ထောပတ်ထမင်းလက်ရာကြောင့် အားပေးသူအများအပြားရရှိလာခဲ့တဲ့ သရုပ်ဆောင်ညီနန္ဒဟာ ကိုယ်ဝါသနာပါတဲ့ အနုပညာလုပ်ငန်းတွေ ကိုလည်း မရပ်နားတဲ့အပြင် ကိုယ့်ရဲ့လက်ရာမွန် တစ်ခုကိုလည်း ယုံယုံကြည်ကြည်နဲ့ အသုံးချနိုင်ခဲ့လို့ အခုဆိုရင် အဆင်ပြေတဲ့ အနေအထားတစ်ခုကိုရောက်ရှိလာခဲ့ပါပြီ။ ဒီထောပတ်ထမင်းလေးရဲ့ကျေးဇူးတွေကြောင့် တင်နေခဲ့တဲ့ကြွေးပူတွေလည်း အနည်းနဲ့အများ ရှင်းလင်းသွားခဲ့ပါတယ်။
နိုင်ငံရပ်ခြားမှာရှိတဲ့အလှူရှင်တွေကလည်း ညီနန္ဒကို ထောပတ်ထမင်းဖိုးငွေလွှဲကာ လိုအပ်တဲ့ နေရာတွေကိုလှူဒါန်းခိုင်းခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ ထောပတ်ထမင်းပွဲပေါင် (၅၂၅) ကို လှိုင်ကွာရန်တင်းစင်တာ (၁) အတွက် ကိုယ်တိုင်ကိုယ်ကျသွားရောက် လှူတန်းထားတဲ့ အခိုက်အတန့်လေးကို Live လွှင့်ကာ အားလုံးထပ်တူသာဓုခေါ်နိုင်ဖို့ လုပ်ပေးခဲ့ပါတယ်။
သူ့ရဲ့အလှူလေးဗီဒီယိုလေးကို ” ကျွန်တော်နဲ့အလှူရှင်များအားလုံးရဲ့ လှိုင် QT Center 1 အတွက် “‘ ကိုနန္ဒထောပတ်ထမင်း “‘ ၅၂၅ ပွဲ လှူဒါန်းခြင်း ” ဆိုပြီး ဝေမျှပေးခဲ့ပါတယ်။ ကိုယ်တိုင်လည်း စေတနာပါပါနဲ့ချက်ပေးသလို အလှူရှင်တွေရဲ့ဆန္ဒအလျောက်လည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူတန်းပေးတတ်ပါသေးတယ်။ ကြည်နူးစရာအလှူဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။
Happy – Cele Zone
Photo – Nyi Nanda
(ဇော်ဂျီဖြင့်ဖတ်ရန်)
လှိုင်ကွာရန်တင်းစင်တာ (၁) အတွက် ထောပတ်ထမင်း (၅၂၅) ပွဲ သွားရောက်လှူဒါန်းပေးခဲ့တဲ့ ညီနန္ဒရဲ့ဗီဒီယို
ထောပတ်ထမင်းလက်ရာကြောင့် အားပေးသူအများအပြားရရှိလာခဲ့တဲ့ သရုပ်ဆောင်ညီနန္ဒဟာ ကိုယ်ဝါသနာပါတဲ့ အနုပညာလုပ်ငန်းတွေကိုလည်း မရပ်နားတဲ့အပြင် ကိုယ့်ရဲ့လက်ရာမွန် တစ်ခုကိုလည်း ယုံယုံကြည်ကြည်နဲ့ အသုံးချနိုင်ခဲ့လို့ အခုဆိုရင် အဆင်ပြေတဲ့ အနေအထားတစ်ခုကိုရောက်ရှိလာခဲ့ပါပြီ။ ဒီထောပတ်ထမင်းလေးရဲ့ကျေးဇူးတွေကြောင့် တင်နေခဲ့တဲ့ကြွေးပူတွေလည်း အနည်းနဲ့အများ ရှင်းလင်းသွားခဲ့ပါတယ်။
နိုင်ငံရပ်ခြားမှာရှိတဲ့အလှူရှင်တွေကလည်း ညီနန္ဒကို ထောပတ်ထမင်းဖိုးငွေလွှဲကာ လိုအပ်တဲ့ နေရာတွေကိုလှူဒါန်းခိုင်း ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ ထောပတ်ထမင်းပွဲပေါင် (၅၂၅) ကို လှိုင်ကွာရန်တင်းစင်တာ (၁) အတွက် ကိုယ်တိုင်ကိုယ်ကျသွားရောက် လှူတန်းထားတဲ့ အခိုက်အတန့်လေးကို Live လွှင့်ကာ အားလုံးထပ်တူသာဓုခေါ်နိုင်ဖို့ လုပ်ပေးခဲ့ပါတယ်။
သူ့ရဲ့အလှူလေးဗီဒီယိုလေးကို ” ကျွန်တော်နဲ့အလှူရှင်များအားလုံးရဲ့ လှိုင် QT Center 1 အတွက် “‘ ကိုနန္ဒထောပတ်ထ မင်း “‘ ၅၂၅ ပွဲ လှူဒါန်းခြင်း ” ဆိုပြီး ဝေမျှပေးခဲ့ပါတယ်။ ကိုယ်တိုင်လည်း စေတနာပါပါနဲ့ချက်ပေးသလို အလှူရှင်တွေရဲ့ ဆန္ဒအလျောက်လည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူတန်းပေးတတ်ပါသေးတယ်။ ကြည်နူးစရာအလှူဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။
Happy – Cele Zone
Photo – Nyi Nanda