Lotayamm

contents

MPT4U

MPT4U App

MPT4U App ကို MPT အင်တာနက်ဖြင့် အခမဲ့ ဒေါင်းလော့ခ်ရယူရန်

Google Play Store နှင့် App Store တို့တွင် အင်တာနက်ကုန်ကျမှု့ဖြင့် Download ရယူနိုင်ပါသည်။


MPT4U

MPT4U Application သည် အသုံးပြုသူများအတွက် MPT မှ အခမဲ့ဝန်ဆောင်မှု့ပေးထားသော အက်ပလီကေးရှင်း တစ်ခုဖြစ်ပါသည်။

MPT4U App ဖြင့်အသုံးပြုနိုင်သော လုပ်ဆောင်ချက်များ

  • MPT အင်တာနက်ဖြင့်အခမဲ့သုံးနိုင်ခြင်း
  • လက်ကျန်ငွေစစ်ဆေးခြင်း
  • ဖုန်းဘေလ်ဖြည့်ခြင်း
  • နေ့စဉ်အသုံးပြုမှု့ပမာဏစစ်ဆေးခြင်း
  • ပက်ကေ့ခ်ဝယ်ယူခြင်း
ပိုမိုသိရှိရန်  
  • ဖုန်းဘေလ်ချေးယူခြင်း
  • ၀န်ဆောင်မှု့ပြောင်းလဲခြင်း
  • ဖုန်းဘေလ်လွှဲပြောင်းခြင်း
  • Wifi အပါအ၀င် အခြား Network ဖြင့် အသုံးပြုနိုင်ခြင်း
  • ပက်ကေ့ခ်ျ လက်ကျန် ပမာဏများ စစ်ဆေးနိုင်ခြင်း
  • Call Service ၀န်ဆောင်မှု့များ ရယူနိုင်ခြင်း
  • FAQ များ ဖတ်ရှု့နိုင်ခြင်း
  • MPT Ring Tune ရယူခြင်း
  • MPT Club ပွိုင့်များ စစ်ဆေးနိုင်ခြင်း
  • လိုတရ ပေ့ခ်ျ သို့ဝင်ရောက်နိုင်ခြင်း
  • ဆွေသဟာ၊ ရွှေစကား အစရှိသော ၀န်ဆောင်မှု့ များပြောင်းလဲနိုင်ပါသည်။

MPT4U Application အား Android ဖုန်းအသုံးပြုသူများ ဖော်ပြပါနည်းလမ်းအတိုင်း Download ရယူနိုင်ပါသည်။

Step-1: အောက်ဖော်ပြပါအတိုင်း Phone setting ထဲရှိ Security ထဲမှ Unknown Sources ကို On ပါ။

step1

Step-2: ဖော်ပြပါ အခမဲ့ Download ရယူရန် နေရာမှ download ကိုနှိပ် ၍ မိမိနှစ်သက်ရာ download ဆွဲမည့် Browser ကိုရွေးချယ်ပါ။

step2

Step-3: Phone notification bar တွင် download (%) ပြည့်သွားပါက အောက်ဖော်ပြပါအတိုင်း install လုပ် ၍ MPT4U Application အားရယူနိုင်ပါသည်။

step3

MPT4U App

MPT4U App ကို MPT အင်တာနက်ဖြင့် အခမဲ့ ဒေါင်းလော့ခ်ရယူရန်

Google Play Store နှင့် App Store တို့တွင် အင်တာနက်ကုန်ကျမှု့ဖြင့် Download ရယူနိုင်ပါသည်။

MPT4U App ဖြင့် ဖုန်းဘေလ်ဖြည့်သွင်းပုံ အဆင့်ဆင့်

  • ၁။ Application ၏ မူလစာမျက်နှာမှ ငွေဖြည့်သွင်းသည် (Top Up)ကိုနှိပ်ပါ။ (ငွေဖြည့်ကဒ်ကို ခဲခြစ်ထားပါ။)
  • ၂။ ငွေဖြည်သွင်းသည့် စာမျက်နှာတွင် ငွေဖြည့်ကဒ်နံပါတ် ရိုက်ထည့်၍သော်လည်းကောင်း၊ ငွေဖြည့်ကဒ်နံပါတ် ဖြည့်သွင်းရန် နေရာ ဘေးတွင်ရှိသော QRကုဒ် စကင်နာကိုနှိပ်ပြီး ငွေဖြည့်ကဒ်မှ QRကုဒ်ကို ကင်မရာချိန်လိုက်ပါ။ စကန်ဖတ်ပြီးပါက ငွေဖြည့်သွင်းမှုပြီးပါပြီ။
  • ၃။ တခြားဖုန်းသို့ဖုန်းဘေလ်ဖြည့်ပေးလိုပါက ပေးပို့လိုသောဖုန်းနံပါတ်ကိုရိုက်ထည့်၍သော်လည်းကောင်း၊ဖုန်းစာအုပ်မှတ်တမ်းမှ ရွေးချယ်၍ သော်လည်းကောင်းဖြည့်သွင်းပေးနိုင်ပါသည်။

MPT4U App ဖြင့် ပက်ကေ့ခ်ျ ၀ယ်ယူပုံ အဆင့်ဆင့်

  • ၁။ Application ၏ မူလစာမျက်နှာမှ ပက်ကေ့ခ်ျဝယ်ယူခြင်း(Package Purchase)ကိုနှိပ်ပါ။
  • ၂။ ပက်ကေ့ဝယ်ယူခြင်း စာမျက်နှာတွင် နှစ်သက်ရာ ပက်ကေ့ခ်ျ ကိုရွေးချယ်၍ ၀ယ်ယူသည် ကိုနှိပ်ပါ။
  • ၃။ ၀ယ်ယူမှု့အတည်ပြုရန် စာမျက်နှာတွင် ၀ယ်ယူပါမည် ကိုနှိပ်၍ ၀ယ်ယူနိုင်ပါသည်။
    (တခြားသူများ အတွက်ဝယ်ပေးလိုပါက ၀ယ်ယူမှု့အတည်ပြုရန် စာမျက်နှာ၏ ပေးပို့လိုသောဖုန်းနံပါတ် နေရာတွင် ပေးပို့လိုသော ဖုန်းနံပါတ် ရိုက်ထည့်၍သော်လည်းကောင်း၊ဖုန်းစာအုပ်မှတ်တမ်းမှ ရွေးချယ်၍ လည်း ၀ယ်ယူပေးပို့နိုင်ပါသည်။)

MPT4U App ဖြင့် ဖုန်းဘေလ်အသုံးပြုမှု့ပမာဏ စစ်ဆေးပုံ အဆင့်ဆင့်

  • ၁။ Application ၏ မူလစာမျက်နှာမှ နေ့စဉ်အသုံးပြုမှု့မှတ်တမ်း ကိုနှိပ်ပါ။
  • ၂။ နေ့စဉ်အသုံးပြုမှု့မှတ်တမ်း စာမျက်နှာတွင် မိမိအသုံးပြုထားသော (၇) ရက်စာ Voice/Data/SMS ပမာဏကိုစစ်ဆေးနိုင်ပါသည်။

MPT4U App ဖြင့် လက်ကျန်ငွေလွှဲပြောင်းပုံ အဆင့်ဆင့်

  • ၁။ Application ၏ မူလစာမျက်နှာမှ လက်ကျန်ငွေလွှဲပြောင်းခြင်းကိုနှိပ်ပါ။
  • ၂။ လက်ကျန်ငွေလွှဲပြောင်းခြင်း စာမျက်နှာတွင် မိမိလွှဲပြောင်းလိုသော ဖုန်းနံပါတ် ကိုရိုက်ထည့်၍ သော်လည်းကောင်း၊ ဖုန်းစာအုပ်မှတ်တမ်းမှ လည်း ရွေးချယ်နိုင်ပါသည်။
  • ၃။ လွှဲပြောင်းလိုသော ဖုန်းနံပါတ်ရွေးချယ်ပြီးပါက လွှဲပြောင်းလိုသည့်ပမာဏကိုရွေးချယ်ပြီး လွှဲပြောင်းသည် ကိုနှိပ်၍ ပေးပို့နိုင်ပါသည်။ (လွှဲပြောင်းလိုသည့်ပမာဏကို ရိုက်ထည့်နိုင်ပါသည်။)

MPT4U App ဖြင့် ဖုန်းဘေလ်ချေးယူပုံ အဆင့်ဆင့်

  • ၁။ Application ၏ မူလစာမျက်နှာမှ လက်ကျန်ချေးငွေ ကိုနှိပ်ပါ။
  • ၂။ လက်ကျန်ချေးငွေ စာမျက်နှာတွင် ချေးယူနိုင်သည့်ပမာဏ ၈၀၀ ကျပ်ကို ငွေချေးမည် ကိုနှိပ်၍ ချေးယူနိုင်ပါသည်။

MPT4U App ဖြင့် ၀န်ဆောင်မှု့ပြောင်းလဲအသုံးပြုပုံ အဆင့်ဆင့်

  • ၁။ Application ၏ မူလစာမျက်နှာမှ My tab (ကျွန်ုပ်) ကိုနှိပ်ပါ။
  • ၂။ My tab ထဲက အစီအစဉ်ပြောင်းရန် ကိုရွေးချယ်ပါ။
  • ၃။ အစီအစဉ်ပြောင်းရန် စာမျက်နှာမှ မိမိနှစ်သက်ရာ ၀န်ဆောင်မှု့ကိုပြောင်းလဲ အသုံးပြုနိုင်ပါသည်။

ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..