သားအိမ်ခေါင်းကင်ဆာ
ဆိုတာ အမျိုးသမီးတွေမှာ အတွေ့ရများတဲ့ ရောဂါတစ်ခုပါ။ ဒီဆောင်းပါးမှာ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုကာကွယ်ကြမလဲဆိုတာတွေကို ပြောပြပေးသွားပါမယ်။
လက္ခဏာများ
ဘာကြောင့်ဖြစ်တာလဲဆိုတာ မပြောခင် သားအိမ်ခေါင်းကင်ဆာရဲ့ လက္ခဏာတွေကို အရင်ပြောပြပေးပါ့မယ်။ သားအိမ်ခေါင်းကင်ဆာက ကနဦးအဆင့်မှာဆိုရင် ရောဂါလက္ခဏာမပြတတ်ပါဘူး။ ဒါကြောင့် တော်တော်များများက မသိကြတာပါ။ အောက်က လက္ခဏာတွေပြပြီဆိုရင်တော့ ကင်ဆာအဆင့်မြင့်နေပါပြီ။ -အတူနေပြီး
သွေးဆင်း
တာ၊ ရာသီနှစ်ခုကြားဖောက်ပြီး သွေးဆင်းတာ၊
သွေးဆုံး
ပြီးမှ သွေးပြန်ဆင်းတာ -မိန်းမကိုယ်ကနေ
အဖြူဆင်း
တာ သွေးစတွေပါလာတာ၊ များတာ၊ အနံ့ဆိုးတာ -ဆီးစပ်ကိုက်တာ၊ အတူနေစဉ် မိန်းမကိုယ်နာတာ စတာတွေပဲ ဖြစ်ပါတယ်။ ဒီလို လက္ခဏာတွေဖြစ်တယ်။ ကိုယ့်ဟာကိုယ်လည်း ဘာဖြစ်မှန်း မသေချာဘူးဆိုရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။
ဖြစ်ရတဲ့အကြောင်းရင်း
သားအိမ်ခေါင်းကင်ဆာက ဘာလို့ဖြစ်ရတာလဲဆိုတာ အတိအကျမသိကြပါဘူး။
HPVဗိုင်းရပ်စ်
ကြောင့်လို့ ပြောပေမယ့် ဒီဗိုင်းရပ်စ်ရှိတိုင်း သားအိမ်ခေါင်းကင်ဆာ မဖြစ်ပါဘူး။ ပြောချင်တာက HPVဗိုင်းရပ်စ်အပြင် တခြားသော အကြောင်းအရာတွေကပါ သားအိမ်ခေါင်းကင်ဆာဖြစ်ဖို့ ဝိုင်းပြီးအားပေးနေကြတာပါ။ အဲဒါတွေကတော့ -လိင်ဆက်ဆံဖော်များတာ : သင့်မှာများတာပဲဖြစ်ဖြစ်၊ သင့်ဆက်ဆံဖော်မှာများတာပဲဖြစ်ဖြစ် လူများလေလေ HPVကူးဖို့ ဖြစ်နိုင်ချေ များလေလေပါပဲ။ -လိင်ဆက်ဆံချိန်စောခြင်း : အသက်ငယ်ငယ်နဲ့ လိင်စဆက်ဆံရင် HPVဗိုင်းရပ်စ် ကူးနိုင်ချေမြင့်ပါတယ်။ -တခြားလိင်မှတဆင့်ကူးစက်တဲ့ ရောဂါများ :
ဆစ်ဖလစ်
၊
ဆီးပူညောင်းကျ
၊
HIV/AIDS
ရောဂါတွေ ရှိနေရင် HPVရှိနိုင်ချေများပါတယ်။ -ခုခံအားကျခြင်း : တခြားအကြောင်းကြောင့် ခုခံအားကျနေမယ်။ HPVလည်းရှိနေမယ်ဆိုရင် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ပါတယ်။ -ဆေးလိပ်သောက်ခြင်း : ဆေးလိပ်သောက်တာကလည်း သားအိမ်ခေါင်းကင်ဆာနဲ့ ဆက်စပ်မှုရှိပါတယ်။ -ကိုယ်ဝန်ခိုင်ဆေးသုံးခြင်း : ကိုယ်ဝန်ရှိချိန်မှာ diethylstilbestrol (DES)သုံးမယ်ဆိုရင် မွေးလာမယ့် သမီးမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ချေများပါတယ်။
ကာကွယ်နည်းများ
(၁) ကာကွယ်ဆေးထိုးပါ။
HPVကာကွယ်ဆေး
ထိုးတာက သားအိမ်ခေါင်းကင်ဆာအပါအဝင် HPVကြောင့်ဖြစ်တဲ့ တခြားသောကင်ဆာတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့တိုင်ပင်ပြီး သင့်တော်တဲ့ ကာကွယ်ဆေးထိုးပါ။ (၂)
သားအိမ်ခေါင်းအချွဲစစ်
ပါ။ (Pap tests) မိန်းမကိုယ်ကနေ သားအိမ်အဝကို brushအပျော့အသေးလေးနဲ့ အချွဲကိုယူပြီး စစ်ဆေးတာပါ။ အသက်၂၁ကစပြီးစစ်လို့ရပါပြီ။ အဖြေပေါ်မူတည်ပြီး ပြန်စစ်ရမယ့်အချိန် ကွာသွားပါမယ်။ (၃) အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှုမျိုးဖြစ်ပါစေ။ လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါကို ကာကွယ်ထားခြင်းက သားအိမ်ခေါင်းကင်ဆာကို တစ်ခါတည်း ကာကွယ်ထားပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ကွန်ဒုံးသုံးပါ။ လိင်ဆက်ဆံဖော် နည်းပါစေ။ (၄)ဆေးလိပ်မသောက်ပါနဲ့။ မသောက်တတ်ရင် မသောက်ပါနဲ့။ စွဲနေရင် ဖြတ်လိုက်ပါ။ ဒီနေရာမှာ HPVဗိုင်းရပ်စ်အကြောင်းကို နည်းနည်းပြောပြချင်ပါတယ်။ ခန္ဓာကိုယ်ထဲကို HPVဗိုင်းရပ်စ်ဝင်လာပြီဆိုရင် ခုခံအားစနစ်က ပြန်ပြီးတိုက်ထုတ်ပါတယ်။ လူနည်းနည်းမှာပဲ ဒီဗိုင်းရပ်စ်က ဆက်ရှိနေပြီး သားအိမ်ခေါင်းဆဲလ်တွေကို ပုံပြောင်းပစ်တာပါ။ ဒီပုံမမှန်တဲ့ ဆဲလ်တွေက ကံကောင်းရင် နဂိုပုံမှန်ဆဲလ်အဖြစ် ပြန်ဖြစ်နိုင်ပါသေးတယ်။ တချို့တချို့တွေမှာတော့ ကင်ဆာဆဲလ်အဖြစ်ပြောင်းသွားပါတယ်။ ဒီလိုပြောင်းဖို့ဆိုတာလည်း ၁၀စုနှစ်နဲ့ချီကြာပါတယ်။ ဒါဆိုရင် ဘာလို့ ဒီလောက်ကြောက်နေကြတာလဲ။ ဘာလို့ ကာကွယ်ဆေးတွေ ထိုးနေကြတာလဲ။ အကြောင်းက လက္ခဏာမပြလို့ပါပဲ။ အပေါ်မှာပြောထားပါတယ်။ ကနဦးအဆင့်မှာ ဘာမှ မခံစားရပါဘူး။ လက္ခဏာပြတဲ့အချိန်မှာ နောက်ကျပြီး အသက်ဘေးနီးနေပါပြီ။ ဒါကြောင့် ကာကွယ်ဆေးတွေထိုး၊ ဆေးတွေစစ်ကြတာပါ။
Take home massage
သားအိမ်ခေါင်းကင်ဆာက HPVဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်လို့ အကြမ်းဖျင်းပြောလို့ရပါတယ်။ တခြားအကြောင်းရင်းတွေလည်းရှိပါတယ်။ ရောဂါအစမှာ လက္ခဏာမပြတာကြောင့် တကယ်လည်းသိရော နောက်ကျနေပါပြီ။ ဒီလိုမဖြစ်ရအောင် အစကတည်းက ကာကွယ်ဆေးတွေထိုးပါ။ သားအိမ်ခေါင်းအချွဲစစ်ပါ။ အန္တရာယ်ရှိတဲ့ အပြုအမူတွေကိုရှောင်ပါ။ ရောဂါလက္ခဏာပြလာရင်လည်း ဆရာဝန်နဲ့ မြန်မြန်ပြပြီး ကုသမှုခံယူပါ။
Hello Health Group
သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။