ရာသီခွင်လက္ခဏာနှစ်ခုအကြားမှာ မွေးဖွားလာသူတွေရဲ့အကြောင်း
lifestylemyanmar.com
|
2022-01-26

Zodiac cusp signs ဆိုတဲ့နက္ခတ်ဗေဒင်အခေါ်အဝေါ်ကို ကြားဖူးပါသလား? ဒါက ရာသီခွင်တစ်ခုမှတစ်ခုကို ပြောင်းတဲ့ ကြားပိုင်းကာလ (စပ်ကူးမပ်ကူးကာလ)မှာ မွေးဖွားလာတဲ့သူတွေကို ပြောတာပါ။ နက္ခတ်ဗေဒင်ပညာဆိုတာ wise art တစ်ခုဖြစ်ပြီး မေးခွန်းပေါင်းများစွာကို ဖြေနိုင်ပါတယ်။ ဒါပေမယ့် သင်ဟာ စပ်ကူးမပ်ကူးကာလမှာ မွေးဖွားလာတယ်ဆိုရင် ဘယ်ရာသီခွင်ရဲ့ခန့်မှန်းချက်ကို ဖတ်ရမလဲဆိုတဲ့ မေးခွန်းတွေ ရှိလာပါပြီ၊ ဥပမာ- ဒီဇင်ဘာ ၂၁ရက်မှာ မွေးဖွားရင် သင်က ဓနုရာသီဖွားလား? မကရရာသီဖွားလား?

အကယ်၍ သင်ဟာ စပ်ကူးမပ်ကူးကာလ (Cusp) မှာမွေးဖွားသူဖြစ်ပါက သင့်ရဲ့စွမ်းအင်ဟာ ရောနှောနေပြီး ရာသီခွင်လက္ခဏာနှစ်ခုလုံး ရောနှောနေတတ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့မှော်လက်ဆောင်တွေအကြောင်း ဖတ်တဲ့အခါ ရာသီခွင်လက္ခဏာနှစ်ခုလုံးကို အမြဲဖတ်ပါ။

၁။ Aries- Taurus (ဧပြီ ၁၈ မှ ဧပြီ ၂၂)

၂။ Taurus-Gemini (မေ ၁၈ မှ မေ ၂၂)၊

၃။ Gemini-Cancer (ဇွန် ၁၇ မှ ဇွန်လ ၂၃ ရက်)

၄။ Cancer-Leo (ဇူလိုင် ၁၉ မှ ဇူလိုင် ၂၄)

၅။ Leo-Virgo (သြဂုတ် ၂၀ မှ သြဂုတ် ၂၄)

၆။ Virgo-Libra (စက်တင်ဘာ ၁၉ မှ စက်တင်ဘာ ၂၅)

၇။ Libra-Scorpio (အောက်တိုဘာ ၂၁ မှ အောက်တိုဘာ ၂၄)

၈။ Scorpio-Sagittarius (နိုဝင်ဘာ ၂၀ မှ နိုဝင်ဘာ ၂၃)

၉။ Sagittarius-Capricorn (ဒီဇင်ဘာ ၁၉ မှ ဒီဇင်ဘာ ၂၅)

၁၀။ Capricorn-Aquarius (ဇန်နဝါရီ ၁၈ မှ ၂၁)

၁၁။ Aquarius-Pisces (ဖေဖော်ဝါရီ ၁၇ မှ ၂၀ ရက်)

၁၂။ Pisces-Aries (မတ်လ ၁၉ မှ မတ်လ ၂၅ ရက်)


၁။ ရှေ့ဖြစ်ဟောတွေရဲ့ Cusp

Pisces – Aries (မတ်လ ၁၉ မှ မတ်လ ၂၅ အတွင်းမွေးဖွားသူများ)

ဒီကာလမှာ မွေးဖွားလာသူတွေဟာ သူတို့အနေနဲ့ ကိုယ်တိုင် သတိထားမိမလား၊ သိနေမလားတော့ မပြောတတ်ပါဘူး၊ သူတို့ခေါင်းထဲမှာ ရှိနေတဲ့အရာမှန်သမျှကို တကယ့်လက်တွေ့မှာ အကောင်အထည် ဖော်နိုင်ပါတယ်။ သူတို့မှာ ရှေ့ဖြစ်ဟောနိုင်စွမ်းတွေ ရှိကြပါတယ်။ သူတို့ရဲ့ အလိုလိုသိစိတ်က အားကောင်းပြီး အနာဂတ်ကို မြင်နိုင်ရုံသာမက သူတို့ရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ပါတယ်၊ ဒါမှမဟုတ် သူတို့မျှော်လင့်ချက်တွေ မပျောက်သရွေ့ တခြားသူတွေရဲ့ အိမ်မက်တွေကိုပါ တကယ်ဖြစ်လာအောင် လုပ်နိုင်စွမ်းရှိပါတယ်။

၂။ ဟီးရိုးတွေရဲ့ Cusp

Aries – Taurus (ဧပြီ ၁၈ မှ ဧပြီလ ၂၂ ရက်)

မီးရဲ့စွမ်းအင်က မြေကြီးရဲ့ မှော်ဆန်မှုနဲ့ ရောယှက်ကာ ရလဒ်တွေက ကြီးကျယ်ခမ်းနားတဲ့ မီးတောင်နဲ့ တူပါတယ်။ ဒီရက်တွေမှာ မွေးဖွားသူတွေဟာ တာဝန်ခံရတာကို နှစ်သက်ကြပါတယ်။ အရာအားလုံးကို ထိန်းချုပ်ထားနိုင်ပေမယ့် အများစုကတော့ သူတို့ရဲ့ ဘဝပါပဲ။ စောင့်ကြည့်မှုမရှိဘဲ သူတို့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုခုရှိဖို့တောင် မစဉ်းစားနိုင်ကြပါဘူး။ သူတို့က အရမ်းခေါင်းမာကြပေမယ့် ရဲရင့်ပြီး သတ္တိရှိကြပါတယ်။ သူတို့ရဲ့နှလုံးသားက သူတို့ရဲ့သံလိုက်အိမ်မြှောင် ဖြစ်ကြပါတယ်။ အခြားသူတွေကိုလည်း နားထောင်ပေးတတ်ကြပြီး သူတို့ဟာ ခေါင်းဆောင်ကောင်းတွေ ဖြစ်လာနိုင်ပါတယ်။

၃။ ဉာဏ်ထက်မြက်သူတွေရဲ့ Cusp

Taurus – Gemini (မေ ၁၈ မှ မေ ၂၂) ကြားမွေးဖွားသူများ

Taurus ဟာ ဆင်ခြင်တုံတရားအရှိဆုံး လက္ခဏာတွေထဲမှ တစ်ခုဖြစ်ပြီး ဒီစွမ်းအင်ကို တောက်ပတဲ့ Gemini(မေထုန်) နဲ့ပေါင်းစပ်လိုက်တဲ့အခါ ရလဒ်တွေက အံ့သြဖွယ်ကောင်းလာပါတယ်။ ဒီကာလမှာ မွေးဖွားသူတွေဟာ မှတ်ဉာဏ်တအားကောင်းကြပြီး ဉာဏ်ရည်ဉာဏ်သွေး ထူးချွန်ပါတယ်။ ဒါ့ကြောင့် သူတို့ဟာ သိပ္ပံပညာရှင်ကြီးတွေ ဖြစ်လေ့ရှိပါတယ်။ သို့သော် သူတို့ရဲ့ နှလုံးသားထဲက ဖြစ်ချင်တာတွေ၊ အလိုရှိတာတွေကို နားထောင်ဖို့လည်း လိုပါတယ်။

၄။ ဉာဏ်အလင်းရသူတွေရဲ့ Cusp

မေထုန်ရာသီဖွား – ကရကဋ် (ဇွန် ၁၇ မှ ဇွန်လ ၂၃ ရက်ကြား မွေးဖွားသူများ)

ဒီရက်တွေမှာ မွေးဖွားသူဆိုရင် သတိရပါ။ သင်ဟာ (နွေယဉ်စွန်းချိန်) နေ့ညအချိန်ညီသောကာလအတွင်း မွေေးဖွားတာပါ။ နွေယဉ်စွန်းချိန်ရဲ့ စွမ်းအားတွေက အရမ်းကြီးမားပါတယ်။ မေထုန်ရဲ့ အသိပညာနဲ့ ကရကဋ်တွေရဲ့ ထွန်းလင်းတောက်ပမှုကို ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ရလဒ်တွေက ထူးထူးခြားခြား ဖြစ်လာပါတယ်။

ဒီကာလမှာ မွေးဖွားသူတွေဟာ အနုပညာကို တကယ်ချစ်မြတ်နိုးတဲ့ ပါရမီရှင်တွေပါ။ သူတို့ကိုယ်သူတို့ နည်းမျိုးစုံနဲ့ ကျော်ကြားလာစေဖို့ သူတို့ရဲ့ စွမ်းအားတွေကို အသုံးချနိုင်ကြပါတယ်။

၅။ ရေသူမ/ရေသူထီးတွေရဲ့Cusp

Cancer – Leo (ဇူလိုင် ၁၉ မှ ဇူလိုင် ၂၄ရက်ကြား မွေးဖွားသူများ)

ကရကဋ်ရဲ့ စိတ်ခံစားမှု ဒီရေက သိဟ်ရဲ့ တောက်ပတဲ့နေရောင်နဲ့ တွေ့ဆုံတဲ့အခါ ဘာတွေ ဖြစ်သွားသလဲ? မှော်ဆန်တာတွေ ဖြစ်လာမယ် ထင်ပါတယ်။ ဒီလွှမ်းမိုးမှုအောက်မှာ မွေးဖွားလာသူတွေဟာ သူတို့ကို ကြည်မိသမျှ ဘယ်သူကိုမဆို၊ ဘယ်အရာကိုမဆို ညှို့ယူဆွဲဆောင်နိုင်တဲ့ ထူးခြားသော စွမ်းရည်တွေရှိကြပါတယ်။ Mermen နဲ့ Mermaids တွေလိုပဲ ဆွဲဆောင်မှု ရှိကြပေမယ့် အရမ်းထိလွယ်ရှလွယ်တဲ့သဘောလည်း ရှိကြပါသေးတယ်။

ကံမကောင်းစွာနဲ့ပဲ သူတို့ရဲ့ မှော်ဆန်တဲ့ စွမ်းအားကို အစောပိုင်းကလေးဘဝမှာ သိသိချင်း ပိတ်ပင်ထားလေ့ရှိပါတယ်။ သူတို့ကိုယ်သူတို့ အမှားတွေ မကျူးလွန်မိအောင် တားဆီးဖို့ကြိုးစားရင်း သူတို့ရဲ့ စွမ်းအားတွေကို ချုပ်နှောင်ထားကြပါတယ်။ သင်အခုသိပြီဆိုတော့ သင့်ရဲ့ မှော်ဆန်မှုကို ဖုံးကွယ်ထားတဲ့ တံခါးကို သော့ဖွင့်ပြီး လင်းလက်တောက်ပနေလိုက်ပါ။

၆။ တီထွင်သူတွေရဲ့Cusp

Leo – Virgo (သြဂုတ် 20 မှ သြဂုတ် 24 ရက်ကြားမွေးဖွားသူများ)

Leo မှာရှိတဲ့ နေရဲ့လှုံ့ဆော်မှုနဲ့ အတောက်ပဆုံးစွမ်းအင်က Vigo ရဲ့လွန်ကဲသော စွမ်းရည်တွေနဲ့ တွေ့ဆုံပါတယ်။ တီထွင်သူတွေကို မွေးဖွားတဲ့ နေ့တွေပါ။ ကျွန်တော်တို့က သိပ္ပံတီထွင်မှုအကြောင်းတစ်ခုတည်းကို ပြောနေတာမဟုတ်ပါဘူး။ သူတို့မှာ ကျွန်တော်တို့ရဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲသွားနိုင်တဲ့ အတွေးအခေါ်မျိုးရှိကြပါတယ်။ အချစ်က သူတို့ကို ခွန်အားပေးပါတယ်။

သူတို့မှာ ပြဿနာတွေကို ဖြေရှင်းနည်း အမြဲတမ်းရှိနေကြတာကြောင့် သူတို့ရဲ့အလုပ်ရှင်တွေကတောင် နည်းနည်းမနာလိုဖြစ်ရတဲ့အထိပါပဲ။ သူတို့မှာ နေ့စဉ်လက်တွေ့ဘဝကနေ ရရှိတဲ့ အသိဉာဏ်ရှိကြတာကြောင့် ခေါင်းဆောင်ကောင်းတွေလည်း ဖြစ်စေပါတယ်။ သတိထားရမယ့် တစ်ချက်က အခြားသူတွေနဲ့ ကိုယ့်ကိုယ်ကို အရမ်းကြီး ဝေဖန်အကဲဖြတ်တာမျိုး မလုပ်မိဖို့ပဲ ဖြစ်ပါတယ်။

၇။ နတ်သူငယ်တွေရဲ့ Cusp

Virgo – Libra (စက်တင်ဘာ ၁၉ မှ စက်တင်ဘာ ၂၅ အတွင်းမွေးဖွားသူများ)

perfectionism ရဲ့ စွမ်းအင်နှစ်ခု ဆုံတွေ့တဲ့အခါ သူတို့ဘာပြောမလဲ? Elves လေးတွေ ဖြစ်လာကြပါတယ်။ ဒီမှော်ဆန်တဲ့၊ ဉာဏ်ရည်ထက်မြတ်တဲ့၊ လှပတဲ့ သတ္တဝါတွေဟာ ဒီစပ်ကူးမပ်ကူးကာလကို ကိုယ်စားပြုပါတယ်။ ဒီကာလဟာ လုံးဝဟန်ချက်ညီတဲ့ Autumnal equinox ရဲ့ အချိန်ဖြစ်တာကြောင့် သာမန် စပ်ကူးမပ်ကူးကာလ မဟုတ်ပါဘူး။ ။ Autumnal equinox ဆိုတာက နေ့တာနဲ့ညတာ တူညီတဲ့ကာလကို ပြောတာပါ။ ဒီနေ့မှာ မှော်ဆန်မှုနဲ့ အလှအပက လွှမ်းမိုးနေပါတယ်။

ဒီလွှမ်းမိုးမှုအောက်မှာ မွေးဖွားလာသူတွေဟာ စေ့စပ်သေချာသူတွေဖြစ်ကြပါတယ်။ အလှအပနဲ့ ငြိမ်းချမ်းမှုအတွက် သူတို့ကိုယ်သူတို့နှင့် သူတို့ချစ်ရတဲ့ကို စိတ်အလိုလိုက်ရတာကို ကြိုက်ပါတယ်။ ဒီလူတွေဟာ သူတို့ရဲ့ စိတ်ခံစားမှုကို ဟန်ချက်ညီအောင် ထားနေသမျှ ကာလပတ်လုံး သူတို့လိုချင်တာမှန်သမျှကို ဆွဲဆောင်နိုင်ပါတယ်။

၈။ ရှာဖွေသူတွေရဲ့Cusp

Libra – Scorpio (အောက်တိုဘာ ၂၁ မှ အောက်တိုဘာ ၂၄ အတွင်းမွေးဖွားသူများ)

Libra ရဲ့ သဘာဝအရ စူးစမ်းလိုစိတ်က Scorpio ရဲ့အမှန်တရားအတွက် စိတ်အားထက်သန်မှုနဲ့ တွေ့တဲ့အခါ Seeker တစ်ယောက်အဖြစ် မွေးဖွားလာပါတယ်။ သူတို့က အမှန်တရားကို မြတ်နိုးပါတယ်။ သူတို့ရှာနေတဲ့အရာကို ရှာတွေ့ဖို့ အပြင်းအထန် ကြိုးစားတတ်ကြပါတယ်။ သူတို့ရဲ့ ပန်းတိုင်ကို ရောက်မယ့်နည်းလမ်းကို အမြဲတမ်းလိုလို ရှာကြပါတယ်။ စိတ်သဘောထားကျဉ်းမြောင်းပြီး အလွန်အကျွံ အာရုံစိုက်တာတွေ မလုပ်သရွေ့ သူတို့ရဲ့ အလားအလာက အရမ်းကောင်းပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ ဟန်ချက်ညီဖို့ နည်းလမ်းရှာမယ်ဆိုရင် သူတို့ရဲ့ စွဲလမ်းမှုက တကယ့်ကို ဖန်တီးမှု ဖြစ်လာနိုင်ပါတယ်။

၉။ လူခေါင်းနဲ့ မြင်းကိုယ်သတ္တဝါရဲ့Cusp

Scorpio – Sagittarius (နိုဝင်ဘာ ၂၀ မှ နိုဝင်ဘာ ၂၃ ကြားမွေးဖွားသူများ)

စိတ်အားထက်သန်မှုနဲ့ ပင်ကိုယ်အသိစိတ်ရှိတဲ့ Scorpio က ပျော်ပျော်နေတတ်တဲ့ Sagittarius နဲ့တွေ့ဆုံပြီး Centaursတွေ ဖြစ်လာပါတယ်။ သူတို့က စစ်သည်တော်ကောင်းတွေဖြစ်သလို ဆရာကောင်းတွေလည်းဖြစ်ကြပါတယ်။ သူတို့က တက်ကြွအောင် လှုံ့ဆော်ပေးနိုင်သလို လူတွေကို ခြယ်လှယ်တာလည်း လုပ်နိုင်ကြပါတယ်။ သူတို့ရဲ့ ထူးခြားတဲ့ စွမ်းအားတွေက တခြားသူတွေ မဖြစ်နိုင်ဘူးလို့ ယူဆထားတဲ့ ဘယ်အလုပ်ကိုမဆို စွမ်းဆောင်နိုင်တာပါ။

လက်တွေ့ကျသော်လည်း စိတ်ခံစားချက်များကြပါတယ်။ သူတို့လိုချင်တဲ့အရာနဲ့ အမှန်တကယ်လိုအပ်တဲ့အရာတွေအကြား ဟန်ချက်ညီအောင် ထိန်းသိမ်းပေးခြင်းဖြင့် ပန်းတိုင်တွေကို အရောက်လှမ်းနိုင်ကြပါတယ်။ စစ်ပွဲတိုင်းကို အောင်နိုင်တယ်ဆိုတဲ့အချက်က တိုက်ပွဲတိုင်းမှာ အသေအပျောက်မရှိဘူးလို့ မဆိုလိုပါဘူး။

၁၀။ နိုးကြားနိုင်စွမ်းရှိသူတွေရဲ့ Cusp

Sagittarius – Capricorn (ဒီဇင်ဘာ ၁၉ မှ ဒီဇင်ဘာ ၂၅ အတွင်းမွေးဖွားသူများ)

ဒီကာလက ဆောင်းယဉ်စွန်းချိန်ဖြစ်ပါတယ်။ နေရောင်ခြည်ဘုရင်က ပြန်လည်မွေးဖွားဖို့၊ အသစ်ဖြစ်ပြီး တောက်ပလာဖို့သာ သေဆုံးတဲ့နေ့ဖြစ်ပါတယ်။ ဒီကာလမှာမွေးဖွားသူတွေဟာ သတိနိုးကြားနိုင်စွမ်းတွေ ရှိကြပါတယ်။ နေမင်းကြီးက ဒီလွှမ်းမိုးမှုအောက်မှာ မွေးဖွားလာသူတွေကို ထူးခြားတဲ့ အသိဉာဏ်စွမ်းရည်ကို ပေးထားပါတယ်။ ဒီလူတွေဟာ ခေတ်သစ်ရဲ့ ပရောဖက်တွေဖြစ်ပါတယ်။ အရာရာကို ပြောင်းလဲပေးနိုင်သူတွေပါ။

လက်တွေ့ဆန်ပြီး အမြော်အမြင်ရှိခြင်းကြောင့် တခြားသူတွေ မမြင်နိုင်တဲ့အရာတွေကို မြင်နိုင်ပြီး သူတို့ရဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ သတ္တိရှိကြပါတယ်။ အကြိမ်ပေါင်းဘယ်လောက်ပဲ ရှုံးနိမ့်ပါစေ၊ ဘယ်တော့မှ အရှုံးမပေးတတ်ကြပါဘူး။ သူတို့ ယုံကြည်ကြပါတယ်။

၁၁။ ခေါင်းဆောင်တွေရဲ့ Cusp

Capricorn – Aquarius (ဇန်နဝါရီ ၁၈ မှ ဇန်နဝါရီ ၂၁ ရက်အတွင်း မွေးဖွားသူများ)

ဒီကာလမှာ မွေးဖွားသူတွေဟာ နည်းလမ်းတစ်ခုပဲ ရှိတယ်ဆိုတာကို သိကြပါတယ်။ စိတ်ဓါတ်ခိုင်မာပြီး ရဲရင့်တဲ့အပြင် အများနဲ့မတူ တမူထူးခြားသူတွေ ဖြစ်ကြပါတယ်။ တကယ်လို့ သင်ဟာ ဒီလွှမ်းမိုးမှုအောက်မှာ မွေးဖွားလာပါက ကျွန်တော်ပြောနေတာကို ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။ motive ပေးချင်တဲ့ ဘယ်အဖြေကိုမဆို သင်ရှာဖွေနိုင်ပါတယ်။

အလွန့်အလွန် ထက်မြက်ပြီး တိကျပြတ်သားကြပါတယ်။ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်မယ့် အရာတွေကို ရှာဖို့သာ သူတို့ကိုယ်တိုင်အပါအဝင် လူတိုင်းရဲ့ ကန့်သတ်ချက်တွေကို တွန်းအားပေးနိုင်ပါတယ်။ သူတို့အတွက် ရွေးချယ်စရာတစ်ခုသာ ရှိပါတယ်။ အနိုင်ရခြင်းပါ။ သူတို့က ခေါင်းမာလေ့ရှိပြီး သူတို့ယုံကြည်ရာကို အရမ်းသစ္စာရှိကြပါတယ်။ ဒီခေါင်းမာမှုက သူတို့ကို မခံမရပ်နိုင်ဖြစ်စေပါတယ်။

၁၂။ နတ်သမီးတွေရဲ့ Cusp

Aquarius-Pisces (ဖေဖော်ဝါရီ ၁၇ မှ ဖေဖော်ဝါရီ ၂၀ အတွင်းမွေးဖွားသူများ)

ဉာဏ်ပညာထက်မြက်တဲ့ Aquarius တွေနဲ့ စာနာသနားတတ်တဲ့ Pisces တို့ပေါင်းစပ်လိုက်တဲ့အခါ နက်သမီးလေးတွေ မွေးလာပါတယ်။ သူတို့က ကျွန်တော်တို့ထက် တခြားကမ္ဘာတစ်ခုနဲ့ သက်ဆိုင်ပုံရပေမယ့် သူတို့ဟာ စိတ်ကူးကြည့်ဖို့ မဖြစ်နိုင်တဲ့ စွမ်းအားတွေ၊ စည်းစိမ်ဥစ္စာတွေနဲ့ ဆွဲငင်ကာ ရောနှောနိုင်ပါတယ်။ အဓိကသော့ချက်က သူတို့ရဲ့ မလုံခြုံမှုတွေကို အပြုသဘောဆောင်တဲ့ နည်းလမ်းဖြင့် ဖော်ပြဖို့ နည်းလမ်းရှာတာ ဖြစ်ပါတယ်။ ဒီလိုလုပ်နိုင်ရင် သူတို့ကို ဘယ်အရာမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး။

Lifestyle_Myanmar

LM_Nandar

Source-themindsjournal.c


#ရာသီခွင်
#Virgo
#ခေါင်းဆောင်
#ဒီဇင်ဘာ
#အရာ

Some text some message..