ချစ်သူနှစ်ဦးကြားက ပြဿနာကို ပိုပြီးဆိုးရွားသွားစေနိုင်လောက်တဲ့ အပြုအမူများ
lifestylemyanmar.com
|
2022-04-22

ချစ်သူနှစ်ယောက်ရန်ဖြစ်တယ် စိတ်ဆိုးစိတ်ကောက်တယ်ဆိုတာ စုံတွဲတိုင်းလိုလို ဖြစ်နေကြပါ။ ဒါပေမယ့် တစ်ချို့စုံတွဲတွေက ရန်ဖြစ်ပြီး မိနစ်ပိုင်းအကြာမှာပဲ ပြန်အဆင်ပြေသွားကြပေမယ့် တစ်ချို့ကျတော့ ပြဿနာတွေ ပိုပိုကြီးလာပြီး အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက် နောက်ဆုံးလမ်းခွဲကြရတဲ့အထိ ဖြစ်ပျက်သွားတာမျိုးတွေ အများကြီးရှိပါတယ်။

ရန်ဖြစ်တာချင်းအတူတူ သူများတွေက ခဏလေးနဲ့ ပြန်အဆင်ပြေပေမယ့် ကိုယ်တွေကတော့ ရှင်းမနိုင်အောင် ပြဿနာတွေပိုပိုကြီးနေပြီဆိုရင်တော့ အခုပြောပြမယ့် အချက်တွေ လုပ်နေမိလားဆိုတာ ပြန်လည်သုံးသပ်ကြည့်ပါ။

(၁) အနာဟောင်းပြန်ဆွတာ

စုံတွဲတွေ ရန်ဖြစ်စကားများပြီဆိုရင် အနိုင်မခံအရှုံးမပေး စကားနိုင်လုကြတာ သဘာဝပါ။ ဒီလိုစကားနိုင်လုတဲ့အထဲမှာ အဆိုးဆုံးက တစ်ချိန်ကအမှားတွေကို ပြန်ပြောပြီး အနာဟောင်းကို ဆွတာပဲဖြစ်ပါတယ်။ ဘယ်သူကမှ ကိုယ့်ရဲ့ အတိတ်ကမှားခဲ့တဲ့အရာတွေ ဒဏ်ရာဟောင်းတွေကို ပြန်ပြောပြီး စကားနိုင်လုရင် သည်းမခံနိုင်ကြပါဘူး။ ထိုအခါပြဿနာက ပိုပြီးကြီးထွားလာနိုင်ပါတယ်။


(၂) အရွဲ့တိုက်တာ

ရန်ဖြစ်တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်အရွဲ့တိုက်တာကလည်း အမှားတွေပိုပြီးဖြစ်လာနိုင်တာပဲရှိပါတယ်။ အဓိကအားဖြင့် လူငယ်ပိုင်းစုံတွဲတွေမှ ာပိုပြီးအဖြစ်များကြပါတယ်။ လူငယ်မာနက ရှေ့ကခံနေတဲ့အတွက် နင်တောင်လုပ်သေးတာပဲဆိုတဲ့ စိတ်နဲ့ ပြန်ပြီးအရွဲ့တိုက်တက်ကြတာပါ။ အရွဲ့တိုက်ခြင်းရဲ့ နောက်ဆုံးရလဒ်က ပြဿနာတွေ ပိုရှင်းရတာပါပဲ။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် အရွဲ့မတိုက်ပါနဲ့။


(၃) လမ်းခွဲစကားပြောတာ

ပြဿနာဖြစ်တိုင်း လမ်းခွဲစရာမလိုလဲ လမ်းခွဲစကားပြောနေမိခြင်းက တကယ့်ကိုမှားယွင်းတဲ့ လုပ်ရပ်တစ်ခုပါ။ မိန်းကလေးပဲဖြစ်ဖြစ် ယောကျာ်းလေးဘက်ကပဲဖြစ်ဖြစ် ပြဿနာတစ်ခုဖြစ်ရင် အရင်ဆုံးဖြေရှင်းရမှာပါ။ ဖြေရှင်းတာလည်းမရှိ ပြေလည်ဖို့ညှိနှိုင်းတာလည်းမရှိ တကယ်လည်း မခွဲနိုင်ပါပဲ လမ်းခွဲစကား ထပ်ခါထပ်ခါ ပြောနေမယ်ဆိုရင်တော့ သင့်ကိုတကယ်ပဲ လမ်းခွဲသွားပါလိမ့်မယ်။


(၄) မဖြေရှင်းပဲပစ်ထားတာ

ပြဿနာတစ်ခုဖြစ်ရင် ဖြေရှင်းမှပြေလည်မှာပါ။ မဖြေရှင်းပဲ ပစ်ထားပါများရင် ကြာလာတဲ့အခါ တစ်ယောက်ရဲ့ ရင်ထဲမှာ ဒဏ်ရာတွေစုပုံလာတက်ပြီး တစ်ချိန်မှအကြီးအကျယ်ထပြီး ပေါက်ကွဲမိတာမျိုးတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ပြဿနာတစ်ခုဖြစ်ရင် ချက်ချင်းဖြေရှင်းပါ။ ဘယ်အရာကို မကျေနပ်တာလဲ ဘယ်လိုဖြစ်တာလဲသေချာမေးပြီး ညှိနှိုင်းပါ။


Lifestyle_Myanmar

ref-prevention


#လမ်းခွဲ
#ဒဏ်ရာ
#စုံတွဲ
#ပြဿနာ
#အနာ

Some text some message..