တစ်နှစ် တစ်ခါလောက်တော့ ခရီးသွားကိုသွားသင့်တဲ့ အကြောင်းအရင်းများ
mystylemyanmar.com
|
2024-04-24

လူအများစုဟာ ခရီးထွက်မယ်လို့ Plans တွေလုပ်ထားပေမယ့် အခြေအနေအကြောင်း အမျိုးမျိုးကြောင့် ခဏခဏရွှေ့ဆိုင်းမိကြပါတယ်။ ဒီလို တုန့်ဆိုင်းမနေရအောင် တစ်နှစ်မှာ အနည်းဆုံး တစ်ခါတော့ ခရီးသွားသင့်တဲ့ အကြောင်းအရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ခရီးသွားခြင်းက လိုအပ်သော အနားယူချိန်ဖြစ်ပါတယ်


နေ့စဉ် လုပ်ငန်းခွင်မှာ ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကြောင့် ငြီးငွေ့နေပြီလား။ ဒါဆိုရင် ဒီလိုအခြေအနေတည်းက ခဏရုန်းထွက်ပြီး အနည်းဆုံး တစ်နှစ်မှာ တစ်ခါတော့ ခရီးသွားခြင်းဖြင့် စိတ်လှုပ်ရှားဖွယ် မိုးကုတ်စက်ဝိုင်း အသစ်တွေကို နှုတ်ဆက်လိုက်ပါ။

(၂) တန်ဖိုးရှိပြီး ကောင်းမွန်တဲ့အချိန်တွေကို ရရှိစေပါတယ်


အချိန်ပေးပြီး ခရီးထွက်တာက ချစ်ရသူတွေအတွက်သာမက ကိုယ်တိုင်အတွက်ပါ အကျိုးရှိစေပါတယ်။ ခရီးသွားခြင်း လုပ်ရိုးလုပ်စဉ် နေ့စဉ်ဘဝထဲက ခွဲထွက်ပြီး ပိုမိုပျော်ရွှင်စေပါလိမ့်မယ်။ ဒါကြောင့် တန်ဖိုးထားချစ်ရသူတွေအတွက်ရော ကိုယ်တိုင်အတွက်ပါ တစ်နှစ်မှာ အနည်းဆုံး တစ်ခါတော့ ခရီးထွက်သင့်ပါတယ်။

(၃) ခရီးသွားခြင်းက ယဉ်ကျေးမှု အသစ်တွေကို ဖော်ထုတ်ပေးတယ်


နေရာဒေသ ပေါင်းစုံက သူတိုရဲ့အစားအစာတွေ၊ အနုပညာတွေ၊ ဗိသုကာပညာတွေ၊ နေ့စဉ်ဘဝတွေ အကြောင်းစွဲလန်း နှစ်မြှပ်စေဖို့ ခရီးသွားခြင်းက ပေးစွမ်းနိုင်ပါလိမ့်မယ်။ ခရီးသွားခြင်းကြောင့် ရှာဖွေတွေ့ရှိနိုင်တဲ့ မတူညီ ကွဲပြားတဲ့ ယဉ်ကျေးမှုတွေက တကယ်ကို စိတ်ကျေနပ်စရာ ကောင်းလောက်အောင် အံအားသင့်စေပါလိမ့်မယ်။

(၄) သူငယ်ချင်း မိတ်ဆွေအသစ်များရ


ခရီးသွားခြင်းကနေ ရရှိလာတဲ့ မိတ်ဆွေတွေဟာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဇာတ်ကောင်တချို့ ဝင်လာသကဲ့သို့ သူတို့ကို သိခွင့်ရတဲ့ အတွေ့အကြုံအသစ် လည်းရရှိမှာဖြစ်ပါတယ်။ အနည်းဆုံး တစ်နှစ်မှာ တစ်ခါတော့ ခရီးသွားခြင်းဖြင့် ဆက်ဆံရေး အသစ်တွေတည်ဆောက်ပြီး လူအမျိုးမျိုးထံမှ အကြာင်းအရာတချို့ကို သင်ယူပြီး တကယ်ကိုကောင်းမွန်တဲ့ ဘဝအတွေ့အကြုံတစ်ခု ဖြစ်စေပါတယ်။

(၅) ကိုယ့်ကိုယ်ကို ပိုသိလာစေပါတယ်


ခရီးသွားခြင်းက ကိုယ့်ကိုယ်မလုပ်နိုင်ဘူးလို့ ထင်နေတဲ့အရာတွေ၊ ကန့်သတ်ချက်တွေကို တွန်းလှန်နိုင်ပြီး စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ ဖြေရှင်းနိုင်စွမ်းရှိကြောင်း သိရှိလာပါလိမ့်မယ်။ အမြင်သစ်တွေ အတွေ့အကြုံသစ်တွေလည်း ရရှိလာပါလိမ့်မယ်။ ကိုယ့်ကိုယ်နဲ့ပတ်သတ်ပြီး ပိုမိုသိရှိလာပါလိမ့်မယ်။ အရင်က လုံးဝမကြိုက်ဘူးလို့ ထင်တဲ့အရာတွေကလည်း သဘောကျတဲ့ အရာတွေဖြစ်လာတာ တွေ့ရှိနိုင်ပါလိမ့်မယ်။




Some text some message..