
Shutterstock/Ivan Kruk& Rasica& LilKar& jipatafoto89
သင်ဟာ အချစ်ရေးမှာ ဘယ်လိုစိတ်နေစိတ်ထားရှိတဲ့ လူတစ်ယောက်လဲ? အရမ်းချစ်တတ်တဲ့လူလား… ချစ်လူဆိုးလေးလား….အသဲခွဲသမားလား….ဒီနေ့မှာတော့ သင်ဘယ်လောက် ချစ်တတ်လဲဆိုတာ ပေးထားတဲ့ အသဲပုံလေးတွေကတစ်ဆင့် ထုတ်ဖော်ပေးသွားမှာပါ။ နှစ်သက်တဲ့ အသဲပုံလေးတစ်ခုကို ရွေးချယ်ပြီး အချစ်ရေးနဲ့ပတ်သက်တဲ့ သင့်ရဲ့စိတ်နေစိတ်ထားလေးကို လေ့လာကြည့်လိုက်ရအောင်….
နံပါတ် ၁
Shutterstock/Rasica
အချစ်ရေးတစ်ခုမှာ သင့်အနေနဲ့ ယုံကြည်မှုက အရေးကြီးတယ်လို့ ယူဆထားပါတယ်။ သင်ဟာ သင့်အချစ်ကို တဖက်လူထံ မပေးအပ်ခင်မှာ အဲဒီလူနဲ့ပတ်သက်သမျှကို အချိန်ယူပြီး စဉ်းစားဆုံးဖြတ် အကဲခက်လေ့ရှိပါတယ်။ ပြောရရင်တော့ လွယ်လွယ်နဲ့ မချစ်တတ်ဘူးပေါ့။ ဒါပေမယ့် သင့်ဘက်က အဲဒီလူကို လက်ခံလိုက်ပြီဆိုရင်လည်း သူ့ကိုအကြွင်းမဲ့ယုံပြီး သူတစ်ယောက်ထဲကိုပဲ မြတ်မြတ်နိုးနိုးချစ်တတ်ပါတယ်။
နံပါတ် ၂
Shutterstock/Ivan Kruk
သင်က ဆွဲဆောင်မှုရှိပြီး ဆန့်ကျင်ဘက်လိင်တွေကို ညှို့ယူဖမ်းစားနိုင်တဲ့ လူတစ်ယောက်ပါ။ ဘယ်တော့မှ သင်ခံစားနေရတဲ့ ခံစားချက်တွေကို တဖက်လူကို ပေးမသိပဲ အလွန်လျှို့ဝှက်စွာနေတတ်တဲ့အပြင် စိတ်ထဲမှာ ဘယ်အရာကိုမှ အရမ်းကြီးခံစားလေ့ မရှိပါဘူး။ ဘေးလူအနေနဲ့ ကြည့်ရင် သင်ဟာ ခံစားချက်မရှိတဲ့ လူတစ်ယောက်လိုပါပဲ။ ဒီအမူအကျင့်တွေကြောင့် သင်ဟာ အချစ်ရေးမှာ စိတ်ဒဏ်ရာ ကြီးကြီးမားမားရတာမျိုး မရှိပါဘူး။ သင့်ရဲ့ လျှို့ဝှက်နက်နဲတတ် ပင်ကိုယ်စရိုက်က ဆန့်ကျင်ဘက်လိင်တွေအတွက် ဆွဲဆောင်မှုဖြစ်စေပြီး သင့်အကြောင်းကို ပိုပြီးသိချင်စိတ်တွေ ပြင်းပြနေတတ်ပါတယ်။
နံပါတ် ၃
Shutterstock/ LilKar
သင်က ပြီးပြည့်စုံပြီး သူများတွေ အားကျရတဲ့ အချစ်ရေးကို လိုချင်နေသူတစ်ယောက်ပေါ့။ ကိုယ်တိုင်ကလည်း ချစ်သူကို အရမ်းချစ်တတ်တဲ့အပြင် ချစ်သူရဲ့ ဂရုစိုက်မှုတွေနဲ့ ချစ်ခြင်းမေတ္တာတွေကို အမြဲလိုချင်နေတတ်ပြီး ရိုမန်တစ်ဆန်တဲ့ အခိုက်အတန့်လေးတွေ၊ အပြုအမှုလေးတွေကိုလည်း အမြဲမျှော်လင့်နေတတ်ပါတယ်။ သင့်အနေနဲ့ လူတစ်ယောက်ကို ချစ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပြီဆိုရင် ဒီလူကိုပဲ အရိုးဆွေးတဲ့အထိ သည်းခံပြီး ချစ်သွားဖို့ ဆန္ဒရှိပါတယ်။ ပြောရရင် အချစ်ရူးလေးပေါ့နော်…
နံပါတ် ၄
Shutterstock/ jipatafoto89
သင်က တဖက်လူကို အရမ်းစွဲလမ်းစေတတ်တဲ့ လူတစ်ယောက်ပါ။ တဖက်လူရဲ့ အမူအကျင့်တွေကို ကောင်းစွာသိတဲ့အပြင် အဲဒီလူကို ဘယ်လိုချုပ်ကိုင်ပြီး သူ့စိတ်ကို သင့်ဘက်ပါလာအောင် စကားနဲပဲဖြစ်ဖြစ် အမူအရာနဲ့ပဲဖြစ်ဖြစ် ဘယ်လိုဆွရမလဲဆိုတာ ကောင်းစွာသိပါတယ်။ ပြောရရင် ယောကျာ်းကျမ်း၊ မိန်းမကျမ်း ကျေပြီး အချစ်ရေးမှာ ဆရာတစ်ဆူပေါ့နော်…သင့်ရဲ့ တဖက်လူကို မခံချင်အောင် နှိုးဆွတတ်တဲ့ အဲဒီအမူအကျင့်လေးကြောင့်ပဲ သင့်ကိုရူးသွပ်နေတဲ့ လူတွေအများကြီးပါပဲ။
#lotaya_quiz
MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။
ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။