ဓမ္မတရားတော်များ
MPT ဆင်းကဒ် အသုံးပြုသူများအတွက် ဗုဒ္ဓတရားတော်များကို အင်တာနက် အသုံးပြုခ မယူပဲ မျှဝေထားသဖြင့် လွတ်လပ်စွာ တရားနာကြားနိုင်ကြပါသည်။ သို့ဖြစ်ပါ၍ တရားတော်များအား စီးပွားဖြစ်ကူးယူအသုံးချခြင်း မပြုလုပ်ရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

အသံဖိုင်များ

ခန္ဓာဉာဏ်ရောက် ပဋိစ္စသမုပ္ပါဒ်တရားတော်များ နံနက် ၈နာရီ

အနောက်ဂန့်ဂေါမုံလယ်ဆရာတော်ဘဒ္ဒန္တသံဝရ

29 Mar 2024

  • Dhamma Download မှ မေတ္တာဖြင့် တရားတော်များ ဝေမျှထားပါသည်။

အောင်ခြင်းရှစ်ပါး

ကြာနီကန်ဆရာတော်

29 Mar 2024

  • Dhamma Download မှ မေတ္တာဖြင့် တရားတော်များ ဝေမျှထားပါသည်။

ဓမ္မစက္ကပဝတ္တနသုတ်၊ အနတ္တလက္ခဏသုတ်

သီတဂူဆရာတော်ဘုရားကြီးဦးဉာဏိဿရ

29 Mar 2024

  • Dhamma Download မှ မေတ္တာဖြင့် တရားတော်များ ဝေမျှထားပါသည်။

ဗီဒီယိုများ

Self-esteem without superiority complex or Mudita meditation – မာနမဖြစ်စေတဲ့ မိမိကိုယ်ကို ယုံကြည်မှု (သို့) မုဒိတာဘာဝနာ (SSBU) (in English + Myanmar)

ဆရာတော်ဒေါက်တာဓမ္မဿာမိ

29 Mar 2024

  • Dhamma Download မှ မေတ္တာဖြင့် တရားတော်များ ဝေမျှထားပါသည်။

ခနီ ္တ မြေကြီးလိုကျင့်ပါ တရားတော် (၂)

သီတဂူဆရာတော်ဘုရားကြီးဦးဉာဏိဿရ

28 Mar 2024

  • Dhamma Download မှ မေတ္တာဖြင့် တရားတော်များ ဝေမျှထားပါသည်။

 အလုပ်ပေးတရားတော်

ပိုင်းလော့ဆရာတော်အရှင်ဇေယျပဏ္ဍိတ

27 Mar 2024

  • Dhamma Download မှ မေတ္တာဖြင့် တရားတော်များ ဝေမျှထားပါသည်။

စာအုပ်များ

    မိုးကုတ်ဆရာတော်ဘုရားကြီး
    မိုးကုတ်ဆရာတော်ဘုရားကြီး၏တစ်ဘဝတာအကျဉ်းချုပ်၂၇-၁၂-၁၈၉၉-ဗုဒ္ဓဟူးနေ့တွင်ဖွားမြင်တော်မူသည်။၉နှစ်သားတွင်ရှင်သာမဏေဝတ်၏။အသက်၂၀တွင်ရဟန်းဘောင်သို့တက်ခဲ့၏။ရဟန်းသိက္ခာ၅ဝါမှစ၍စာသင်သားတို့အားအဘိဓမ္မာများပို့ချပေးခဲ့သည်။၁၉၄၁ဒုတိယကမ္ဘာစစ်အတွင်းဘော်ပတန်းရွာကျောက်လိုဏ်ဂူကြီးအတွင်း၌တရားဘာဝနာတို့ဖြင့်သီတင်းသုံးတော်မူခဲ့သည်။၁၉၅၂တွင်အမရပူရသို့ပြန်လာခဲ့၍ဝိပဿနာတရားတို့ကိုဟောကြားတော်မူခဲ့သည်။၁၇-၁၀-၁၉၆၂ဗုဒ္ဓဟူးနေ့တွင်ခန္ဓာဝန်ချ၍ဓာတ်တော်များကြွင်းကျန်ခဲ့သည်။

    အနောက်ဂန့်ဂေါမုံလယ်ဆရာတော်ဘဒ္ဒန္တသံဝရ
    ဆရာတော်ဘုရားကြီးသည် အနောက်ဂန့်ဂေါ ပင်မ မုံလယ်တောရဓမ္မရိပ်သာ အပြင် -ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့နယ် ဆယ်မိုင်ကုန်း အမှတ်(၁)တိုက်ခွဲ -ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ အမှတ်(၂) တိုက်ခွဲ -မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်ခြေ အမှတ်(၃)တိုက်ခွဲ ဟူ၍ မုံလယ်တောရ ဓမ္မရိပ်သာ ကျောင်းတိုက်ခွဲများ ဖွင့်လှစ်ကာ တရားဓမ္မများပြသ တရားစခန်းဖွင့်၍ ဟောကြားပြသ သာသနာပြုတော်မူခဲ့သည်။ ဆရာတော်ဘုရားကြီးသည် သက်တော် ၉၁ နှစ်၊ သိက္ခာတော် ၃၄ ဝါ အရ ၁၃၇၂ ခုနှစ် တပို့တွဲ လပြည့်ကျော် ရ ရက် (၂၅-၀၂-၂၀၁၁) သောကြာနေ့ နံနက် ၈နာရီ တိတိ တွင် မန္တလေးမြို့ ၌ ခန္ဓာဝန်ချ ချုပ်ငြိမ်းတော်မူခဲ့သည်။

    သဲအင်းဂူဆရာတော်ဘုရားကြီးဦးဥက္ကဋ္ဌ
    သဲအင်းဂူဆရာတော် အလောင်းအလျာကို ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ နှောကုန်းကျေးရွာနေ ဦးသော်တာနှင့် ဒေါ်မယ်အံ့တို့မှ ၁၂၇၄ ခုနှစ်၊ တပေါင်းလဆန်း (၁၀) ရက်၊ တနင်္ဂနွေနေ့ နံနက် (၈) နာရီ အချိန်တွင် မီးရှူးသန့်စင် ဖွားမြင့်တော်မူပါသည်။ ဆရာတော် အလောင်းလျာသည် (၁၃၂၁) ခုနှစ်၊ တော်သလင်းလဆန်း (၆)ရက်၊ တနင်္လာနေ့တွင် စတင်၍ သတိပဋ္ဌာန်တရားကို မနားမနေ ကျင့်ကြံပွားများ အားထုတ်ခဲ့ရာ ၁၃၂၁ ခုနှစ် တော်သလင်း လဆန်း (၁၁)ရက် စနေနေ့ မွန်းလွဲသာသာ အချိန်တွင် ပထမမဂ်ကိုလည်းကောင်း၊ ၁၃၂၁ ခုနှစ် သီတင်းကျွတ် လဆန်း (၉)ရက် စနေနေ့၊ အမကြီး ဒေါ်ဖွားစိန်၏ ခြံ အုန်းနှဲပင်အောက်တွင် ဒုတိယမဂ်ကို လည်းကောင်း၊ ၁၃၂၁ ခုနှစ် တပေါင်း လပြည့်ကျော်(၄)ရက် အင်္ဂါနေ့ ညနေ (၃)နာရီ အချိန် အုန်းနှဲပင်နှင့် မနီးမဝေး အနောက်မြောက် အရပ်နေရာ၌ တတိယမဂ်ကိုလည်းကောင်း ရရှိတော်မူပါသည်။ကျေးဇူးတော်ရှင် သဲအင်းဂူဆရာတော်ကြီးသည် သက်တော် (၆၁) နှစ် သိက္ခာတော် (၁၂)ဝါ သာသနာပြုနှစ် (၁၁) နှစ်အရ ၁၃၃၅ ခုနှစ် ဝါဆိုလဆန်း (၉)ရက် တနင်္ဂနွေနေ့ ညနေ (၄:၄၅) နာရီ အချိန်တွင် ဘ၀သံသရာဝဋ် ဒုက္ခ ခန္ဓာဇာတ်သိမ်း၍ အပြီးတိုင် ချုပ်ငြိမ်းတော် မူခဲ့ပါသည်။

    ဖားအောက်တောရဆရာတော်ကြီးဘဒ္ဒန္တအာစိဏ္ဏ
    ဆရာတော်ကြီး၏ ထေရုပတ္တိ အကျဉ်း ဖား‌‌အောက်တောရဆရာ‌တော် ဘဒ္ဒန္တအာစိဏ္ဏ သည် မြန်မာသက္ကရာဇ် ၁၂၉၆-ခုနှစ် ပထမဝါဆိုလဆန်း (၁၄)ရက်၊ ခရစ်နှစ် ၁၉၃၄ ဇွန်လ (၂၄)ရက် တနင်္ဂနွေနေ့ နံနက် (၈)နာရီအချိန်တွင် ဧရာဝတီတိုင်း ဟင်္သာတမြို့နယ် လိပ်ချောင်းကျေးရွာ၌ အဖ ဦးပြူး၊ အမိ ဒေါ်စောတင် တို့မှ မွေးဖွားခဲ့သည်။ငယ်မည်မှာ မောင်အောင်သန်း ဖြစ်သည်။ (၆)နှစ် အရွယ်တွင် မိဘများက လိပ်ချောင်းရွာ စလင်းကျောင်းဆရာတော် ဦးသောဏထံ အပ်နှံခဲ့သည်။ အသက် (၉)နှစ် ၁၃၀၆-ခုနှစ် ကဆုန်လဆန်း (၁၁)ရက်နေ့တွင် လိပ်ချောင်းကျေးရွာ စလင်းကျောင်းဆရာတော် ဦးသောဏမထေရ်မြတ်ကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိသည်။ ၁၃၅၇-ခုနှစ်တွင် နိုင်ငံတော်မှ မဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခဲ့သည်။ ၁၃၆၀-ခုနှစ်တွင် နိုင်ငံတော်မှ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ထိုင်းနိုင်ငံရှိ Mahachulalongkornrajavidyalaya University မှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ကို ဝိပဿနာကမ္မဋ္ဌာန်း အထူးပြုဖြင့် ဆပ်ကပ်ခဲ့သည်။၂၀၁၈ ခုနှစ် နိုင်ငံတော်မှ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တော်ကို ဆက်ကပ်ခဲ့သည်။ ယခုအခါ ပြည်တွင်း ပြည်ပ ယောဂီသူတော်ကောင်းများကိုလည်း စွမ်းအားရှိသလောက် တရားဘာဝနာများကို ညွှန်ကြားပြသလျက် ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာ တည်းဟူသော သာသနာတော်သုံးရပ် တိုးတက်ကြီးပွားစည်ကားသိုက်မြိုက်ရန် ကြိုးပမ်းလျက်ရှိသည်။

    ကြာနီကန်ဆရာတော်
    အရှင်ဇဋိလ သည် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါးဖြစ်၍ ဘွဲ့အမည်ထက် ကြာနီကန်ဆရာတော် ဟူ၍ ပိုသိရှိကြသည်။ နိုင်ငံကျော် ဓမ္မကထိကဆရာတော်တစ်ပါးဖြစ်သည်။ တရားဟောပြောရာ၌ အဆိုအငိုများဖြင့် အဟောအပြော ပိုင်နိုင်သော ရဟန်းတစ်ပါးဖြစ်သည်။ ထိုသို့ ဟောပြောခြင်းများကြောင့် ဆရာတော်ကို ဝေဖန်ကြသလို နှစ်သက်ကြသည်များလည်းရှိသည်။ သက်တော် (၄၆)နှစ်အရွယ်တွင် ကားမတော်တဆမှုဖြင့် ပျံလွန်တော်မူသည်။

    ဗန်းမော်ဆရာတော်ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ
    ဆရာတော်ဘုရားကြီးကို မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် တောင်သာမြို့နယ် ရဘဲကျေးရွာ ခမည်းတော် ဦးဘိုးသစ်၊ မယ်တော် ဒေါ်အေးသိုက်တို့မှဖွားမြင်ခဲ့သည်။ မွေးချင်းရှစ်ယောက်ရှိရာတွင် စတုတ္ထမြောက်သားရတနာဖြစ်ပြီး ငယ်နာမည်မှာ မောင်ကျော်စိန် ဖြစ်သည်။ ၁၃၀၅ ခုနှစ် ဝါဆိုလတွင် ဆင်မင်းကျောင်း ဆရာတော် ဘဒ္ဒန္တပဏ္ဍိစ္စကို ဥပဇ္ဈယ်ပြုလျှက် မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေ ဘောင်ဝင်ရောက်ခဲ့သည်။ ၁၃၁၀ ခုနှစ် တပို့တွဲလဆန်း (၁၀)ရက်နေ့၌ ရဘဲရွာ ကံမြဲဆရာတော် ဘဒ္ဒန္တသောဘိတကို ဥပဇ္ဈယ်ပြုလျှက် ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့သည်။လက်ရှိ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဥက္ကဋ္ဌဆရာတော်ဖြစ်သည်၊ (နဝမမြောက်) ဗန်းမော်ဆရာတော်ဟူ၍လည်း သိရှိကြသည်။ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် တွင်လည်း ဒုတိယပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

    သီတဂူဆရာတော်ဘုရားကြီးဦးဉာဏိဿရ
    ဆရာတော်ကို သည် မြန်မာသက္ကရာဇ် ၁၂၉၈ - ခု၊ တပေါင်းလပြည့်နေ့၌ အဖ ဦးမောင်ညို၊ အမိ ဒေါ်သန်းတင်တို့က ပဲခူးတိုင်း၊ ပြည် မြို့နယ် စီရင်စု၊ သဲကုန်းမြို့နယ် ပုတီးကုန်းမြို့တွင် ဖွားမြင်သည်။ ၁၉၄၄ ခုနှစ်တွင် သဲကုန်းမြို့၊ တပ်ရွာ အလယ်ကျောင်း၌ ဘကြီးဘုန်းတော်ကြီးထံတွင် ဘုန်းတော်ကြီးပညာ အခြေခံများကို စတင်သင်ယူခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် ရှင်သာမဏေ၊ ၁၉၅၇ ခုနှစ်တွင် ရဟန်းပြုသည်။သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရ (အင်္ဂလိပ်: Nyanissara) သည် မြန်မာနိုင်ငံသား ရဟန်းတော်တစ်ပါးဖြစ်၍ ကျော်ကြားသော ဓမ္မကထိကဆရာတော်၊ သီတဂူ ဗုဒ္ဓတက္ကသိုလ်များ၊ ဆေးရုံများ တည်ထောင်သူ၊ သာသနာရေးနှင့် လူမှုရေးရာ အကျိုးပြုဆောင်ရွက်သော ရဟန်းတစ်ပါးဖြစ်သည်။ လက်ရှိတွင် ရွှေကျင်နိကာယ၏ တွဲဖက်ရွှေကျင်သာသနာပိုင် ဆရာတော်တစ်ပါးဖြစ်ကာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒတက္ကသိုလ်များအဖွဲ့၏ ဥက္ကဋ္ဌဆရာတော်ဖြစ်သည်။ သဲကုန်းဇာတိဖြစ်သောကြောင့် သဲကုန်းဆရာတော်၊ သပိတ်အိုင်တွင် တောရဆောက်တည်သောကြောင့် သပိတ်အိုင်ဆရာတော်၊ သဒ္ဓမ္မသီတဂူချောင် (စစ်ကိုင်း) ကို တည်ထောင်သောကြောင့် သီတဂူဆရာတော်ဟူ၍ လူသိများ ထင်ရှားသည်။ ပြည်တွင်းသာမကာ ကမ္ဘာ့နိုင်ငံအသီးသီးသို့ သွားရောက်ကာ တရားဟောခြင်း၊ တရားပြခြင်း၊ စာပေသင်ကြားခြင်းများနှင့် နိုင်ငံတကာ ဗုဒ္ဓဘာသာအစည်းအဝေးများတွင် မြန်မာနိုင်ငံကိုယ်စား အကြိမ်များစွာ သွားရောက်ခဲ့သည်။ စာအုပ်စာပေများစွာကိုလည်း ရေးသားခဲ့သည်။

    ပါမောက္ခချုပ်ဆရာတော်ကြီးဘဒ္ဒန္တဒေါက်တာနန္ဒမာလာဘိဝံသ
    ဆရာတော်ကြီး၏ ထေရုပတ္တိ အကျဉ်း - (၁၃၀၁) ခုနှစ်၊တပေါင်းလပြည့်၊ (၁၉၄၀)ခုနှစ်၊မတ်လ(၂၂)ရက်နေ့တွင် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ နေ ခမည်းတော် ဦးစံလှ+မယ်တော် ဒေါ်ခင်တို့မှ ဖွားမြင်သည်။ - (၁၃၀၅)ခုနှစ်၊(၁၉၄၄) အသက် ၅နှစ်သားအရွယ် စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ၊ ပေါ်တော်မှုကျောင်း၊ ဆရာတော်ဦးကေလာသ(ဦးလေး ဘုန်းကြီး)ထံတွင် မြန်မာစာပေနှင့် ဗုဒ္ဓစာပေများကို စတင်သင်ကြားခဲ့သည်။ - (၁၃၁၀)ခုနှစ်၊(၁၉၄၉)၊ဝါဆိုလဆန်း (၁၁)ရက်၊ အသက် (၁၀)နှစ်အရွယ်တွင် စစ်ကိုင်းတောင်ရိုး၊ဝိပဿနာဂန္ဓာရုံ ကျောင်းရှိ အဘိဓဇမဟာရဋ္ဌဂုရု၊ နဝမမြောက်ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြုလျက် ရှင်သာမဏေပြုခဲ့သည်။ ယခုအခါ ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ သည်စစ်ကိုင်းမြို့ မဟာသုဗောဓာရုံစာသင်တိုက် ၏ပဓာနနာယကဆရာတော် တာဝန်၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တွင် ပါမောက္ခချုပ်တာဝန်များကို ထမ်းဆောင်ရင်း Diploma သင်တန်းများနှင့် B.A ပ၊ဒု၊တတိယ နှစ်များတွင် စာပေပို့ချပေးတော်မူခြင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ်၊အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံ ပါမောက္ခချုပ် အဖြစ် တာဝန်ထမ်းဆောင်ရင်း လူသားများအကျိုးအတွက် တရားဓမ္မများဟောပြောခြင်းဖြင့် သာသနာပြုလျက်ရှိသည်။

    ပိုင်းလော့ဆရာတော်အရှင်ဇေယျပဏ္ဍိတ
    ပိုင်းလော့ဆရာတော်အား မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းမြို့နေ ခမည်းတော် ဦးစံသိန်း၊ မယ်တော်ဒေါ်ကြည်ကြည်တို့မှ ၁၃၁၅ခု၊ နှောင်းတန်ခူးလဆန်း (၈)ရက် အင်္ဂါနေ့တွင် မီးရှုးသန့်စင် ဖွားမြင်တော်မူခဲ့ပါသည်။မြန်မာသက္ကရာဇ် ၁၃၄၀-ခု၊ တပေါင်းလပြည့်ကျော်(၂)ရက် ဗုဒ္ဓဟူးနေ့တွင် ဒဂုံမြို့သစ်မြောက်ပိုင်း၊ မိုးညှင်းသိင်္ဂီကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တဂန္ဓသာရဆရာတော်ဘုရားကြီးအား ဥပဇ္ဈာယ်ပြု၍ ရွှေတိဂုံစေတီတော်ကြီး၏ တောင်ဘက်မုခ်အနီးရှိ ရဟန္တာသိမ်တော်ကြီးတွင် ကာရကသံဃာတော် (၁၀)ပါးတို့၏ ဓမ္မာနုဂ္ဂဟ ချီးမြှောက်မှုကို ခံယူ၍ ခမည်းတော်-မယ်တော်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် မြင့်မြတ်သော ရဟန်းဘဝသို့ ရောက်ရှိခဲ့ ပါသည်။ပိုင်းလော့ဆရာတော်ဘုရားကြီး အရှင်ဇေယျပဏ္ဍိတသည် မြန်မာနိုင်ငံအဝန်းရှိ အနယ်နယ်အရပ်ရပ်သို့ ကြွရောက်ပြီး တရားစခန်းများဖွင့်လှစ်၍ ဝိပဿနာတရားများကို ဟောပြောညွှန်ပြ ဆိုဆုံးမတော်မူခြင်းများအပြင် မိဘမဲ့ကလေးငယ်များ၊ သက်ကြီးရွယ်အိုများအား ကူညီစောင့်ရှောက်ခြင်းဟူသော ပရဟိတလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။

    ဒေါက်တာအရှင်ဇယတိဿ (သစ္စာပါရမီဓမ္မရာဇာတရားရိပ်သာ)
    စင်္ကာပူနိုင်ငံ၊သစ္စာပါရမီကျောင်းမိုးကုတ်ဝိပဿနာအဖွဲ့ခွဲ(၁) ကော့သောင်းမြို့–မိုးကုတ်ဝိပဿနာဓမ္မရာဇာကမ္မဌာန်းကျောင်းတိုက်နှင့် ရန်ကုန်မြို့သာကေ၁၀/မြောက်(ဓမ္မရက္ခိတ)သစ္စာပါရမီကျောင်း ဒေါက်တာအရှင်ဇယတိဿသည်ကျောက်ဖြူမြို့နယ်၊ဆင်ဘုတ်တိုက်နယ်၊လူရှည်ရွာခမည်းတော်ဦးဘလှိုင်၊မယ်တော်ဒေါ်ဖြူခိုင်တို့၏စတုတ္ထမြောက်သားရတနာဖြစ်ပြီး၁၃၂၁ခုနှစ်၊တပေါင်းလပြည့်ကျော်(၄)ရက်၊အင်္ဂါနေ့တွင်ဖွားမြင်တော်မူသည်။

    ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)
    ဆရာတော်ဦးဇောတိကသည် ဗုဒ္ဓဘာသာ ရဟန်းတော်တပါးဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် ထင်ရှားကျော်ကြားသော စာရေးဆရာတစ်ယောက်လည်း ဖြစ်သည်။ ဆရာတော် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သော "Snow in the Summer"စာအုပ်မှာ ဘာသာစကားဆယ်မျိုးသို့ ပြန်ဆိုခဲ့ပြီး အုပ်ရေတစ်သန်းထက်မနည်း ပုံနှိပ်ခဲ့ရသည်ဟု အင်တာနက်အာခိုက်ဖ်၏ စာကြည့်တိုက်(Internet Archive's Open Library)ကက်တလောက်တွင် ဆိုထားသည်။ ဆရာတော်ဦးဇောတိကကို ၁၉၄၇-ခုနှစ် ဩဂုတ်လ ၅-ရက်နေ့တွင် မော်လမြိုင်မြို့တွင် မွေးဖွားခဲ့သည်။၁၉၇၄-ခုနှစ်တွင် မိတ္ထိလာမြို့ တောင်ပုလုတောရ၌ တောင်ပုလုဆရာတော်ကြီးအား ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ ရောက်ရှိခဲ့သည်။

    ဓမ္မဒူတဒေါက်တာအရှင်ဆေကိန္ဒ
    အရှင်ဆေကိန္ဒ အလောင်းအလျာကို စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ သောတာပန်ရပ်ကွက်၊ ခမည်းတော် ဦးအောင်သန်းနှင့် မယ်တော် ဒေါ်စိန်ကြည်တို့က ကောဇာသက္ကရာဇ် ၁၃၁၉-ခုနှစ်၊ တပို့တွဲလဆန်း(၉)ရက်၊ (28-1-1958) အင်္ဂါနေ့၌ ဖွားမြင်သည်။ ၁၉၈၃၌ မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းဓမ္မဒူတတောရ ဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြု၍ ရှင်ရဟန်းအဖြစ်ကို ခံယူခဲ့သည်။ တောင်စွန်း ဓမ္မဒူတတောရကျောင်းတိုက်တွင် ပရိယတ္တိစာပေများကို လေ့လာ၍ မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းတို့ကို နှစ်ချင်းပေါက် အောင်မြင်ခဲ့သည်။ ၁၉၉၃တွင် စာချတန်း၌ ကျမ်းရင်းသုံးကျမ်းစလုံးကို တစ်နှစ်တည်းဖြင့်ပင် အောင်မြင်ခဲ့၍ အစိုးရသာသနဓဇဓမ္မာစရိယဘွဲ့တံဆိပ်ကို ရရှိတော်မူခဲ့သည်။ သဒ္ဓမ္မနေပုညဓမ္မာစရိယဘွဲ့နှင့် သာသနဇောတိပါလဓမ္မာစရိယဘွဲ့တို့ကိုလည်း ရရှိခဲ့၏။ပါမောက္ခ ဒေါက်တာ အရှင်ဆေကိန္ဒသည် ဓမ္မဒူတ နာယက အဖွဲ့ဝင်၊ မှော်ဘီမြို့နယ် သံဃနာယက အဖွဲ့ဝင်၊ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်ကြီး၏ ပဓာန နာယကဆရာတော်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပဋိပတ္တိမဟာဌာန (ဝိပဿနာ) ပါမောက္ခ ၊တွဲဖက် ပါမောက္ခ၊ အဆောင်မှူးဆရာတော် စသော တာဝန်တို့နှင့် ကျမ်းစာရေးသားခြင်း၊ စာပေပို့ချခြင်း၊ တရားဟောပြောခြင်း၊ တရားပြသခြင်း၊ ယဉ်ကျေးလိမ္မာ လူငယ်သင်တန်းများ ဖွင့်လှစ်ခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိသည်။

    အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)
    ၁၉၆၈ဇန်နဝါရီ(၉)ရက်။အင်္ဂါနေ့တွင်ရေနံချောင်းမြို့သူဌေးကုန်းရပ်ကွက်၌ခမည်းတော်ဦးစိန်ဝင်း။မယ်တော်ဒေါ်သိန်းသိန်းတို့မှဖွားမြင်သည်။၁၉၈၄ခုနှစ်တွင်ဆယ်တန်းစာမေးပွဲကိုရေနံချောင်းမြို့။အထက(၁)မှခြောက်ဘာသာ(ဘာသာစုံ)ဂုဏ်ထူးဖြင့်မြန်မာတစ်နိုင်ငံလုံးဒုတိယရလျှက်အောင်မြင်သည်။ သုံးထပ်ကွမ်းလူရည်ခွျှန်အဖြစ်၈တန်း။၉တန်း။၁၀တန်းတို့၌သုံးနှစ်ဆက်တိုက်ရွေးချယ်ခံခဲ့ရသည်။၁၉၈၄ခုနှစ်ဆယ်တန်းအောင်မြင်ပြီးနောက်သာဿနာ့ဘောင်သို့ဝင်ရောက်ခဲ့ပြီးအမရပူရမြို့မဟာဂန္ဓာရုံကျောင်းတိုက်တွင်ပရိယတ္တိစာပေများလေ့လာဆည်းပူးခဲ့သည်။ ၁၉၉၂ခုနှစ်တွင်ပထမကျော်ဘွဲ့နှင့်၁၉၉၅ခုနှစ်တွင်ဓမ္မာစရိယဘွဲ့တို့ကိုရရှိခဲ့သည်။၁၉၉၈ခုနှစ်တွင်အသက်၃၀ပြည့်ပုလဲရတုမွေးနေ့အထိမ်းအမှတ်အဖြစ်တစ်ယောက်တည်းနေတစ်စိတ်တည်းထားစာအုပ်ကိုစတင်ထုတ်ဝေခဲ့သည်။ယခုအခါသထုံမြို့ကေလာသတောင်။ရွှေပါရမီတောရကျောင်း၌တစ်ပါးတည်းဧကစာရီတောရဆောက်တည်လျှက်ပရိယတ်။ပဋိပတ်အလုပ်အားထုတ်လျှက်ရှိသည်။

    ဘဒ္ဒန္တသုစိတ္တာဘိဝံသ
    ရန်ကုန်မြို့၊အလိုတော်ပြည့်ဓမ္မာစရိယတက္ကသိုလ်နာယကချုပ်ဆရာတော် စစ်တွေမြို့၊ရခိုင်ပြည်နယ်၊ဓမ္မာစရိယတက္ကသိုလ်နာယကချုပ်ဆရာတော် လှည်းကူးမြို့၊ဓမ္မာစရိယဥယျဉ်ကျောင်းတိုက်နာယကချုပ်ဆရာတော် မန္တလေးမြို့မစိုးရိမ်တိပိဋကပါဋိမြန်မာအဘိဓာန်ကျမ်းပြုအဖွဲ့ဝင်

    ဆရာတော်ဒေါက်တာဓမ္မဿာမိ
    ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိ (အင်္ဂလိပ်: Dhammasami) ကို ၁၉၆၄ ခုနှစ်တွင် ရှမ်းပြည်နယ်၊ လဲချားမြို့၊ နောင်ပန်ကျေးရွာတွင် မွေးဖွားခဲ့သည်။ သက်တော် ၆ နှစ်တွင် ရှမ်းပြည်နယ်၊ လဲချားမြို့၊ သီရိမင်္ဂလာအုဋ္ဌ်ကျောင်း ဆရာတော် ဦးကေသရ (ကမ္မဋ္ဌာနာစရိယ၊ မဟာစည်) ထံတွင် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိသည်။ သက်တော် ၂၀ နှစ်တွင် မော်လမြိုင်မြို့၊ တောင်သုံးလုံးကျောင်းတိုက် ဘဒ္ဒန္တနာဂသေနာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု) ဆရာတော်ဘုရားကြီးကို ဦပဇ္ဈာယ်ပြု၍ မော်လမြိုင်မြို့၊ ကျိုက်သုတ်ဘုရားလမ်းနေ ဒေါ်ရီနနှင့် မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ဝေဇယန္တာကျောင်းတိုက် ခဏ္ဍသိမ်တော်၌ ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ဆရာတော်သည် အောက်စဖို့ဒ်ဗုဒ္ဓဝိဟာရကျောင်းတိုက်ကို အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ဒ်တက္ကသိုလ်တွင် ၂၀၀၃ ခုနှစ်မှ စတင်တည်ထောင်ပြီး အပတ်စဉ်တရားစခန်းများကို ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါသည်။ စင်္ကာပူ၊ အိန္ဒိယနှင့် မလေးရှားနိုင်ငံတို့တွင်လည်း ကျောင်းခွဲများတည်ထောင်ပြီး လစဉ် - နှစ်စဉ် တရားစခန်းများကို အလှည့်ကျဖွင့်လှစ်ပါသည်။ စပိန်၊ ဆားဗီးယား၊ ဟန်ဂေရီ စသော အနောက်ဥရောပနိုင်ငံများတွင်လည်း နှစ်စဉ် ရက်တိုတရားစခန်းများ ပြသခြင်း၊ အဘိဓမ္မာနှင့် ပါဠိသင်တန်းများ သင်ကြားခြင်း၊ အိန္ဒိယ၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ထိုင်ဝမ်၊ အမေရိကန်၊ ပြင်သစ်၊ ဂျာမဏီ၊ ကနေဒါ စသည့် အခြားသော ကမ္ဘာ့နိုင်ငံအသီးသီးများသို့လည်း အလျဉ်းသင့်သလို ကြွရောက်ပြီး သာသနာပြုတာဝန်များကို ထမ်းဆောင်တော်မူလျှက် ရှိသည်။

    မဟာစည်ဆရာတော် ဦးသောဘန မဟာသာရ

    ဓမ္မဒူတ အရှင်ပညာဝရ

    ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿရာ ဘိဝံသ

    ဓမ္မဗျူဟာဒေါ်ခင်လှတင်
    ဓမ္မဗျူဟာ ဒေါ်ခင်လှတင် သည် အဘိဓမ္မာစာရေးဆရာမ ဖြစ်သည်။ ဖခင်ဦးမြသောင်း (သာကီနွယ်) ဓမ္မဗျူဟာ နှင့် မိခင် ဒေါ်သူဇာမြင့်တို့၏ သားသမီး ၄ ယောက်အနက် အကြီးဆုံးဖြစ်ပြီး ကုန်းဘောင်ခေတ် မြန်မာဘုရင် ဗဒုံမင်း(ခေါ်) ဘိုးတော်ဘုရား နှင့် ဘကြီးတော်ဘုရား လက်ထက်တွင် "မင်းကျော်သီဟသူ" ဟူသော ရွှေဘွဲ့တော်ကို ချီးမြှင့်ခြင်းခံရသော ဒလမြို့စား မွန်လူမျိုး စစ်ကဲကြီးမောင်ထော်လေး (နောင်အခါ မော်လမြိုင်မြို့ စစ်ကဲ တရားသူကြီး) +ဒေါ်မင်းသူတို့မှ ဆင်းသက်လာသူဖြစ်သည်။မင်္ဂလာဗျူဟာအသင်းချုပ်တွင် ဖခင်ဖြစ်သူ ဆရာကြီး ဦးမြသောင်းနှင့်အတူ တွဲဖက်၍ လက်ထောက်ဆရာမအဖြစ် အဘိဓမ္မာသင်တန်းများ ပို့ချခဲ့သည်။ရန်ကုန်မြို့၊ ဓမ္မဗျူဟာသာသနမာမကအဖွဲ့ လူပုဂ္ဂိုလ်ဆိုင်ရာ ဓမ္မစာပေသင်တန်းကျောင်းကြီး၏ သင်တန်းမှူးအဖြစ် ဆောင်ရွက်လျက်ရှိသည်။ ဗုဒ္ဓသာသနာပြုလုပ်ငန်းများကို ကိုယ်ကျိုးမဖက် စေတနာသက်သက် သဒ္ဓါတရားထက်ထက်ဖြင့် အားကြိုးမာန်တက်ဆောင်ရွက်ခဲ့သည့်အတွက် နိုင်ငံတော်မှ ချီးမြှင့်အပ်သော မဟာသဒ္ဓမ္မဇောတိကဓဇ (သာသနာပြု) ဘွဲ့တံဆိပ်တော်ကို ခံယူရရှိခဲ့သည်။ ဗုဒ္ဓဘာသာဓမ္မရေးရာစာပေများ ရေးသားလျက်ရှိသည်။

    ဓမ္မဒူတ အရှင်ပညာဇောတ

    ဒေါက်တာ ကောဝိဒ (မဇ္ဈိမဂုဏ်ရည်)

    ကိုးရီးယားဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ

    ၃၀-၅-၂၀၁၈ စိတ်ပိုင်းပို့ချချက်(၁) နိဒါန်း

    ဓမ္မဗျူဟာဒေါ်ခင်လှတင်

    2018-12-17


    ၃၁-၅-၂၀၁၈ စိတ်ပိုင်းပို့ချချက် (၂) ဆိုရိုး + အဘိဓမ္မာ ပိဋကသမိုင်း

    ဓမ္မဗျူဟာဒေါ်ခင်လှတင်

    2018-12-17


    ၁-၆-၂၀၁၈ စိတ်ပိုင်းပို့ချချက် (၃) ပညတ်

    ဓမ္မဗျူဟာဒေါ်ခင်လှတင်

    2018-12-17


    ၆-၆-၂၀၁၈ စိတ်ပိုင်းပို့ချချက် (၄) ပရမတ် နှင့် ပညတ်

    ဓမ္မဗျူဟာဒေါ်ခင်လှတင်

    2018-12-17


    ၇-၆-၂၀၁၈ စိတ်ပိုင်းပို့ချချက် (၅) ဆိုရိုး+ အကုသိုလ်စိတ်

    ဓမ္မဗျူဟာဒေါ်ခင်လှတင်

    2018-12-17


    ၈-၆-၂၀၁၈ စိတ်ပိုင်းပို့ချချက် (၆) အသောဘဏစိတ်

    ဓမ္မဗျူဟာဒေါ်ခင်လှတင်

    2018-12-17


    ၁၃-၆-၂၀၁၈ စိတ်ပိုင်းပို့ချချက် (၇)ဆိုရိုး+စိတ်အကျယ် ၁၂၁

    ဓမ္မဗျူဟာဒေါ်ခင်လှတင်

    2018-12-17


    ၁၄-၆-၂၀၁၈ စိတ်ပိုင်းပို့ချချက် (၈)ဆိုရိုး+ ဒုတိယလွှာ-ဇာတိဘေဒ

    ဓမ္မဗျူဟာဒေါ်ခင်လှတင်

    2018-12-17


    ၁၅-၆-၂၀၁၈ စိတ်ပိုင်းပို့ချချက် (၉)ဆိုရိုး+ဒုတိယလွှာ-ဇာတိဘေဒ

    ဓမ္မဗျူဟာဒေါ်ခင်လှတင်

    2018-12-17


    ၂၀-၆-၂၀၁၈ စိတ်ပိုင်းပို့ချချက် (၁၀) ဒုတိယလွှာ-အမျိုး ဇာတ်အပြားအားဖြင့်လေ့လာခြင်း

    ဓမ္မဗျူဟာဒေါ်ခင်လှတင်

    2018-12-17





တာဝန်ရှိမှုကိုမသက်ဆိုင်ကြောင်းရှင်းလင်းချက်
Some text some message..