
တစ်ယောက်နဲ့တစ်ယောက်ချစ်လို့တွဲခဲ့ကြပေမဲ့ လူနှစ်ယောက်ကမွေးဖွားလာတဲ့ လူနှစ်ယောက်ဟာအမြဲအဆင်ပြေနေမယ်ဆိုတာမျိုးကြီးတော့မဖြစ်နိုင်ပါဘူး။ဆိုတော့ စိတ်ချမ်းသာစရာကောင်းတဲ့ RS တစ်ခုဖြစ်စေဖို့နီးစပ်တဲ့အချက်အနည်းငယ်ကိုဖော်ပြပေးလိုက်ပါတယ်…
1. မျှော်လင့်ချက်အကြီးကြီးတွေမထားပါနဲ့

တစ်ယောက်နဲ့တစ်ယောက်တွဲနေတဲ့အချိန်မှာ တစ်ယောက်ကို တစ်ယောက်ချစ်တဲ့စိတ် မြတ်နိုးတဲ့စိတ်ကလွဲပြီး တစ်ခြားမျှော်လင့်ချက်ကြီးကြီးမားမားတွေမထားမိပါစေနဲ့။ ကိုယ့်အတွက်ပဲထားတာဖြစ်ဖြစ် သူ့အတွက်ပဲထားတာဖြစ်ဖြစ် မျှော်လင့်ချက်တွေအကြီးကြီးထားတဲ့အခါအထားခံရတဲ့သူမှာလည်း ဝန်ပိသလို၊ မျှော်လင့်တဲ့သူဟာလည်း ဖြစ်လာရင်ကောင်းပင်မဲ့အဖြစ်လာရင် မျှော်လင့်ချက်ကြီးသလောက်နာကျင်ရပါတယ်။ တစ်ယောက်ပေါ်တစ်ယောက်အေးချမ်းတဲ့မေတ္တာနဲ့ပဲ ပေါ့ပေါ့ပါးပါး နဲ့ချစ်တတ်ဖို့လိုပါတယ်။
2. ကန့်သတ်ချက်ထားပါ

ချစ်တာချစ်ပါအချစ်မလွန်ပါစေနဲ့။ တစ်ယောက်အပေါ်တစ်ယောက်ချစ်တဲ့စိတ်များလာတဲ့အခါ စိုးရိမ်ပူပန်းမှုတွေအားမလိုအားမရမှုတွေများလာပြီး ကိုယ့်အတွက်ကိုယ်တောင်မေ့ကာသူ့အတွက်ဆိုတာမျိုနဲ့တစ်ချိန်လုံးတွေးပူနေတက်ကြတာမျိုးရှိတက်ကြပါတယ်။ ဒါ့အပြင် တစ်ယောက်နဲ့တစ်ယောက်အချစ်နယ်ကျွံပြီး တစ်ယောက်မရှိရင် ဘဝကအဓိပ္ပါယ်မရှိတော့တာမျိုး ဒီတစ်ယောက်ကိုမှ မပိုင်ဆိုင်ရရင် ကိုယ့်ဘ၀ စုတ်ပြတ်သတ်သွားမဲ့အကွက်မျိုးတွေလုံးဝမလုပ်ပါနဲ့။ ဒါဟာ တစ်ယောက်နဲ့တစ်ယောက်ပိုမချစ်ပဲ တစ်ယောက်အတွက် တစ်ယောက်ကအေးချမ်းမှုမရှိပူလောင်တာမျိုးခံစားရလာနိုင်ပါတယ်။
3. ကိုယ့်လမ်းကြောင်းကို ကိုယ်သွားပါ

ချစ်သူရည်းစားရဲ့အလို ဆန္ဒကြောင့်ရယ် ဘာကြောင့်ရယ် မဟုတ်ပဲ ကိုယ့်ဘဝမှာ ဘယ်သူရှိရှိ မရှိရှိ ကိုယ်လျှောက်ရမဲ့လမ်းကိုယ့်ယုံကြည်ရာလမ်းကို လျှောက်လှမ်းကို မတုံ့ဆိုင်းပါနဲ့။တစ်ယောက်နဲ့တစ်ယောက် ရေရှည်ချစ်လာဖို့ဆိုတာအချစ်လည်းလိုသလို ယုံကြည်မှုလေးစားမှုလည်းလိုပါတယ်။ ကိုယ်ကအရမ်းမအောင်မြင်ရင်တောင်ကိုယ့်ယုံကြည်မှုနဲ့ကိုယ် ကိုယ့်လမ်းကြောင်းနဲ့ကိုယ် သွားနေတဲ့သူပုံစံမျိုးပဲ ကိုယ့်ချစ်သူမြင်ပါစေ။ ဒါမှလည်းတစ်ယောက်ပေါ်တစ်ယောက် ပိုလေးစားတန်ဖိုးထားတက်လာပြီး စိတ်ချမ်းသာပျေ်ာရွှင်ရမှာပါ။
4. ကြည်နူးမှုသာပေးပါ

နှစ်ဦးသာတွေ့ဆုံချိန်မှာသူဟာ ကိုယ့်အတွက် တန်ဖိုးရှိကြောင်း သူသိအောင်နေပါ။ ပွင့်ပွင့်လင်းလင်းတိုင်တိုင်ပင်ပင်နဲ့စိတ်မကောင်းစရာကိစ္စတွေကိုတောင်အေးချမ်းတဲ့ပျော်စရာအခြေနေဖြစ်အောင်ပြောဆိုပါ။ လူဆိုတာ မမြဲရန်ဖြစ်ပြီး ပူလောင်နေတဲ့နေရာထက် ကိုယ့်အတွက်အေးချမ်းပြီးစိတ်ချမ်းသာရတဲ့နေရာကိုခုံမင်တက်ကြတာသဘာဝပါပဲ။ဒါကြောင့်စိတ်ချမ်းသာစရာကောင်းတဲ့ RS တစ်ခုဖြစ်ဖို့အတွက် တွေ့ဆုံချိန်းတိုင်းကိုအေးချမ်းကြည်နူးရတဲ့ ကိစ္စမျိုးတွေသာဖန်တီးကြပါ။
5. တန်ဖိုးထားဆက်ဆံပါ

RS တစ်ခုမှာ တစ်ယောက်ပေါ်တစ်ယောက်ချစ်ဖို့လိုသလို တန်ဖိုးထားတက်ဖို့ကလည်းဆတူလိုအပ်ပါတယ်။ တစ်ယောက်မှာအားနည်းချက် တွေအမှားလေးတွေရှိခဲ့ရင် ကဲ့ရဲ့တာမျိုး စိတ်ပျက်တာမျိုးမလုပ်ပဲ တစ်ယောက်တန်ဖိုးကို တစ်ယောက်နားလည်ပြီး ယုံကြည်တဲ့စိတ်လေးနဲ့ ချစ်ပေးရင် သိပ်စိတ်ချမ်းသာစရာကောင်းတဲ့RS တစ်ခုဖြစ်လာနိုင်ပါတယ်။
လူတိုင်းကတော့အဆင်ပြေတဲ့ RSကို ပိုင်ဆိုင်ချင်ကြပေမဲ့ တကယ်တမ်းကိုယ့်ရဲ့အတ္တတွေ မာနတွေ ဒေါသတွေ လိုချင်တပ်မက်မှုတွေကိုထိန်းချုပ်လို့မရတာကြောင့် RS တွေဟာ ပျော်စရာကနေ ပြတ်စရာဖြစ်သွားခဲ့ပါတယ်။ဆိုတော့လူတိုင်း စိတ်အေးချမ်းသာပြီးပူလောင်မှုနည်းပါးတဲ့ RSဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းရင်း…