
ပန်ဒါကလေးက မွေးကင်းစမှာ ကြွက်ထက် ပိုသေးတယ်ဆိုတာ သင်သိပါသလား။ ပန်ဒါဝက်ဝံလေးတွေဟာ အလွန်တရာမှ ချစ်စရာကောင်းတဲ့ ရှားပါးမျိုးစိတ်စာရင်းဝင်ဖြစ်ပါတယ်။

မွေးကင်းစ ပန်ဒါများဟာ ပန်းရောင်သန်းပြီး အမွေးမရှိ၊ တွန့်လိမ်၊ မျက်စိမမြင်ရတဲ့ပြင် မိခင်ရဲ့ အရွယ်အစားထက် အဆ ၉၀၀ ခန့်လောက်သာရှိပါတယ်။ ဒါကြောင့် မွေးကင်းစ ပန်ဒါတစ်ကောင်ဟာ ကြွက်ထက်ပိုသေးတာ တေွ့ရပါတယ်။

ဇီဝဗေဒပညာရှင်အချို့က မွေးကင်းစ ပန်ဒါများ အလွန်သေးငယ်ရခြင်းမှာ ဝါးကြောင့်ဖြစ်တယ်လို့ အကြံပြုထားပါတယ်။ပန်ဒါဝက်ဝံများရဲ့ အဓိက အစာမှာ အာဟာရတန်ဖိုးနည်းပါးတဲ့ ဝါးကို စားကြတာ ဖြစ်ပါတယ်။

အရွယ်ရောက်ပြီးတဲ့ ပန်ဒါတစ်ကောင်မှာ အာဟာရလိုအပ်ချက် ဖြည့်ဆည်းဖို့ဆိုရင် တစ်နေ့လျှင် ဝါးပေါင် ၈၀ ခန့် လိုအပ်ပါတယ်။

အဲ့ဒီစားလိုက်တဲ့ ဝါးမှစွမ်းအင်ဟာ တစ်သျှူးအဖြစ်ထက် နို့အဖြစ်သို့ပြောင်းရန် ပိုမိုလွယ်ကူတာကြောင့် ပန်ဒါကလေးများဟာ အလွန်သေးငယ်ကြောင်း ဇီဝဗေဒပညာရှင်အချို့ရဲ့ အဆိုအရ သိရပါတယ်။

ပန်ဒါမွေးကင်းစတစ်ကောင်ရဲ့ အရွယ်အစားမှာ ၃ အောင်စမှ ငါးအောင်စခန့် အလေးချိန်ရှိပြီး မျက်လုံးတစ်ဝိုက်မှာ အရွယ်ရောက်ပြီးတဲ့ ပန်ဒါတွေလို အမည်းစက်တွေ မပါပါဘူး ။ ဒါပေမယ့် ဆံပင်ဖြူ ကြိုကြိုကြားကြားလေးတော့ ပါရှိပါတယ်။

မွေးပြီး နှစ်လအတွင်းမှသာ အမွေးများ စုံစုံလင်လင် ပေါက်လာတာ ဖြစ်ပါတယ်။ မွေးကင်းစ ပန်ဒါလေးတွေဟာ မိခင်ထက် အသေးငယ်ဆုံး တိရစ္ဆာန်တော့ မဟုတ်ပါဘူး ။ တိရစ္ဆာန်တွေများမှာ အသေးငယ်ဆုံး မွေးကင်းစကတော့ သားပိုက်ကောင်ဖြစ်ပြီး သူက မိခင်ထက် အဆ ၁၀၀,၀၀၀ လောက်ပိုသေးငယ်ပါတယ်။