
ဒီဇိုင်းလောကမှာ vintage style ဆိုတာက အချိန်ကြာလာတာနှင့်အမျှ တန်ဖိုးတက်လာတဲ့ ဘယ်ပစ္စည်းကိုမဆို ရည်ညွှန်းပါတယ်။ vintage ဆိုတဲ့ အသုံးအနှုန်းက ဒီဇိုင်း၊ ဖက်ရှင်နဲ့ အလှဆင်ခြင်းလောကကို လုံးလုံးလျားလျား ပြောင်းလဲပစ်ခဲ့ပါတယ်။ အခုနောက်ပိုင်း vintage style လေးတွေက အဝတ်အစားဖက်ရှင်မှာ ခေတ်စားလာသလို အိမ်အလှဆင်တဲ့ နေရာမှာလည်း ခေတ်စားလာတာကိုတွေ့ရပါတယ်။ သင့်အခန်းကို ခေတ်ဟောင်းစတိုင်မျိုး အလှဆင်ဖို့အတွက်ဆိုရင် ရှေးဟောင်းပစ္စည်းဆိုင်တွေမှာ သွားရှာစရာမလိုပါဘူး။ သင့်အိမ်မှာ ရှိတဲ့ပစ္စည်းတွေနဲ့ အလှဆင်နိုင်ပါတယ်။
ဒီတော့ ပျိုမေတို့လည်း ကိုယ့်အခန်းလေးကို vintage style မျိုးအလှဆင်ကြည့်ကြမလား? ပထမဆုံး ဆေးခြယ်နိုင်တဲ့ ပစ္စည်းမျိုးတွေ ရှာပါ။ vibrant (သို့) pastel color ရှိတဲ့ပစ္စည်းတွေ ရှာပါ။ အရေးကြီးတဲ့အချက်က လည်ဆွဲတွေ၊ ဇာတွေ၊ ပရိဘောဂတွေ၊ ကုလားကာတွေ၊ ဖဲကြိုးတွေ၊ နာရီ၊ ပန်း၊ မီးအိမ်၊ ဖယောင်းတိုင်၊ စာအုပ်၊မီးလုံး၊ ဓါတ်ပုံဘောင်တွေ (သို့) ကင်မရာဟောင်းတွေ စတဲ့ အသေးစိတ်တွေကို မကျော်သွားပါနဲ့ စိတ်ထဲရှိသမျှကို အသုံးချပါ။
အခြေခံအားဖြင့် ဒီခေတ်နဲ့ မသက်ဆိုင်ဘူးလို့ ထင်ရတဲ့အရာအားလုံးက ခမ်းနားကြီးကျယ်တဲ့ အသွင် ဖြစ်ပါလိမ့်မယ်။ အဓိကကတော့ ရိုမန်တစ်ဆန်ပြီး ရင်းနှီးမှုရတဲ့ အေးချမ်းသော ပတ်ဝန်းကျင်ကို ဖန်တီးဖို့ပါပဲ။
၁။ ဖယောင်းတိုင်တွေ
ဖယောင်းတိုင်တွေက ခေတ်ဟောင်းစတိုင်အလှဆင်ခြင်း်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ နေဝင်ပြီးနောက် ဖယောင်းတိုင်တွေကို ထွန်းလိုက်တဲ့အခါမှာ တက်ကြွတဲ့ အရောင်တွေရဲ့ ပေါင်းစပ်မှုက အခန်းရဲ့လေထုကို အေးချမ်းစေမယ့် ရိုမန်တစ်ဆန်သော အထိအတွေ့ကို ပေးစွမ်းပါလိမ့်မယ်။

၂။ ပန်း
ပန်းအစစ်ဖြစ်စေ၊ အတုဖြစ်စေ pastel tones (အရောင်ဖျော့ဖျော့) ရှိတဲ့ပန်းတွေ လိုအပ်ပါတယ်။ အဝင်ပေါက်တွေကို အလှဆင်တာမျိုး (သို့) ပန်းလေးတွေနဲ့ မုဒ်ဦးအခုံးလေး ဖန်တီးတာမျိုး၊ ပန်းခြင်းထဲမှာ ထည့်ပြီး အလှဆင်တာမျိုး ပြုလုပ်နိုင်ပါတယ်။

၃။ သဈသား
အကြာကြီး အသုံးမပြုဘဲ ပစ်ထားတဲ့ သစ်သားသေတ္တာတွေကို ပြန်သုံးဖို့ အချိန်တန်ပါပြီ။
ပန်းတွေ၊ ခရစ္စမတ်မီးလုံးတွေနဲ့ ဖြည့်ထားတာမျိုး၊ dessert table အတွက် (သို့) ပါတီပုလင်းတွေအတွက် သေတ္တာတစ်ခုအဖြစ် အသုံးပြုတာမျိုးက တကယ့်ကို ကောင်းမွန်ပါတယ်။
အချို့သောသူတွေက သစ်သားသေတ္တာတွေကို မီးအိမ် (သို့) ဖယောင်းတိုင်အတွေအတွက် base တစ်ခုအဖြစ်တောင် အသုံးပြုကြပါတယ်။
သစ်တုံးတွေကလည်း ရွေးချယ်မှုကောင်းတစ်ခု ဖြစ်ပါတယ်။

၄။ ကုလားကာ
ကုလားကာတွေနဲ့ ပတ်သတ်လာရင် သင့်မှာ ရွေးချယ်စရာများစွာရှိပါတယ်။ စားပွဲတွေ (သို့) ဥယျာဉ်ကို အလှဆင်ဖို့ vibrant (သို့) translucent colors လေးတွေကို ရွေးချယ်နိုင်ပါတယ်။
သင့်ကုလားကာတွေက အရောင်ဖျော့ရင် ပန်းရောင်ဖျော့ဖျော့ (သို့) ခရင်မ်ရောင်ကို ရွေးချယ်ပါ။
အရောင်တွေကို ဆန့်ကျင်ဘက်ဖြစ်အောင် အရောင်ဖျော့ဖျော့ ဖဲကြိုးလေးတွေကို အသုံးပြုတာကလည်း လုံလောက်မှာ ဖြစ်ပါတယ်။
ဇာကြိုက်ရင် ကုလားကာကို ဇာလေးတွေနဲ့ သုံးကြည့်ပါ။
၅။ Photographs
သင့်ရဲ့ဓါတ်ပုံတွေကို အနှစ် ၂၀ ပြန်ပို့ဖို့ အချိန်တန်ပါပြီ။ ဓါတ်ပုံဘောင်ဟောင်းတွေရှာပါ။ ဓါတ်ပုံလေးတွေကို အဖြူအမည်းပရင့်ထုတ်ပါ။ သင့်နံရံက အဘိုးအဘွားတွေ လက်ထက်ကလို ဖြစ်နေမှာပါ။
ဘောင်ကို သစ်သားနဲ့ ပြုလုပ်တာမျိုးက ပိုကောင်းပါတယ်။ အပြင်မှာဆိုရင် အပင်တွေ၊ သစ်ပင်တွေ သုံးလို့ရပါတယ်။
ဓါတ်ပုံဘောင်တွေကို ချိတ်ဖို့ ဖဲကြိုး၊ ဂုန်နီကြိုးလေးတွေ အသုံးပြုပါ။
၆။ စကျဘီးတဈစီး
အလှဆင်ဖို့ စက်ဘီး တစ်စီးထားတာက creative ဖြစ်နိုင်ပါတယ်။ မီးလုံးတွေ၊ ခြင်းတောင်းတွေ၊ ပန်းစည်းတွေချထားတာမျိုးနဲ့ ဖန်အိုးထဲမှာ ဖယောင်းတိုင်တွေကို ထည့်ထားလိုက်တာမျိုးက အံ့သြဖွယ်ကြည့်ကောင်းနေပါလိမ့်မယ်။

၇။ ပုလဲ
ပုလဲလုံးလေးတွေကို တခြားရှေးဟောင်းပစ္စည်းတွေနဲ့ ပြည့်နေတဲ့ သေတ္တာထဲမှာ ထည့်ထားတဲ့အခါ ခေတ်ဟောင်းကို ပြန်ရောက်သွားသလို ခံစားရစေပါမယ်။ ပုလဲက မိန်းမဆန််တဲ့အသွင်အပြင်ကို ပေးစွမ်းပါတယ်။ တကယ်တော့ ပုလဲကို လူတိုင်းကြိုက်ကြပါတယ်။
သဘာဝဆန်ဆန်လေးဖြစ်အောင် ပုလဲကုံးလေးတွေကို စားပွဲပေါ်မှာနဲ့ ပန်းတွေနားမှာထားဖို့ အကြံပြုပါတယ်။

၈။ လှောင်အိမ်တစ်ခု
အရွယ်အစားက အရေးမကြီးပါဘူး။ ဖယောင်းတိုင်တွေ၊ ပန်းတွေ (သို့) မီးလုံးတွေနှင့်အတူ လှောင်အိမ်လေးကို ဖွင့်ထားတာမျိုးက ရိုမန်တစ်ဆန်ပြီး အခန်းကို ငြိမ်သက်အေးချမ်းမှု ပေးစွမ်းပါတယ်။

၉။ ရှေးဟောင်းပစ္စည်း
ရှေးဟောင်းပစ္စည်းရှိတယ်ဆိုရင် ထည့်နိုင်ပါသေးတယ်။ ဥပမာ- တယ်လီဖုန်းအဟောင်းတွေ၊ ဓါတ်ပြားဖွင့်စက်တွေ၊ ဓါတ်ပြားတွေ နာရီတွေ၊ ရှေးဟောင်းသေတ္တာအဟောင်းတွေက ရွေးချယ်စရာတွေ ဖြစ်ပါတယ်။

၁၀။ မီးအိမျ
အလင်းရောင်နဲ့ ပတ်သတ်လာရင် မီးမှိန်မှိန်လေးတွေက ပိုကောင်းပါတယ်။ ဒါက ငြိမ်းချမ်းတဲ့ အငွေ့အသက်ကို ဖန်တီးပေးပြီး အလှဆင်ခြင်းရဲ့ အသေးစိတ်အချက်အလက်တွေကို သဘောပေါက်နိုင်စေပါတယ်။

၁၁။ ကြေးမုံမှန်
နောက်ဆုံးအနေနဲ့ မဖြစ်မနေထည့်ရမယ့် အရာတစ်ခုက မှန်တစ်ချပ်ပါ။ မှန်တွေကို အလှဆင်ပါ။ တက်ကြွတဲ့ အရောင်တွေနဲ့ ခြယ်မှုန်းပါ။ ပန်းတွေ၊ မီးသီးလေးတွေကို ပတ်ပတ်လည်မှာ ထားပေးပါ။

Lifestyle_Myanmar
LM_Nandar
Source-steptohealth