MPT4U
MPT4U

MPT4U App

MPT ၏ဝန်ဆောင်မှုများကိုပိုမိုလွယ်ကူစွာအသုံးပြုနိုင်ရန် အင်တာနက်ဖိုးမကုန်တဲ့ MPT4U app ကို အခမဲ့ ​ဒေါင်းလုတ်ရယူလိုက်ပါ

Google Play Store နှင့် App Store တို့တွင်အင်တာနက်ကုန်ကျမှုဖြင့် ဒေါင်းလုတ်ရယူနိုင်ပါသည်။


ထိပေါက် ကံစမ်းရန်
နေ့စဉ်ထိပေါက်ကစားပြီး MPT Club Pointများ၊ ဒေတာဆုလက်ဆောင်များကို အခုပဲ အရယူလိုက်ပါ။ (MPT4U တွင်သာ ကစားနိုင်ပါသည်)

MPT4U App ဖြင့်အသုံးပြုနိုင်သော လုပ်ဆောင်ချက်များ

  • MPTအင်တာနက်ဖြင့်အခမဲ့သုံးနိုင်ခြင်း
  • လက်ကျန်ငွေစစ်ဆေးခြင်း
  • ဖုန်းဘေလ်ဖြည့်ခြင်း
  • နေ့စဉ်အသုံးပြုမှုပမာဏစစ်ဆေးခြင်း
  • ပက်ကေ့ချ်ဝယ်ယူခြင်း
  • ဖုန်းဘေလ်ချေးယူခြင်း
  • ဝန်ဆောင်မှုပြောင်းလဲခြင်း
  • ဖုန်းဘေလ်လွှဲပြောင်းခြင်း
  • Wifiအပါအဝင်အခြား Network ဖြင့်အသုံးပြုနိုင်ခြင်း
  • ပက်ကေ့ချ် လက်ကျန် ပမာဏများ စစ်ဆေးနိုင်ခြင်း
  • Call Service ဝန်ဆောင်မှုများ ရယူနိုင်ခြင်း
  • FAQ များ ဖတ်ရှု့နိုင်ခြင်း
  • MPT Ring Tune ရယူခြင်း
  • MPT Club ပွိုင့်များ စစ်ဆေးနိုင်ခြင်း
  • လိုတရ ပေ့ချ် သို့ဝင်ရောက်နိုင်ခြင်း
  • ဆွေသဟာ၊ ရွှေစကားအစရှိသော ဝန်ဆောင်မှု များပြောင်းလဲနိုင်ပါသည်။

အထူးကမ်းလှမ်းချက်
သင့်အတွက်သာ ဈေးသက်သာသော အထူးကမ်းလှမ်းမှုကို MPT4U အားအသုံးပြု၍ ၀ယ်ယူလိုက်ရအောင်။


MPT Club Point လဲလှယ်ရန်
MPT4U ထဲမှာ MPT Club Point များကို ဒေတာ၊ Voice ၊ SMS၊ Coupons များနဲ့ လဲလှယ် လိုက်ရအောင်။


ဖျော်ဖြေရေး (ဒေတာအခမဲ့)
စိတ်ဝင်စားဖွယ်ရာဗေဒင်အကြောင်းအရာများနှင့် ရသစုံလိုတရ ဝတ္ထုတိုတွေအပြင် မိန်းကလေးတိုင်းအတွက် အလှအပရေးရာလျို့ဝှက်ချက်များကို MPT4U ရဲ့လိုတရပေ့ချ်မှာဖတ်ရှုလိုက်ရအောင်။


MPT4U Applicationအား Android ဖုန်းအသုံးပြုသူများ ဖော်ပြပါနည်းလမ်းအတိုင်း ဒေါင်းလုတ် ရယူနိုင်ပါသည်။

Step-1:အောက်ဖော်ပြပါအတိုင်း Phone setting ထဲရှိ Security ထဲမှ Unknown Sources ကို On ပါ။

step1

Step-2: ဖော်ပြပါအခမဲ့ ဒေါင်းလုတ် ရယူရန်နေရာမှ ဒေါင်းလုတ် ကိုနှိပ်၍ မိမိနှစ်သက်ရာ ဒေါင်းလုတ်ဆွဲမည့် Browser ကိုရွေးချယ်ပါ။

step2

Step-3: Phone notification bar တွင် ဒေါင်းလုတ် (%) ပြည့်သွားပါကအောက်ဖော်ပြပါအတိုင်း install လုပ်၍ MPT4U Applicationအားရယူနိုင်ပါသည်။

step3

MPT4U App

MPT4U App ကို MPTအင်တာနက်ဖြင့်အခမဲ့ ဒေါင်းလုတ်ရယူရန်

Google Play Store နှင့် App Store တို့တွင်အင်တာနက်ကုန်ကျမှုဖြင့် ဒေါင်းလုတ်ရယူနိုင်ပါသည်။

MPT4U App ဖြင့် ဖုန်းဘေလ်ဖြည့်သွင်းပုံအဆင့်ဆင့်

  • ၁။ Application ၏ မူလစာမျက်နှာမှ ငွေဖြည့်သွင်းသည် (Top Up)ကိုနှိပ်ပါ။ (ငွေဖြည့်ကဒ်ကို ခဲခြစ်ထားပါ။)
  • ၂။ ငွေဖြည့်သွင်းသည့် စာမျက်နှာတွင် ငွေဖြည့်ကဒ်နံပါတ် ရိုက်ထည့်၍သော်လည်းကောင်း၊ ငွေဖြည့်ကဒ်နံပါတ် ဖြည့်သွင်းရန် နေရာ ဘေးတွင် ရှိသော QR ကုဒ် စကန်နာ ကိုနှိပ်ပြီး ငွေဖြည့်ကဒ်မှ QR ကုဒ်ကို ကင်မရာချိန်လိုက်ပါ။ စကန်ဖတ်ပြီးပါက ငွေဖြည့်သွင်းမှုပြီးပါပြီ။
  • ၃။ တခြားဖုန်းသို့ဖုန်းဘေလ်ဖြည့်ပေးလိုပါက ပေးပို့လိုသောဖုန်းနံပါတ်ကိုရိုက်ထည့်၍သော်လည်းကောင်း၊ဖုန်းစာအုပ်မှတ်တမ်းမှ ရွေးချယ်၍ သော်လည်းကောင်းဖြည့်သွင်းပေးနိုင်ပါသည်။

MPT4U App ဖြင့် ပက်ကေ့ချ် ဝယ်ယူပုံအဆင့်ဆင့်

  • ၁။ Application ၏ မူလစာမျက်နှာမှ ပက်ကေ့ချ်ဝယ်ယူခြင်း(Package Purchase)ကိုနှိပ်ပါ။
  • ၂။ ပက်ကေ့ချ်ဝယ်ယူခြင်း စာမျက်နှာတွင် နှစ်သက်ရာ ပက်ကေ့ချ်ကို ရွေးချယ်၍ ဝယ်ယူသည် ကိုနှိပ်ပါ။
  • ၃။ ဝယ်ယူမှုအတည်ပြုရန် စာမျက်နှာတွင် ဝယ်ယူပါမည် ကိုနှိပ်၍ ဝယ်ယူနိုင်ပါသည်။
    (အခြားသူများအတွက်ဝယ်ပေးလိုပါက ဝယ်ယူမှုအတည်ပြုရန် စာမျက်နှာ၏ ပေးပို့လိုသောဖုန်းနံပါတ် ရိုက်ထည့်၍သော်လည်းကောင်း၊ ဖုန်းစာအုပ်မှတ်တမ်းမှ ရွေးချယ်၍လည်း ဝယ်ယူပေးပို့နိုင်ပါသည်။)

MPT4U App ဖြင့်ဖုန်းဘေလ်အသုံးပြုမှုပမာဏ စစ်ဆေးပုံအဆင့်ဆင့်

  • ၁။ Application ၏မူလစာမျက်နှာမှ နေ့စဉ်အသုံးပြုမှုမှတ်တမ်း ကိုနှိပ်ပါ။
  • ၂။ နေ့စဉ်အသုံးပြုမှုမှတ်တမ်း စာမျက်နှာတွင် မိမိအသုံးပြုထားသော (၇) ရက်စာ Voice/Data/SMS ပမာဏကိုစစ်ဆေးနိုင်ပါသည်။

MPT4U App ဖြင့် လက်ကျန်ငွေလွှဲပြောင်းပုံအဆင့်ဆင့်

  • ၁။ Application ၏ မူလစာမျက်နှာမှ လက်ကျန်ငွေလွှဲပြောင်းခြင်းကိုနှိပ်ပါ။
  • ၂။ လက်ကျန်ငွေလွှဲပြောင်းခြင်း စာမျက်နှာတွင် မိမိလွှဲပြောင်းလိုသော ဖုန်းနံပါတ် ကိုရိုက်ထည့်၍ သော်လည်းကောင်း၊ ဖုန်းစာအုပ်မှတ်တမ်းမှ လည်း ရွေးချယ်နိုင်ပါသည်။
  • ၃။ လွှဲပြောင်းလိုသော ဖုန်းနံပါတ်ရွေးချယ်ပြီးပါက လွှဲပြောင်းလိုသည့်ပမာဏကိုရွေးချယ်ပြီး လွှဲပြောင်းသည် ကိုနှိပ်၍ ပေးပို့နိုင်ပါသည်။ (လွှဲပြောင်းလိုသည့်ပမာဏကို ရိုက်ထည့်နိုင်ပါသည်။)

MPT4U App ဖြင့် ဝန်ဆောင်မှုပြောင်းလဲအသုံးပြုပုံအဆင့်ဆင့်

  • ၁။ Application ၏ မူလစာမျက်နှာမှ My tab (ကျွန်ုပ်) ကိုနှိပ်ပါ။
  • ၂။ My tab ထဲကအစီအစဉ်ပြောင်းရန် ကိုရွေးချယ်ပါ။
  • ၃။ အစီအစဉ်ပြောင်းရန် စာမျက်နှာမှ မိမိနှစ်သက်ရာ ဝန်ဆောင်မှုကိုပြောင်းလဲအသုံးပြုနိုင်ပါသည်။
Some text some message..