
နို့ Allergy ဟာ လမ်းလျှောက်တတ်ခါစ ကလေးငယ် ၂.၅ ရာခိုင်နှုန်းရဲ့ အသက် (၂) နှစ်အရွယ်အထိ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဓာတ်မတည့်မှုတစ်ခုဖြစ်ပါတယ်။ ကလေးအချို့မှာ အသက်ကြီးလာတာနဲ့အမျှ ဒီဓာတ်မတည့်မှု ပျောက်သွားပေမယ့်လည်း တချို့ကျတော့လည်း အသက်ကြီးတဲ့အထိကို ခံစားနေရတုန်းပါပဲ။
ကံကောင်းစွာနဲ့ပဲ ဒီ နို့ Allergy ကို ကုသပေးနိုင်တဲ့ အိမ်တွင်းနည်းလမ်းလေးတွေ ရှိနေတာမို့ နို့ Allergy ဘာကြောင့်ဖြစ်ရသလဲ၊ သူ့ရဲ့လက္ခဏာတွေနဲ့ ဘယ်လိုအစားအစာတွေကို အထူးရှောင်ကြဥ်ရမလဲ စတဲ့ အသေးစိတ်ကို ဒီဆောင်းပါးလေး အဆုံးထိဖတ်ကြည့်ရင်း မှတ်သားထားနိုင်ပါတယ်။

နို့ Allergy ဆိုတာ ဘာလဲ
နွားနို့ထဲမှာပါဝင်နေတဲ့ တချို့သောပရိုတင်းဓာတ်တွေအပေါ် ခန္ဓာကိုယ်ရဲ့ ဓာတ်မတည့်တဲ့ တုံ့ပြန်မှုဖြစ်လာတာကို နွားနို့ Allergy လို့ ခေါ်တာဖြစ်ပါတယ်။ နို့ Allergy ရှိသူတွေဟာ နွားနို့ရယ် နို့ပါဝင်တဲ့အစားအသောက်တွေနဲ့ မကြာခဏဆိုသလို ဓာတ်မတည့်တာတွေဖြစ်တတ်ကြပါတယ်။
နို့ Allergy ကို အဓိကဖြစ်စေတာက နွားနို့ဆိုပေမယ့်လည်း ကျွဲ၊ ဆိတ်၊ သိုးနဲ့ အခြားနို့တိုက်သတ္တဝါတွေရဲ့ နို့တွေကြောင့်လည်း ဓာတ်မတည့်တာဖြစ်နိုင်ပါတယ်။ နွားနို့မှာပါဝင်နေတဲ့ alpha S1-casein ပရိုတင်းက နို့ Allergy ဖြစ်ရတဲ့ အကြောင်းအရင်းပါ။
နို့ Allergy ရဲ့ လက္ခဏာများ
တုံ့ပြန်မှုနှေးတဲ့ လက္ခဏာတွေကတော့ ဗိုက်အောင့်ခြင်း၊ အရေပြားမှာ အနီစက်တွေထွက်လာခြင်း၊ ဝမ်းသွားခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ မျက်ရည်ဝဲခြင်း တို့ဖြစ်ပြီး စက္ကန့်အနည်းငယ်မှ နာရီပိုင်းအတွင်း ပြတတ်တဲ့ လက္ခဏာတွေကတော့ အော့အန်ခြင်း၊ မူးဝေခြင်း၊ သလိပ်သံနှင့် ခက်ခက်ခဲခဲအသက်ရှူရခြင်း၊ နှုတ်ခမ်းတစ်ဝိုက် ယားယံခြင်း၊ နှုတ်ခမ်း၊ လည်ပင်း (သို့) လျှာ ဖူးရောင်ခြင်း တို့ဖြစ်ပါတယ်။

ဒါဆို နို့ Allergy မဖြစ်အောင် ဘယ်လိုနေမလဲ
နို့ Allergy ကို ကုသနိုင်တဲ့နည်းတွေထဲက တစ်ခုကတော့ နို့လုံးဝမသောက်တာ (သို့) နို့ပါတဲ့ စားသောက်ကုန်ပစ္စည်းမှန်သမျှကို အရှင်း ရှောင်ရှားတာပါပဲ။ နေ့တဓူဝ အစားအစာအများကြီးထဲမှာ နို့က ပုံမှန်ထည့်သွင်းနေကျ ပါဝင်ပစ္စည်းတစ်ခုဖြစ်တာမို့ တကယ်တမ်း ရှောင်ဖို့ဆိုတာ လက်တွေ့မှာ ပြောသလောက်မလွယ်ပါဘူး။
နို့ထွက်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ဘူးဆိုရင် ရှောင်ရှားရမယ့် အစားအစာများ
မလိုင်ထုတ်ထားတဲ့နွားနို့၊ မလိုင်အပြည့်ပါတဲ့နို့ နဲ့ အဆီထုတ်နွားနို့
ထောပတ်ထုတ်ယူထားတဲ့ နို့ရည်
ဒိန်ချဥ်
ထောပတ်
Gelato နဲ့ ရေခဲမုန့်
ချိစ်
(မလိုင်ထုတ်ပြီး) ဒိန်ခဲပျော့

နို့ပါဝင်နေတဲ့ အခြားစားသောက်ကုန်များ
Whey
ချောကလက်
သကြား၊ ပျားရည်၊ ကြက်ဥအကာ စသည်တို့ဖြင့် ပြုလုပ်ထားသော မုန့်ချိုခဲ
Caramel သကွားလုံး
Casein
ချိစ်နဲ့ ထောပတ်အရသာပါဝင်တဲ့ အစားအစာများ
ပရိုတင်းအမှုန့် တို့ဖြစ်ပါတယ်။
Lifestyle_Myanmar
Ref-stylecraze