သွေးဖြူဥနည်းသူတွေ ဘာတွေစားရမလဲ
hellosayarwon.com
|
2019-06-25


သွေးဖြူဥနည်းလို့ဆိုပြီး စိတ်ညစ်နေသူတွေများရှိလား။ သွေးဖြူဥနည်းသူတွေအတွက် သဘာဝနည်းအတိုင်း သွေးဖြူဥအရေအတွက်တိုးလာစေမယ့်

အစားအသောက်လေးတွေ အကြောင်း ပြောပြပေးပါရစေ။

သွေးဖြူဥဆိုတာ ဘာလဲ.......
သွေးဖြူဥဆိုတာက

ခန္ဓာကိုယ် ထဲမှာ စီးဆင်းနေတဲ့ သွေးတွေထဲမှာပါဝင်နေတဲ့ သွေးနီဥ၊သွေးဥမွှား၊ သွေးဆဲလ်တွေလိုမျိုး သွေးတွင်းမှာရှိနေတဲ့အရာတစ်ခုပါ။ သွေးဖြူဥတွေက ကိုယ်တွင်းကို ပြင်ပက

ရောဂါတွေ ဝင်မလာအောင်တားဆီးပေးပါတယ်။ ကိုယ်ခံအားကောင်းစေဖို့ ထောက်ကူပေးတယ်။

ရောဂါပိုးတွေ ကို တိုက်ထုတ်ဖို့ ပဋိပစ္စည်းတွေထုတ်ပေးပါတယ်။

ဘယ်လိုအခြေအနေကို သွေးဖြူဥနည်းတယ်လို့ဆိုတာလဲ............


သွေးဖြူဥပမာဏက လူတစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ ပုံမှန်ရှိသင့်တဲ့ ပမာဏ -  ၃၅၀၀ ကနေ ၁၀၅၀၀  per microliter ပမာဏနည်းနေတယ်ဆိုရင် - ၄၅၀၀ per microliter  ထက်နည်းနေတာ ပမာဏများနေတယ်ဆိုရင် - ၁၁၀၀၀ per microliter ထက်များနေတာပါ။

သွေးဖြူဥနည်းနေလား ဘယ်လိုသိနိုင်မလဲ
သွေးဖြူဥနည်းနေတဲ့အခါ

ခန္ဓာကိုယ် မှာအခုလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ်။

အဖျာ းတက်မယ်
ချမ်းပြီးတုန်မယ်

ချွေးတွေ အရမ်းထွက်မယ်
အရေပြားတွေရောင်ရမ်းမယ်
နီမြန်းမယ်

လည်ချောင်းနာမယ်
ချောင်းအရမ်းဆိုးမယ်
အသက်ရှုတာ ပြတ်တောင်းပြတ်တောင်းဖြစ်နေမယ်။ စတဲ့ လက္ခဏာတွေခံစားရနိုင်ပါတယ်။

သွေးဖြူနည်းသူတွေ ဘာတွေစားရမလဲ
သွေးဖြူဥနည်းသူတွေအနေနဲ့ သွေးတွင်း ကသွေးဖြူဥပမာဏတိုးစေဖို့ ဒီအစားအစာလေးတွေကို စားပေးလို့ရပါတယ်။ ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာ allicin ဒြပ်ပေါင်းပါဝင်တာကြောင့် သွေးဖြူဥဆဲလ်တွေထွက်ရှိလာအောင် လှုံ့ဆော်ပေးပြီး

ကိုယ်ခံအား ကိုကောင်းစေနိုင်ပါတယ်။ တစ်နေ့ကို နုတ်နုတ်စဉ်းထားတဲ့ ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာကနေ ၂ ဇွန်းစာအထိစားသုံးပေးပါ။ ဟင်းချက်စားလို့ရသလို တို့စားပေးလို့လည်းရပါတယ်။ ဟင်းနုနွယ် ဗီတာမင် အေ၊ စီ နဲ့ ဗီတာမင်အီးတို့ပါဝင်တာကြောင့် သွေးဖြူဥဆဲလ်အရေအတွက်ကို တိုးစေနိုင်ပါတယ်။ နေ့တိုင်း ဟင်းနုနွယ်ကြော် ပန်းကန်လုံးတစ်လုံးစာ စားပေးသင့်ပါတယ်။ သင်္ဘောရွက် သွေးတွင်း သွေးဖြူဥ ပမာဏကိုတိုးစေနိုင်တဲ့အရေးပါတဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်တဲ့ acetogenins ပါဝင်တာကြောင့် သွေးဖြူဥအရေအတွက် တိုးချင်သူတွေအတွက် သင့်တော်ပါတယ်။ သင်္ဘောရွက်ကို ရေနဲ့ရောကြိတ်ပြီး

ပျားရည် နည်းနည်းထည့်လို့ သောက်ပေးလို့ရပါတယ်။ ဒိန်ချဉ် ဒိန်ချဉ်မှာပါတဲ့အကျိုးပြုဘက်တီးရီးယားလေးတွေက သွေးဖြူဥတွေထွက်ရှိလာအောင် လှုံ့ဆော်ပေးပြီး ကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။ နေ့တိုင်း ဒိန်ချဉ်တစ်ခွက်သောက်ပေးပါ။ ပန်းဂေါ်ဖီစိမ်း ပန်းဂေါ်ဖီစိမ်းမှာ sulforaphane (SFN) လို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်းတစ်ခုပါဝင်တာကြောင့် သွေးဖြူဥဆဲလ်အရေအတွက်ကို တိုးစေနိုင်ပြီး

ကိုယ်ခံအား ကို မြှင့်တင်ပေးနိုင်ပါတယ်။ နေ့တိုင်း ချက်ထားတဲ့ ပန်းဂေါ်ဖီတစ်ခွက်စာ စားပေးပါ။ ကီဝီသီး


ကီဝီသီးက ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝသလို

ပိုတက်ဆီယမ် ၊ ဗီတာမင် စီ နဲ့ ဗီတာမင်အီးတို့ပါဝင်တာကြောင့် ကိုယ်ခံအားကောင်းစေနိုင်သလို သွေးဖြူဥအရေအတွက်ကိုလည်း တိုးစေနိုင်ပါတယ်။ တစ်နေ့ကို ကီဝီသီး တစ်လုံး၊ နှစ်လုံးလောက်စားပေးလို့ရပါတယ်။ လိမ္မော်သီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ ဗီတာမင် စီကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားကောင်းစေပြီး သွေးဖြူဥအရေအတွက်ကိုလည်း တိုးစေနိုင်ပါတယ်။ တစ်နေ့ကို လိမ္မော်သီးတစ်လုံးကနေ ၃ လုံးလောက်အထိစားပေးလို့ရပါတယ်။အခြားအချဉ်ပါတဲ့အသီးတွေဖြစ်တဲ့ စတော်ဘယ်ရီ၊ ဂရိတ်ဖရုစ် နဲ့

စပျစ်သီး တို့ကိုလည်း စားပေးလို့ရပါတယ်။ ရဲယိုသီး ရဲယိုသီးမှာ ဗီတာမင် စီပါဝင်တာကြောင့် ကိုယ်ခံအားကိုကောင်းစေနိုင်ပါတယ်။ သွေးဖြူဥဆဲလ်တွေကို တိုးပွားစေနိုင်ပါတယ်။ တစ်နေ့ကို ရဲယိုသီးအရွယ်တော် တစ်လုံး ဒါမှမဟုတ်အချိုမပါတဲ့ ရဲယိုသီးဖျော်ရည်တစ်ခွက်သောက်ပေးပါ။

Hello Health Group သည် ဆေးပညာ အကြံပေးချက်များ၊ ရောဂါရှာဖွေမှုများ ၊ကုသမှုများ မပြုလုပ်ပေးပါ။


#ကိုယ်ခံအား
#ဗီတာမင်
#ကီဝီ
#ဒြပ်ပေါင်း
#သီး

Some text some message..