အသက်အရွယ်ရလို့ မေ့တတ်တာပဲဖြစ်စေ၊ နဂိုတည်းက မေ့တတ်လို့ပဲဖြစ်စေ ဒီနည်းလမ်းတွေက သင့်မှတ်ဉာဏ်ကို တိုးစေပါတယ်။ လူ့မှတ်ဉာဏ်ဆိုတာ ပြောင်းလဲလွယ်နိုင်ပါတယ်။ ငယ်ရွယ်စဉ်တုန်းက အရာရာကို တိကျမှန်ကန်စွာ မှတ်မိနိုင်ပေမယ့် အသက်ကြီးလာတာနှင့်အမျှ အရာရာကို မေ့သွားတတ်ကြတာက သဘာဝကျပါတယ်။ သို့သော် ၎င်းက သင့်ဘဝအရည်အသွေးကို သက်ရောက်စေတယ်ဆိုတာ မမေ့ပါနဲ့။
အဲဒါကို ကာကွယ်ဖို့ ကူညီနိုင်တဲ့ နည်းတစ်နည်းက သင့်မှတ်ဉာဏ်ကို တိုးတတ်စေခြင်း ဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ နည်းလမ်းများစွာရှိပြီး အံ့သြစရာကောင်းတာက နည်းလမ်းအများစုဟာ လုပ်ရတာ ရိုးရှင်းပါတယ်။
၁။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းကို ရုပ်ပိုင်းဆိုင်ရာကိစ္စလို့ သင်ထင်ကောင်းထင်ပါလိမ့်မယ်၊ သို့သော် စိတ်နှင့် ခန္ဓာကိုယ်ဟာ ဆက်စပ်နေပါတယ်။ သင့်မှတ်ဉာဏ်ကိုသာ ဂရုစိုက်ခြင်းက မလုံလောက်ပါဘူး၊ သင့်မှတ်ဉာဏ် တိုးတတ်စေဖို့နှင့် ထိန်းသိမ်းဖို့ဆိုရင် အလုံးစုံကျန်းမာရေးကို ဂရုစိုက်ရပါမယ်။
ဥပမာအားဖြင့် လေ့ကျင့်ခန်းနည်းပါးခြင်းက အဝလွန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အဝလွန်ခြင်းက သွေးတိုးကို မထိန်းချုပ်နိုင်စေပါဘူး၊ သွေးတိုးကို မထိန်းချုပ်နိုင်ခြင်းက လေဖြတ်စေနိုင်ပါတယ်။ လေဖြတ်ပါက မှတ်ဉာဏ်ဆုံးရှုံးမှုကို ဖြစ်စေပါတယ်။ လေဖြတ်ခြင်းက မှတ်ဉာဏ်ဆုံးရှုံးမှုနှင့် အယ်လ်ဇိုင်းမားရောဂါကို ဖြစ်စေနိုင်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက သင့်မှတ်ဉာဏ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေနဲ့ အခြေအနေတွေကို ဖယ်ရှားပေးပြီး မှတ်ဉာဏ်စွမ်းရည်ကို တိုးစေနိုင်ပါတယ်။
၂။ ဦးနှောက်သုံးပါ
သင့်ဦးနှောက်ဟာ ခန္ဓာကိုယ်ရှိ အခြားကြွက်သားတွေနဲ့ တူပါတယ်။ ပိုအားကောင်းလာစေဖို့အတွက် လေ့ကျင့်ဖို့ လိုပါတယ်။ ဦးနှောက်ကို အသုံးမပြုရင် သေးငယ်ပြီး အားနည်းလာပါတယ်။ သို့သော် သင့်ဦးနှောက်ကို အကွေး၊အဆန့် လုပ်တဲ့အခါ ဦးနှောက်ရဲ့ အရွယ်အစားကို တိုးတတ်စေနိုင်ပြီး နောက်ဆုံးမှာ မှတ်ဉာဏ် တိုးတတ်စေပါလိမ့်မယ်။ ဆိုလိုတာက အသစ်သောအရာတွေကို သင်ယူဖို့ မိမိကိုယ်ကို တွန်းအားပေးသင့်တယ်လို့ ဆိုလိုပါတယ်။ ရှုပ်ထွေးသော ပြဿနာတွေကို ဖြေရှင်းပါ။ ဦးနှောက်ဂိမ်းကစားပါ။ ဦးနှောက်သုံးရတဲ့ အလုပ်ကို လုပ်ပါ။ သင့်ကိုယ်သင် စိန်ခေါ်ပါ၊ သင့်စိတ်ကို မသုံးဘူးဆိုရင် မှတ်ဉာဏ်နှင့်တကွ စိတ်ပိုင်းဆိုင်ရာစွမ်းရည်တွေ ဆုံးရှုံးသွားနိုင်ပါတယ်။
၃။ သကြားရှောင်ပါ
သင်စားတဲ့အစာက သင့်မှတ်ဉာဏ်အပေါ် များစွာ အကျိုးသက်ရောက်နိုင်ပါတယ်၊ အကြီးမားဆုံး တရားခံတစ်ခုက သကြားဖြစ်ပါတယ်။ လေ့လာမှုတွေအရ သကြားဓါတ်ပါဝင်သော အစားအစာ စားသူတွေဟာ မှတ်မိဖို့ ခက်ခဲပြီး စိတ်ဖောက်ပြန်မှုအတွက် အန္တရာယ်များကြောင်း တွေ့ရှိရပါတယ်။ သကြားဓါတ်လွန်ကျွံခြင်းက သင့်မှတ်ဉာဏ်ကို ပျက်ပြားစေနိုင်ပါတယ်။
၄။ ကိုယ့်ရဲ့ သင်ယူမှုပုံစံကို သိပါ
သင်ဟာ အကြားအာရုံနဲ့ သင်ယူတတ်သူတစ်ယောက် မဟုတ်ဘူးဆိုရင် မီတင်တစ်ခုမှာ ပြောတဲ့အရာ တစ်ဝက်လောက်ကို သင်မှတ်မိမှာ မဟုတ်ပါဘူး။ ပြောင်းပြန်အနေနဲ့ သင်ဟာ အကြားအာရုံနဲ့ သင်ယူတတ်သူတစ်ယောက်ဖြစ်ပြီး ဆက်ကြိုးစားမှု၊ အားထုတ်မှု မရှိဘူးဆိုရင် သင်ဘာမှ ဆက်လက်ထိန်းသိမ်းနိုင်မှာ မဟုတ်ပါဘူး။ ဒါက သင်ဟာ သင့်ရဲ့ ကြံ့ခိုင်တဲ့ သင်ယူမှုပုံစံကို မသုံးတာကြောင့်ဖြစ်ပါတယ်။ မှတ်ဉာဏ်ကို တိုးတတ်စေလိုပါက ကိုယ်သင်ယူတဲ့ အကောင်းဆုံးနည်းလမ်းကို ရှာဖွေပြီး ထိုသို့ ကျင့်သုံးပါ။ စာသင်ချိန်တစ်လျှောက်လုံး သင့်ပါမောက္ခ သင်ပေးတဲ့အချက်ကို ပြောင်းလဲလို့မရပေမယ့် အိမ်ပြန်ရောက်လို့ ပြန်လေ့လာတဲ့အခါ သင်ရဲ့သင်ယူမှုပုံစံနှင့် ကိုက်ညီဖို့ သင်ခန်းစာကို ပြောင်းလဲနိုင်ပါတယ်။
၅။ အရာရာကို မြင်ယောင်ကြည့်ပါ
အထိရောက်ဆုံးနည်းတစ်ခုက သင်လေ့လာဖို့၊ မှတ်မိဖို့ ကြိုးစားနေတဲ့အရာကို မြင်ယောင်ကြည့်ဖို့ ဖြစ်ပါတယ်။ စိတ်ထဲမှာ ပုံဖော်ကြည့်တာပဲဖြစ်ပါတယ်။ ရုပ်ပုံကို ပိုပြီး ကွက်ကွက်ကွင်းကွင်း မြင်နိုင်အောင် သင့်မျက်လုံးတွေကို ပိတ်ဖို့တောင် လိုပါလိမ့်မယ်။
မြင်ယောင်ကြည့်ခြင်းက သင့်ဦးနှောက်ပေါ်သို့ သတင်းအချက်အလက်တွေကို ပုံနှိပ်ပေးပါတယ်။ လူ့ဦးနှောက်မှာ ဟောပြောချက်တွေ၊ စကားလုံးတွေမှ ရုပ်ပုံတွေကို မှတ်မိဖို့ ပိုလွယ်တဲ့အချိန်ရှိပါတယ်။ တကယ်တော့ သင့်ရဲ့ အာရုံငါးပါးလုံးကို မြင်ယောင်ကြည့်ခြင်းနှင့်အတူ သုံးမယ်ဆိုရင် မှတ်ဉာဏ်ကို တိုးတတ်စေနိုင်ပါတယ်။
၆။ ထပ်ခါထပ်ခါလုပ်ပါ
“အလေ့အကျင့်က ပြီးပြည့်စုံစေတယ်” လို့ ကြားဖူးမှာပါ၊ ကောင်းပါပြီ။ ဒါက သင့်မှတ်ဉာဏ်တွေကို perfect မဖြစ်စေနိုင်သော်လည်း မန်မိုရီစတစ်ပြုလုပ်ဖို့အတွက် အကောင်းဆုံး brain hack တစ်ခုဖြစ်ပါတယ်။
လူ့ဦးနှောက်ဟာ သတင်းအချက်အလက်တွေကို လုပ်ဆောင်တဲ့အခါ တိုတောင်းသော မှတ်ဉာဏ်ထဲသို့ သွင်းခြင်းဖြင့် စတင်ပါတယ်။ သို့သော် ကာလတိုမှတ်ဉာဏ်ဟာ ယာယီသာဖြစ်ပါတယ်။ သင်ဟာ ဒေတာတွေကို ပြန်လည် မလည်ပတ်တာကြောင့် ဆုံးရှုံးသွားပါလိမ့်မယ်။ ပိုတွေးတောပါ။ ပြောပါ။ ရေးပါ။ မြင်ယောင်ကြည့်ပါ၊ လုပ်ပါ။ သင့်ဦးနှောက်ထဲမှာ synapses fire တွေ ပိုများလာပါလိမ့်မယ်။ နောက်ဆုံးမှာ ထိုနာဗ်ကြောဆက်တွေဟာ သတင်းအချက်တွေကို တိုတောင်းသော မှတ်ဉာဏ်မှ ရေရှည်မှတ်ဉာဏ်သို့ တွန်းပို့ပါလိမ့်မယ်။
၇။ ရိုက်ထည့်မယ့်အစား သတင်းအချက်အလက်တွေကို ချရေးပါ
ဒီနေ့ခေတ်မှာ လူတွေက စာမရေးတတ်တော့ပါဘူး၊ လူတိုင်းမှာ စမတ်ဖုန်း (သို့) ကွန်ပျူတာ ရှိပါတယ်။ သူတို့က သတင်းအချက်တွေကို dictate လုပ်ခြင်း၊ ရိုက်ထည့်လိုက်ခြင်းက အများကြီး ပိုမြန်ပါတယ်၊ အချက်အလက်တွေကို app တစ်ခုကို ထိခြင်းဖြင့် မှတ်တမ်းတင်နိုင်ပါတယ်။ စာရိုက်ခြင်းနှင့် အမိန့်ပေးစေခိုင်းခြင်းက အဆင်ပြေမှာ ဖြစ်သော်လည်း သင့်မှတ်ဉာဏ်ကို ဘာမှ မကူညီနိုင်ပါဘူး။ သင့်မှတ်ဉာဏ်က ကြွက်သားနဲ့ တူကြောင်း သတိရပါ။ မသုံးရင် ဆုံးရှုံးပါတယ်။ ထို့ကြောင့် သတင်းအချက်အလက်တွေကို ချရေးခြင်းက ပိုကောင်းပါတယ်။ စာရေးရတာက ပိုပင်ပန်းပြီး ခက်ခဲတာကြောင့် သင်စာရေးသားစဉ်မှာ သင့်ဦးနှောက်က အပြည့်အဝ အာရုံစိုက်ရပါတဘ်။ ဒါက သင်ယူဖို့ကို ပိုလွယ်ကူစေပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-powerofpositivity
Lifestyle Myanmar မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။