CRBT ကံစမ်းမဲ အစီအစဉ်

အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်များ

ဤစာမျက်နှာသည် MPT Ring Tune Lucky Draw Program (“ပရိုမိုးရှင်း”) ကိုပါဝင်ဆင်နွှဲနိုင်ရန် စည်းမျဉ်းများကိုသဘောတူညီရန် ရှင်းလင်းဖော်ပြထားသည်။ ဤ ပရိုမိုးရှင်းသည် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း (“MPT”၊ “ကျွန်ုပ်တို့”၊ “ကျွန်ုပ်တို့ကို” သို့မဟုတ် “ကျွန်ုပ်တို့၏”)မှ ဝန်ဆောင်မှုများကို သုံးစွဲခြင်းဖြင့်ရယူပါနိုင်ပါသည်။ ဤ ပရိုမိုးရှင်းသည် Crystal Shine Co., Ltd. မှ ထိန်းချုပ်ပြီး ထောက်ပံ့ပေးပါသည်။ ဤ ပရိုမိုးရှင်းကို အသုံးပြုခြင်းဖြင့် သင်သည် ၎င်း အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်များ၊ ပရိုမိုးရှင်း၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှု မူဝါဒ နှင့် ၎င်းတို့ နှင့် ဆက်စပ်သည့် အခြားသော သက်ဆိုင်ရာ နည်းဥပဒေများ၊ မူဝါဒများ နှင့် စည်းကမ်း ချက်များ(စုပေါင်း၍ “စည်းကမ်းချက်များ” ဟု ခေါ်ဆိုရန်) ကိုဖတ်ရှု၊နားလည်ကြောင်း နှင့် ၎င်းတို့ကို လိုက်နာ ဆောင်ရွက်ရန် သဘောတူကြောင်းသဘောဆောင်ပါသည်။

ကျွန်ုပ်တို့သည် ပြင်ဆင်ထားသော စည်းကမ်းချက်များကို ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်ပေါ်တွင် တင်ခြင်းအားဖြင့် စည်းကမ်းချက်များကို မိမိတစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ပြင်ဆင်နိုင်ခွင့်ရှိပါသည်။ ထိုပြောင်းလဲမှုများပြုလုပ်ပြီး နောက် သင်၏ ပရိုမိုးရှင်းအား ဆက်လက်အသုံးပြုမှုသည် ပြင်ဆင်ထားသော စည်းကမ်းချက်များကို လက်ခံခြင်း မြောက်ပါသည်။

၁။ ပရိုမိုးရှင်း

အထက်တွင်ဖော်ပြထားသည့်အတိုင်း ပရိုမိုးရှင်းသည် Crystal Shine Co., Ltd. မှ အပြည့်အဝစီမံ ခန့်ခွဲခြင်း ဖြစ်သည်။ သို့ပါ၍ပရိုမိုးရှင်း နှင့်ပတ်သတ်သည့် အကြောင်းအရာများကို စုံစမ်းသိရှိလိုလျှင် Crystal Shine Co., Ltd. သို့တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါသည်။ဤပရိုမိုးရှင်း နှင့်ပတ်သတ်၍ MPT၏တာဝန်မှာ ငွေတောင်း ခံခြင်းနှင့်စာရင်းသွင်း တို့ကိုသာလုပ်ဆောင်ရန်ဖြစ်ပြီး အောက်တွင် အကျယ်တဝံ့ ရှင်းလင်းထား ပါသည်။

စည်းကမ်းချက်များတွင်ပါဝင်သော လုပ်ပိုင်ခွင့်များကို ကျွန်ုပ်တို့ သို့မဟုတ်ကျွန်ုပ်တို့၏ လိုင်စင်ကိုင် ဆောင်ထားသူများ၊ထောက်ပံ့ပေးသူများ၊ထုတ်လုပ်သူများ၊လုပ်ဆောင်ပိုင်ခွင့်ရှိသူများသို့မဟုတ်အခြားအကြောင်း အရာ ပံ့ပိုးပေးသူများတို့မှမူပိုင်ပြီးထိန်းသိမ်းထားပါသည်။ပရိုမိုးရှင်းကိုပါဝင်ရန်မှာစည်းကမ်းချက်များနှင့် သော် လည်းကောင်းဥပဒေနှင့်သော်လည်းကောင်းကန့်သတ်ထားပြီးအခြားအသုံးပြုမှုများကို ကန့်သတ်ထား ပါသည်။
MPT သည် မိမိ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် သင်၏ ပရိုမိုးရှင်းသို့ ဝင်ရောက်မှု သို့မဟုတ် အသုံးပြုမှုကို အကြောင်းကြားမှုမရှိဘဲ အမြဲတမ်း သို့မဟုတ် ယာယီ ရပ်စဲခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်း သို့မဟုတ် အခြား နည်းဖြင့် ခွင့်ပြုရန် ငြင်းဆန်ခြင်းများ ပြုလုပ်နိုင်ပြီး အကြောင်းပြချက်တစ်ခုခုသို့မဟုတ် မည်သည့် အကြောင်း ပြချက်အတွက်မှ တာဝန်မရှိစေရ။ ထိုဖြစ်ရပ်တွင် သင်သည် စည်းကမ်းချက်များအား ဤတွင် ပါဝင်သော ဆက်လက်တည်ရှိနေမည့် စည်းကမ်းချက်များ ဖြည့်ဆည်းရန် လိုအပ်သည့်အတိုင်းအတာအထိ ဆက်လက် လိုက်နာရပါမည်။

ပရိုမိုးရှင်းသည် သတ်မှတ်အချိန်နှင့် သတ်မှတ်အချိန်မဟုတ်သော ဝန်ဆောင်မှု အဆက်ပြတ်ခြင်းများ ပေါ် မူတည် နိုင်သည်။ ပရိုမိုးရှင်း၏ ကဏ္ဍများအားလုံးသည် MPT ၏ မိမိတစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ပြောင်းလဲခြင်း သို့မဟုတ် ရပ်စဲ ခြင်း ရှိနိုင်သည်။ MPT သည် သင့်အပေါ် သို့မဟုတ် မည်သည့် တတိယပုဂ္ဂိုလ်များအပေါ်တွင်မျှ ပရိုမိုးရှင်း၏ အဆက်ပြတ်ခြင်းတစ်ခုခု၊ ချွတ်ယွင်းနေသော အချိန် (စီစဉ်ထားသည်ဖြစ်စေ မစီစဉ်ထား သည်ဖြစ်စေ) သို့မဟုတ် ဝင်ရောက်၍ မရခြင်း အတွက် တာဝန်ရှိမည် မဟုတ်သည်ကို သင့်အနေဖြင့် သဘော တူပါသည်။

MPT သည် သင်၏ ပရိုမိုးရှင်း အသုံးပြုမှု သို့မဟုတ် အလွဲသုံးစားပြုမှု၊ အခြားအသုံးပြုသူများနှင့် အပြန်အလှန် ဆက်သွယ်ဆောင်ရွက်မှု သို့မဟုတ် အခြားဆောင်ရွက်မှု သို့မဟုတ် ပေါ့လျော့မှု တစ်ခုခုအတွက် တာဝန် ရှိမည် မဟုတ်ပါ။

၂။ ကျွန်ုပ်တို့၏ ပိုင်ဆိုင်မှုအခွင့်အရေးများ

စီမံခန့်ခွဲခွင့်ရှိသော Crystal Shine သို့မဟုတ် အခြားတတိယ အဖွဲ့အစည်းမှလွဲ၍ ပရိုမိုးရှင်းနှင့် ဆက်နွယ်နေသော MPT၏ မူပိုင်ပစ္စည်းများနှင့် ထိုအထဲတွင်ရှိသော သို့မဟုတ် ထိုတွင် လွှဲပြောင်းထားသော ဆော့ဖ်ဝဲ၊ ရုပ်ပုံများ၊ စာသား၊ ဂရပ် ဖစ်များ၊ သရုပ်ဖော်မှုများ၊ လိုဂိုများ၊ တီထွင်မှုမူပိုင်ခွင့်များ၊ ကုန်အမှတ်တံဆိပ်များ၊ ဝန်ဆောင်မှု အမှတ် တံဆိပ်များ၊ မူပိုင်ခွင့်များ၊ ဓာတ်ပုံများ၊ အသံ၊ ဗီဒီယိုများ၊ ဂီတနှင့် အကြောင်းအရာ အပါအဝင် ၎င်းတို့ချည်း သာ မဟုတ်သော (စုပေါင်း၍ “အကြောင်းအရာ”) အချက်အလက်များအားလုံး နှင့် ၎င်းတို့နှင့် သက်ဆိုင်သော ဉာဏ ပစ္စည်း အခွင့်အရေးများအားလုံးမှာ MPT နှင့် ၎င်း၏ အသုံးပြုခွင့်ပေးသူများ၊ ထောက်ပံ့သူများ၊ ထုတ်ဝေသူများ၊ အခွင့်အရေး ကိုင်ဆောင်သူများ နှင့် အခြားသော အကြောင်းအရာ ပံ့ပိုးသူများ ၏ သီးသန့်ပစ္စည်း ဖြစ်သည်။ ဤ တွင် တိအလင်းဖော်ပြထားသည်မှ လွှဲ၍ စည်းကမ်းချက်များ၏ မည်သည့်အရာကမျှ ဉာဏပစ္စည်းဆိုင်ရာ အခွင့်အရေး များတစ်ခုခုတွင်ရှိသော သို့မဟုတ် ထိုအောက်တွင်ရှိသော အသုံးပြုခွင့်တစ်ခု သို့မဟုတ် အခွင့်အရေး တစ်ခု ဖန်တီးသည်ဟု မမှတ်ယူရ။ ပရိုမိုးရှင်းတွင် ဝင်ရောက်အသုံးပြုနိုင်သော အချက်အလက် များတစ်ခုခု သို့ မဟုတ် အကြောင်းအရာတစ်ခုခုမှ ဆင့်ပွားရရှိလာသော လက်ရာများကို ရောင်းချခြင်း၊ အသုံးပြုခွင့်ပေးခြင်း၊ ငှားရမ်းခြင်း၊ ပြုပြင်ခြင်း၊ ဖြန့်ချိခြင်း၊ ကူးယူ ခြင်း၊ ဆင့်ပွားကူးယူခြင်း၊ ထုတ်လွှင့်ခြင်း၊ လူအများမြင်သာ စေရန် ပြသခြင်း၊ လူအများမြင်သာ စေရန် ဖျော်ဖြေခြင်း၊ ထုတ်ဝေ ခြင်း၊ ၊ သင့်လျော်သလို ပြင်ဆင်အသုံးပြုခြင်း၊ တည်းဖြတ်ခြင်း သို့မဟုတ် ဖန်တီးခြင်းများကို သင့်အနေဖြင့် မပြုလုပ်ရန် သဘောတူ ပါသည်။ စည်းကမ်းချက်များမှ အတိအလင်းခွင့်ပြုမထားသော မည်သည့်ရည်ရွယ်ချက်အတွက်မဆို အကြောင်း အရာ အား အသုံးပြု ခြင်းကို တင်းကြပ်စွာ တားမြစ်ထားပါသည်။

၃။ သုံးစွဲမှုအတွက် ပြည့်မှီရမည့် သတ်မှတ်ချက်

ပရိုမိုရှင်းအား ရွေးချယ်ထားသော MPT အသုံးပြုသူ (MPT SIM အသုံးပြုသော) အသက်ဆယ့်သုံး(၁၃)နှစ်နှင့် အထက်ရှိ အသုံးပြုသူများအတွက်သာဖြစ်ပြီး၊ ခေါ်ယူနားဆင် တေးသံစဉ် အစီအစဉ်ကို အသုံးမပြု သူများကို ရည်ရွယ်ပါသည်။ အကယ်၍ သင်သည် အသက်ဆယ့်ရှစ်(၁၈)နှစ်အောက်ဖြစ်ပါက မိဘအုပ်ထိန်းမှုမှ ကင်းလွတ်သော အရွယ်မရောက် သေးသူ သို့မဟုတ် ဥပဒေအရ မိဘအုပ်ထိန်းမှု သို့မဟုတ် အုပ်ထိန်းသူ ခွင့်ပြုချက်အား ရရှိထားသူ နှင့် စည်းကမ်းချက်များထဲတွင်ဖော်ပြထားသော စည်းကမ်းများ၊ သတ်မှတ်ချက်များ၊ တာဝန် ဝတ္တရားများ၊ ကတိ သစ္စာပြုခြင်းများ၊ ကိုယ်စားပြု တင်ပြခြင်းများ နှင့် အာမခံခြင်းများကို ချုပ်ဆိုရန်နှင့် စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ရန် စွမ်းဆောင် ရည်နှင့် အရည်အချင်းအပြည့်အဝရှိခြင်းဖြစ်မှသာ ပရိုမိုးရှင်းအား အသုံးပြု နိုင်ပါသည်။ MPT နှင့် Crystel Shine တို့၏ ဝန်ထမ်းများ၊ ဆွေမျိုးများပါဝင် ပါဝင်ခွင့်မရှိပါ.

၄။ အခကြေးငွေများ

ပရိုမိုးရှင်းကာလမှာ ၂၆ စက်တင်ဘာ ၂၀၁၈ မှ ၂၉ အောင်တိုဘာ ၂၀၁၈ (“ပရိုမိုးရှင်းကာလ”) ဖြစ်သည်။

ပရိုမိုးရှင်းအားပါဝင်ဆင်နွှဲရန် နှင့် အသုံးပြုရန်အတွက် MPT မှ ပေးပို့သော စာတိုတွင် ဖော်ပြထားသော ညွှန်ကြားးချက်များကို လိုက်နာ၍ ပရိုမိုးရှင်းကာလ အတွင်း MPT ခေါ်ယူနားဆင် တေးသံစဉ် အစီအစဉ်ကိုစာရင်းပေးသွင်း၍ အခမဲ့အသုံးပြုနိုင်ပါသည်။ အောင်မြင်စွာ စာရင်းပေးသွင်းပြီးသောအခါ ခေါ်ယူနားဆင် တေးသံစဉ် အစီအစဉ် ကို အခမဲ့ ၁၀ရက် (“အခမဲ့ကာလ”) သုံးစွဲနိုင်မည်ဖြစ်သည်။ ဝန်ဆောင်မှုကိုဆက်လက်သုံးစွဲလိုလျှင် တစ်လလျှင် ၁၀၅၀ စာရင်းပေးသွင်းခအဖြစ် ကောက်ခံမည်ဖြစ်သည်။ သတိပြုရန်မှာ အခြား အပိုဆောင်း သီချင်းများ အသုံးပြု လိုလျှင် စာရင်းပေးသွင်းခ အပြင် ယင်းသီချင်းများ၏နှုန်းထားအတိုင်း ကောက်ခံမည်ဖြစ်သည်။

၅။ တာဝန်ခံမှုမှ ကင်းလွတ်စေခြင်း

သင်သည် MPT နှင့် ၎င်း၏ လက်အောက်ခံကုမ္ပဏီများ၊ ပူးတွဲလုပ်ငန်းဆောင်ရွက်သူ၊ အေးဂျင့်များ၊ မန်နေဂျာ များ နှင့် အခြားဆက်စပ်ကုမ္ပဏီများ၊ နှင့် ၎င်းတို့၏ ဝန်ထမ်းများ၊ ကန်ထရိုက်တာများ၊ အေးဂျင့်များ၊ အရာထမ်း များ၊ ဒါရိုက်တာများအား (၁) သင်ထုတ်လွှတ်လိုက်သော သို့မဟုတ် ရရှိသော ဒေတာ သို့မဟုတ် အကြောင်း အရာ တစ်ခုခုအပါအဝင် သင်၏ ပရိုမိုးရှင်းအသုံးပြုခြင်းနှင့် ဝင်ရောက်ခြင်း (၂) ဤတွင်ပါဝင်သော ကိုယ်စားပြု တင်ပြခြင်းများနှင့် အာမခံချက် များတစ်ခုခုကို ချိုးဖောက်ခြင်း အပါအဝင် ယင်းတို့ချည်းသာမဟုတ်သော သင်၏ စည်းကမ်းချက်များ၏ စည်းကမ်း တစ်ခုခုအား ချိုးဖောက်ခြင်း (၃) ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု အခွင့်အရေး တစ်စုံတစ်ရာ၊ လူတစ်ဦး တစ်ယောက် ၏ ကျော်ကြားမှု ကိုယ်ပိုင် လက္ခဏာများအား အလွှဲသုံးစားပြုခြင်းကို ကာကွယ်သည့် အခွင့်အရေးများ (publicity rights) သို့မဟုတ်၊ ဉာဏပစ္စည်းဆိုင်ရာ အခွင့်အရေးများ အပါအဝင် ၎င်းတို့ချည်းသာမဟုတ်သော တတိယပုဂ္ဂိုလ်အခွင့်အရေးတစ်ခုခုကို သင့်အနေဖြင့် ချိုးဖောက်ခြင်း၊ (၄) သင်၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သို့မဟုတ် အခြားနိုင်ငံတစ်နိုင်ငံ၏ ၏ ဥပဒေ၊ နည်းဥပဒေ သို့မဟုတ် စည်းမျဉ်း တစ်ခုခုကိုချိုးဖောက် ခြင်း၊ (၅) ပရိုမိုးရှင်းမှ တစ်ဆင့် သင်တင်ပြသော သို့မဟုတ် သင်ရ ရှိသော အချက်အလက်တစ်ခုခု၏ ရလဒ်တစ်ခုကြောင့် တောင်းဆိုမှု သို့မဟုတ် နစ်နာမှု တစ်စုံတစ်ရာ ဖြစ်ခြင်း သို့မဟုတ် (၆) သင်၏ ဖုန်းနံပါတ် (မှတ်ပုံတင်ထားသည် ဖြစ်စေ သို့မဟုတ် မှတ်ပုံမတင်ထားသည် ဖြစ်စေ) သို့ မဟုတ် ဟန်းဆက်မှ တစ်ဆင့် အခြားပုဂ္ဂိုလ်တစ်ဦးဦး၏ ပရိုမိုးရှင်းသို့ ဝင်ရောက်ခြင်းနှင့် အသုံးပြုခြင်းတို့မှ ပေါ် ပေါက်လာသော တောင်းဆိုမှုများ၊ နစ်နာမှုများ၊ တာဝန်ဝတ္တရားများ၊ ဆုံးရှုံးမှုများ၊ တာဝန်ခံမှုများ၊ ကုန်ကျမှု များ သို့ မဟုတ် ကြွေးမြီနှင့် အသုံးစရိတ်များ (ရှေ့နေ့ခများအပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာမက) တစ်ခုခုနှင့် အားလုံးထံမှ နှင့် ၎င်းတို့ကို ဆန့်ကျင်၍ ကာကွယ်ပေးရန်၊ တာဝန်ခံမှုမှ ကင်းလွတ်စေရန်နှင့် ထိခိုက်နစ်နာမှုမှ ကင်းလွတ်စေရန် သဘောတူပါသည်။

၆။ အာမခံချက်များ၏ မသက်ဆိုင်ကြောင်း ရှင်းလင်းများ နှင့် တာဝန်ခံမှုကန့်သတ်ချက်

ပရိုမိုးရှင်းနှင့် ပရိုမိုးရှင်းတွင်ပါဝင်သော သို့မဟုတ် အခြားနည်းဖြင့် သင်အသုံးပြုစေနိုင်ရန်ပြုလုပ်ထားသော သတင်း အချက်အလက်၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲအပါအဝင်) နှင့် အခြားသော ဝန်ဆောင်မှုများကို စာဖြင့် အတိအကျဖော်ပြထားခြင်းမှ လွှဲ၍ “ရှိသည့်အတိုင်း”နှင့် ရှိနိုင်မည့်အတိုင်း ရနိုင်သော စနစ်” ဖြင့် ပံ့ပိုးခြင်းဖြစ်သည်။ MPT သည် ပရိုမိုးရှင်းလည်ပတ်ခြင်း သို့မဟုတ် သတင်းအချက်အလက်၏ တိကျ မှန်ကန်မှု၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲ အပါအဝင်) သို့မဟုတ် ပရိုမိုးရှင်းတွင် ပါဝင်သော သို့မဟုတ် အခြားနည်းဖြင့် ပရိုမိုးရှင်းမှ တဆင့် သင်အသုံးပြုနိုင်ရန် ပြုလုပ်ထားသည့် အခြားသော ဝန်ဆောင်မှုများပါဝင်သည့် သတင်းအချက်အလက်များကို အခြားနည်းဖြင့် တိတိကျကျစာဖြင့်ရေးသား မဖော်ပြ ထားပါက မည်သည့်အမျိုးအစားမဆိုဖြစ်သော အတိအလင်းဖြစ်စေ၊ တိုက်ရိုက်မဟုတ်သည်ဖြစ်စေ ကိုယ်စားပြု တင်ပြခြင်းများ သို့မဟုတ် အာမခံချက်များ မပြုလုပ်ပါ။ သင်၏ ပရိုမိုးရှင်းအသုံးပြုမှုသည် ဖြစ်ပေါ်လာနိုင်ချေ ရှိသော အန္တရာယ်ကို မိမိဘာသာတာဝန်ယူသည်ဟု အတိအလင်း သဘောတူပါသည်။

သက်ဆိုင်ရာ ဥပဒေများမှ ခွင့်ပြုနိုင်သည့် အများဆုံး အတိုင်းအတာအလျောက် MPT သည် ရည်ရွယ်ချက် တစ်ခုအတွက် ကုန်သွယ်မှုနှင့် ရောင်းချနိုင်စွမ်း၏ တိုက်ရိုက်မဟုတ်သော အာမခံချက်များ အပါအဝင် ယင်းတို့ ချည်းသာမဟုတ်သော အတိအလင်းဖော်ပြထားသည့် သို့မဟုတ် တိုက်ရိုက်မဟုတ်သည့် အာမခံချက်များ အားလုံးကို မသက်ဆိုင် ကြောင်း ငြင်းဆိုပါသည်။

MPT သည်ပရိုမိုးရှင်း၊ သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲ အပါအဝင်) သို့မဟုတ် ပရိုမိုးရှင်းတွင် ပါဝင်သော သို့မဟုတ် အခြားနည်းဖြင့် ပရိုမိုးရှင်းမှ တဆင့် သင်အသုံးပြု နိုင်ရန် ပြုလုပ်ထားသည့် အခြားသော ဝန်ဆောင်မှုများ၊ MPT ဆာဗာများ သို့မဟုတ် MPT မှ ပို့ သော အီလက်ထရောနစ် ဆက်သွယ်မှုများသည် ဗိုင်းရပ်များ သို့မဟုတ် အခြားသော အန္တရာယ်ရှိသည့် အစိတ်အပိုင်းများမှ ကင်းလွတ်ပါသည်ဟု MPT က အာမခံခြင်း မပြုပါ။ MPTသည် ပရိုမိုးရှင်းအသုံးပြုခြင်း သို့မဟုတ် ပရိုမိုးရှင်းနှင့် ပရိုမိုးရှင်းတွင်ပါဝင်သော သို့မဟုတ် အခြားနည်းဖြင့် ပရိုမိုးရှင်းမှ တစ်ဆင့် သင်အသုံးပြုစေနိုင်ရန်ပြုလုပ်ထားသော သတင်းအချက် အလက်၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲ အပါအဝင်) သို့မ ဟုတ် ဝန်ဆောင်မှု များမှ ပေါ်ပေါက်လာသော မည်သည့်အမျိုးအစားမဆိုဖြစ်သည့် တိုက်ရိုက်ဖြစ်သော၊ တိုက်ရိုက်မဟုတ်သော၊ ဆက်စပ်၍ဖြစ်သော၊ ပြစ်ဒဏ်အရဖြစ်သော နှင့် သို့မဟုတ် အကျိုးဆက်အားဖြင့် ဖြစ် သော နစ်နာမှုများအပါ အဝင် ယင်းတို့ချည်းသာမဟုတ်သော နစ်နာမှု တစ်စုံတစ်ရာအတွက် တာဝန်ခံမည် မဟုတ်ပါ။

၇။ တတိယပုဂ္ဂိုလ် အကြောင်းအရာ

ပရိုမိုးရှင်းသည် တတိယပုဂ္ဂိုလ်များထံမှ ရယူသော သို့မဟုတ် ပံ့ပိုးသော အကြောင်းအရာများ (“တတိယပုဂ္ဂိုလ် အကြောင်းအရာ”)ကို စုစည်းထားခြင်း ဖြစ်သည်။ သို့ဖြစ်ပါ၍ MPT သည် ထို တတိယပုဂ္ဂိုလ် အကြောင်းအရာ ဖြစ်စေ တတိယပုဂ္ဂိုလ် အကြောင်းအရာနှင့် ဆက်စပ်၍ ချိတ်ဆက်ထားသည့် ဝက်ဘ်ဆိုဒ်တစ်ခုခုနှင့်ဖြစ်စေတို့ အတွက် တာဝန်မရှိပါ။ တတိယ ပုဂ္ဂိုလ်များ၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများတစ်ခုခုကို ရည်ညွှန်း ခြင်း သည် MPT မှ ထောက်ခံခြင်း၊ စပွန်ဆာပေးခြင်း သို့မဟုတ် အကြံပေးခြင်း အဖြစ်မမြောက်ပါ သို့မဟုတ် သွယ်ဝိုက်ညွှန်းဆိုခြင်း မဖြစ်ပါ။


၈။ အထွေထွေ

စည်းကမ်းချက်များသည် http://mpt.com.mm/mm/about-home/terms-conditions-mm/ တွင် ဖတ်ရှု နိုင်သည့် MPT ၏ အထွေထွေ စည်းကမ်းသတ်မှတ်ချက်များ (“GTC”) အရဖြစ်ရပါမည်။ ဤစည်းကမ်းချက်များ ၏ စည်းကမ်းချက်များနှင့် GTC အကြား ပဋိပက္ခတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက ဤစည်းကမ်းချက်များက လွှမ်းမိုးရမည်။ ဤ စည်းကမ်းချက်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများ နှင့် တရားရုံး သို့မဟုတ် စီရင်ပိုင် ခွင့်ရှိသော အဖွဲ့တစ်ခုမှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက် သို့မဟုတ် လမ်းညွှန်ချက် တစ်ခုခုအရဖြစ်ရပါမည်။ အကယ်၍ စည်းကမ်းချက်များ၏ စည်းကမ်းချက်၊ ပဋိညာဉ် ပြုချက်၊ ပြဋ္ဌာန်းချက် တစ်ခုခုအား တရားရုံးတစ်ခုခု သို့မဟုတ် စီရင်ပိုင်ခွင့်ရှိသော အဖွဲ့တစ်ခု သို့မဟုတ် ထိုအကြောင်း အရာ နှင့်စပ်လျဉ်း၍ ဥပဒေတစ်ရပ်ရပ်မှ ဥပဒေနှင့် မကိုက်ညီခြင်း၊ တရားမဝင်ဖြစ်ခြင်း သို့မဟုတ် အာဏာ မသက်ရောက်နိုင်ခြင်းအဖြစ် သတ်မှတ်ခဲ့ပါက ကျန်ရှိသော စည်းကမ်းချက်များ သို့မဟုတ် အဆိုပါ သတ်မှတ်ချက်၊ ပဋိညာဉ်ပြုချက် သို့မဟုတ် ပြဋ္ဌာန်းချက်၏ (တရားမဝင်ဖြစ်ကြောင်း သို့မဟုတ် အာဏာ သက်ရောက်မှုမရှိကြောင်း သတ်မှတ်ထားသည့် ပုဂ္ဂိုလ်များမှ အပ) ပုဂ္ဂိုလ်တစ်ဦးဦးနှင့် သက်ဆိုင်မှု အပေါ် သက်ရောက်မှု မရှိစေရဘဲ စည်းကမ်းချက်များ၏ ပြဋ္ဌာန်းချက်တစ်ရပ်စီသည် ဥပဒေအရ ခွင့်ပြုထားသော အများ ဆုံး အတိုင်းအတာအထိ တရားဝင်ဖြစ်ပြီး အာဏာသက်ရောက်မှု ဆက်လက်ရှိရမည်။

Crystal Shine ၏ အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်များ

(၁) ကံစမ်းမဲအစီအစဉ်မှာဘယ်လိုပါဝင်လို့ရပါသလဲ။

MPT မှ ပေးပို့သော CRBT ဝန်ဆောင်မှုကို ၁၀ရက် အခမဲ့ အသုံးပြုနိုင်သည့် မက်ဆေ့ချ်ကို လက်ခံရရှိပြီး ဝန်ဆောင်မှုကို ရယူရမှာဖြစ်ပါတယ်။

(၂) ကံစမ်းမဲကာလကဘယ်လောက်ကြာလဲ။

26.9.2018 ရက်နေ့မှ 29.10.2018 ရက်နေ့အတွင်း ဖြစ်ပါတယ်။ ၁၀ရက်အခမဲ့ အသုံးပြုပြီး CRBT FOC campaign မှတစ်ဆင့် subscribe ပြုလုပ်သူများအတွက် ဖြစ်ပါတယ်။

(၃) ကံထူးနိုင်ရန် ဘယ်အချက်တွေနဲ့ကိုက်ညီဖို့လိုပါသလဲ။

ပရိုမိုးရှင်း ကာလအတွင်း CRBT FOC campaign ကို ပါဝင်ရပါမယ်။ ဆုမဲ ရွေးချယ်သည့် နောက်ဆုံးရက်အထိ CRBT ဝန်ဆောင်မှုကို ဆက်လက်အသုံးပြုထားရမှာ ဖြစ်ပါတယ်။

(၄) ကံထူးရှင်ကိုဘယ်လိုရွေးချယ်မှာလဲ။ ဘယ်နေ့ ရွေးချယ်ပေးမှာလဲ။

၃၀.၁၀.၂၀၁၈ ရက်နေ့တွင် ကံထူးရှင်တစ်ယောက်ကို MPT ရဲ့ campaign management system မှတစ်ဆင့် ကျပမ်းရွေးချယ်သွားမှာဖြစ်ပါတယ်။

(၅) ဆုမဲအရေအတွက်ဘယ်လောက်လဲ။

iPhone XR တစ်လုံး ဖြစ်ပါတယ်။

(၆) မဲပေါက်တဲ့သူတွေကိုဘယ်လိုကြော်ငြာပေးမှာလဲ။

ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားမှာဖြစ်ပါတယ်။ ဆုမဲပေါက်သူသည် MPT ရုံး သို မှတ်ပုံတင်နှင့် တကွ လာရောက်ထုတ်ယူ ရမှာ ဖြစ်ပါတယ်။

(၇)အထွေထွေ

ဆုမဲပေါက်သူကို ၃ရက်ဆက်တိုက် ခေါ်ယူ ဆက်သွယ်မည်ဖြစ်ပြီး ၃ရက်ကျော်လွန်သည့်တိုင် ဆုမဲပေါက်သူအား ဆက်သွယ်၍မရလျှင် နောက်ထပ် လျာထားသူအား ဆုအား အလားတူ ဆက်သွယ်ပေးသွားမည်ဖြစ်သည်။
ပရိုရှင်းနှင့် ဆက်နွယ်၍ ပြသနာတစ်စုံတစ်ရာဖြစ်ခဲ့သော် MPT၏ ဆုံးဖြတ်ချက်သာ နောက်ဆုံးနှင့် အတည်ဖြစ်သည်။

ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..