သွယ်လျ ကျစ်လစ်တဲ့ ပခုံးကို ပိုင်ဆိုင်ဖို့ ကိရိယာလွတ် လေ့ကျင့်ခန်း (၅) ခု
mystylemyanmar.com
|
2021-02-24

ဒီတစ်ခေါက်မှာတော့ အလေးတုံး မလိုဘဲ ပခုံးနား အဆီကျပြီး ကျစ်လစ်လာစေမယ့် လေ့ကျင့်ခန်းတွေကို ဖော်ပြပါရစေ။ အလေးတုံး နဲ့ စက်ပစ္စည်းတွေ မလိုတာမို့ အိမ်မှာပဲ ပြုလုပ်နိုင်ပါတယ်။ အဆီပို မရှိတဲ့ ပခုံးက ကိုယ့်ကိုကိုယ် ပိုပြီး ယုံကြည်မှု ရှိစေမှာပါ။ အင်္ကျီလက်ပြတ် ဝတ်တဲ့အချိန်လည်း ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘဲ Slay နေမှာပါ။ ဒီတော့ ကိရိယာလွတ် လေ့ကျင့်ခန်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ Body Saw




Photo Source: www. self .com

Plank ထောက်တဲ့ပုံစံ တံတောင်နဲ့ ထောက်ထားပြီး ခြေထောက် အားပြုကာ ခန္ဓာကိုယ်ကို ရှေ့နောက် လွှဲပေးရပါမယ်။ ၁၅ ခါ စာ သုံးကြိမ် လုပ်ရပါမယ်။

၂။ Pike Push Up




Photo Source: Pinterest

ခန္ဓာကိုယ် ကို လေးဘက် ထောက်ပြီး ကုန်းပေးရပါမယ်။ ပြီးနောက် ဒိုက်ထိုးသလိုပဲ ပခုံး ကြွက်သားကို အားပြုပြီး လုပ်ပေးရပါမယ်။ ၁၀ ခါ စာ သုံးကြိမ်လုပ်ရပါမယ်။

၃။ Plank into Downward Dog




Photo Source: Gfycat

လက်ကို အားပြုကာ Plank ထောက်ထားရပါမယ်။ ပြီးနောက် ခန္ဓာကိုယ်ကို ရှေ့ဘက် ကွေးရပါမယ်။ ဒီလို ကွေးတဲ့အချိန် ပခုံး ကြွက်သားကို အားပြုထားရပါမယ်။ ၁၅ ခါစာ သုံးကြိမ်လုပ်ရပါမယ်။

၄။ Arm Raises




Photo Source: Verywell Fit

ဒီလေ့ကျင့်ခန်း အတွက် အရေးကြီးတာက ရင်ဘတ်နဲ့ မြေကြီးကပ်တာကို လုံးဝ မခွာရပါဘူး။ ကပ်ပြီး လုပ်ပေးရပါမယ်။ မှောက်ခုံ လက်နှစ်ဖက်ကို ဆန့်ထားပြီး တစ်လှည့်စီ အပေါ် မြှောက်ပေးရပါမယ်။ ဒါကို ၁၀ ခါစာ သုံးကြိမ်လုပ်ရပါမယ်။

၅။ Forward Reaches

မှောက်ခုံ အနေအထားနဲ့ လက်ကို ပါ ရှေ့ဘက် ဆန့်ထားရပါမယ်။ ပြီးနောက် လက်နှစ်ဖက်ကို ဗလ ပြတဲ့ပုံစံ ဘေးဘက် ကားပေးရပါမယ်။ ပြီးနောက် မှောက်လျက် လက်နှစ်ဖက်ကို ရှေ့ဆန့်ရပါမယ်။ ၁၅ ခါစာ သုံးကြိမ်လုပ်ရပါမယ်။

By MyStyle Myanmar


#ပခုံး
#Photo
#လေ့ကျင့်ခန်း
#ကြွက်သား
#အလေး

Some text some message..