Ringworm (ပွေး)
healthcare.com.mm
|
2019-12-04


Ringworm သည် မှိုရောဂါတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ် အရေပြားနှင့်ဦးခေါင်းခွံအရေပြားတို့တွင် တွေ့ရတတ်သည်။ ခြေ၊ လက်တို့တွင် အဖြစ်များသော်လည်း ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို ဖြစ်ပွားနိုင်သည်။ လက္ခဏာများအရေပြားပေါ်တွင် ပေါက်သောပွေး အနီရောင်ကွင်းလိုက်ဖြစ်ပေါ်တတ်သည်။ ယားယံခြင်း၊ အဖတ်ကွာကျခြင်း၊ ရောင်ရမ်းခြင်းများဖြစ်တတ်သည်။ အလွန်ဆိုးပါက ပွေးကွက်လေးများ တစ်ခုနှင့်တစ်ခုပေါင်းသွားပြီး အလွန်ကြီးမားသော အကွက်ကြီးဖြစ်ပေါ်နိုင်သည်။ အရည်ကြည်ဖုများဖြစ်ပေါ်ခြင်း၊ ပြည်စုခြင်းတို့အထိ ဖြစ်နိုင်သည်။ မျက်နှာနှင့်လည်ပင်းတွင်ဖြစ်သောပွေး ထိုနေရာများတွင်ဖြစ်လျှင် ပွေးကွက်အနေဖြင့် သိပ်မတွေ့ရတတ်။ သို့သော် ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ ခြောက်ပြီး အဖတ်လိုက်ကွာကျခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။ မုတ်ဆိတ်မွေးရှိပါက ပွေးကွက်အနေဖြင့် မမြင်ရဘဲ မုတ်ဆိတ်မွေးပေါ်တွင် အဖတ်များကိုသာတွေ့ရနိုင်ပါသည်။ လက်တွင်ဖြစ်သောပွေး လက်ချောင်းများကြားပေါ်ခြင်း၊ လက်ဖဝါးအရေခွံထူလာခြင်းတို့ ဖြစ်နိုင်သည်။ လက်တစ်ဖက်တည်း၊ သို့မဟုတ် နှစ်ဘက်စလုံးတွင်ပါ ဖြစ်နိုင်သည်။ ဦးရေခွံပေါ်တွင်ဖြစ်သောပွေး (Tinea capitis) ဦးရေပြားပေါ်တွင် အကွက်ထခြင်း၊ ကွက်၍ဆံပင်ကျွတ်ခြင်း၊ ဦးရေပြားယားယံခြင်းတို့ ဖြစ်နိုင်သည်။ အလွန်ဆိုးပါက ဦးရေပြားပေါ်တွင် ပြည်ဖုများဖြစ်ပေါ်ခြင်း၊ နီရဲရောင်ရမ်းခြင်း၊ အဖျားတက်ခြင်း၊ လည်းပင်းအကျိတ်ကြီးခြင်း တို့ဖြစ်ပေါ်နိုင်သည်။ Athlete’s foot( tinea pedis) အားကစားသမားများ၏ ခြေထောက်တို့တွင် ယားယံ၊ ပွေးကွက်ထခြင်းဖြစ်သည်။ Jock itch(tinea cruris) ပေါင်ခြံနှင့် ပေါင်အတွင်းပိုင်းတို့တွင် ဖြစ်ပွားနိုင်သည်။ လိင်အင်္ဂါ မပါဝင်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ ကျပ်သောအဝတ်၊ အောက်ခံများ ဝတ်လျှင် ပို၍ဆိုးတတ်သည်။ ဖြစ်ပွားရသော အကြောင်းရင်းများ ပွေးဖြစ်စေသော Ringworm (Dermophytes) ဟုခေါ်သည့် မှိုပိုးများသည် လူခန္ဓာကိုယ်၏ အရေပြား၊ မြေကြီး၊ ဘီး ၊ မျက်နှာသုတ်ပဝါစသည့် အိမ်အသုံးအဆောင်ပစ္စည်းများတွင် ကပ်ညိနေတတ်သည်။ အပူဓာတ်၊ စွတ်စိုမှုဒဏ်ကို ခံနိုင်သည်။ ကူးစက်နိုင်သောနည်းလမ်းများမှာ- ရောဂါရှိသူ လူလူချင်းမှတဆင့် လူမှ တိရစ္ဆာန်သို့ကူးစက်ခြင်း လူမှ အိမ်အသုံးအဆောင်ပစ္စည်းများသို့၊ မှိုပိုးရှိနေသော အသုံးအဆောင်များမှ လူဆီသို့ ကူးစက်ခြင်း လူပေါ်မှ မြေကြီးပေါ် (သို့) မှိုပိုးရှိနေသောမြေကြီးမှ လူဆီသို့ စသည်ဖြင့်ကူးစက်နိုင်ပါသည်။ အဖြစ်များနိုင်သော လူများ- - အသက်ကြီးသူအဖိုးအဖွားများ၊ ကလေးငယ်များ - ဆီးချိုရောဂါရှိသူများ - အဝလွန်သူများ - ခုခံအားကျဆင်းမှု ကူးစက်ရောဂါရှိသူများ - ခုခံအားလျော့နည်းအောင် ဆေးသောက်နေသူများ-စတီးရွိုက်ဆေး၊ Chemotherapy - ယခင်က မှိုရောဂါပိုးဖြစ်ဖူးသူများ - သွေးကြောကျဉ်းရောဂါရှိသူများ - သွေးလည်ပတ်မှု မကောင်းသူများ စစ်ဆေးမှုများ ဖြစ်ပေါ်နေသည့် အနာကွက်၊ ဖြစ်ပေါ်နေသည့် နေရာကိုကြည့်၍ ပွေးကွက်ဟုတ်မဟုတ် အလွယ်တကူ သိရှိနိုင်ပါသည်။ ကုသခြင်း မည်သည့်နေရာတွင်ဖြစ်သည့် ပွေးရောဂါဖြစ်စေ၊ ကုသရလွယ်ကူပါသည်။ မှိုသတ်ဆေး ခရင်မ်၊ သောက်ဆေး၊ ခေါင်းလျှော်ရည်များ သုံးပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါသည်။ ဆေးကုခြင်းများအပြင်- - ပွေးပေါက်နေသောနေရာများကို သန့်ရှင်းအောင်ထားခြင်း၊ - ပေါင်ခြံတွင်ပေါက်နေပါက အောက်ခံအဝတ်များကို လဲခြင်း၊ ခြေထောက်တွင်ဖြစ်ပါက ခြေအိတ်လဲခြင်း။ - ဦးရေပြားတွင်ဖြစ်ပေါ်ပါက မိမိသုံးနေကြဘီး လဲလှယ်၍သုံးစွဲခြင်း၊ (အခြားသူများနှင့် ဝေမျှပြီး မသုံးသင့်ပါ) အင်္ကျီအဝတ်အစား၊ အိပ်ယာခင်းများကို မကြာခဏလျှော်ဖွပ်လဲလှယ်ခြင်း ကာကွြယ်ခင်း မိမိမိသားစုထဲတွင် ရောဂါဖြစ်နေသူတစ်ဦးဦးရှိပါက မပျံ့ပွားအောင်ကာကွယ်ခြင်းသည် အရေးအကြီးဆုံးဖြစ်သည်။ ထို့အပြင် ပွေးပေါက်နေသောနေရာများကို မခြစ်ရ၊ မကုတ်ရ။ ထိုသို့ပြုလုပ်ပါက မိမိလက်မှတဆင့်အခြားနေရာများသို့ ကူးစက်နိုင်ပါသည်။ တကိုယ်ရည် သန့်ရှင်းရေးသည် အရေးအကြီးဆုံးဖြစ်သည်။ ပွေးပေါက်နေသည်ဆိုပြီး ကျောင်းပျက်၊ အလုပ်ပျက်စရာမလိုပါ။ ပုံမှန်အတိုင်းလုပ်ငန်း ဆောင်တာများကိုပြုလုပ်လို့ ရပါသည်။ ရောဂါရှိသည်ဟု သိသည်နှင့် ကုသမှုခံယူရန်မှာအရေးအကြီးဆုံး အခန်းကဏ္ဍမှာ ပါဝင်ပါသည်။ Credit : DR. hp သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။  


#ပွေး
#ကွက်
#ဦးရေပြား
#မှို
#ခြင်း

Some text some message..