ဗြဟ္မဏပုဏ္ဍား နက္ခတ္တဗေဒပညာရှင်၊ ဗေဒင်နှင့် လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ ရက်သားသမီး တစ်ပတ်စာ ဗေဒင်ဟောစာတမ်းကို ( ၂၉-၁၂-၂၀၁၉ ) မှ ( ၄-၁-၂၀၂၀) အထိ ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေသားသမီးများ
တနင်္ဂနွေသားသမီးများ အခွင့်လမ်းသစ်များကို မှန်ကန်စွာအသုံးချခြင်းဖြင့်အောင်မြင်မှုကြုံရမည်။ မိမိအိမ်တွင်းရှိ အသက်ရွယ်ကြီးမြင့်သူအား ပြုစုစောင့်ရှောက်နေရလိမ့်မည်။
အိမ်ဆောက်အိမ်ပြင် မြေဝယ် ပြုလုပ်ရတတ်သလို့ အလှူပေးရခြင်းနှင့် ရည်ရွယ်ထားသော အလှူများ ပေးရလိမ့်မည်။ အိမ်တွင်း မြွေဝင်လာလျှင် မသတ်ပါနှင့် ချောက်လွတ် မောင်းထုတ်ပါ။ ငွေအထုပ်အထည်နဲ့ ဝင်လိမ့်မည်။ ပညာရေးပိုင်းကတော့ ပုံမှန်ပဲ ရှိနေပါတယ်။
ကုမ္ပဏီလုပ်ငန်းရှင်များနှင့် ဘဏ်လုပ်ငန်း၊ စိုက်ပျိုးရေး၊ ဆေးဝါးဖြန့်ချီခြင်း၊ ပိုမိုအကျိုးမြတ်ဖြစ်ထွန်း၍ ငွေအမြောက်အများရရှိလိမ့်မည်။ အချစ်ရေး၊ အိမ်ထောင်ရေး သာယာနေမယ့် နေ့ဖြစ်ပါတယ်။ အိမ်ထောင်ရေးကံအညံ့ဘက်မှာ ရှိနေတဲ့ကာလပါ။ ကျန်းမာရေး အထွေအထူးအညံ့ မရှိပါ။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် ဘုရားမှာ သစ္စာပန်း လှူပြီးသွားပါ။
အကျိုးပေးဂဏန်း - {၆,၂,၃}
အကျိုးပေးအရောင် - အပြာနုရောင်
ဆောင်ရန် - ထန်းလျက်ခဲ
ယတြာ - သစ္စာပန်း(၁၅)ညွန့်ပန်းနှင့် ဆီးမီး (၁၅)ခွက် ထွန်းညှိပူဇော်ပြီး လိုရာဆုတောင်းပါ။
တနင်္လာသားသမီးများ
စိတ်ကူးစိတ်သန်းကောင်းများဖြင့် ရင်းနှီးလုပ်ကိုင်လျင်အကျိုးအမြတ်များစွာရမည်။
မိမိလုပ်ငန်းများ အတိုက်အခံနှင့်ကြုံရမည်ဖြစ်ပြီး တစ်ဖက်မှငွေဝင်ရင် တစ်ဖက်ကနေပြန်ကုန်
သွားတတ်သည်။ ငွေမမြဲ ငွေစုလို့မရ အထွက်များနေလိမ့်မည်။ အထူးသဖြင့် တနင်္လာနံလုပ်ငန်းနှင့် ထိုနေ့နံနာမည်တွေနှင့် ပူးပေါင်းဆောင်ရွက် စပ်တူရှယ်ယာ ပြုလုပ်ခြင်းအကျိုးဆက်မှ ခံစားရ၍ ငွေအစုအပုံလိုက် ဝင်လိမ့်မည်။ ချစ်သူမရှိသေးတဲ့သူတွေ အတွက်ကတော့ ချစ်သူသစ်ရည်းစားသစ်ရပြီး၊ အရွယ်လွန်အပျိုဟိုင်းကြီးတွေတောင် အချစ်ဆိုတာကိုရှာဖွေတွေ့ရှိသွားတတ်ပါတယ်။ အိမ်ထောင်ရေးအနည်းငယ်ညံ့မည်။ ပညာရေးကောင်း၍ ကျန်းမာရေးအနေနဲ့ ဦးခေါင်း၊ ခါး၊ ဖျားနာခြင်း အထူးဂရုစိုက်ပါ။ အိမ်နေရင်း လမ်းသွားရင်း မတော်တဆ ထိခိုက်တတ်လို့ သတိပြုပါ။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် ဘုရားမှာ မာလကာသီး ၁လုံးလှူပြီး သွားပါ။
အကျိုးပေးဂဏန်း - {၇,၈,ဝ}
အကျိုးပေးအရောင် - အနီရောင်
ဆောင်ရန် - မာလကာသီး
ယတြာ - အုန်းထမင်းဆွမ်းကပ်၍ "ဘေးရန်လွတ်ကွာဂါထာ" ရွတ်ပွားပြီး လိုရာဆုတောင်းပါ။
အဂါၤသားသမီးများ
မိမိလုပ်ငန်း တိုးချဲ့မှုများရှိပါက ရေရှည်အတွက်စဉ်းစားပြီးတော့ လုပ်ဆောင်လျှင် အဆင်ပြေချောမွေ့ ကိစ္စတိုင်းအောင်မြင်ပါလိမ့်မယ်။ စက်ပစ္စည်း ၊ ကား ၊ ဖုန်း ၊ မြေ ဝင်ကိန်း ရှိပါသည်။ လုပ်ငန်းရှင်များ ကားအသစ် ချိန်းဖြစ်တတ်ပါသည်။ လူငယ်၊ အပျိုရွယ်များ ပညာရေးများ အထစ်အငေါ့၊ ရည်ရွယ်ချက်မျ ား အကောင်အထည်မဖော်၍ စိတ်ဖိစီးမှုများနေလိမ့်မည်။ အိမ်ထောင်ရေးတွင် အထင်လွဲမှုကြောင့် ရန်ပေါ်တတ်သည်။ မိမိသားသမီးများထဲတွင် ကြာသပတေး၊ သောကြာ၊ ဗုဒ္ဓဟူးရှိနေက ပို၍ ပူပန်ရတတ်ပြီး စိုးရိမ်သောကနှင့် ငွေကုန်ကြေးကျပေါ်လာတတ်ပါသည်။ ပညာရေးအထူးကောင်မွန်ပြီး ကျန်းမာရေးကြောင့် ပညာရေးဘက်နှောင့်နှေးမှု ဖြစ်လာတတ်သည်မို့ အထူးဂရုစိုက်ပေးပါ။ ကျန်းမာရေးမှာတော့ အသည်း၊ အူအတက် နှင့် အူမကြီးဆိုင်ရာ ပြဿနာများ ကြုံနိုင်သည်။
မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် အနောက်အရပ်မျက်နှာမူကာ ပေါက်ပေါက်ဆုပ် ဖြန့်ကြဲခြင်း ဆောင်ရွက်ပြီးသွားပါ။
အကျိုးပေးဂဏန်း - {၈,၃,၉}
အကျိုးပေးအရောင် - ဗေဒါရောင်
ဆောင်ရန် - ပေါက်ပေါက်ဆုပ်
ယတြာ - အိမ်ဘုရားတွင် သံပုရာသီး၊ စတော့်ဘယ်ရီဖျော်ရည် (၁)ဘူး ကပ်လှူပါ။ အိမ်ရှိ စက်ပစ္စည်းပျက်များစွန့်ခြင်း ၊ စက်အဟောင်းများ ပေးလှူခြင်း ပြုလုပ်ပေးပါ။
ဗုဒ္ဓဟူးသားသမီးများ
ပန္နက်ရိုက်၊ ကျင်းတူး၊ ရှင်ပြု၊ လက်ထပ်မင်္ဂလာ ပြုရမယ် ။ ငွေကြေးချေးငှားခြင်း၊ မေတ္တာရေးပြောဆိုခြင်း ကောင်း၏။ အလုပ်ရာထူးတက်ရန် ရှိသူများ ရာထူးတက်မည် (သို့) နေရာကောင်း ဌာနကောင်းသို့ ပြောင်းရွှေ့ခံရတတ်သည်။ အားကစားပစ္စည်းရောင်းဝယ်ခြင်း၊ ကုမ္ပဏီလုပ်ငန်း၊ အနုပညာသရုပ်ဆောင်လုပ်ငန်း အောင်မြင်ခြင်းနှင့် အကျိူ းခံစားခွင့်ရမည်။
ထီးထိုးပါ၊၊ ခွဲစိတ်ကုသမှုခံယူခြင်းကောင်း၏။ ခရီးထွက်မည် ထွက်မည်ဆိုပြီး ခရီးရက်ရွှေ့ရခြင်း ၊ ကြံ့ကြာခြင်းများ ကြုံရတတ်ပါသည်။ အချစ်ရေးတွင်စန်းပွင့်မည်။ အပြန်အလှန် နားလည်မှုတို့ကြောင့် စိတ်ချမ်းမြေ့ရမည်။ မိသားစုအိမ်ထောင်ရေးရာတွင် ကြည်နူးဖွယ်ကြုံရမည်။ ကျန်းမာရေးအနေနဲ့ ဦးခေါင်းရောဂါ ၊ မီးယပ်ရောဂါသတိပြုရပါမယ်။
မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် ဘုရားမှာ အုန်းယို၊ဇီးယို ဘုရားပူဇော်ပြီး သွားပါ။
အကျိုးပေးဂဏန်း - {၅,၄,ဝ}
အကျိုးပေးအရောင် - အနက်ရောင်
ဆောင်ရန် - အုန်းယို၊ဇီးယို
ယတြာ - မုန့်ကလားမဲ ဘိန်းမုန့်ဆွမ်း ဘုရားကပ်လှူ "လိုတရဂါထာ" ရွတ်ပွားပြီး လိုရာဆုတောင်းပါ။
ကြာသပတေးသားသမီးများ
လုပ်ငန်းခွင် စာမေးပွဲဖြေဆိုရာတွင် အခွင့်အလမ်းများ ရရှိလိမ့်မည်။ လုပ်ငန်းသစ်များပေါ်ခြင်း၊ လုပ်ငန်းနှင့်ပတ်သက်ပြီး နာမည်ကောင်းရခြင်း၊ နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ခြင်းများ လုပ်ရတတ်သည်။ အခက်အခဲအားလုံးကျော်လွှားနိုင်၍ ကောင်းကျိုးသုခများ ရရှိလိမ့်မည်။
ဘုရားတည်၊ ထီးတင်၊ ရှင်ပြု၊ နားသ၊အလှူ တန်းပေးရ၍ ဆေးခန်းဖွင့် အိမ်ပြောင်း
ကောင်းပြီး အနုပညာ ဂီတ သရုပ်ဆောင်လုပ်ငန်း အကျိုးပေးမည်။ အချစ်ရေးကောင်းနေ၍ စတင်စကားပြောခြင်းကောင်းနေပါတယ်။ သို့ရာတွင် မိသားစုထဲရှိ အမျိုးသမီးတစ်ဦးကြောင့် စိတ်ညစ်ရမည်။ အဆိုပါ အမျိုးသမီးကြောင့် အချစ်ရေးမှာ အနှောင့်ယှက်ဖြစ်တတ်လို့ သတိပြုပါ။ အိမ်ထောင်ရေး သာယာ၍ ဘုရားဖူး နယ်ရပ်ဝေး သွားရမည်။ ကျန်းမာရေး အနေဖြင့် ကိုယ်တွင်း ရောဂါဝေဒနာ ဖြစ်ပွားတတ်သည်။ ခွဲစိပ်ကုသမှုခံယူခြင်း ကောင်း၏။
မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် ရှောက်ယို၊ မြေပဲယို ဘုရားပူဇော်ပြီး သွားပါ။
အကျိုးပေးဂဏန်း - {၁,၃,၇}
အကျိုးပေးအရောင် - ရွှေအိုးရောင်
ဆောင်ရန် - ရှောက်ယို၊ မြေပဲယို
ယတြာ - မိမိနေနံထောင့် ဘုရားမှာ ဖယောင်တိုင်၊ အမွှေးတိုင် ၁၅တိုင်နှင့် ရေသက်စေ့ ရှောက်ယို၊ မြေပဲယို ကပ်လှူ လိုရာဆုတောင်းပါ။
သောကြာသားသမီးများ
ဆံရိတ်၊ ဆံသ၊ အလှပြင်၊ ရတနာသစ်ဝတ်ဆင်ခြင်းလုပ်ငန်းများ အကျိုးပေးသည်။
ကုမ္ပဏီထူထောင်ခြင်း၊ အာမခံခြင်း၊ ဧည့်ခံပွဲဖွင့်လှစ်ခြင်းကောင်း၏။
ရေကြောင်း၊ လေကြောင်း၊ ခရီးသွားလာခြင်းကောင်း၏။ ပညာကံဇာတာကောင်းထား၍ သင်တန်းတက်ရခြင်း ၊ ဆရာသမားလို ပုဂ္ဂိုလ်များ၏ ကူညီစောင့်ရှောက်ခြင်း ခံရတတ်ပါသည်။ ဗုဒ္ဓဟူး ၊ စနေသားသမီး လူမျိုးခြားတစ်ဦးကြောင့် စိတ်အနှောက်အယှက်များ ကြုံရတတ်ပါသည်။ အိမ်ထောင်ရေးညံ့၏။ အိမ်ထောင်ဖက် ယာယီစိတ်ဆိုးဆင်းသွားတတ်သည်။ ကွဲကိန်းမရှိပါ။ သို့သော် ဘေးသွေးတိုးစကားကြောင့်နှင့် စိတ်နာအောင်ပြုခြင်းများတော့ ရှောင်ကြဉ်ပေးပါ။ ပျို ရွယ်သူများ အချစ်ရေးစိတ်ကြောင့် မိဘနဲ့ဆန်ကျင်ဘက် ပြုလုပ်ပြီး ပြဿနာများ ရင်ဆိုင်ကြုံတွေ့ရတတ်သည်။ ရွှေဝယ်ရန် စီစဉ်ထားပါက ကိစ္စပျက်တတ်ပါသည်။
ကျန်းမာရေးအနေနဲ့ ခြေ၊ လက် အကြောညပ်တာမျိုး ဖြစ်ပွားတတ်သည်။
မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် ဘုရား စံပယ်ပန်း ၉ကုံး ပူဇော်ပြီး သွားပါ။
အကျိုးပေးဂဏန်း - {၇,၆,၄}
အကျိုးပေးအရောင် - နီညိုရောင်
ဆောင်ရန် - လဲညွန့်
ယတြာ - အိမ်ဘုရားမှာ စံပယ်ပန်း ဝေဝေဆာဆာ ပူဇော်ပြီး ဂုဏ်တော်ကိုးပါး ရွတ်ပွား၍ လိုရာဆုတောင်းပါ။
စနေသားသမီးများ
ဂါထာမန္တာန်သိဒ္ဓိတင်ခြင်း၊ လက်ဖွဲ့ထိုးခြင်း၊ ပယောဂကုသခြင်း၊ တရားစီရင်ခြင်းကောင်း၏။ အတိုက်အခံရှိသော်လည်း ကျော်လွှား အောင်မြင်နိုင်မည်။ ဥယျာဉ်ခြံလုပ်ငန်း၊ စက်မှုပစ္စည်းရောင်းဝယ်ခြင်း၊ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ခြင်း၊ စက်သုံးဆီရောင်းဝယ်ခြင်း တို့ အကျိုးပေးနေပြီး မေတ္တာရေးစကား ပြောဆိုခြင်းကောင်း၏။ ခရီးယာယီရှိသည်။ ခရီးများ သွားလာခြင်းဖြင့် ကောင်းကျိုး တိုးတက်ဖြစ်ထွန်းနိုင်မည်။ အိမ်တိုက်ခန်း ဝယ်ရန် ကြံစည်ထားသူများ အကြံအစည် အထမြောက်အောင်မြင်မည်။ အိုးသစ်အိမ်သစ်ဝင်ကိန်း ရှိသည်။ ပျိုရွယ်သူများ စိတ်နဲ့လူမကပ်ဖြစ်နေတတ်သည်။ မိဘများကလည်း မိမိကလေးအတွက် စိတ်အပူသောကများ ကြုံတွေ့ရတတ်သည်။ ကျန်းမာရေး အနေဖြင့် သွေး နှင့် ပတ်သက်သောရောဂါ၊ လေရောဂါရှိသူများ အထူးသဖြင့် ရောဂါနာမည်တပ်ရခက်သည့် ရောဂါဆန်းများ ဖြစ်ပေါ်လာတတ်သည်။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် ဘုရားမှာ ဘူးသီးကြော် ၇ခု လှူပြီး သွားပါ။
အကျိုးပေးဂဏန်း - {၅,၃,၈}
အကျိုးပေးအရောင် - အစိမ်းနုရောင်
ဆောင်ရန် - သံတစ်ချောင်း
ယတြာ - အိမ်ဘုရားမှာ ငချိပ်ပေါင်းနှင့်ဘူးသီးကြော် (၉)ခု ဆွမ်းကပ်၍ လိုရာဆုတောင်းပါ။
ရာဟုသားသမီးများ
အသီးအနှံဆေးဝါးဖျန်းခြင်း၊ စက်ပစ္စည်း ရောင်းဝယ်ခြင်း အကျိုးပေး၍ မြေသန့်မင်္ဂလာပြုလုပ်ခြင်း၊ အိမ်ပြောင်း၊ လှေကားတင်၊ စေ့စပ် မင်္ဂလာပြုလုပ်ရတတ်သည်။
အိမ်မွေးတိရစ္ဆာန် တစ်ကောင်ကြောင့် စိတ်ညစ်ရမည်။ အိမ်မွေးတိရစ္ဆာန်သေကြေပျက်စီးအံ့။
ဘုရားတည်၊ အနေကဇာတင်၊ ထီးတင်၊ စေတီပုထိုးပြုပြင်ခြင်း၊ တံတားပြုပြင်ခြင်း နှင့် ရှင်ပြု၊ သိက္ခာတင် အလှူတန်းပေးရအံ့။ ဒါနကုသိုလ် များများလုပ်ပြီး ကုသိုလ်ဆက်လုပ်ပေးပါ။ ပညာရေး သင်တန်းသစ်များ တတ်ရခြင်း၊ ဖွင့်လှစ်ခြင်းကြုံရမည်။ အချစ်ရေးနှင့် အိမ်ထောင်ရေးတွင် အဓိကတော့ ဘေးစကားမယုံပါနှင့် ဒါဆိုအိမ်ထောင်သာယာပါလိမ့်မယ်။ နေရာဒေသအပြောင်းအရွှေ့လုပ်ရခြင်းကြောင့် ရေမြေအပြောင်းအလဲဖြစ်ပြီး ကျန်းမာရေးညံ့သွားတာမျိုးလဲ ဖြစ်တတ်ပါတယ်။ မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် နေအိမ်မှ မထွက်မီ ဆန်တစ်ဆုပ်အိမ်ရှေ့ကြဲပြီး သွားပါ။
အကျိုးပေးဂဏန်း - {၈,၂,ဝ}
အကျိုးပေးအရောင် - အမည်းရောင်
ဆောင်ရန် - ရွှေဆိုင်း
ယတြာ - အိမ်ဘုရားမှာ အသီး(၅)မျိုးနှင့် လဘ္ဘက်ရည်တစ်ခွက် ဆွမ်းကပ်၍ လိုရာဆုတောင်းပါ။