မွေးကင်းစလေးတွေမျက်နှာမှာ အနီစက်လေးတွေထွက်လာခဲ့ရင်
ondoctor.com.mm
|
2020-01-29


မွေးကင်းစလေးတွေမျက်နှာမှာ အနီစက်လေးတွေထွက်လာခဲ့ရင်

မွေးကင်းစကလေးတွေရဲ့အရေပြားဟာ အလွန်နူးညံ့ပြီး

ကိုယ်ခံအားစနစ်ကလည်းဖွံ့ဖြိုးခါစကာလမို့လို့ အင်မတန်ထိခိုက်လွယ်ပါတယ်။

ပတ်ဝန်းကျင်ကအမှုန် ဖုန် ပိုးမွှား အပူဒဏ် အအေးဒဏ်

စတာတွေရဲ့ဒဏ်ကိုလည်းကောင်းကောင်းခံနိုင်ရည်မရှိသေးတာကြောင့်

အဲ့တာတွေနဲ့အနည်းငယ်ထိတွေ့ရုံနဲ့တင် အရေပြားနီရဲရောင်ရမ်းတာတွေ

အနီစက်လေးတွေဖြစ်တာတွေစတဲ့ အရေပြားပြသာနာတွေဖြစ်လာနိုင်ပါတယ်။

နောက်ပြီးမိမိလက်နဲ့ပွတ်တာ၊မိမိရဲ့မစင်နဲ့ထိတွေ့မိတာတွေကြောင့်လည်း

အရေပြားပေါ်မှာအနီစက်ထတာတွေဖြစ်နိုင်ပါသေးတယ်။

မွေးကင်းစကလေးတွေရဲ့အရေပြား နီရဲရောင်ရမ်းခြင်း အနီစက်ဖြစ်ခြင်းတွေဟာ

ဖြစ်ရတဲ့အကြောင်းရင်းပေါ်မူတည်ပြီး မျက်နှာမှာလည်း ဖြစ်နိုင်သလို

ခြေလက်နေရာတွေ ဝမ်းဗိုက်နေရာတွေ ကျောနေရာတွေမှာလည်းဖြစ်နိုင်ပါတယ်။

ခုဒီတခေါက်ဆောင်းပါးမှာတော့ မွေကင်းစကလေးတွေရဲ့

မျက်နှာမှာဖြစ်တဲ့အနီစက်လေးတွေအေကြာင်းကို ပြောပြချင်ပါတယ်။

မွေးကင်းစကလေးတွေရဲ့

မျက်နှာမှာအနီစက်လေးတွေဖြစ်လာရတဲ့အကြောင်းတွေအနေနဲ့ကတော့အများကြီးရှိပါတယ်။

အဲ့ဒါတွေထဲကမှ သိသလောက်ကို ပြောပြရရင်တော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။Infantile eczema

နို့ပွေးလို့လည်း အရပ်အခေါ်အနေနဲ့ခေါ်ကြပါတယ်။ နို့ပွေးဟာ

အရေပြားပေါ်မှာဖြစ်တဲ့ အနီကွက်ပုံစံ

အဖုကလေးတွေဖြစ်ပါတယ်။ထိုအနီကွက်အဖုကလေးများဟာ

ခြောက်သွေ့ကြမ်းတမ်းပြီးယားယံတတ်ပါတယ်။

ကလေးများတွင် အဖြစ်များသော ပြသာနာတခုဖြစ်ပါတယ်။အသက်၅နှစ်အောက္မွာ

အများဆုံးဖြစ်တတ်ပြီး နို့စို့ကလေးအရွယ်ဖြစ်တဲ့ အသက်၂လကနေ ၆လ အတွင်းမှာ

ပိုအဖြစ်များပါတယ်။

နို့ပွေးအဖြစ်များဆုံးနေရာတွေကေတာ့ လက်၊မျက်နှာ၊လည်ပင်း၊တံတောင်ဆစ် နဲ့

ဒူးအတွင်းပိုင်း(ဒကောက်ကွေး)နေရာတွေပဲဖြစ်ပါတယ်။

နို့ပွေးကို Infantile eczema လို့ခေါ်သလို Atopic dermatitis

လို့လည်းခေါ်ပါတယ်။Atopic Dermatitis လို့ပြောရတဲ့အကြောင်းရင်းကတော့

နို့ပွေးပေါက်တဲ့ကလေးဟာ အခြားဓါတ်မတည့်လို့ဖြစ်တဲ့ Asthma

(ပန်းနာရင်ကြပ်ရောဂါ)၊Hay fever စတဲ့ရောဂါတွေပါ ဖြစ်နိုင်ခြေများလို့ပါ။

နို့ပွေးဖြစ်ရတဲ့အကြောင်းရင်းကိုတော့ အခုထိသေချာတိကျစွာမသိသေးပါ။

သို့သော်လေ့လာခဲ့တဲ့သုတေသနတွေအရေတာ႔

မျိုးရိုးဗီဇနဲ့ဆိုင်နိုင်ခြေများတယ်လို့သိရပါတယ်။ဆိုလိုတာက ကလေးရဲ့အဖေ

သို့မဟုတ် အမေမှာ ငယ်ငယ်တုန်းက နို့ပွေးဖြစ်ဖူးရင်

သူတို့ကနေမွေးလာတဲ့ကလေးမှာလည်း

နို့ပွေးဖြစ်နိုင်ခြေများပါတယ်။မျိုးရိုးလိုက်တဲ့သဘောပေါ့။

အရေပြားမှာအကြောင်းတခုခုကြောင့်အဆီဆဲလ်(Fatty cells)တွေနည်းလာကာ

ရေဓါတ်ဆုံးရှုံးပြီး အရေပြားခြောက်သွေ့တဲ့အခါမှာလည်း နို့ပွေး

ဖြစ်နိုင်ပါတယ်။

နို့ပွေးဖြစ်တဲ့အခါ ကလေးငယ်ကို ရေချိုးပြီးကာစအချိန်တွင် ရေဓာတ်ပါသော

လိုးရှင်းများ၊ အနံ့မပါသော cream ၊ အဆီများလိမ်းပေးခြင်းဖြင့်

နို့ပွေးကိုသက်သာစေနိုင်ပါတယ်။

၂။Cradle cap

တိကျတဲ့မြန်မာအခေါ်အဝေါ်တော့မရှိပါ။အေရျပားကေန

အဆီဓါတ်တွေလိုတာထက်ပိုထုတ်တာကြောင့် ကွာကျရမယ့်အရေပြားဆဲလ်တွေဟာ

ပုံမှန်အတိုင်းမကွာကျနိုင်တော့ဘဲ ထိုအဆီတွေနဲ့ကပ်နေကာ

အဝါဖတ်ထူထူကြီးတွေဖြစ်နေခြင်းဖြစ်ပါတယ်။

ဆေးပညာအရတော့ Seborrhoeic dermatitis လို့လည်းခေါ်ပါတယ်။

မွေးကင်းစကနေ အသက်၃လကလေးတွေမှာအဖြစ်များပြီး

ခေါင်းမှာအဖြစ်များတတ်ပါတယ်။

သို့ပေမယ့် နဖူး၊ပါး စတဲ့မျက်နှာနေရာတွေမှာလည်းဖြစ်တတ်ပြီး

ဖြစ်တဲ့နေရာမှာ အဝါရောင်ချွဲကျိကျိအဖတ်တွေရှိနေတာအပြင် နီရဲ

ရောင်ရမ်းနေတာမျိုးလည်းရှိတတ်ပါတယ်။

အရပ်ထဲမှာတော့ တချို့တွေက ဂျွတ်တက်တယ်လို့လည်းပြောတတ်ကြပါတယ်။

အများအားဖြင့်တော့အချိန်တခုကြာတဲ့အခါသူ့သာသာသူပျောက်သွားတတ်ပါတယ်။ဖြစ်တဲ့အချိန်မှာသက်သာအောင်

ဟင်းသီးဟင်းရွက်ဆီတမျိုးလိမ်းပေးနိုင်ပါတယ်။

သို့ပေမယ့် သံလွင်ဆီလိမ်းခြင်းကိုတော့ရှောင်ရပါမယ်။

၃။Baby milia

Baby milia ဆိုတာကတော့ သေးငယ်ပြီး အဖြူရောင် သို့မဟုတ် အဝါရောင်ရှိတဲ့

အဖုသေးလေးတွေဖြစ်ပါတယ်။

အရေပြားဂလင်းတွေက ထွက်တဲ့အဆီဓါတ် နဲ့ ကရာတင်(Keratin)တွေဟာ

အကြောင်းကြောင်းကြောင့် အရေပြားအောက်မှာ ပိတ်မိတဲ့အခါမှာ

ခုလိုမျိုးအဖုလေးတွေဖြစ်တတ်ပါတယ်။

ဆေးပညာအရတော့ Epstein pearls

လို့ခေါ်ပါတယ်။ပါးနှစ်ဘက်ပေါ်မှာအြဖစ်များလေ့ရှိတတ်ပါတယ်။

အများအားဖြင့်တော့ ဘာကုသမှုမှမလိုဘဲ လပိုင်းလောက်အကြာမှာပျောက်သွားတတ်ပါတယ်။

Baby milia ဖြစ်တဲ့အခါ အဆီဓါတ်ပါတဲ့ခရင်တွေလိမ်းခြင်းဟာ ပိုဆိုးစေနိုင်ပါတယ်။

၄။Miliaria

မိတ်ထွက်ခြင်းကိုခေါ်တာပါ။

ပူအိုက်တဲ့နွေရာသီမှာဆိုရင် မိတ်ထွက်ခြင်းဟာ ပိုပြီးအဖြစ်များတတ်ပါတယ်။

ကလေး၊လူကြီး ကျားမမရွေးမိတ်ထွက်ခြင်းကိုခံစားရနိုင်ပါတယ်။

မိတ်ထွက်တာကို ဆေးပညာအရ Miliaria သို့မဟုတ် Heat rash သို့မဟုတ် Prickly

heat လို့ခေါ်ပါတယ်။

မိတ်ထွက်တယ်ဆိုတာဟာ အရေပြားပေါ်မှာ အဖြူရောင်အရည်ကြည်ဖုလေးများ သို့မဟုတ်

အနီရောင်အဖုလေးများ အနီရောင်ဗြင်ကွက်များ ပေါ်လာတာဖြစ်ပါတယ်။

ချိုင်းကြား၊ပေါင်ကြား၊ကျောကုန်း၊ရင်ဘတ်၊လည်ပင်း၊မျက်နှာ နေရာတွေမှာ

အဖြစ်များလေ့ရှိပါတယ်။

အရပ်ခေါ်အနေနဲ့ အဖြူရောင်အရည်ကြည်ဖုလေးတွေကို မိတ်သေးလို့ ခေါ်လေ့ရှိပြီး

အနီရောင်အဖု အနီရောင်ဗြင်ကွက်တွေကိုတော့ မိတ်ကြီးလို့ခေါ်လေ့ရှိပါတယ်။

မိတ်သေးထွက်တဲ့အခါ ယားတာ၊နာတာမရှိတတ်ပေမယ့် မိတ်ကြီးထွက်တဲ့အခါ

ယားတာ၊ဆစ်ခနဲ ဆစ်ခနဲ နာသလိုဖြစ်တာ (မိတ်ကိုက်တာ)၊စပ်တာ တွေပါ

ခံစားရတတ်ပါတယ်။

မိတ်ထွက်ရတာဟာ အရေပြားမှာရှိတဲ့ ချွေးဂလင်းအပေါက်လေးတွေ ပိတ်ဆို့လို့ပါ။

ဘာဖြစ်လို့ ပိတ်ဆို့ရလဲဆိုတဲ့အကြောင်းရင်းကိုေတာ့ ရှင်းရှင်းလင်းလင်းမသိရသေးပါ။

မိတ်ထွက်တဲ့အခါ ခံစားရတဲ့ဝေဒနာတွေ သက်သာအောင် ကလေးကို အရိပ်ရအေးမြတဲ့နေရာမှာထားပါ။

တတ်နိုင်ရင် အဲယားကွန်းအခန်းထဲမှာ ထားတာပိုကောင်းပါတယ်။

အဲယားကွန်းအပူချိန်ကို ၂၅ ဒီဂရီစင်တီဂရိတ်မှာပဲထားပါ။အဲ့ထက်တအားအေးရင်ကျ မကောင်းပါ။

အဲယားကွန်းမရှိလည်း သစ်ပင်အောက် သို့မဟုတ် လေဝင်လေထွက်ကောင်းတဲ့နေရာ

လေတိုက်တဲ့နေရာတွေမှာထားလို့ရပါတယ်။

ချွေးထွက်တဲ့အခါ သဘာဝရေအေးအေးလေးနဲ့ မကြာခဏ ရေဖတ်တိုက်ပေးပါ။(ရေခဲရေမသုံးပါနဲ႕)

ယားယံတာ၊မိတ်ကိုက်တာ သက်သာအောင် Caladyl lotion သို့မဟုတ် Calamine

lotion လိမ်းနိုင်ပါတယ်။အဲ့ဒါတွေဝယ်ရခက်ပါက

ခရေပန်းခြောက်နဲ့သနပ်ခါးရောပြီးသွေးကာ လိမ်းနိုင်ပါတယ်။

တအားယားပါက Cetrine သို့မဟုတ် Burmeton ညတပြားသောက်နိုင်ပါတယ။်

ပွတဲ့ချည်သား အဝတ်အစားတွေကိုဝတ်ဆင်ပေးပါ။

၅။Baby acne

မွေးကင်းစကလေးတွေမှာဖြစ်တတ်တဲ့ဝက်ခြံကိုခေါ်တာပါ။

မွေးကင်းစကလေးတွေနရဲ့ ငါးပုံတပုံလောက်ဟာ ဝက်ခြံပေါက်တတ်တယ်လို့

လေ့လာမှုတွေအရသိရပါတယ်။

ဖြစ်ရတဲ့အကြောင်းရင်းကိုတော့သေချာမသိပေမယ့် မိခင်ဆီက

ဟော်မုန်းကြောင့်ဖြစ်နိုင်ခြေရှိတယ်လို့ သုတေသနပညာရှင်တွေကပြောထားပါတယ်။

အများအားဖြင့် မွေးစနှစ်ပတ်ကနေ လေးလအရွယ်လေးတွေမှာ အဖြစ်များလေ့ရှိတတ်ပါတယ်။

အဖြူရောင် သို့မဟုတ် အနီရောင်အလုံးသေးလေးတွေ ဖြစ်တတ်ပြီး မျက်နှာနေရာမှာ

ဖြစ်လေ့ရှိပါတယ်။

သို့ပေမယ့် လည်ပင်း၊ရင်ဘတ်၊နောက်ကျောအပေါ်ဘက်ေတွမှာလည်းဖြစ်နိုင်ပါတယ်။

ဝက်ခြံဖြစ်တဲ့အခါ ဖြစ်တဲ့နေရာကို ရေကြက်သီးနွေးလေးနဲ့ပဲသန့်စင်ပေးပီး

အဝတ်သန့်နဲ့ဖွဖွခြောက်အောင်သုတ်ပေးပါ။

အဆီတွေ၊ခရင်တွေ လိမ်းခြင်းဟာ ဝက်ခြံကိုပိုဆိုးစေနိုင်တဲ့အတွက် ရှောင်သင့်ပါတယ်။

၆။Slapped cheek syndrome

Slapped cheek syndrome ဆိုတာကတော့ B19 parvovirus ဆိုတဲ့

ဗိုင်းရပ်စ်ပိုးဝင်ပြီးဖြစ်တဲ့အြေခအနေကိုခေါ်တာပါ။

ဆေးပညာအရ Erythema infectiosum လို့လည်းခေါ်ပါတယ်။

အဲ့တာဖြစ်တဲ့အခါ ပါးတဖက် သို့မဟုတ် နှစ်ဖက်လုံးမှာ

အနီကွက်ပေါ်တာ၊ရင်ဘတ်၊လက်ခြေထောက်ေတွမှာအနီကွက်ပေါ်တာတွေဖြစ်နိုင်ပါတယ်။

ပါးပေါ်ကအနီကွက်က ရက်အနည်းငယ်အတွင်းပျောက်သွားတတ်ပေမယ့်

တခြားနေရာတွေမှာပေါ်တဲ့အနီကွက်တွေကတော့ ၇ရက်ကနေ ၁၀ရက်အထိကြာတတ်ပါတယ်။

အနီကွက်ထွက်တာနဲ့အတူ

ယားတာ၊ဖျားတာ၊ခေါင်းကိုက်တာ၊နှာစေးတာ၊လည်ချောင်းနာတာတွေပါ

ခံစားရနိုင်ပါတယ်။

အများအားဖြင့်တော့ ဒီလိုဖြစ်တာတွေဟာ ပြင်းထန်လေ့မရှိဘဲ

အချိန်တခုကြာရင်သူ့ဘာသာသူသက်သာေပျာက်ကင်းသွားနိုင်ပါတယ်။

ဖျားတာအတွက်က Acetaminophen,Ibuprofen စတဲ့ဆေးတွေကို တိုက်နိုင်ပါတယ်။

ဒီခြောက်ခုကတော့ မွေးကင်းစကလေးတွေမျက်နှာမှာ အနီစက်

အနီကွက်ဖြစ်ရတဲ့အကြောင်းရင်းတွေထဲက အဖြစ်များတဲ့အကြောင်းတွေပါ။

အဆုံးသတ်အနေနဲ့ခြုံပြောရရင်တော့

မျက်နှာမှာဖြစ်တဲ့အနီစက်အနီကွက်တွေအတော်များများက

သိပ်မစိုးရိမ်ရတာများပြီး သူ့သာသာသူပြန်ပျောက်နိုင်ပါတယ်။

သို့သော် အနီစက်တွေ အနီကွက်တွေထွက်တာနဲ့အတူ

ဖျားတာ၊အရည်ကြည်ဖုတွေဖြစ်တာ၊အစားအသောက်ပျက်တာ၊နုံးတာ၊မှိန်းတာ၊ချောင်းဆိုးတာ၊ပြန်ရည်ကျိတ်တွေရောင်ရမ်းတာစသဖြင့်ဖြစ်တာ

အနီစက်အနီကွက်က မှေးမှိန်မသွားဘဲ ပိုများပြီး ပိုဆိုးလာတာတွေဖြစ်ရင်တော့

အချိန်မဆွဲဘဲ ဆေးခန်းပြသဖို့လိုပါတယ်။

Dr 528


#အနီစက်
#အရေပြား
#အနီ
#ကွက်
#မွေးကင်းစ

Some text some message..