်နေရတဲ့ မင်းရဲ့ဘဝကြီးကို ကာလာစုံလှပသွားအောင် ဆေးချယ်ဖန်တီးပြီး ကိုယ့်ကိုလျစ်လျူရှုလိုက်တဲ့ ယောက်ျားတစ်ယောက်ကို ဝမ်းနည်းစေချင်ရင် ဒီရိုးရှင်းတဲ့ အကြံပြုချက် တွေကို လိုက်နာလိုက်ပါ။

၁။ ကိုယ့်ကိုယ်ကို ယုံကြည်ပါ
အမျိုးသမီးတစ်ယောက်အနေနဲ့ မလုံခြုံမှုတွေကို တိုက်ခိုက်ရတာ မလွယ်ဘူးဆိုတာ သိပါတယ်၊ ဝမ်းနည်းစရာ ကောင်းတာက ယောက်ျားလေးတွေက ကိုယ့်ကိုယ်ကို လေးစားမှုနည်းတဲ့ မိန်းကလေးတွေကို အယုံသွင်းပြီး ကစားရတာကို ပိုကြိုက်ပါတယ်။ ကိုယ်ကတုံးအနေတဲ့ သူတဟုတ်တာတောင် သူကိုချစ်တဲ့စိတ်နဲ့ ကိုယ့်ကိုကိုယ်လေးစားမှုတွေကို မလျော့ချလိုက်ပါနဲ့။ စကားအပြောအဆိုကအစကို ပြောင်းလဲပြီး ကိုယ့်ကိုကိုယ် ဘယ်လောက်လှပြီး ဉာဏ်ကောင်းတယ်ဆိုတာကို သတိရပါ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ အမျိုးသမီးတိုင်းကို ယောက်ျားတွေက မလေးမစားမလုပ်ရဲ ကြတဲ့အတွက် သူ့တို့ရဲ့ နှလုံးသားနဲ့ စိတ်ကို မင်းအနိုင်ယူနိုင်ပါလိမ့်မယ်။

၂။ အရင်ကထက် ပိုဆွဲဆောင်မှုရှိပါစေ
မိန်းကလေးတွေက ကိုယ့်ရဲ့ပါတနာကို အရမ်းယုံကြည်တဲ့အတွက် ကိုယ်ဘယ်လိုနေနေ သူသဘောကျမှာပဲဆိုတဲ့ စိတ်နဲ့မပြင်မဆင်ပဲ နေတတ်ကြတော့ပါတယ်။ ဒါကလုံးဝမှားနေတဲ့ ယုံကြည်ချက်ပါ။ မိန်းကလေးတစ်ယောက်ရဲ့ အလှအပဆိုတာ ကိုယ့်အတွက်ပဲ ပြင်ဆင်ချယ်သရတာမျိုးပါ။ ယောက်ျားတစ်ယောက်ကကိုယ့်ကို ထားခဲ့ပြီဆိုရင် အရင်ကထပ်ပြီးပြီး ပြင်ပြင်ဆင်ဆင်နဲ့နေပြလိုက်ပါ။ မိတ်ကပ်လိမ်းပါ၊ ၀တ်ဆင်ပါ၊ ဆွဲဆောင်မှုရှိတဲ့ မိန်းမတစ်ယောက်ရဲ့ အားသာချက်ကို ထုတ်ပြလိုက်ပါ။ သင့်ကိုဆုံးရှုံးလိုက်ရတဲ့ ခံစားချက်ကို ပြင်းပြင်းထန်ထန် ခံရနိုင်တဲ့ လုပ်ဆောင်ချက်တစ်ခုပါ။
၃။ သူ့ကို ဆိုရှယ်မီဒီယာမှ ဖယ်ရှားပါ
ကိုယ်စိတ်ချမ်းသာဖို့ လုပ်နေတဲ့ လုပ်ရပ်တွေက သင့်ကိုရင့်ကျက်နေစေမှာ မဟုတ်ပါဘူး။ ကိုယ့်ကို နာကျင်အောင် လုပ်နေတဲ့သူကို ဘာလို့ ဆိုရှယ်မီဒီယာမှာ ထားတာပြီး ကိုယ်ဘယ်လောက်ပြိုလဲဆိုတာကို ဘာလို့ အသိပေးရမှာလည်း? သူမရှိလည်းနေနိုင်နေတဲ့ အကြောင်းပြချက်တွေဆိုရင်တောင် သူလက်လှမ်းမီဖို့ မဖြစ်နိုင်တော့တဲ့ အကြောင်းတွေကို သူသိမှ သူ့လုပ်ရပ်တွေက ဘယ်လောက်ဆိုးတယ်ဆိုတာ သူနားလည်မှာပါ။ သူပြန်လာချင်ရင်တောင် လက်မခံတော့တဲ့ အကြောင်းပြချက်ကို အလိုလိုသိလာအောင် သူနဲ့အဆက်အသွယ်ရနိုင်တဲ့ နေရာမှန်သမျှကနေ Blacklist လုပ်လိုက်ပါ။

၄။ . စိတျပကြျအားငယျမနပေါနဲ့
စွဲလန်းမှုဆိုတာ အမျိုးသားတွေအတွက် အမြဲတမ်း အပေးအယူ ဖောက်ဖျက်တဲ့ အရာပါ။ ကြိုးစားအားထုတ်ဖို့ အဆင်မပြေပေမယ့် သင်ကြိုးစားနေတာကို သူမြင်လာတဲ့အခါ ကိုယ့်အတွက်ပဲ စဉ်းစားပြီး သူ့ကိုလျစ်လျူရှုထားလိုက်ပါ။ သူကသင့်ကို သူနှစ်သက်တဲ့ အချိန်တိုင်းတွင် အသုံးပြုနိုင်တဲ့ ပိုင်ဆိုင်ခွင့်တစ်ခု အဖြစ်ပေးမမြင်ပါနဲ့။ ငရဲလိုနာကျင်နေရင်တောင် သူ စာမပြန်တဲ့အခါ သင်ဘယ်လောက် ဂရုစိုက်လဲဆိုတာ သူ့ကို ဘယ်တော့မှ မမြင်ပါစေနဲ့။ သူနေနိုင်သလို နေနိုင်အောင်ကြိုးစားပါ။ မင်းရဲ့အချစ်ကို ဖုံးကွယ်ထားပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့ လေ့ကျင့်တာက သင့်ကို ချစ်မိစေရုံသာမက သင့်ရဲ့ စိတ်ပျက်အားငယ်နေတဲ့ စိတ်ကိုတောင် အနိုင်ယူနိုင်ပါတယ်။

၅။ အကောင်းဆုံးဘဝကို ဖြတ်သန်းပါ
လူတစ်ယောက်က သူထားခဲ့တဲ့ လူတစ်ယောက်ကို မမြင်ရရင်တောင် မသိမသာလိုက်ရှာနေတတ်ပါတယ်။ ဒါကြောင့် သင့်ကိုသင်ပျော်ရွှင်စေနိုင်မယ့် အရာတွေကို အတိုးချပြီး လုပ်ဆောင်ပါ။ သူမရှိပဲ သင်ဘယ်လောက်ပျော်နေလဲဆိုတာ သူမြင်ရတဲ့အခါ သင့်ပျော်ရွှင်မှုရဲ့ အစိတ်အပိုင်းတစ်ခုကို သူသတိမထားမိခဲ့တဲ့အတွက် ယူကြုံးမရဖြစ်နေပါလိမ့်မယ်။ ယောက်ျားလေးတွေက မင်းရဲ့ စိတ်ပျက်အားငယ်မှုမှာ ရှင်သန်နေတာကြောင့် ကိုယ့်ဘဝကို အကောင်းဆုံးဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေနဲ့ တတ်တတ်ကြွကြ္ ရှင်သန်တာက သင့်ဘဝရှေ့ရေးအတွဥ်လည်း အကောင်းဆုံးဖြစ်မှာပါ။

၆။ ကိုယ့်ကိုကိုယ် ချစ်တတ်အောင်သင်ယူပါ
လူတွေက ကိုယ့်ကို မချစ်ရင်တောင်မှ ကိုယ့်ကိုကိုယ် ချစ်နိုင်ဖို့ သင်ယူရပါမယ်။ တစ်ချို့လူတွေက ကိုယ့်ကိုကိုယ်ချစ်တဲ့စိတ်မရှိတာကြောင့် သူများကပါ ကိုယ့်ကိုတန်ဖိုးမထားချင်တော့ပါဘူး။ ကိုယ့်ရဲ့တန်ဖိုးဖြစ်တည်မှုက ကိုယ့်ကိုကိုယ်ဘယ်လောက် ချစ်လဲဆိုတဲ့အပေါ် မူတည်ပါတယ်။ အထူးသဖြင့် ကိုယ့်ဘဝရပ်တည်ဖို့ သူကိုမလိုအပ်ဘူးဆိုတာကို သိနိုင်ရပါတယ်။ ကိုယ့်ကိုကိုယ်သန်မာလာအောင် မှန်ကန်တဲ့ အကြောင်းပြချက်တွေနဲ့ ကိုယ့်ဘဝကို တည်ဆောက်ပါ။ဟုတ်တယ်၊ ဒေါသနဲ့ ကလဲ့စားချေမှုတွေကြောင့် မင်းကို ပိုလို့တောင် ကြေကွဲစေလိမ့်မယ်။

၇။ သူ့ကိုလုံးဝမေ့လိုက်ပါ
ကိုယ့်ကိုမလိုချင်လို့ ထားခဲ့တဲ့လူတစ်ယောက်ကို လက်လွှတ်လိုက်တာဟာ ကမ္ဘာကြီးရဲ့ အဆုံးသတ်မဟုတ်ပါဘူး ဒါဟာ အစပဲရှိပါသေးတယ်။ မင်းအလိုရှိတဲ့အတိုင်း မင်းကို ဘယ်တော့မှ ချစ်မှာမဟုတ်တဲ့အတွက် မေ့ပြစ်ဖို့ ထိုက်တန်တဲ့ လူတစ်ယောက်ကို မေ့ပြစ်လိုက်တာ အကောင်းဆုံးပါ။ သင့်ကိုလျစ်လျူရှူ့လိုက်တာတောင်မှ ကိုယ်တိုင်က မဆက်သွယ်ပဲ မနေနိုင်လောက်အောင် နာကျင်နေတယ်ဆိုရင် သင့်ဦးစားပေးတွေကို ပြန်သုံးသပ်ဖို့ လိုနေပါပြီ။
Nadi
Lifestyle_Maynmar
ref-herway