သွေးကျိန်စာ အပိုင်း ( ၁ )
lotaya.mpt.com.mm
|
2021-11-26

"" သွေးကျိန်စာ "" အပိုင်း ( ၁ )

" မောင်ဇော်နိုင်ရေ ... မောင်ဇော်နိုင် "

" လာပြီဗျို့ ... လာပြီ "

အိမ်တံခါးကိုဖွင့်လိုက်သည်နှင့် အရပ်ထဲမှ ကြုံရာကျ

ဘမ်း အလုပ်လုပ်လေ့ရှိသော ဒေါ်ရွှေဝင်း အား နီတာရဲ

ကလေးတစ်ယောက်ပွေ့လျက် ရပ်နေသည်ကို တွေ့မြင်

လိုက်ရသည်။

" ဒေါ်ကြီး ... ဘာကိစ္စတုန်းဗျ "

ဒေါ်ရွှေဝင်းမှာ စိုးထိတ်မှုများပြည့်နေသည့်မျက်နှာဖြင့်

အနှီးထုပ်ထဲမှကလေးငယ်ကို မေးငေါ့ပြလာသည်။

" ငါဟိုဖက်တလမ်းကျော်က မခင်ကြီးအိမ်သွားရင်း.. က

လေးငိုသံကြားလို့ကြည့်လိုက်တာ ...ဒီကလေးကို မင့် အိမ်ရှေ့မှာ တွေ့တာပဲ ... ဘယ်က ကလေးလည်းမသိ...ဘယ်သူ့မှလည်းမတွေ့တာနဲ့ လှမ်းခေါ်လိုက်တာဟေ "

" သူ့မိဘတွေရှိမှာပါဗျာ ... နေဦး ကျွန်တော်ရှာကြည့်ဦး

မယ် "

ဇော်နိုင်လည်း အိမ်အနီးအနားသို့လိုက်လံရှာဖွေကြည့်

လိုက်၏။ သို့သော်လူအရိပ်အယောင်မျှ မတွေ့ခဲ့ပေ။ 

သူ၏အိမ်ပတ်ဝန်းကျင်တွင် လူနေအိမ်ခြေကျဲပါးလှပြီး 

ခြုံတောထနေသော ခြံခတ်ထားသည့် မြေကွက်များက

နေရာယူထားသည်။

ဇော်နိုင်အိမ်မှရေတွက်လျှင် မြေကွက်လွတ် လေး ငါး 

ကွက်ကျော်၌ ဂေါ်ရခါးအိမ်တစ်အိမ်ရှိသည်။ ထိုအိမ်မှာ

အိမ်ရှေ့တွင် အိမ်ဆိုင်လေးဖွင့်ထား၏။ စုံစုံလင်လင်တော့

မဟုတ်ပေ။ မြေနီလမ်းလေးပေါ်မှ ဖုန်မှုန့်များပင် မုန့်ထုပ်

များပေါ် ဖုံးအုပ်နေသည်။

ထိုအိမ်ဆိုင်နားထိ ကိုဇော်နိုင်လျှောက်သွားလိုက်သည်။

ဆိုင်ထဲဝေ့ကြည့်သည့်အခါ လူတစ်ယောက်မျှမရှိနေပေ။

ထို့ကြောင့် အော်ခေါ်လိုက်ရသည်။

" မစီစီဦး ...မစီစီဦး ...

 ကိုရာကွတ် "

အတော်ကြာကြာအော်ခေါ်ပြီးမှ မစီစီဦးက ပြန်ထူးသံနှင့်

ဆိုင်နားလျှောက်လာလေသည်။

" ‌အော် ... ဇော်နိုင် ... ဘာလိုလို့လဲ ... "

" ဈေးဝယ်ဖို့မဟုတ်ပါဘူးဗျာ ... ကျွန်တော့်အိမ်ရှေ့ နား

မှာ ကလေးတစ်ယောက်တွေ့လို့ သူ့မိဘတွေကို ဒီနားမှာ

တွေ့မိသေးလား လာမေးကြည့်တာ "

" ဘယ်သူ့ကလေးတုန်း "

" မသိဘူးလေအစ်မရ ... မသိလို့လာမေးတာပေါ့ ... 

လူစိမ်းတွေလာတာတွေ့မိသေးလား "

မစီစီဦးက နားမလည်စွာပြန်ကြည့်နေသည်။

" တမနက်လုံး ဘယ်သူ့မှလာတာတော့မတွေ့မိဘူး ...

ကလေးကဘယ်မှာလဲ "

" ကျွန်တော့် အိမ်ရှေ့မှာ "

ဇော်နိုင်က သူ၏အိမ်ဘက် လက်ညိုးညွှန်ပြနေတုန်း

အနှီးထုပ်လေးပိုက်လျက် ဒေါ်ရွှေဝင်းလျှောက်လာသည်

ကို မြင်လိုက်ရတော့သည်။

" အဲ့မှာဗျာ ... ဒေါ်ကြီးလက်ထဲက ကလေးပဲ "

‌မစီစီဦးက လမ်းပေါ်ထိထွက်ကြည့်လိုက်သည်။

" ဟယ် ... ခုမှမွေးကင်းစလေးမလား ... မမွေးနိုင်လို့လာ

ပစ်သွားတာလားဟယ် "

" မပြောတတ်ပါဘူးအစ်မရာ ... ကလေးမိဘတွေ မေ့

ကျန်နေလားမသိဘဲနဲ့ "

" ကလေးတစ်ယောက်လုံး ဘယ်သူကမေ့ကျန်မှာလဲ "

" ပြောမရဘူးလေ ... မေ့ကျန်နေတာလည်းဖြစ်နိုင်

တာပဲ "

ဒေါ်ရွှေဝင်းက ၎င်းတို့အနီးနားသို့ရောက်လာလေသည်။

" ရှာမတွေ့ရင် ဘယ့်နှယ့်လုပ်ကြမလဲ "

" မသိတော့ပါဘူးဗျာ ... ရပ်ကွက်ရုံးပဲ ပို့လိုက်ရမလား "

" နေဦး ... ကလေးကအနှီးတွေစိုနေပြီ ... မစီဦးရေ...

အနှီးထုပ်လဲပေးဖို့ ပုဆိုးလေးရှိရင်ပေးပါလား "

အနှီကလေးငယ်မှာ အနှီးလဲလှယ်ပေးဖို့ပင် မပါလာပေ။

" ဘယ်လိုမိဘတွေပါလိမ့်နော် ... လုပ်ရက်လိုက်ကြတာ"

မစီစီဦးက ပျစ်တောက်ပျစ်တောက်‌ပြောရင်း ကိုရာကွတ်၏ပုဆိုးတစ်ထည်ကိုထုတ်ယူပေးလာသည်။ 

ဒေါ်ရွှေဝင်းလည်း အနှီးထုပ်ကိုဖြည်လိုက်သောအခါ ကလေး၏ရင်ဘတ်ဆီမှ စာတစ်စောင်ထွက်ကျလာတော့သည်။

" ဟဲ့ ... ဒီမှာစာတစ်စောင် "

သုံးယောက်သားခေါင်းချင်းပူးကာဖတ်ကြည့်လိုက်လေ

သည်။ စာ‌ပေါ်တွင် သွေးစက်များလည်း ပေကျံနေသေး

၏။

" ကိုဇော်နိုင်

ခင်ဗျားသားကို ခင်ဗျားဆီပြန်ပို့ပေးလိုက်တယ်။ ဒီ

အတောအတွင်း ခင်ဗျားသားမျက်နှာအဝကြည့်ထား

ပေတော့။ ကျုပ်ခင်ဗျားနဲ့စာရင်းရှင်းဖို့ပြန်လာဦးမှာ။

အသက်ဝဝရှူထားပေါ့ဗျာ။ "

ထိုစာကိုဖတ်ပြီး ဒေါ်ရွှေဝင်းနှင့် မစီစီဦးတို့မှာ ဇော်နိုင်

အား တအံ့တဩကြည့်လိုက်ကြသည်။ ဇော်နိုင်မှာတော့ 

မယုံနိုင်ခြင်းများဖြင့် တုန်လှုပ်နေလေသည်။ 

" ကျွန်တော်ဘာမှမသိဘူးနော်... ဒါကျွန်တော့်သားလည်း

မဟုတ်ဘူး... ဘယ်သူချောက်ချလိုက်တာလဲဗျာ "

သူပြောသည်ကဟုတ်သည်။ ဇော်နိုင်က တစ်ခုလပ်၊

လွန်ခဲ့သော တစ်နှစ်ကျော်ခန့်ကပင် အိမ်ထောင်ကွဲခဲ့ပြီး

ပိုင်ဆိုင်သမျှခွဲခြမ်းကာ ယခုနေရာလေး၌ ခြံလေးဝယ်၊

အိမ်လေးဆောက်ပြီး တကိုယ်တည်းနေထိုင်နေသူဖြစ်

သည်။ 

အလုပ်မတည်တကျမရှိသေးသော်လည်း ဆိုင်ကယ်ပွဲ

စား၊ ကားပွဲစားအလုပ်ကိုလုပ်ကိုင်ရင်း တစ်ကိုယ်တည်း

ရပ်တည်နေသူ၊ အရင်းအနှီးလေးရလာလျှင် အိမ်ရှေ့၌

အိမ်ဆောက်ပစ္စည်းဆိုင်လေးဖွင့်ဖို့အားခဲထားလေသည်။ 

အိမ်ထောင်ကျစဉ်ကာလမှာ ၂နှစ်ခန့်ကြာခဲ့ကာ သား

သမီးမရရှိခဲ့ချေ။ ဇော်နိုင်၏အကြောင်းကိုတော့ သူ

ပြောပြသမျှ ရပ်ကွက်ထဲကလူတော်တော်များများသိ

ထားကြပြီးဖြစ်သော်လည်း တိတိကျကျတော့မဟုတ်

ပေ။

ဤရပ်ကွက်သို့မပြောင်းရွေ့လာခင် မည်သည့်အကြောင်း

တရားများရှိသနည်းဟုမည်သူမျှမသိရှိကြ။ ထို့ကြောင့်

ယခုစာနှင့်အတူ အနှီးထုပ်လေးမှကလေးသည် ဇော်နိုင် 

ကလေးသာဖြစ်ပေမည်ဟု မှတ်ယူလိုက်ကြသည်။

" ဟဲ့ ... နင့်အိမ်အထိလာပို့တာလေ... ပြီးရင် စာထဲပါ

တဲ့အတိုင်းဆို နင့်ကလေးပဲပေါ့... ရော့ ... ရော့ ... ဒီကိစ္စ

နင်ပဲအသိဆုံးနေမှာ "

" ဟာ ... မဟုတ်ပါဘူးဆိုဗျာ ... ဒေါ်ကြီးကလဲ ... ကျွန်

တော်ဘာမှ မသိဘူးဗျ "

ဇော်နိုင်ဘယ်လိုငြင်းငြင်း ဒေါ်ရွှေဝင်းနှင့် မစီစီဦးတို့

က မယုံကြည်ပေ။ ကလေးကိုလက်ထဲအတင်းထိုးထည့်

ပေး‌လေတော့သည်။ 

" ကိုယ့်ကလေးကိုယ်တော့ တာဝန်ယူမှပေါ့ ဇော်နိုင်ရဲ့ ...

ဖခင်တာဝန်ကယူကိုယူရမှာ ... ဒီလိုရှောင်လွဲလို့ကောင်း

တာမဟုတ်ဘူး "

" တကယ်ပြောတာပါဗျာ ... ကျွန်တော့်မှာဘာကလေး

မှမရှိဘူး ... မိန်းမနဲ့ကွဲနေတာလည်း ၁နှစ်ကျော်လို့ ၂နှစ်

လောက်ရှိတော့မယ် ... ဘယ်လိုလုပ်ကျွန်တော့်ကလေး

ဖြစ်နိုင်မလဲဗျာ ..  ဒီမှာနေတာလည်း ၁နှစ်ကျော်နေပြီ

မဟုတ်လား ... အိမ်ကိုဘယ်မိန်းမဝင်ထွက်နေတာတွေ့

ဖူးလို့လဲ "

" စာထဲမှာနင့်နာမည်ကြီးတပ်ထားတယ်လေ ... ငါတို့က

ဘယ်လိုသိနိုင်မှာလဲ "

" ကျွန်တော့်ကိုအထင်အမြင်လွဲနေမှာစိုးလို့ရှင်းပြတာ

ပါ ... ကျွန်တော့်နာမည်တပ်ထားတော့ ကျွန်တော့်တာဝန်

ပဲပေါ့ ..  ဒီကလေးကကျွန်တော်နဲ့မပတ်သက်ဘူးဆိုတာ

ကျိန်ပြောရဲပါတယ်ဗျာ... အဲ့ဒါလေးသိထားရင် တော်ပါ

ပြီ "

ဇော်နိုင်မှာ ကလေးအနှီးလဲပေးလိုက်ပြီး သူ၏အိမ်သို့

‌ကလေးပိုက်ကာ ပြန်လာခဲ့တော့သည်။ ဒေါ်ရွှေဝင်းနှင့်

မစီစီဦးမှာတော့ တီးတိုးတီးတိုးပြောကာ ထိုနေရာ၌ကျန်

နေခဲ့လေသည်။

" ငါ့အဖြစ်က အဲ့ဒါပါပဲကွာ "

မြို့ထဲသို့ ကလေးအသုံးအဆောင်ပစ္စည်းလာဝယ်ရင်း

သူငယ်ချင်းဖြစ်သူ လင်းသန့် အားအကြောင်းစုံပြောပြ

လိုက်သည်။ 

" ကလေးကရော ... အိမ်မှာလား "

" အေ ... ဒေါ်ကြီးကို နေ့တွက်ခပေးပြီး ထိန်းကူခိုင်းထား

ရတယ် ... ငါ့ဘဝလည်းဘာတွေဖြစ်နေပြီလဲမသိဘူး "

" ငါ့အထင် မင်းမိန်းမနဲ့မကွာခင်က သူ့မှာ ကိုယ်ဝန်ရှိနေ

တာများဖြစ်မလားလို့ "

" မဖြစ်နိုင်တာကွာ ... မင်းစဉ်းစားကြည့် ငါနဲ့သူကွာရှင်း

လိုက်တဲ့နေ့က ၂၀၁၆ ဇွန်လ ထဲမှာ အခု ၂၀၁၈ ၁လပိုင်း

မဟုတ်ဘူးလား ... တွက်ကြည့်လိုက် ... ၂၀၁၇ ဇွန် ဆို

၁နှစ်ကွာ ... ဖေဖော်ဝါရီဆိုတော့ ‌၈လ ... ၁နှစ်ခွဲ‌ကျော်နေပြီ .. ကလေးက ခုမှ ၂လသား အရွယ်ဟ "

" မင်းပြောတော့လည်းဟုတ်တုတ်တုတ် ... ဆယ်လလွယ်

ပြီးမွေးတယ်ဆိုရင်တောင် ကလေးက ၉လ ၁၀လသားအရွယ်တော့အနည်းဆုံးဖြစ်ရမှာပဲ "

" အဲ့ဒါပြောတာလေကွာ ... ကွဲပြီးတော့သူနဲ့ ဘယ်မှာမှကို ထပ်မတွေ့ဖြစ်ခဲ့တာ.. "

ဇော်နိုင်က ‌ပြောရင်းခေတ္တတိတ်ဆိတ်သွားကာ ဆက်

ပြောသည်။

" ငါသူ့ဆီသွားမေးကြည့်ရမလား...ငါ့ကလေးမဟုတ်တဲ့

အကြောင်းပါရှင်းပြပြီး ကလေးပြန်ပို့ပေးလိုက်မယ် "

" မင်းကလေးမဟုတ်ဘူးဆိုရင်တော့ပြန်ပို့ရမှာပေါ့ ... 

ငါလိုက်ကူရမလား "

" အေးလေကွာ ... မင်းဆီအဲ့ဒါကြောင့်ရောက်လာတာ

ပေါ့ "

လင်းသန့်ကလည်း နာရီကိုတစ်ချက်ကြည့်လိုက်ပြီး

" အချိန်ရပါသေးတယ် ... ခုမှ ၂ နာရီ ၁၅ ... ခုသွားလိုက်

မလား "

" သွားတာပေါ့ ... ငါလည်းကလေးရောက်လာတာအဆင်

မပြေဘူး... မြန်မြန်ပြန်ပို့လိုက်ချင်တယ်... ဒါနဲ့ စုထွေး က

သူ့ကလေးမဟုတ်ဘူးဆိုရင်ကော ဘာဆက်လုပ်ရမလဲ "

ဇော်နိုင်မှာစိတ်ပူပန်နေပုံရလေသည်။

" သူ့ကလေးလည်းမဟုတ် ... မင်းကလေးလည်းမဟုတ်

ရင် ရပ်ကွက်လူကြီးခေါ်ပြီး မိဘမဲ့ကျောင်းသာအပ်ပေး

လိုက်တော့ "

ဤသို့ဖြင့် နှစ်ယောက်သားဆိုင်ကယ်လေးဖြင့် ဇော်နိုင်

ဇနီးဟောင်းဖြစ်သူ စုထွေးရှိရာဆီသို့ လိုက်သွားလိုက်ကြ

တော့သည်။ စုထွေး၏အိမ်ရောက်သည့်အခါ အိမ်ရှေ့

တွင် မဏ္ဍပ်ကြီးထိုးထားသည်ကို အရင်ဦးဆုံးမြင်တွေ့

လိုက်ကြရ၏။

အလှူများလားဟုထင်မိပြီးမှ စုထွေး၏နာရေးဖြစ်

ကြောင်းသိလိုက်လေသည်။ မထင်မှတ်ထားသည့်အရာ

ကြောင့် ဇော်နိုင်မှာ အံ့ဩတကြီးဖြစ်သွားခဲ့ရသည်။

လွန်ခဲ့သော ၁ နှစ်ကျော်အချိန်ကမှ ကျန်းကျန်းမာမာ

လမ်းခွဲခဲ့ကြသည်မှာ မည်မျှကြာသေးသနည်း။ ကျန်း

မာရေးဒေါင်ဒေါင်မြည်နေသောသူ အသက်အားဖြင့်

( ၂၇ ) ခန့်သာရှိသေးသောသူသည် လောကကြီးအား

နှုတ်ဆက်သွားနှင့်ပြီ ဆိုခြင်းက ဇော်နိုင်အတွက် လက်

ခံဖို့ အတော်ခက်ခဲနေရလေသည်။

နာရေးအိမ်ထဲသို့ဝင်လိုက်သည်နှင့် ယောက္ခမတော်စပ်

ဖူးသူ စုထွေးမိဘနှစ်ပါးမှာ ဇော်နိုင်အား မုန်းတီးစွာကြည့်

လာကြသည်။ 

" ဘာလာလုပ်တာလဲ ... နင့်ကိုငါ့သမီးနားမမြင်ချင်ဘူး

... ထွက်သွား ... "

" ကျွန်တော်ပြောစရာရှိလို့ပါအမေ .. အဲ ... အန်တီ "

" ငါ့မှာဘာမှပြောစရာမရှိဘူး ... "

" အန်တီတို့ပြောစရာ မရှိပေမယ့်... ကျွန်တော့်မှာရှိတယ်

စုထွေးဘယ်လိုဖြစ်ရတာလဲဗျာ "

" ဘယ်လိုဖြစ်ရတာလဲဟုတ်လား ... နင့်ကြောင့်ငါ့သမီး

သေရတာ ... နင့်ကြောင့် "

" ကျွန်တော်ဘာလုပ်မိလို့လဲဗျ ... စုထွေးနဲ့မတွေ့တာ

နှစ်ချီနေပြီ ... ခုလည်းအရေးကြီးပြဿနာတစ်ခုကြောင့်

လာရင်း သူဆုံးတာသိရတာ "

ထိုသို့ငြင်းခုန်နေစဉ်မှာပင် စုထွေးအလောင်းထည့်ထား

သော ရေခဲခေါင်းဘေးမှ ပန်းခွေက ပြုတ်ကျလာခဲ့သည်။

ထို့နောက် ထိုပန်းခွေမှာ ကြမ်းပေါ် ဂွေလှိမ့်နေသလိုလှိမ့်

နေ၏။

အားလုံးအသံများတိတ်သွားပြီးပန်းခွေဆီသို့အကြည့်

ရောက်သွားကြတော့သည်။ ပန်းခွေမှာ ဆက်မလှိမ့်တော့

ဘဲ လဲကျသွား၏။ ထိုအခါမှ သာမာန်ပြုတ်ကျခြင်းသာ

ဖြစ်မည်ဟုမှတ်ယူကာ ပန်းခွေကို နေရာတကျပြန်ယူထား

ပေးလိုက်‌ကြသည်။

ထို့နောက် ဇော်နိုင်နှင့် စုထွေးအမေမှာ စကားဆက်ငြင်း

ကြပြန်သည်။ ဇော်နိုင်မည်သို့ပြောပြော စုထွေးအမေက အော်ဟစ်ငိုယိုသောင်းကျန်းနေသဖြင့် ထပြန်လာခဲ့ရတော့

သည်။

ယခင်ကရင်းနှီးကျွမ်းဝင်ဖူးသော ပတ်ဝန်းကျင်ဖြစ်သဖြင့်

အသိမိတ်ဆွေအိမ်သို့ဝင်ပြီး အ‌ကျိုးအကြောင်းမေးမြန်း

ကြည့်ရာမှဖြစ်ကြောင်းကုန်စင်ကိုသိရှိရလေသည်။

ဇော်နိုင်နှင့် စုထွေးတို့ကွာရှင်းပြီး စုထွေးမှာ အိမ်ထဲအိမ်

ပြင် သိပ်မထွက်တော့ပေ။ မိဘများမှာ စုထွေးထိုသို့ဖြစ်

သည်ကို မနှစ်သက်ကြသည့်အခါ အပျိုဘဝက စကား

လာမြန်း စေ့စပ်ဖူးသော ကိုမိုးလွင် ဆိုသည့်သူနှင့် ပြန်

လည်ချိတ်ဆက်ပေးကြတော့သည်။

ကိုမိုးလွင်ဆိုသူက အသက် ( ၃၈ )နှစ် အရွယ်ခန့်ရှိပြီဖြစ်ပြီး စုထွေးထက် ( ၁၀ ) နှစ်ကြီးလေသည်။ သူ၏အသားမှာ ညိုသည်ထက် မည်းသည့်ဖက်သို့ပိုရောက်နေပြီးရုပ်

ရည်က သာမာန်သာဖြစ်၏။ မျက်ခုံးနှင့်မျက်လုံးသည် အတော်နီးကပ်စွာရှိနေကာ မျက်နှာလေးထောင့်စပ်ကျ

ကျရှိသည်။

စူးရှသည့်မျက်လုံးတစ်စုံလည်းပိုင်ဆိုင်ထားသူဖြစ်လေ

သည်။ စုထွေးမှာမူ တစ်ခုလပ်သာဆိုသည်အသားရည်ဝါဝင်းပြီး ရေဆေးငါးကဲ့သို့ နုပျိုလှပဆဲ။ အပျိုစင်အတိုင်း

အရာမယွင်းဘဲ ချောမောနေမြဲ ဖြစ်သည့်အခါ ကိုမိုးလွင်

မှာ ယခင်ကမရခဲ့သောအခွင့်အရေးကိုလက်လွှတ်မခံ

နိုင်တော့ချေ။

ထိုသို့ဖြင့် ကိုမိုးလွင်အားစုထွေးမှာမိဘသဘောကျလက်

ဆက်လိုက်ရတော့သည်။ လက်ထက်ပြီး စုထွေးကို သူမမိဘအိမ်၌ မထားဘဲ ကိုမိုးလွင်၏အိမ်သို့သာခေါ်နေ

သည်။ အိမ်ထောင်ကျပြီးဖြစ်၍ သီးသန့်သာနေလိုသည်

ဟုဆိုခဲ့သည်။

ယခင်ကတော့ စုထွေးမှာ မိဘအိမ်သို့မကြာခဏအလည်

လာတတ်သော်လည်း နောက်ပိုင်းတွင် လုံးဝပေါ်မလာ

တော့ဟုဆိုကြသည်။ ပေါ်လာသောအခါမှာမူ လွန်ခဲ့သည့်

၂ ရက်ကဖြစ်တော့သည်။ ကိုမိုးလွင်အိမ်မှ အပုပ်နံ့များ

ထွက်လာ၍ အနံ့မခံနိုင်တော့သော အိမ်နီးချင်းများမှာ

ရပ်ကွက်လူကြီးထံအကြောင်းကြားရာမှ စုထွေးအလောင်း

ကိုတွေ့ကြရခြင်းဖြစ်သည်။

ကိုမိုးလွင်တို့ကို ထိုအိမ်၌မတွေ့သည်မှာ လနှင့်ချီနေလေပြီဟုပြောကြကြောင်း၊ အိမ်တံခါးများပိတ်ထားသဖြင့် ခရီးသွားနေခြင်းဖြစ်မည်ဟုထင်မှတ်ကြကြောင်း၊ အပုပ်နံ့

မခံနိုင်သဖြင့် အိမ်တံခါးရိုက်ဖွင့်ရှာကြသည့်အခါမှ စုထွေး

အား သူ၏အခန်းကုတင်ပေါ်၌ လက်ကောက်ဝတ်သွေး

ကြောဖြတ်ပြီး အဆုံးစီရင်သွားသည်ကိုတွေ့ရခြင်းဖြစ်

ကြောင်း ၎င်းသိရသမျှ ဇော်နိုင်အားပြန်လည်ပြောပြကြ

သည်။

ပတ်ဝန်းကျင်မှလူများက စုထွေးကလေးမွေးသည် မမွေး

သည်ကို မပြောကြပေ။ ဇော်နိုင်မေးမြန်းကြည့်သော်လည်း

ရေရေရာရာ မသိခဲ့ရ။ ကိုမိုးလွင်အကြောင်းဆက်မေးကြည့်ရာ ကိုမိုးလွင်မှာယခုအချိန်ထိ ခရီးမှပြန်မရောက်

လာသေးကြောင်း၊ စုထွေးဆုံးသည်ကိုပင်မသိရှိသေးကြောင်း၊ ကိုမိုးလွင်၏မိဘဆွေမျိုးများသာသိကြသေး

ပြီး ကိုမိုးလွင်ကို ဆက်သွယ်နေကြကြောင်းသာပြောကြသည်။

ဇော်နိုင်လည်း စကားပြောဖို့လေသံပင် မထွက်နိုင်တော့

လောက်အောင် ညိုးငယ်နေရှာတော့သည်။ လင်းသန့်က

အားပေးရင်း ခေါ်ပြန်လာခဲ့ရ၏။ 

" ငါဘာဆက်လုပ်ရမလဲကွာ "

" ငါ့အထင် တစ်ခုခုပဲကွ ... မင်းရောရိပ်မိတယ်မလား...

မင်းပြောတဲ့စာလေ ... "

" အေ ... အဲ့စာက မဟုတ်မှလွဲရော ကိုမိုးလွင်ပို့လိုက်

တာများလား ... "

" ဖြစ်နိုင်ချေများတယ်... ကိုမိုးလွင်က မင်းကလေးလို့

ထင်နေတာဖြစ်မယ် ... စုထွေးကို ကလေးကိစ္စနဲ့ ပြဿ

နာရှာလွန်းလို့ စုထွေးခုလိုလုပ်လိုက်တာများလား "

လင်းသန့်ပြောသည်ကဖြစ်နိုင်သည်။ 

" ငါ့အိမ်လိုက်ခဲ့ကွာ ... ဒီညအိမ်မှာပဲအိပ်လိုက်... ငါ့မှာ

ရင်ဖွင့်စရာ မင်းပဲရှိတာမင်းသိပါတယ် "

" လိုက်လို့ကရပါတယ် ... ငါ့အိမ်အရင်ဝင်ပြီး အိမ်ကို

ပြောခဲ့လိုက်ဦးမယ် ... ပြီးရင် မင်းအိမ်ပြန်ကြတာပေါ့ "

လင်းသန့်၏အိမ်သို့အရင်ဝင်ကာ ဇော်နိုင်အိမ်၌ အိပ်

မည့်အကြောင်း မိခင်ဖြစ်သူထံပြောခဲ့ပြီး ပြန်ထွက်လာ

ခဲ့ကြသည်။ ဇော်နိုင်အိမ်သို့ရောက်သည့်အခါ ‌မည်သူမှ

မရှိကြချေ။ အိမ်တံခါးကစေ့ရုံသာစေ့ထားခဲ့ပြီး ဒေါ်ရွှေဝင်းနှင့် ကလေးမှာ အိမ်ထဲမရှိ။ 

" ဘယ်ခေါ်သွားလဲမသိဘူးကွာ ... လသားကလေးပါဆို

အပြင်လျှောက်ခေါ်သွားနေတယ် ... ဒေါ်ကြီးနဲ့တော့ခက်

တယ် "

စိတ်မကြည်ရသည့်ကြားထဲ ဒေါ်ရွှေဝင်းလုပ်ပုံကြောင့်

ဇော်နိုင် ရေရွတ်‌လိုက်မိသည်။ ထိုစဉ် အိမ်ရှေ့မှ ဒေါ်ရွှေ

ဝင်း အော်ခေါ်နေသံကို ကြားလိုက်ရတော့သည်။

" ဒေါ်ကြီး ... ကလေးခေါ်ပြီးဘယ်တွေလျှောက်သွားနေ

တာလဲ... နေပူလေပူမိပြီး ဖျားလာမှ ဒုက္ခဗျ ... ကလေး

က နုနုလေးကို "

" မပြောချင်ပါဘူး မောင်ဇော်နိုင်ရေ ... နင့်အိမ်ထဲလည်း

ငါမနေဝံ့ဘူးဟဲ့ ... နင့်ကလေးလာခေါ်လှည့် မြန်မြန် "

" ဘာဖြစ်ပြန်ပြီလဲ ဒေါ်ကြီးရာ "

ဇော်နိုင်လည်း စိတ်မရှည်စွာဖြင့် ကလေးကို လှမ်းခေါ်

လိုက်တော့သည်။

" ဘာဖြစ်ရမလဲ ... နေ့လည်က အိမ်လည်ခေါင်မှာ က

လေးသိပ်နေတုန်း ငါ့နောက်ကနေခြေသံကြားနေရတယ်

... ငါလည်း နားကြားမှားတာနေမှာဆိုပြီး အမှုမဲ့အမှတ်မဲ့

ဘဲနေလိုက်တာပေါ့ ... ကလေးက မအိပ်ဘဲ ငိုနေတော့

နို့ဆာလို့များလားမသိလေ ... ကလေးကိုခဏချ နို့ဗူး

ဖျော်ပြီး မီးဖိုထဲကပြန်လည်းထွက်လာရော အမလေး

ဟယ် ... ကလေးဘေးမှာ မိန်းမတစ်ယောက် ကျောပေး

လို့ငုတ်တုတ်ကြီး ဆောင့်ကြောင့်ထိုင်နေတာတွေ့ပါလေရော ... ငါလည်း နင့်မိန်းမထင်နေသေးတာ ...သူ့ကိုမေး

မလို့ 'သူငယ်မ' ဆိုပြီးခေါ်လိုက်တာနဲ့ ငါ့ကိုလှည့်ကြည့်

လာတယ် ... မျက်တွင်းဟောက်ပက်နဲ့ သွေးတစ်စက်မှ

မရှိတဲ့မျက်နှာနဲ့ဟေ့ ... ငါကလည်းလူထင်နေသေးတာ

' သူငယ်မလေးကဘယ်သူတုန်း ... ကလေးအမေလား '

မေးရုံရှိသေး ... ကြမ်းပေါ်ကနေမျက်နှာကျတ်ပေါ်တစ်

ချက်တည်းခုန်တက်သွားတာပဲဟေ့ ... ငါ့မျက်လုံးနှစ်

လုံးနဲ့ကိုမြင်တာ ... ငါလည်း ကြောက်လွန်းလို့ အော်ပြီး

ထွက်ပြေးရတယ် ... ကလေးကျန်ခဲ့လို့ ပြန်လည်းမဝင်ရဲ

တာနဲ့ စီစီဦးတို့လင်မယားကိုအကူညီတောင်းပြီး ပြန်

ခေါ်ထားရတာ ..."

" ဗျာ ... မ ... မဖြစ်နိုင်တာ ... မနေ့ညက ကျွန်တော်နဲ့

ကလေးနှစ်ယောက်တည်းရှိတာ ... သရဲဆို ကျွန်တော့်ကို

ခြောက်မှာပေါ့ "

" မသိဘူးဟေ ... ငါတော့ကြောက်သွားပြီ ... နင့်အိမ်ထဲ

မဝင်ရဲတော့ဘူး ... ကလေးထိန်းဖို့လိုရင် ငါ့အိမ်မှာပဲခေါ်

ထိန်းပေးမယ် ... ငါတော့မလာနိုင်တော့ဘူး ... "

ဇော်နိုင်နှင့် ဒေါ်ရွှေဝင်း တို့ပြောနေသည်ကို တံခါးပေါက်

ဝ၌ရပ်ကာနားထောင်နေသော လင်းသန့်မှာ ဘာရယ်

ကြောင့်မသိ ခေါင်းနဘမ်းကြီးလာသလိုဖြစ်နေမိသည်။

သူ၏နောက်ဘက်၌လည်း လမ်းလျှောက်သံ ခြေသံ

တရှပ်ရှပ်ကို ကြားနေရသည်မဟုတ်လား။

ဆတ်ခနဲ အနောက်လှည့်ကြည့်လိုက်သည့်အခါ မည်သူ

မှမရှိချေ။ ဇော်နိုင်တို့ထံ ပြန်လှည့်အကြည့် အလွန်အေး

စက်သော လက်တစ်ဖက်က သူ၏ ကျောကိုလာပုတ်နေ

လေသည်။ လင်းသန့်လည်း ကြောက်လန့်တကြားပြန်

လှည့်ကြည့်ရာ မည်သည်မှမတွေ့‌ရပေ။

‌ဒေါ်ရွှေဝင်းအိမ်ထဲ၌မနေရဲသည်ကဟုတ်နိုင်ပေသည်။

သူသည်လည်း ကျောချမ်းသလိုလိုဖြစ်လာသဖြင့် ဇော်

နိုင်တို့ရပ်နေသည့် အိမ်ရှေ့ဆီထွက်လာခဲ့မိလေသည်။

" ငါ့မှာ စီစီဦးဆိုင်ကနေ နင်ပြန်အလာကို ထိုင်စောင့်နေရ

တာကြာပေါ့ ... နင့်ကိုလှမ်းမြင်လိုက်လို့ ကလေးလာပြန်

ပို့ပေးတာ "

" ဟုတ်ပါပြီဗျာ ... ရော့ ... ဒါကကလေးထိန်းပေးခ

၅၀၀၀ ... ဒီထက်ပိုပေးချင်ပါတယ်... ကျွန်တော်လည်း

အများကြီးမတတ်နိုင်လို့ ကူညီတယ်ပဲ ထားပေးနော်

ဒေါ်ကြီး "

" ရပါတယ်ဟယ် ... မနက်ဖြန်ငါ့အိမ်ကိုသာလာပို့လိုက်"

" ဒါဆိုလည်း မနက်ကြရင် ဒေါ်ကြီးအိမ် ကလေးလာပို့

လိုက်မယ် ... ကျွန်တော့်မှာဒီကလေးတစ်ဖက်နဲ့ ဘာ

အလုပ်မှလုပ်မရလို့ပါဗျာ ... အလွန်ဆုံး ၁ရက် ၂ရက်

လောက်ပဲသည်းခံပေး... သူ့မိဘမတွေ့ရင်တော့ ရပ်

ကွက်လူကြီးကိုအကြောင်းကြားအသိပေးပြီး မိဘမဲ့

ကျောင်း တစ်ခုခုပို့လိုက်တော့မယ် "

" အေးပါဟယ် ငါကထိန်းပေးလို့ရပါတယ်... ငါလည်း ကလေး ၄ ယောက်မွေးထားတာ ... ကလေးတစ်ယောက်အလုပ် ဘာခက်တာမှတ်လို့ ... နင့်အိမ်မှာမနေရဲတာပဲရှိတယ် "

" ပြီးရောဗျာ မနက်ဖြန်မနက်လာပို့လိုက်မယ် "

ဇော်နိုင်နှင့်သာစကားပြောနေရသည် ဒေါ်ရွှေဝင်း၏

မျက်လုံးများက စိုးထိတ်မှုများဖြင့် အိမ်ထဲသို့လှမ်းလှမ်း

ကြည့်နေ၏။ ထို့နောက်သုတ်ခြေတင်ကာ ပြန်သွားလေ

သည်။

" သူပြောတာဟုတ်လောက်တယ် ဇော်နိုင် ... ငါ "

" မင်းကလဲကွာ ... ငါဒီမှာတစ်ယောက်တည်းနေလာတာ

၁နှစ်ခွဲနေပြီ ... ဒီအဒေါ်ကြီး သွေးဆုံးပြီး ကယောင်က

တမ်းနဲ့ ထင်ရာမြင်ရာလျှောက်ပြောနေတာကို ... ယုံမနေ

နဲ့ "

လင်းသန့် ကိုဘုဆတ်ဆတ်ပြန်ပြောကာ အိမ်ထဲဝင်လာ

ခဲ့သည်။ ထို့နောက် ကလေးကိုချီနေရာမှ အိပ်ယာထဲသိပ်

ထားခဲ့၏။ 

" ဒီမှာသာဖတ်ကြည့် ... ဒါကိုမိုးလွင်လက်ရေးဟုတ်

မဟုတ်တော့မသိဘူး ... ဟုတ်ရင်လည်းသက်သေသိမ်း

ထားရမယ် ... စုထွေးကိုကိုယ်ထိလက်ရောက်မသတ်ပေ

မယ့် စကားလုံးတွေနဲ့ သတ်တာပဲ ... ငါစုံစမ်းရမှာက အဲ့

အိမ်သွားပြီး စုထွေးကိုယ်ဝန်ရှိခဲ့တာဟုတ်မဟုတ် သေ

ချာမေးရမယ်... ဟုတ်တယ်ဆို .. ဒါစုထွေးကလေးပဲကွ"

လင်းသန့်မှာ သွေးစွန်းနေသောစာကို သေချာဖတ်ကြည့်

နေသည်။

" စာကတော့ဟုတ်ပါပြီ ... ဒီသွေးတွေက ဘယ်ကလဲ "

" ဟူး ... ငါလည်းမပြောတတ်ဘူးကွာ ... ငါ့အထင်

စုထွေးသေတုန်းက ကိုမိုးလွင်များရှိနေလားလို့သံသယ

ဝင်မိတယ်... သူရှိနေလို့ ကလေးကိုလာခေါ်ပို့နိုင်တာ

မဟုတ်ဘူးလား "

" ခုက စိတ်ကူးပဲရှိပါသေးတယ်ကွာ ... သူဟုတ်မဟုတ်

လည်း သေချာတာမဟုတ်ဘူး ... ခုနကတခြားသူတွေ

ပြောပုံဆို စုထွေးကကိုယ့်ကိုကိုယ်သေကြောင်းကြံသွား

တာ ... ကိုမိုးလွင်လည်းခရီးလွန်နေတယ် ... စုထွေးက

ဒီကလေးကို မွေးမမွေးလည်း မသေချာဘူး ... စုထွေး

အမေက ကလေးကိစ္စမသိဘူးဆိုတာ မဖြစ်နိုင်တဲ့ကိစ္စမဟုတ်လား ... သူ့သမီး ဗိုက်ကြီး ကလေးမွေးတာတော့ 

သိကိုသိရမှာပဲလေ ... "

" အဲ့လိုတွေးကြေးဆို ငါကဘယ်မိန်းမနဲ့ပတ်သက်ခဲ့ဖူး

လို့လဲဟ ... စုထွေးနဲ့ ကွဲပြီးကတည်းက ငါတစ်ယောက်

တည်း နေနေတာ မင်းအသိဆုံး ... ငါ့ပြဿနာဆို စုထွေး

ကလွဲပြီး မဖြစ်နိုင်ဘူး ... "

ဇော်နိုင်ပြောသည်လည်းမှန်သည်။ စုထွေးနှင့် ဇော်နိုင်

က ငယ်ရည်းစား၊ နှစ်ယောက်စလုံးလင်းသန့်နှင့် သူငယ်

ချင်းများဖြစ်သည်။ ဇော်နိုင်နှင့်စုထွေးက မိဘသဘော

မတူသည့်ကြားမှ နှစ်ကိုယ်တည်းဘဝကိုခက်ခက်ခဲခဲ

ထူထောင်ခဲ့ကြသည်။

ဇော်နိုင်မှာ အလုပ်ကြိုးစားလုပ်သော်လည်း စီးပွားရေး

အဆင်မပြေခဲ့ချေ။ ဒီနေ့ရငွေက မနေ့ကစားခဲ့ပြီး ဖြစ်

၏။ ထို့ကြောင့် ကလေးမယူသေးဘဲ ရောင့်ရဲတင်းတိမ်

နေထိုင်ကြရင်း လိုငွေက တနေ့ထက်တနေ့ များလာသည့်

အခါ စုထွေး စိတ်ညစ်လာတော့သည်။

လင်မယားနှစ်ယောက် မျက်နှာချင်းဆိုင်လိုက်သည်နှင့်

စကားများရပြီ။ ဇော်နိုင်ကလည်း အရင်းအနှီးမရှိသ

ဖြင့် ဆိုင်ကယ်ပွဲစား၊ ကားပွဲစား လုပ်နေရကြောင်း ရှင်း

ပြသည်။

မပြေလည်သည်က ၁ နှစ်ခန့်ကြာလာသောအခါ စကား

များရင်း ညှိမရသည့်အခြေအနေသို့ရောက်သွားတော့

၏။ တစ်ယောက်နှင့်တစ်ယောက်မာနများ ခဝါမချနိုင်

တော့ဘဲ ကွဲလိုက်ကြတော့သည်။

ဇော်နိုင်လည်း သူတပါးသားသမီးကို ယူထားပြီးဖြစ်၍

နစ်နာကြေးအဖြစ် မိဘအမွေပေးခဲ့သော နှစ်ယောက်အတူ

နေထိုင်သည့် မြို့လယ်ကတိုက်ခန်းကိုရောင်းကာ စုထွေး

ကို တစ်ဝက်ခွဲပေးခဲ့သည်။

တိုက်ခန်းရောင်းရငွေ သိန်း ၄၀၀ ကျော်ရခဲ့ကာ ဟိုနှုတ်

ဒီနှုတ်ဖြင့် တစ်ယောက်သိန်း ၂၀၀ ခွဲခြမ်းယူလိုက်သည်။

ရလာသည့်သိန်း ၂၀၀ လေးဖြင့် မြို့စွံတွင် သိန်း ၁၁၀

တန်မြေကွက်လေးဝယ်ပြီး တစ်ထပ်တိုက်အကြမ်းထည်

လေးဆောက်လုပ်ခဲ့၏။ 

ပေ ၂၀ သာကျယ်သော အိမ်လေးအတွက် ကိုယ်တိုင်

ဦးစီးပြီးဆောက်သည့်အခါ အကုန်အကျသက်သာ

သော်လည်း လက်ထဲငွေမရှိတော့ချေ။ ကျောချစရာ

နေဖို့တနေရာရသည်ကိုပင် မဆိုးလှဟု တွက်ရပေ

သည်။

ဝမ်းရေးအတွက်မှာမူ မူလအလုပ်ဖြစ်သော ဆိုင်ကယ်

ပွဲစား၊ ကားပွဲစား အလုပ်ကိုသာ ဆက်လုပ်နေရတော့

၏။ ယခုပြောင်းလာသည့်ရပ်ကွက်တွင် မြေကွက်လွတ်

များစွာကျန်ရှိနေပြီး အချို့လည်း အိမ်လေးများ လာ

ရောက်ဆောက်လုပ်နေကြသည်ကို တွေ့မြင်နေရသဖြင့်

အိမ်ရှေ့၌ အိမ်ဆောက်ပစ္စည်းဆိုင်လေးဖွင့်ချင်လာမိ

သည်။

တခါတရံ စုထွေးကိုသတိရသည်။ စုထွေးသာရှိလျှင်

ဆိုင်လေးဖွင့်ပြီး အေးအေးချမ်းချမ်းနေထိုင်နိုင်ပေ

မည်ဟုတွေးမိ၏။ သို့သော်လည်း ယောကျာ်းမာန

ကြောင့် ပြန်ခယ ခေါ်ဖို့ မကြိုးစားမိခဲ့ပေ။ 

ယခုအခါ မထင်မှတ်ထားသည့်သတင်းများက တစ်နေ့

တည်းတစ်ရက်တည်း စုပြုံကြားလိုက်ရချေပြီ။ ဇော်နိုင်

တစ်စက်ကလေးမျှ စိတ်မချမ်းသာချေ။ သူနှင့်ကွာရှင်း

ပြီး မကြာခင်မှာပင် ကိုမိုးလွင်ကိုလက်ထက်ခဲ့သော

စုထွေးအပေါ် ဒေါသတလိတ်လိတ်ထွက်နေမိ၏။

" တောက် ... လုပ်ရက်လိုက်တာကွာ "

ဇော်နိုင်မှာ နံရံကိုလက်သီးနှင့်ထိုးရင်း မကျေနပ်ချက်

များပွင့်အန်လာသည်။ လင်းသန့်မှာတော့ ဇော်နိုင်၏

အဖြစ်ကိုစိတ်မကောင်းစွာကြည့်ရင်း သူငယ်ချင်းဖြစ်သူ

အတွက် အမှန်တရားကို ရှာကူမည်ဟု ဆုံးဖြတ်လိုက်

တော့သည်။

ဆက်လက်ဖော်ပြပါမည်။

သော်တာလမင်းစန္ဒာ

#lotaya_shortstory




Some text some message..