ရန်ကုန်မှာ ဈေးဝယ်ထွက်တဲ့အခါ စားသောက်ဆိုင်တွေသွားတဲ့အခါ… ပရိုမိုးရှင်းအစီအစဉ်တွေကိုအချိန်နှင့်တပြေးညီ တစ်နေရာတည်းမှာကြည့်ရှုနိုင်ဖို့ အခုပဲ ""သိပြီးပြီလား"" မိုဘိုင်းအက်ပလီကေးရှင်း ဝန်ဆောင်မှုကို ရယူလိုက်တော့နော်။
MPTမှ ဝန်ဆောင်မှုအတွက် စည်းမျဉ်းစည်းကမ်းချက်များ
“ Thi P P Lar ” Service မေးလေ့မေးထရှိသည့် မေးခွန်းများ
1) “Thi P P Lar” Service ဆိုတာဘာလဲ?
2) “Thi P P Lar ” service ကိုအသုံးပြုလိုပါက ဘယ်လိုရယူရပါမလဲ။
Application မှတစ်ဆင့် ဝန်ဆောင်မှုရယူမည်ဆိုပါက applicationအား install ပြုလုပ်ပြီးနောက် Subscribe လုပ်ပါ၊ ပြီးရင် MPT ဖုန်းနံပါတ်ဖြင့်ဝင်ပြီး One Time Password (OTP) ပို့လာပါလိမ့်မည်။ ထို့နောက် ပို့လာသော OTP ဖြည့်ပြီး နောက်တွင် “Thi P P Lar” ဝန်ဆောင်မှုအားအသုံးပြုနိုင်ပါသည်။
**** Thi PP Lar Application ကို Android ဖုန်းများတွင်သာအသုံးပြုနိုင်မှာဖြစ်ပါတယ်။
3) “Thi P P Lar” service ရဲ့ ဝန်ဆောင်မှုအသုံးပြုခမှာ ဘယ်လောက်ပါလဲ။
4) “Thi P P Lar” service ကို ဘယ်လိုအသုံးပြုနိုင်သလဲ။
5) ဝန်ဆောင်မှုအား ရပ်တန့်လိုပါက မည်သို့ပြုလုပ်ရမလဲ။
6)အသေးစိတ်သိရှိလိုပါက မည်သို့ဆက်သွယ်မေးမြန်းနိုင်သနည်း?
FAQs of “Thi P P Lar ” Service
1) What is Thi P P Lar Service?
2) How to access Thi P P Lar service?
If you would like to subscribe via Application, please install the App first. After that, users can subscribe using MPT Number and MPT will send OTP. And after filled OTP number, users can use enjoying our Thi P P Lar service.
**** This application is only support for Android phones.
3) How much is the charge for subscription Thi P P Lar Service?
4) How can use Thi P P Lar service?
5) How to unsubscribe Thi P P Lar service?
6) How do I contact User Support?
Call – 09893433338 / 09893433339 /106
MPTမှ ဝန်ဆောင်မှုအတွက် စည်းမျဉ်းစည်းကမ်းချက်များ
ဝန်ဆောင်မှု၏ စည်းမျဉ်းစည်းကမ်းချက်များ
ဤစာမျက်နှာသည် [Thi P P Lar](²Promotion²)တွင်ပါဝင်ကံစမ်းသည့်အခါ သင့်အနေဖြင့်လိုက်နာ ရမည့်စည်းကမ်းချက်များအား ရှင်းလင်းဖော်ပြထားပါသည်။ Promotionအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (“MPT”၊ “ကျွနု်ပ်တို့”၊ “ကျွနု်ပ်တို့ကို”၊ “ကျွနု်ပ်တို့၏”)က ဆောင်ရွက်ပေးသော ဝန်ဆောင်မှုများမှတဆင့် ရယူ နိုင်ပါသည်။ Promotion ကို [Alinntaike Company
] Alinntaike Company က စီစဉ်ဆောင်ရွက်ပါသည်။ Promotion တွင်ပါဝင်ကံစမ်းခြင်းဖြင့် သင်သည် ဤစည်းကမ်းသတ်မှတ်ချက်များနှင့်၎င်းတို့နှင့်ဆက်စပ်သည့်အခြားသော သက်ဆိုင်ရာစည်းမျဉ်းများ၊ မူဝါဒများနှင့် စည်းကမ်းချက်များ (စုပေါင်း၍ “စည်းကမ်းချက်များ” ဟု ခေါ်ဆိုရန်) ကိုဖတ်ရှုပြီး နားလည်ကြောင်းနှင့် ၎င်းတို့၏ စည်းနှောင်မှုကိုခံယူရန် သဘောတူကြောင်း သဘောဆောင်ပါ သည်။
စည်းကမ်းချက်များသည်အချိန်အခါမရွေး ပြောင်းလဲမှုရှိနိုင်ပါသည်။ ထိုကဲ့သို့သော ပြောင်းလဲမှုတစ်ခုခု ပြုလုပ်ပြီးနောက် Promotion တွင် သင်၏ဆက်လက်ပါဝင်ကံစမ်းမှုသည် ပြောင်းလဲပြီးဖြစ်သော စည်းကမ်း ချက်များကို သင်က လက်ခံခြင်း ဖြစ်ပါသည်။
၁။ Promotion
၁.၁ အထက်တွင်ဖော်ပြထားသည့်အတိုင်း Promotion ကို Alinntaike Company ကအပြည့်အဝ စီစဉ်ဆောင်ရွက်ပါသည်။ Promotion တွင် MPT ၏ ပါဝင်ပတ်သက်မှုအတိုင်းအတာသည်အောက်တွင်ထပ်မံရှင်းလင်းဖော်ပြမည့် ကျသင့်ငွေကောက်ခံခြင်း (Bill) နှင့် စာရင်းပေး သုံးစွဲခြင်း (Subscription) ဆိုင်ရာလုပ်ငန်းများဖြင့် ကန့်သတ်ထားပါသည်။
၁.၂ စည်းကမ်းချက်များတွင် သင်အားအတိအလင်းအပ်နှင်းထားခြင်းမရှိသည့်အခွင့်အရေးအားလုံးကို ကျွနု်ပ်တို့က သို့မဟုတ် ကျွနု်ပ်တို့၏အသုံးပြုခွင့်ပေးသူများ၊ ထောက်ပံ့သူများ၊ ထုတ်ဝေသူများ၊အခွင့်အရေးကိုင်ဆောင်သူများနှင့်အခြားသောအကြောင်းအရာပံ့ပိုးသူများက သီးသန့် ရယူထိန်း သိမ်းထားပါသည်။ သင်အနေဖြင့် စည်းကမ်းချက်များနှင့် ဥပဒေတွင် ခွင့်ပြုသည့်အတိုင်းသာ Promotion တွင် ပါဝင်ကံစမ်းနိုင်ပြီးအခြားသောအသုံးပြုခံစားမှုအားလုံးကို တင်းကျပ်စွာ တားမြစ် ထားပါသည်။
၁.၃ MPT သည် MPT ၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့်အကြောင်းပြချက်တစ်ခုခု သို့မဟုတ်အကြောင်း ပြချက်မရှိဘဲ သင်၏ Promotion သို့ ဝင်ရောက်မှု သို့မဟုတ် ပါဝင်ကံစမ်းမှုကိုအကြောင်းကြားမှုနှင့် တာဝန်မရှိဘဲအမြဲတမ်းသော်လည်းကောင်း၊ ယာယီသော်လည်းကောင်း ရပ်စဲခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ်အခြားနည်းဖြင့်ခွင့်ပြုရန်ငြင်းပယ်ခြင်းများ ပြုလုပ်နိုင်ပါသည်။ ထိုသို့ပြုလုပ်သည့်အခါတွင် စည်းကမ်းချက်များသည် ဤတွင်ဖော်ပြထားသော ဆက်လက်တည်ရှိနေမည့်စည်းကမ်းချက်များကို ဖြည့်ဆည်းရန် လိုအပ်သောအတိုင်းအတာအထိ သင်အပေါ် ဆက်လက်စည်းနှောင်မှုရှိရမည်။
၁.၄ Promotion တွင် သင်၏ ပါဝင်ကံစမ်းမှုသည် ကြိုတင်စီစဉ်ထားသောနှင့် ကြိုတင်စီစဉ်ထားခြင်းမရှိ သော ဝန်ဆောင်မှုအဆက်ပြတ်ခြင်းများပေါ် မူတည်နိုင်သည်။ Promotion ၏အဆက်ပြတ်ခြင်း၊ (စီစဉ်ထားသည်ဖြစ်စေ၊ စီစဉ်မထားဘဲဖြစ်စေ) ချို့ယွင်းမှုဖြစ်ပေါ်ခြင်း သို့မဟုတ် မဝင်ရောက်နိုင် ခြင်းတစ်ခုခုအတွက် MPT သည် သင့်အပေါ် သို့မဟုတ် မည်သည့်တတိယပုဂ္ဂိုလ်များအပေါ်မဆို တာဝန်ရှိမည် မဟုတ်သည်ကို သင့်အနေဖြင့် သဘောတူပါသည်။
၁.၅ သင်၏ Promotionအသုံးပြုမှု သို့မဟုတ်အလွဲသုံးစားပြုမှု၊ သင်၏အခြားအသုံးပြုသူများနှင့် မည် သည့်အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှုများအတွက်မဆို သို့မဟုတ် Promotion နှင့်စပ်လျဉ်း၍ သင်၏အခြားဆောင်ရွက်မှု သို့မဟုတ် လိုက်နာရန်ပျက်ကွက်မှုတစ်ခုခုအတွက် MPT တွင် တာဝန် မရှိစေရ။
၂။ ကျွန်ုပ်တို့၏ ပိုင်ဆိုင်မှုအခွင့်အရေးများ
Alinntaike Company သို့မဟုတ်အခြားတတိယပုဂ္ဂိုလ်တစ်ဦးဦးမှအခြားနည်းဖြင့် တရားသဖြင့်ဆောင်ရွက်ခြင်းမှ လွဲ၍ သက်ဆိုင်မှုရှိသည့်အတိုင်း ဤ Promotion နှင့်စပ်လျဉ်းသော ဆော့ဖ်ဝဲ၊ ရုပ်ပုံများ၊ စာသား၊ ဂရပ်ဖစ်များ၊ သရုပ်ဖော်မှုများ၊ လိုဂိုများ၊ တီထွင်မှုမူပိုင်ခွင့်များ၊ ကုန်အမှတ်တံဆိပ်များ၊ ဝန်ဆောင်မှုအမှတ်တံဆိပ်များ၊ မူပိုင်ခွင့်များ၊ ဓာတ်ပုံများ၊အသံ၊ ဗီဒီယိုများ၊ ဂီတနှင့်အကြောင်းအရာအပါအဝင် ၎င်းတို့ချည်းသာ မဟုတ်သော (စုပေါင်း၍ “အကြောင်းအရာ”) MPT ၏ ပိုင်ဆိုင်မှုအချက်အလက် တစ်ခုခုနှင့် ၎င်းတို့နှင့် သက်ဆိုင်သော ဉာဏပစ္စည်းအခွင့်အရေးများအားလုံးမှာ MPT နှင့် ၎င်း၏အသုံးပြုခွင့်ပေးသူများ၊ ထောက်ပံ့သူများ၊ ထုတ်ဝေသူများ၊အခွင့်အရေးကိုင်ဆောင်သူများနှင့်အခြားသောအကြောင်းအရာပံ့ပိုးသူများ၏ သီးသန့်ပစ္စည်းဖြစ်သည်။ ဤတွင်အတိအလင်း ဖော်ပြ ထားသည်မှလွဲ၍ Promotion ၏ မည်သည့်အရာကမျှ ဉာဏပစ္စည်းဆိုင်ရာအခွင့်အရေးများတစ်ခုခု တွင်ရှိသော သို့မဟုတ် ထိုအောက်တွင်ရှိသောအသုံးပြုခွင့်တစ်ခု သို့မဟုတ်အခွင့်အရေးတစ်ခု ဖန် တီးသည်ဟု မမှတ်ယူရ။ Promotion တွင် ဝင်ရောက်အသုံးပြုနိုင်သောအချက်အလက်များတစ်ခုခု သို့မဟုတ်အကြောင်းအရာတစ်ခုခုမှ ဆင့်ပွားရရှိလာသော လက်ရာများကို ရောင်းချခြင်း၊အသုံးပြု ခွင့်ပေးခြင်း၊ ငှားရမ်းခြင်း၊ ပြုပြင်ခြင်း၊ ဖြန့်ချိခြင်း၊ ကူးယူခြင်း၊ ဆင့်ပွားကူးယူခြင်း၊ ထုတ်လွှင့်ခြင်း၊ လူအများ မြင်သာစေရန် ပြသခြင်း၊ လူအများ မြင်သာစေရန် ဖျော်ဖြေခြင်း၊ ထုတ်ဝေခြင်း၊ သင့်လျော် သလို ပြင်ဆင်အသုံးပြုခြင်း၊ တည်းဖြတ်ခြင်း သို့မဟုတ် ဖန်တီးခြင်းများကို သင့်အနေဖြင့် မပြုလုပ် ရန် သဘောတူပါသည်။ စည်းကမ်းချက်များမှအတိအလင်း ခွင့်ပြုမထားသော မည်သည့်ရည်ရွယ် ချက်အတွက်မဆိုအကြောင်းအရာအားအသုံးပြုခြင်းကို တင်းကျပ်စွာတားမြစ်ထားပါသည်။
၃။ စာရင်းပေးသုံးစွဲခြင်း
၃.၁ Promotion ကာလသည် [၁၄.၂.၂၀၁၉ ] မှ [၁၃.၅.၂၀၁၉]အထိ (²Promotion ကာလ²) ဖြစ်ပါ သည်။
၃.၂ Promotion တွင် ပါဝင်ကံစမ်းနိုင်ရန် သင်အနေဖြင့် [Thi P P Lar ဝန်ဆောင်မှု] ကို Promotion ကာလအတွင်း စာရင်းပေးသုံးစွဲရမည်။
[တရားဝင်မှတ်ချက် - စာရင်းပေးသုံးစွဲခြင်း၏စည်းကမ်းချက်အသေးစိတ်သည် ပါဝင်ပတ်သက်သည့် ထောက်ပံ့ပေးသူများ၏ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီဖြစ်ရမည်။]
၄။ ပါဝင်ကံစမ်းနိုင်သူများ
၄.၁ ဤ Promotion ကိုအနည်ဆုံးအသက်တစ်ဆယ့်ရှစ်နှစ်(၁၈)နှစ်နှင့်အထက်ရှိပြီး (MPT SIMအသုံးပြု နေသည့်) မှတ်ပုံတင်ထားသော MPT သုံးစွဲသူများအတွက်သာ ရည်ရွယ်ပါသည်။
၄.၂ MPTနှင့်တိုက်ရိုက်ပတ်သက်သည်ဖြစ်စေ၊မပတ်သက်သည်ဖြစ်စေMPTအတွက်လုပ်ကိုင်နေသော ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ်အဖွဲ့အစည်းများ သို့မဟုတ်MPT၏ ဝန်ထမ်းများ(မိသားစုနှင့်ဆွေမျိုးများအပါအဝင်) Promotion တွင် ပါဝင်ကံစမ်းခွင့်မရှိပါ။
၅။ ဈေးကွက်ရှာဖွေခြင်းနှင့်အရောင်းမြှင့်တင်ခြင်း
MPTအနေဖြင့် ကံစမ်းမဲအစီအစဉ်အတွက်လိုအပ်သော သို့မဟုတ် ၎င်းနှင့် ကျိုးကြောင်းဆီလျော်စွာ ဆက်စပ်သော ကိစ္စရပ်များအတွက်လည်းကောင်း၊ လူသိများစေရန်ရည်ရွယ်ချက်များအတွက် ပါဝင် ကံစမ်းသူများ၏ဗီဒီယိုများ နှင့်/သို့မဟုတ် ရုပ်ပုံများအသုံးပြုခြင်းအပါအဝင် ဖြစ်သော်လည်းယင်းတို့ ချည်းသာဟု ကန့်သတ်မထားသော MPT ၏ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို ဈေး ကွက်ရှာဖွေရန်၊ ကြော်ငြာရန် နှင့်/သို့မဟုတ်အရောင်းမြှင့်တင်ရန်အလို့ငှာ ပါဝင်ကံစမ်းသူများ၏ ကိုယ်ရေးအချက်အလက်များ ကောက်ခံခြင်း၊အသုံးပြုခြင်း၊ ဖွင့်ဟထုတ်ဖော်ခြင်းနှင့် ၎င်းတို့အကြား ဝေမျှခြင်းတို့ပြုလုပ်ခြင်းနှင့် MPT၏တရားဝင်ခွင့်ပြုထားသောဝန်ဆောင်မှုပေးသူများနှင့်သက်ဆိုင်ရာ တတိယပုဂ္ဂိုလ်များထံ ထိုကဲ့သို့သောကိုယ်ရေးအချက်အလက်များ ဖွင့်ဟထုတ်ဖော်ခြင်းကို ပါဝင်ကံ စမ်းသူများက သဘောတူညီပြီး ခွင့်ပြုပါသည်။
၆။ တာဝန်ခံမှုမှ ကင်းလွတ်စေခြင်း
သင်သည် MPT နှင့် ၎င်း၏ လက်အောက်ခံကုမ္ပဏီများ၊ ပူးတွဲလုပ်ငန်းဆောင်ရွက်သူ၊အေးဂျင့်များ၊ မန်နေဂျာများ နှင့်အခြားဆက်စပ်ကုမ္ပဏီများ၊ နှင့် ၎င်းတို့၏ ဝန်ထမ်းများ၊ ကန်ထရိုက်တာများ၊အေးဂျင့်များ၊အရာထမ်းများ၊ ဒါရိုက်တာများအား (၁) သင်ထုတ်လွှတ်လိုက်သော သို့မဟုတ် ရရှိ သောဒေတာ သို့မဟုတ်အကြောင်းအရာတစ်ခုခုအပါအဝင် သင်၏ Promotionအားအသုံးပြုခြင်း နှင့် ဝင်ရောက်ခြင်း (၂) ဤတွင်ပါဝင်သော ကိုယ်စားပြုတင်ပြခြင်းများနှင့်အာမခံချက်များတစ်ခုခုကို ချိုးဖောက်ခြင်းအပါအဝင် ယင်းတို့ချည်းသာမဟုတ်သော စည်းကမ်းချက်များ၏ စည်းကမ်းတစ်ခုခုအား ချိုးဖောက်ခြင်း (၃) ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုအခွင့်အရေး တစ်စုံတစ်ရာ၊ လူတစ်ဦးတစ် ယောက်၏ ကျော်ကြားမှုကိုယ်ပိုင်လက္ခဏာများအားအလွှဲသုံးစားပြုခြင်းကို ကာကွယ်သည့်အခွင့်အရေးများ (Publicity Rights) သို့မဟုတ်၊ ဉာဏပစ္စည်းဆိုင်ရာအခွင့်အရေး များအပါအဝင် ၎င်းတို့ ချည်းသာမဟုတ်သော တတိယပုဂ္ဂိုလ်အခွင့်အရေးတစ်ခုခုကို သင့်အနေဖြင့် ချိုးဖောက်ခြင်း၊ (၄) သင်၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သို့မဟုတ်အခြားနိုင်ငံတစ်နိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေ သို့မဟုတ် စည်းမျဉ်း တစ်ခုခုကိုချိုးဖောက်ခြင်း၊ (၅) Promotion မှတစ်ဆင့် သင်တင်ပြသော သို့မ ဟုတ် သင်ရရှိသောအချက်အလက်တစ်ခုခု၏ ရလဒ်တစ်ခုကြောင့် တောင်းဆိုမှု သို့မဟုတ် နစ်နာမှု တစ်စုံတစ်ရာဖြစ်ခြင်း သို့မဟုတ် (၆) သင်၏ဖုန်းနံပါတ်(စာရင်းသွင်းထားသည်ဖြစ်စေ၊ စာရင်းမသွင်း ထားသည်ဖြစ်စေ)၊ ဟန်းဆက်၊ သို့မဟုတ်အခြားသော ကိရိယာမှတဆင့်အခြားပုဂ္ဂိုလ်တစ်ဦး ဦး၏ Promotion သို့ဝင်ရောက်မှုနှင့်အသုံးပြုမှုတို့မှ ပေါ်ပေါက်လာသော တောင်းဆိုမှုများ၊ နစ်နာမှု များ၊ တာဝန်ဝတ္တရားများ၊ ဆုံးရှုံးမှုများ၊ တာဝန်ခံမှုများ၊ ကုန်ကျမှုများ သို့မဟုတ် ကြွေးမြီနှင့်အသုံးစရိတ် များ (ရှေ့နေ့ခများအပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟုကန့်သတ်မထားသော) တစ်ခုခု နှင့်အားလုံးထံမှနှင့် ၎င်းတို့ကို ဆန့်ကျင်၍ ကာကွယ်ပေးရန်၊ တာဝန်ခံမှုမှ ကင်းလွတ်စေရန်နှင့် ထိခိုက်နစ်နာမှုမှ ကင်း လွတ်စေရန်သဘောတူပါသည်။
၇။ အာမခံချက်များ၏ မသက်ဆိုင်ကြောင်း ရှင်းလင်းချက်များနှင့် တာဝန်ခံမှုကန့်သတ်ချက်
၇.၁ Promotion တွင်ပါဝင်သော သို့မဟုတ် Promotion မှတဆင့်အခြားနည်းဖြင့် သင်အသုံးပြုနိုင်ရန် ပြုလုပ်ထားသော သတင်းအချက်အလက်၊အကြောင်းအရာ၊အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲအပါအဝင်)နှင့်အခြားသောဝန်ဆောင်မှုများကို ဤနေရာ၌ “ရှိသည့်အတိုင်း” နှင့် “ရှိနိုင် မည့်အတိုင်း” ရနိုင်သောစနစ်ဖြင့်ပံ့ပိုးခြင်းဖြစ်သည်။ MPT သည် Promotion လည်ပတ်ခြင်း သို့မ ဟုတ် Promotion တွင်ပါဝင်သော သို့မဟုတ် Promotion မှတဆင့်အခြားနည်းဖြင့်သင်အသုံး ပြု နိုင်ရန်ပြုလုပ်ထားသော ၎င်း၏တိကျမှုအပါအဝင်သတင်းအချက်အလက်၊အကြောင်းအရာ၊အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲအပါအဝင်) သို့မဟုတ် အခြားသောဝန်ဆောင်မှုများကို မည် သည့်အမျိုးအစားမဆိုဖြစ်သောအတိအလင်းဖြစ်စေ၊ တိုက်ရိုက်မဟုတ်သည်ဖြစ်စေ ကိုယ်စားပြု တင်ပြခြင်းများ သို့မဟုတ်အာမခံချက်များမပြုလုပ်ပါ။ သင်၏ Promotionအသုံးပြုမှုသည် ဖြစ်ပေါ် လာနိုင်ချေရှိသောအန္တရာယ်ကို မိမိဘာသာတာဝန်ယူသည်ဟုအတိအလင်း သဘောတူပါသည်။
၇.၂ MPT သည် Promotionအသုံးပြုခြင်း သို့မဟုတ် Promotion တွင် ပါဝင်သော သို့မဟုတ် Promotion မှတဆင့်အခြားနည်းဖြင့် သင်အသုံးပြုနိုင်ရန်ပြုလုပ်ထားသော သတင်းအချက်အလက်၊အကြောင်းအရာ၊အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲအပါအဝင်) သို့မဟုတ်အခြားသော ဝန်ဆောင်မှုများမှ ပေါ်ပေါက်လာသော မည်သည့်အမျိုးအစားမဆိုဖြစ်သည့် တိုက်ရိုက်ဖြစ်သော၊ တိုက်ရိုက်မဟုတ်သော၊ ဆက်စပ်၍ဖြစ်သော၊ ပြစ်ဒဏ်အရဖြစ်သော နှင့်/သို့မဟုတ်အကျိုးဆက်အားဖြင့်ဖြစ်သော နစ်နာမှုများအပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟုကန့်သတ်မထားသော နစ်နာမှုတစ်စုံ တစ်ရာအတွက် တာဝန်ခံမည်မဟုတ်ပါ။
၇.၃ သင်အနေဖြင့် Promotion သို့ ဝင်ရောက်ကံစမ်းရာတွင်မည်သည့်အကြောင်းအရင်းကြောင့်ဖြစ်စေ၊ Promotion နှင့်ဆက်စပ်၍ တိုက်ရိုက်ဖြစ်စေ၊အကျိုးဆက်အရဖြစ်စေ ဖြစ်ပေါ်လာသော မည်သည့် သဘောသဘာဝ သို့မဟုတ်အမျိုးအစားမဆိုရှိသည့် ဆုံးရှုံးမှု၊ ထိခိုက်အနာတရဖြစ်မှု၊ ထိခိုက်မှု သို့မဟုတ် ပေးရန်တာဝန်ရှိမှုနှင့်အကျိုးဆက်များ တစ်ခုခုနှင့်အားလုံးမှ သော်လည်းကောင်း၊ MPT ကိုထိုသို့ဖြစ်နိုင်ခြေအားအသိပေးပြီးသည့်တိုင် Promotion တွင် ပါဝင်ကံစမ်းစဉ်အတွင်း သို့မဟုတ် ကံထူးဆုအားအသုံးပြုခံစားခြင်းမှ ပေါ်ပေါက်လာသော သို့မဟုတ် ၎င်းနှင့်ဆက်စပ်သော မည်သည့် ပုဂ္ဂိုလ်များအပေါ်မဆို ထိခိုက်အနာတရဖြစ်မှုတစ်ရပ်ရပ် သို့မဟုတ် ပိုင်ဆိုင်မှုတစ်ရပ်ရပ်အပေါ် ဖြစ် ပေါ်လာသည့်ထိခိုက်မှုတစ်ရပ်ရပ်အပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟု မကန့်သတ်လျက် ၎င်းတို့မှသော်လည်းကောင်း ပေါ်ပေါက်လာသောနှင့် ၎င်းတို့ကိုအကြောင်းပြုသော တောင်းခံမှု များ၊ တောင်းဆိုမှုများ၊အခွင့်အရေးများ၊ တရားစွဲဆိုရန်အကြောင်းတို့မှ MPTအားကင်းလွတ်စေရန်နှင့် ရာသက်ပန် လွတ်ငြိမ်းစေရန် သဘောတူညီပါသည်။
၇.၄ သက်ဆိုင်ရာဥပဒေများမှ ခွင့်ပြုနိုင်သည့်အများဆုံးအတိုင်းအတာအလျောက် MPT သည် ရည်ရွယ် ချက်တစ်ခုအတွက် ကုန်သွယ်မှုနှင့် ရောင်းချနိုင်စွမ်း၏ တိုက်ရိုက်မဟုတ်သောအာမခံချက်များအပါအဝင်ဖြစ်သော်လည်းယင်းတို့ချည်းသာဟုကန့်သတ်မထားသောအတိအလင်းဖော်ပြထားသည့် သို့မဟုတ် တိုက်ရိုက် မဟုတ်သည့်အာမခံချက်များအားလုံးကို မသက်ဆိုင်ကြောင်း ငြင်းဆိုပါသည်။
၇.၅ Promotion တွင်ပါဝင်သော သို့မဟုတ် Promotion မှတဆင့်အခြားနည်းဖြင့် သင်အသုံးပြုနိုင်ရန် ပြုလုပ်ထားသော သတင်းအချက်အလက်၊အကြောင်းအရာ၊အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲအပါအဝင်) သို့မဟုတ်အခြားသောဝန်ဆောင်မှုများတွင် MPT ဆာဗာများ သို့မဟုတ် MPT မှ ပို့သောအီလက်ထရောက်နစ် ဆက်သွယ်မှုများသည် ဗိုင်းရပ်များ သို့မဟုတ်အခြားသောအန္တရာယ်ရှိသည့်အစိတ်အပိုင်းများမှ ကင်းလွတ်ပါသည်ဟု MPT ကအာမခံခြင်း မပြုပါ။
၈။ တတိယပုဂ္ဂိုလ်၏အကြောင်းအရာ
Promotion တွင် Alinntaike Company အပါအဝင် တတိယပုဂ္ဂိုလ်များမှ ရရှိသော သို့မဟုတ် ၎င်းတို့က ပံ့ပိုးပေး ထားသောအကြောင်းအရာ(²တတိယပုဂ္ဂိုလ်၏အကြောင်းအရာ²)တို့ ပါဝင်နိုင်ပါသည်။ သို့ဖြစ်ပါ၍အဆိုပါတတိယပုဂ္ဂိုလ်၏အကြောင်းအရာ သို့မဟုတ် တတိယပုဂ္ဂိုလ်၏အကြောင်းအရာနှင့်ဆက်စပ် သော ချိတ်ဆက်ထားသည့်ဝက်ဘ်ဆိုဒ်တစ်ခုခုအတွက် MPTတွင် တာဝန်ရှိမည်မဟုတ်ပါ။ တတိယ ပုဂ္ဂိုလ်များ၏ သတင်းအချက်အလက်၊ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများတစ်ခုခုအား ရည် ညွှန်းချက်သည် MPT က ထောက်ခံမှု၊ ကမကထပြုမှု သို့မဟုတ်အကြံပြုမှု မဟုတ်ပါ သို့မဟုတ် ထိုသို့သွယ်ဝိုက်ဆိုလိုခြင်းမဟုတ်ပါ။
၉။ အထွေထွေ
၉.၁ တတိယပုဂ္ဂိုလ်တစ်ဦးဦး၏ စည်းကမ်းသတ်မှတ်ချက်များသည် သက်ဆိုင်မှုရှိလျှင် ကံထူးဆုများအပေါ် သက်ရောက်မှုရှိပါမည်။
၉.၂ စည်းကမ်းချက်များသည် http://mpt.com.mm/mm/about-home/terms-conditions-mm/ တွင် ဖတ်ရှုနိုင်သည့် MPT ၏အထွေထွေစည်းကမ်းသတ်မှတ်ချက်များ (“GTC”)အရဖြစ်ရပါမည်။ ဤစည်းကမ်းချက်၏ စည်းကမ်းများနှင့် GTCအကြား ပဋိပက္ခတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက ဤစည်း ကမ်းချက်များ၏ စည်းကမ်းများက လွှမ်းမိုးရမည်။
၉.၃ စည်းကမ်းချက်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများ နှင့် တရားရုံး သို့မ ဟုတ် စီရင်ပိုင်ခွင့်ရှိသောအဖွဲ့တစ်ခုမှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊အမိန့် ကြော်ငြာစာ၊ ညွှန်ကြား ချက် သို့မဟုတ် လမ်းညွှန်ချက် တစ်ခုခုအရဖြစ်ရပါမည်။
၉.၄ အကယ်၍ စည်းကမ်းချက်များ သို့မဟုတ် ၎င်းအကျုံးဝင်မှု၏ စည်းကမ်းများ ပဋိညာဉ်ပြုချက်၊ ပြဋ္ဌာန်း ချက်တစ်ခုခုအား တရားရုံးတစ်ခုခု သို့မဟုတ် စီရင်ပိုင်ခွင့်ရှိသောအဖွဲ့တစ်ခုခု သို့မဟုတ် ထိုအကြောင်းအရာ နှင့်စပ်လျဉ်း၍ ဥပဒေတစ်ရပ်ရပ်မှ ဥပဒေနှင့် မကိုက်ညီခြင်း၊ တရားမဝင်ဖြစ်ခြင်း သို့မဟုတ်အာဏာမသက်ရောက်နိုင်ခြင်းအဖြစ်သတ်မှတ်ခဲ့ပါက စည်းကမ်းချက်များ၏ ကျန်ရှိသောအပိုင်း သို့မဟုတ်အဆိုပါ စည်းကမ်းများ၊ ပဋိညာဉ်ပြုချက် သို့မဟုတ် ပြဋ္ဌာန်းချက်၏ (တရားမဝင် ဖြစ်ကြောင်း သို့မဟုတ်အာဏာသက်ရောက်မှုမရှိကြောင်း သတ်မှတ်ထားသည့် ပုဂ္ဂိုလ်များမှအပ) ပုဂ္ဂိုလ်တစ်ဦးဦးနှင့် သက်ဆိုင်မှုအပေါ် သက်ရောက်မှုမရှိစေရဘဲ စည်းကမ်းချက်များ၏ ပြဋ္ဌာန်းချက် တစ်ရပ်စီသည် ဥပဒေအရခွင့်ပြုထားသောအများဆုံးအတိုင်းအတာအထိ တရားဝင်ဖြစ်ပြီးအာဏာ သက်ရောက်မှု ဆက်လက်ရှိရမည်။
[CP အနေဖြင့် Promotion ပြုလုပ်ဆောင်ရွက်ရန်အတွက် ဤတွင် ၎င်းတို့၏ စည်းကမ်းသတ်မှတ်ချက်များကို ထည့်သွင်းရမည်။အကြုံပြုလိုသောခေါင်းစည်းများအားအောက်ပါအတိုင်းဖော်ပြထားပါသည်။]
Thi P P Lar ဝန်ဆောင်မှု၏ ကံစမ်းမဲ အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်များ
၁။ ပါဝင်ကံစမ်းရမည့်နည်းလမ်း
[8065 ကို “ON” ဟုပေးပို့ပြီး “Thi P P Lar” ဝန်ဆောင်မှုကိုရယူသုံးစွဲသူဖြစ်ရပါမည်။ ပထမဦးဆုံးသုံးစွဲသူများအတွက် ၇ ရက်အခမဲ့ရရှိနိုင်ပါသည်။]
၂။ ချီးမြှင့်မည့်ကံထူးဆု (များ)
[ရွှေတစ်ကျပ်သား (၃) ဆု နှင့် MPT Top – Up Card (3000) တန် ကတ် ၃၀၀]
၃။ ကံထူးရှင်ရွေးချယ်ခြင်း
[ကံထူးရှင်များကို 22.3.3019 တွင် တစ်ကြိမ်၊ 26.4.2019 တွင်တစ်ကြိမ်၊ 24.5.2019 တွင်တစ်ကြိမ် ရွေးချယ်သွားပါမည်။]
၄။ ကံထူးရှင်အားအကြောင်းကြားခြင်း
[ကံထူးရှင်များကို 22.3.2019 ~ 27.3.2019 တွင်လည်းကောင်း၊ 26.4.2019 ~ 2.5.2019 တွင်လည်းကောင်း၊ 24.5.2019 ~ 29.5.2019 တွင်လည်းကောင်း ဖုန်းဆက်၍အကြောင်းကြားသွား ပါမည်။]
၅။ ကံထူးဆု(များ)အသုံံးပြုခံစားခြင်း
၅.၁ ကံထူးဆုများအားလုံးအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မ ဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်၍မရပါ။
၅.၂ အတည်ပြုပြီးဖြစ်သောကံထူးရှင်များအားလုံးတွင်လိုအပ်သောစာရွက်စာတမ်းအား လုံးအပါအဝင်ဖြစ်သော်လည်း ၎င်းတို့သာဟုကန့်သတ်မထားသည့်အမျိုးသားမှတ် ပုံတင်ဒ်ပြားရှိရမည်။
၆။ ကံထူးရှင်အား စည်းကမ်းသတ်မှတ်ချက်များနှင့်မကိုက်ညီကြောင်း ဆုံးဖြတ်ခြင်း
၆.၁ Alinntaike Company သည် ပါဝင်ကံစမ်းသူတစ်ဦးအားကြိုတင်၍ အကြောင်းမကြားဘဲ သို့မဟုတ်အကြောင်းပြချက်တစ်ခုခုပေးရန်မလိုအပ်ဘဲ ပုံမှန် မဟုတ်သော သို့မဟုတ် သံသယဖြစ်ဖွယ် ဆောင်ရွက်မှုတစ်ခုခု ဆောင်ရွက်နေ ကြောင်း သို့မဟုတ် ၎င်းနှင့် ဆက်စပ်မှုရှိကြောင်း သံသယရှိပါက ထိုပါဝင်ကံစမ်းသူအား စည်းကမ်းသတ်မှတ်ချက်များနှင့် မကိုက်ညီကြောင်း ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။
MPT Terms and Conditions – [Name of Promotion]
This page explains the terms by which you agree to abide by when participating in the [Thi P P Lar] (“Promotion”). The Promotion can be accessed through services provided by Myanma Posts and Telecommunications (“MPT”, “we”, “us”, “our”). The Promotion is operated by and provided to you by Alinntaike Company. By participating in the Promotion, you signify that you have read, understood, and agree to be bound by these Terms and Conditions and any other applicable rules, policies and terms associated therewith (collectively, the “Terms”).
The Terms are subject to change at any time. Your continued participation in the Promotion after any such change constitutes your acceptance of the revised Terms.
Except as otherwise rightfully operated by [Alinntaike Company ] or any other third party, as applicable, any MPT proprietary material related to the Promotion, including, without limitation, software, images, text, graphics, illustrations, logos, patents, trademarks, service marks, copyrights, photographs, audio, videos, music, and content (collectively, “Content”), and all intellectual property rights related thereto, are the exclusive property of MPT and its licensors, suppliers, publishers, rights holders, or other content providers. Except as explicitly provided herein, nothing in the Terms shall be deemed to create a license or right in or under any such intellectual property rights, and you agree not to sell, license, rent, modify, distribute, copy, reproduce, reverse engineer, transmit, publicly display, publicly perform, publish, adapt, edit or create derivative works from any materials or Content accessible on the Promotion. Use of the Content for any purpose not expressly permitted by the Terms is strictly prohibited.
[Legal Note: Details of the terms of subscription should be under the Content Provider’s Terms and Conditions.]
The participants agree and consent to MPT collecting, using, disclosing and sharing amongst themselves the Participants’ personal data, and disclosing such personal data to MPT’s authorised service providers and relevant third parties for purposes which are necessary or reasonably incidental to the Promotion, and to market, advertise and/or promote the goods or services of MPT, including without limitation using videos and/or images of the Participants for publicity purposes.
You agree to defend, indemnify and hold harmless MPT and its subsidiaries, joint operation partner, agents, managers, and other affiliated companies, and their employees, contractors, agents, officers and directors, from and against any and all claims, damages, obligations, losses, liabilities, costs or debt, and expenses (including but not limited to attorneys’ fees) arising from: (i) your use of and access to the Promotion, including any data or content transmitted or received by you; (ii) your violation of any term of the Terms, including without limitation your breach of any of the representations and warranties herein; (iii) your violation of any third-party right, including without limitation any right of privacy, publicity rights or intellectual property rights; (iv) your violation of any law, rule or regulation of the Union of Myanmar or any other country; (v) any claim or damages that arise as a result of any information submitted or received by you through the Promotion; or (vi) any other party’s access and use of the Promotion through your phone number (registered or unregistered), handset, or other device.
The Promotion may aggregate content obtained or provided by third parties, including [Alinntaike Company ] (“Third Party Content”). As such, MPT is not responsible for such Third Party Content or any linked websites associated with Third Party Content. Reference to any information, products or services of third parties does not constitute or imply endorsement, sponsorship or recommendation by MPT.
[CP to include their terms and conditions here for conducting the Promotion. Suggested headings are indicated below.]
Terms of Use
[It have to subscribe sending “ON” to 8065 to get “Thi P P Lar” Service. 7 Days free for first time user.]
[Gold plate (1 Tical) - 3 prizes and MPT Top – up Card (3000) – Card 300 ]
[We will select the winner on 22.3.3019 1 time, 26.4.2019 1 time and 24.5.2019 1 time. ]
[We will announce the winner by phone on 22.3.2019 ~ 27.3.2019, 26.4.2019 ~ 2.5.2019 and 24.5.2019 ~ 29.5.2019]