သင့်အသက်အရွယ်ကို ၁၀ နှစ်ပိုငယ်စေဖို့ သင်ရွေးချယ်မိသော အမှားအယွင်းများ
lifestylemyanmar.com
|
2022-03-09

မျက်ခုံးမွှေးအရောင်ကတောင်မှ သင့်မျက်နှာကို အသက်ကြီးသလိုထင်ရစေနိုင်ပါတယ်။ တစ်ခါတရံမှာ အသက် (၁၇) နှစ်အရွယ် မိန်းကလေးကို ၃၃ နှစ်အရွယ်အမျိုးသမီးတစ်ဦးအဖြစ်ကို ပြောင်းလဲစေနိုင်သော စတိုင်လ်အမှားတွေကို ပြုလုပ်ကြပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ ပြင်ရတာ လွယ်ပါတယ်။

၁။ ပါးလွှာပြီး တောက်ပနေသော မျက်ခုံး


ကျွမ်းကျင်သူတွေရဲ့ အဆိုအရ သင့်ရဲ့ မျက်ခုံးတွေနဲ့ပတ်သက်ပြီး တစ်ချို့အရာတွေက သင့်ကို အသက်ပိုကြီးစေနိုင်ပါတယ်။ ထုတ်ကုန်တွေနဲ့အတူ သင့်ရဲ့ မျက်ခုံးကို အလွန်အကျွံတွေဆွဲပြီး အပိုတွေလုပ်ပြပါတယ်။ သင့်မျက်ခုံးတွေက ပိုတောက်ပလာတာဖြစ်နိုင်သလို အရောင်ဖျော့သွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ အသက်အရွယ်ကြီးရင့်လာခြင်းနှင့် သင့်ဆံပင်၊ မျက်ခုံးအရောင်ဖျော့လာခြင်းတို့ကြားထဲမှာ ဆက်စပ်မှုတွေရှိပါတယ်။ သင့်မျက်နှာမှာ ခြားနားမှုပိုများလေလေ သင့်အသွင်အပြင်က ပိုငယ်လေလေပဲဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်ပုံပေါ်စေခြင်းက ဆံပင်ပါးခြင်းနဲ့လည်း ဆက်စပ်နိုင်ပါတယ်။

၂။ နှုတ်ခမ်းအတု

ပုံမှန်အားဖြင့် ကလေးတွေမှာ ကြီးမားတဲ့နှုတ်ခမ်းမျိုးဘယ်တော့မှ မရှိတာကြောင့် ကြီးမားတဲ့နှုတ်ခမ်းတုဟာ လူငယ်တွေနဲ့ မဆက်စပ်ပါဘူး။ သဘာဝက ပေးထားတဲ့ သင့်နှုတ်ခမ်းတွေက သင့်မျက်နှာပေါ်က တစ်ခြားအင်္ဂါရပ်တွေနဲ့ အပြည့်အဝလိုက်ဖက်ပါတယ်။ ဒါ့ကြောင့် သဘာဝအတိုင်းဖောင်းနေတဲ့ နှုတ်ခမ်းတွေက သင့်ကို ငယ်ရွယ်နုပျိုစေပါတယ်။ filler တွေများလွန်းရင် ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။

၃။ သင့်ရဲ့ အသားအရေအမျိုးစားနဲ့ ဆန့်ကျင်ဘက် ဆံပင်အရောင်


သင့်မှာ warm skin tone ရှိပြီး သင့်ဆံပင်က အနက်ရောင်ဖြစ်နေမယ်ဆိုရင် သင့်ဆံပင်အရောင်အသစ်က သင့်အသားအရေအရောင်နဲ့ ကွဲလွဲနေပြီး သင့်မျက်စိထဲမှာ အသက်ကြီးနေသလိုထင်ရပါလိမ့်မယ်။ အရေပြားတွေက နီရဲနေသလိုဖြစ်နေပါလိမ့်မယ်။

၄။ မိတ်ကပ်များခြင်း


တစ်ခါတရံမှာ အရိုးရှင်းဆုံးက အကောင်းဆုံးပါပဲ။ ဥပမာ – ဖောင်ဒေးရှင်းက အရမ်းထူနေတဲ့အခါ သင့်ကို အသက်ပိုကြီးလာစေပါတယ်။ ၎င်းက မျဉ်းကြောင်းတွေနဲ့ အရေးအကြောင်းတွေဖြစ်စေပြီး ကြမ်းတမ်းပုံပေါ်စေပါတယ်။

၅။ အဝါရောင်သွားများ

အသက်ကြီးလာတာနဲ့အမျှ သွားတွေက အဝါရောင် (သို့) အရောင်ပြောင်းလာကြပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ သွားတွေကို ပြန်လည်ထိန်းသိမ်းပြီး ကျန်းမာနုပျိုသော အပြုံးကို ရရှိစေဖို့ ကြိုးစားပါ။

၆။ ရှုတ်ထွေးပြီး ဒိတ်အောက်နေသော ဆံပင်စတိုင်လ်များ

သင့်ရဲ့ ဆံပင်ပုံစံနဲ့ပတ်သက်ပြီး မှန်ကန်စွာ ရွေးချယ်ပါ။ အသေးအမွှားအသေးစိတ်လေးတွေက သင့်ကို အသက်ကြီးစေနိုင်ပါတယ်။ သင့်ရဲ့ မျက်နှာအနေအထားနဲ့ ဘယ်လိုဆံပင်နဲ့လိုက်ဖက်မလဲဆိုတာကတော့ hairstylist နဲ့ တိုင်ပင်ပါ။ မဟုတ်ရင် ဂူဂဲလ်ခေါက်ပါ။

Lifestyle_Myanmar

Nyein_Thu

ref-brightsideme


#စတိုင်
#မျက်နှာ
#နုပျို
#စတိုင်လ်

Some text some message..