သားသမီးမြေးမြစ်တွေရဲ့သေရေးရှင်ရေးအထိပါကပ်စေးနည်းခဲ့တဲ့ ဘီလီယံနာသူဌေးကြီး
shwemom.com
|
2019-04-25

J Paul Getty ဟာအမေရိကရဲ့အချမ်းသာဆုံးဘီလီလျံနာသူဌေးကြီးတွေထဲ တစ်ယောက်အပါအြင်ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ချမ်းသာကြွယ်ဝမှုတွေနဲ့ စီးပွားရေးအကွက်မြင်မှုတွေကြောင့်အောင်မြင်ကျော်ကြားခဲ့သလို သားသမီးမြေးမြစ်တွေရဲ့အသက်အန္တရာယ် ခြိမ်းြခောက်နေသည့်တိုင်အောင် စည်းစိမ်တွေကိုအထိမခံခဲ့တယ်ဆိုတဲ့ နာမည်ဆိုးနဲ့လည်း ကျော်ကြားခဲ့ပါတယ်။

J Paul Getty ဟာ ရေနံလုပ်ငန်းကိုလုပ်ကိုင်နေတဲ့ သူဌေးကြီးတစ်ယောက် ဖြစ်ပါတယ်။ ဇနီးမယား ၅ ယောက်ရှိခဲ့ပြီး သူ့ရဲ့အတ္တစိတ်ကြောင့်ပဲ ၅ ယောက်မြောက်ဇနီးနဲ့ မွေးထားတဲ့ သားအရင်းလေးဟာ နောက်ဆုံးအသက်ရှင်ချိန်အထိ ဖခင်ကိုမျှော်ကာ သေဆုံးသွားခဲ့ရ ရှာပါတယ်။


Courtesy

J Paul Getty ရဲ့ ၅ ယောက်မြောက်ဇနီးဖြစ်တဲ့ Teddy ဟာ Paul ကို လက်ထပ်ပြီးကာစအချိန်ကပဲ သူ့ဆီကို ကြိုကြားကြိုကြားလာခဲ့တယ်ဆိုပြီး ရင်ဖွင့်ခဲ့ပါတယ်။ Teddy နဲ့ Timmy ဆိုတဲ့ သားလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။အသက် ၆ နှစ်မှာတော့ Timmy လေးဟာ ဦးနှောက်အကျိတ်ကင်ဆာကို မမျှော်လင့်ဘဲ ခံစားခဲ့ရပါတယ်။

အစပိုင်းမှာတော့ ကုန်ကျစရိတ်တွေ သိပ်မကုန်ခဲ့တဲ့အတွက် Paul ရဲ့အထောက်အပံ့မရှိဘည်းဘဲ Teddy တစ်ယောက်တည်းအင်အားနဲ့ Timmy ကို ကုသပေးခဲ့ပါတယ်။ ကြာလာတဲ့အချျိန်မှာတော့ Timmy လေး ခွဲစိတ်ခန်းတွေခဏခဏဝင်ခဲ့ရပြီး ကလေးနဲ့မတန်တဲ့ ဝေဒနာတွေကို တိုးကာတိုးကာခံစားခဲ့ရပါတယ်။ ရောဂါဆိုးလာချိန်ကစပြီး ၄ နှစ်လုံးလုံး Timmy ဆီကို တစ်ချက်မှ လာမကြည့်ခဲ့သူကတော့ ဖခင် Paul ကိုယ်တိုင်ပါပဲ။ Teddy ဟာ Timmy ကို မွေးတုန်းကလည်း Paul ဟာ သူ့အနားမှာအားကိုးဖို့လင်ယောက်ျားတစ်ယောက်အနေနဲ့ မရှိခဲပါဘူး။


Pinterest

Teddy ဟာ မိန်းမသားအင်အားလေးနဲ့ Timmy လေးအတွက်အဖေဆိုလည်းသူမ၊အမေဆိုလည်းသူမအဖြစ် မားမားမတ်မတ် ရပ်တည်လာခဲ့ပေမယ့်လည်း ခွဲစိတ်ခန်း စရိတ်စကတွေကထောင်းလာတာကြောင့် မတတ်နိုင်တဲ့အဆုံး Paul ဆီကို ဆက်သွယ်ခဲ့ပါတယ်။ မလာမှန်းလည်း သိပေမယ့် နောက်ဆုံးအနေနဲ့ မျှော်လင့်နေရတဲ့ ကောက်ရိုးလေးတစ်မျှင်ပဲမို့အားတင်းကာ ဖုန်းဆက်ခဲ့ပေမယ့်လည်း သူမဆက်မှန်းသိလို့ထင်ပါရဲ့၊ ဖုန်းတောင်မကိုင်ခဲ့ပါဘူး။

Timmy ဟာ သူ့အဖေကအမေရိကရဲ့လူချမ်းသာ ဘီလီလျံနာတစ်ယောက်ဆိုတာတောင် သေသေချာချာမသိသွားခဲ့ရဘဲ ဖခင်ကို နယူးယောက်ဆေးရုံမှာ လာကြည့်နိုးနိုးနဲ့ စောင့်မျှော်ရင်း ရောဂါကြောင့် ၁၉၅၈ ခုနှစ်၊အသက် ၁၂ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ရရှာပါတယ်။ နောက်ဆုံးအချိန်ရောက်နေပြီလို့ Paul ကို ဆက်သွယ်ပြီး လာခိုင်းခဲ့သော်လည်းအဲဒီအချိန်တုန်းက ရေနံပိုင်ဆိုင်ခွင့်အရေးကို Paul တစ်ယောက် ဆော်ဒီအာရေးဗျနဲ့ ကူဝိတ်နိုင်ငံကလူတွေနဲ့ ရှင်းလင်းနေခဲ့ရတာပါ။အသုဘကိုလည်း မလာခဲ့ဘဲ ဝမ်းနည်းကြောင့်စာလေးတစ်စောင်သာ ပို့ခဲ့တဲ့အတွက် Teddy ဟာ ကြေကွဲကာ Paul နဲ့ ကွာရှင်းခဲ့ပါတယ်။


Daily Mirror

Paul ရဲ့ လုပ်ရပ်တွေဟာ ဒီတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ သူ့ရဲ့တတိယမျိုးစက်အထိပါ တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့် ဘဝပျက်ခဲ့သူတစ်ယောက်ရှိခဲ့ပါသေးတယ်။ သားဖြစ်သူ J. Paul Getty II ဟာ သားတစ်ယောက်ထွန်းကားခဲ့ပြီး မိသားစုနဲ့အတူတူ စီးပွားရေးလုုပ်ကိုင်ကာ ရောမမှာအေးအေးချမ်းချမ်းနေနေခဲ့ပါတယ်။


Rex

Paul ရဲ့ မြေးဖြစ်သူဟာအသက် ၁၆ နှစ်အရွယ်ပတ်ဝန်းကျင်ဆိုတော့ လူငယ်ပီပီ လွတ်လွတ်လပ်လပ်နေတတ်သူဖြစ်ပေမယ့် မိုက်ရိုင်းဆိုးရွားခြင်းမျိုး မရှိခဲ့တဲ့ လူလိမ္မာလေးတစ်ယောက်ပါ။အကသမားတစ်ယောက် ဖြစ်ဖို့အတွက် ကြိုစားနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ ၁၉၇၃ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့မှာတော့ မြေးတစ်ယောက် ကာတွန်းစာအုပ်သွားဝယ်ရင်း ဘယ်ကမှန်းမသိတဲ့ လူသုံးယောက်ဟာ သေနတ်ဒင်နဲ့မေ့အောင်ရိုက်ကာ ဖမ်းခေါ်သွားခဲ့ပါတယ်။

နောက်တော့ ရေမတောင်ပိုင်းမှာရှိတဲ့ ဂူတစ်ဂူဆီခေါ်သွားပြီး ပြန်ပေးဆွဲသွားခဲ့တာပါ။ တကယ်တော့ ကောင်လေးကိုက J. Paul Getty ရဲ့ မြေးဖြစ်နေတာကြောင့် ငွေညှစ်ဖို့ ပြန်ပေးဆွဲခဲ့ာတာပါ။ မြေးဖြစ်သူကို ပြန်ပေးအဆွဲခံရကြောင်း မိခင်ဖြစ်သူဆီကို စာရေးပြီး ပို့ခိုင်းခဲ့ပါတယ်။ သို့ပေမယ့်လည်း ပျော်ပျော်နေတတ်တဲ့အတွက် စနောက်နေတယ်လို့ပဲထင်ကာ ဘယ်သူမှလိုက်မရှာခဲ့ပါဘူး။ ဒါကြောင့်မို့လည်း ပြန်ပေးသမားတွေက ကောင်လေးရဲ့ နားရွက်တစ်ဖက်ကိုဖြတ်ကာ မြို့ကအထင်ကရစာတိုက်တစ်ခုကို ပို့ခဲ့ပါတယ်။


Handout

သတင်းစာတိုက်ဟာလည်း ဒီအကြောင်းကိုအကျယ်တဝံ့ဖော်ပြခဲ့ပြီး ပို့လာနဲ့နားရွက်တစ်ဖက်ကို ကောင်လေးရဲ့မိသားစုဆီကို လွှဲပြောင်းခဲ့ပါတယ်။ နားွက်မှာတော့ ဆံပင်တချို့နဲ့ သွေးတွေပေနေတဲ့ နားရွက်ပြတ်တစ်ခုကိုု တွေ့ရတဲ့အတွက် သားဖြစ်ကြောင်း မိသားစုကအတည်ပြုခဲ့ပါတယ်။ ပြီးနောက် Paul ဆီကို ငွေကြေးအကူအညီပေးဖို့အတွက် တောာင်းပန်ခဲ့ပေမယ့်လည်း Paul က “ငါ့မှာ မြေး ၁၄ ယောက်ရှိတာ တစ်ယောက်ကိုပြန်ပေးဆွဲသွားလို့ လွယ်လွယ်ကူကူငွေပေးကြေးဆို ကျန်တဲ့မြေးတွေကိုလည်း လိုက်ပေးနေရမှာပေါ့” ဆိုပြီးသာ ပြန်တုန့်ပြန်ခဲ့ပါတယ်။


Courtesy

ဒါကြောင့် ပဲအဖိုးဆီက ငွေမရတဲ့အတွက်ေတောင်းတဲ့ငွေကြေးပမာဏကို ဖခင်ဖြစ်သူမှ ခက်ခက်ခဲခဲရှာဖွေကာ သားဖြစ်သူကို ပြန်ရွေးခဲ့ရပါတယ်။ ၁၆ နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ ပြန်ပေးသမားတွေရဲ့လက်ထဲမှာ နားရွက်အဖြတ်ခံ၊အနှိပ်စက်ခံပြီး ၅ လကြာအောင် နာကျင်စွာ ရုန်းကန်ခဲ့ရပါတယ်။ ပြန်လွှတ်ပေးခဲ့တဲ့ပုံစံကလည်း နီးစပ်ရာရဲစခန်းအရှေ့ကို ကားပေါ်ကနေ ပစ်ချထားခဲ့တာပါ။အဖိုးဖြစ်သူရဲ့ လျစ်လျူရှုခံရမှုတွေကြောင့်ပဲ စိတ်ထဲဒဏ်ရသွားခဲ့ကာ ပြန်လွတ်ခဲ့ပြီးနောက်ပိုင်းအရက်စသောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မူးယစ်ဆေးအထိစွဲသွားကာ ဘဝကြီးစုန်းစုန်းမြုပ်သွားခဲ့ပီး ၂၀၁၁ ခုနှစ်အသက် ၅၄ နှစ်မှာပဲ ဆေးလွန်ကာ သေဆုံးသွားခဲ့ပါတယ်။


Courtesy

အခုလိုမျိုး မိသားစုဝင်တွေထက်အလုပ်နဲ့ငွေကြေးကို ပိုတန်ဖိုးထားဦးစားပေးခဲ့တာကြောင့် လူတော်တော်များများ ကိုယ်တိုင်အပြင်အခြားလူတွေပါအပူတွေကူးစပ်ကာ နာကျင်စေခဲ့တဲ့ Getty ရေနံတွင်းပိုင်ရှင်သူဌေးကြီးအကြောင်းကတော့ ယနေ့တိုင်အထိ ပြောစမှတ်တွင်နေဆဲပါပဲ။


Courtesy


Source: SDE , wikipedia


Penny

 


#မြေး
#နားရွက်
#ကောင်လေး
#ခွဲစိတ်ခန်း
#ဖခင်

Some text some message..