Lotayamm

contents

MPT Ballone
MPT Ballone


ပရီးမီးယားလိဂ် ဘောလုံးချစ်သူများအတွက် MPT နှင့် SKYNET တို့ ပူးပေါင်းပြီး “MPT Ballone” ၀န်ဆောင်မှု အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ MPT Ballone မှာ English Premier League ဘောလုံးပွဲစဉ်များကို တိုက်ရိုက်နေရာမရွေး မိုဘိုင်းဖုန်းပေါ်မှ ကြည့်ရှုခံစားနိုင်မည့် ၀န်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ ထို့အပြင် ပွဲစဉ် Highlight များ၊ အချိန်ဇယားများ၊ ပြီးခဲ့သော ပွဲစဉ် သုံးသပ်ချက်များ၊ Goals of the week နှင့် Goal Rush အစရှိသော အစီအစဉ်များကိုလဲ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ၀န်ဆောင်ခ သီးသန့်ပေးဆောင်ရန် မလိုဘဲ ဘောလုံးပွဲစဉ်ကို နေရာမရွေး ကြည့်ရှုနိုင်အောင် ခုပဲ ဒီကနေ အယ်ပလီရှင်းကို ဒေါင်းပြီး ထည့်သွင်းထားလိုက်ပါ။


MPT Ballone FAQ
1. ဒီအယ်ပလီကေးရှင်းတွင် MPT အသုံးပြုသူများအတွက် ဘယ်လိုဝန်ဆောင်မှုတွေရှိနိုင်မလဲ?
ဒီအယ်ပလီကေးရှင်းတွင် တိုက်ရိုက် ဘောလုံးပွဲစဉ်များကို တိုက်ရိုက် နေရာမရွေး ရင်ခုန်ခံစားကြည့်ရှုနိုင်သည့်အပြင် ပြီးခဲ့သော ဘောလုံးပွဲစဉ်များ၊ ဟိုက်လိုက်ဗွီဒီယိုများ နှင့် အခြား ဗွီဒီယိုများကို ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ 
 
၂. ဘောလုံးပွဲစဉ်များကို တိုက်ရိုက်ကြည့်ရှုခြင်းနှင့် ပြီးခဲ့သော ပွဲစဉ်များ ပြန်လည်ကြည့်ရှုခြင်းများအတွက် ၀န်ဆောင်ခသီးသန့်ပေးဆောင်ရန် လိုအပ်ပါသလား?
ဘောလုံးပွဲစဉ်များကို တိုက်ရိုက်ကြည့်ရှုခြင်းနှင့် ပြီးခဲ့သော ပွဲစဉ်များကို ပြန်လည်ကြည့်ရှုခြင်းများအတွက် ၀န်ဆောင်ခသီးသန့်ပေးဆောင်ရန် မလိုအပ်ပါ။
 
၃. ဘယ်အချိန်ထိ ဘောလုံးပွဲစဉ်များကို ဒီအယ်ပလီကေးရှင်းတွင် ကြည့်ရှုခံစားနိုင်မလဲ?
MPT သုံးစွဲသူများအားလုံး ၂၀၁၉ - ၂၀၂၀ အင်္ဂလိပ်ပရီးမီးယား ဘောလုံးပွဲ ရာသီတလျှောက်လုံး ကြည့်ရှုခံစားနိုင်မည် ဖြစ်ပါသည်။
 
၎. ဒီအယ်ပလီကေးရှင်းသုံးဖို့ မိုဘိုင်းဖုန်းတွင် ဘာတွေလိုအပ်ပါသလဲ?
Android မိုဘိုင်းဖုန်းများတွင် ဗားရှင်း ၅.၀ နှင့် အထက် လိုအပ်ပြီး iOS ဖုန်းများတွင် ဗားရှင်း ၁၀.၀ နှင့် အထက်လိုအပ်ပါသည်။
 
၅. MPT အသုံးပြုသူများသာ MPT Ballone ကို အသုံးပြုခွင့်ရှိပါသလား?
MPT အသုံးပြုသူများသာ MPT ၏မိုဘိုင်းကွန်ယက်မှ တဆင့် MPT Ballone ကို အသုံးပြုနိုင်ပါသည်။
 
၆.Wifi ကွန်ယက်နှင့် အခြား မိုဘိုင်းကွန်ယက်များမှ တိုက်ရိုက်ပွဲစဉ်များနှင့် ပြီးခဲ့သောပွဲစဉ် ဗွီဒီယိုများကို ကြည့်နိုင်ပါသလား?
Wifi ကွန်ယက် နှင့် အခြား မိုဘိုင်းကွန်ယက်များမှ တိုက်ရိုက်ပွဲစဉ်များနှင့် ပြီးခဲ့သောပွဲစဉ် ဗီဒီယိုများကို မကြည့်နိုင်ပါ။ MPT ၏ မိုဘိုင်းကွန်ယက်မှသာ ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။
 
၇.တိုက်ရိုက်ပွဲစဉ်များနှင့် ပြီးခဲ့သောပွဲစဉ် ဗီဒီယိုများ၏ အရည်အသွေးမှာ မည်သို့ရှိပါသနည်း?
တိုက်ရိုက်ပွဲစဉ်များနှင့် ပြီးခဲ့သောပွဲစဉ် ဗီဒီယိုများ၏ အရည်အသွေးမှာ အသုံးပြုသူ၏ ကွန်ယက်မြန်နှုန်း အခြေအနေပေါ်မူတည်ပြီး အလိုအလျောက်ပြောင်းလဲမည် ဖြစ်ပါသည်။
 
၈. အသုံးပြုသူများ အနေဖြင့် ဒေတာအသုံးပြုခများကို မည်သို့ချိန်ညှိနိုင်မည်နည်း?
MPT မှ ချိုသာသော ဒေတာပက်ကေ့ခ်ျကို ၀န်ဆောင်မှုပေးလျက်ရှိရာ ဒေတာပက်ကေ့ခ်ျများကို MPT4U အယ်ပလီကေးရှင်းမှ သော်လည်းကောင်း *၁၀၆# ကို ခေါ်ဆို၍ ၀ယ်ယူနိုင်ပါသည်။

စည်းကမ်းသတ်မှတ်ချက်များ

ဤစည်းကမ်းသတ်မှတ်ချက်များ (“စည်းကမ်းသတ်မှတ်ချက်များ”) သည် လူကြီးမင်း (“လူကြီးမင်း” ၊ “လူကြီးမင်း ၏”)  နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (“MPT”, “ကျွန်ုပ်တို့”, “ကျွန်ုပ်တို့ကို”, “ကျွန်ုပ်တို့၏”) တို့အကြား ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအား MPT Ballone (“ဝန်ဆောင်မှု”) လူကြီးမင်းအသုံးပြုမှုအပေါ် စီမံ အုပ်ချုပ်သည့် စည်းနှောင်မှုရှိသော စာချုပ်တစ်ခု ဖြစ်သည်။

အကြောင်းအရာ ပံ့ပိုးသည့် တတိယပုဂ္ဂိုလ် (“မိတ်ဖက်”)က ပံ့ပိုးပေးထားသည့် ဝန်ဆောင်မှု သို့မဟုတ် အကြောင်းအရာကို ဝင်ရောက်အသုံးပြုခြင်းဖြင့် ဤစည်းကမ်း သတ်မှတ်ချက်များနှင့် ၎င်းတို့နှင့် ဆက်စပ် သည့် အခြားသော သက်ဆိုင်ရာ စည်းမျဉ်းများ၊ မူဝါဒများနှင့် စည်းကမ်းချက်များ (စုပေါင်း၍ “စည်းကမ်း ချက်များ” ဟု ခေါ်ဆိုရန်) ကို လူကြီးမင်းအနေုဖြင့် ဖတ်ရှု၊ နားလည်၍ နှင့် ၎င်းတို့ကို လိုက်နာ ဆောင်ရွက်ရန် သဘောတူပြီးဖြစ်ကြောင်း သဘောတူပါသည်။

လူကြီးမင်းအနေဖြင့် အဆိုပါ စည်းကမ်းသတ်မှတ်ချက်များကို သဘောမတူပါက ဝန်ဆောင်မှုကို အသုံးမပြု ပါနှင့်။

စည်းကမ်းချက်များသည် အချိန်အခါမရွေးပြောင်းလဲမှုရှိနိုင်ပါသည်။ အဆိုပါ ပြောင်းလဲမှုတစ်ရပ်ရပ် ပြုလုပ်ပြီး နောက်ပိုင်းပြုလုပ်သော လူကြီးမင်း၏ အတည်ပြုချက် တစ်ရပ်ရပ် သို့မဟုတ် လူကြီးမင်း၏ ဝန်ဆောင်မှု အသုံးပြုမှုသည် ပြောင်းလဲပြီးဖြစ်သော စည်းကမ်းချက်များကို လူကြီးမင်းအနေဖြင့် လက်ခံခြင်း မြောက်ပါ သည်။

၁။     ဝန်ဆောင်မှု အသုံးပြုခြင်း

MPT သည် လူကြီးမင်းအား ဝန်ဆောင်မှုမှတစ်ဆင့် အင်္ဂလိပ် ပရီးမီးယားလိဂ် (“EPL”) ဘောလုံးပွဲ တိုက်ရိုက် ထုတ်လွှင့်မှု၊ ဗီဒီယိုများနှင့် အခြားသော EPL သတင်းအချက်အလက်များကို ကြည့်ရှုရန်နှင့် ဝင်ရောက် အသုံးပြုရန် ခွင့်ပြုပါသည်။

ဝန်ဆောင်မှု ကိုအသုံးပြုခြင်းအတွက် လူကြီးမင်းအနေဖြင့် ဝက်ဘ်ဆိုဒ် သို့မဟုတ် အက်ပလီကေးရှင်း တစ်ခု ခုကို စာရင်းပေးသုံးစွဲခြင်း၊ မှတ်ပုံတင်ခြင်း သို့မဟုတ် ဝင်ရောက်ခြင်း ပြုလုပ်ရန် မလိုပါ။

စည်းကမ်းချက်များတွင် လူကြီးမင်းအား အတိအလင်း အပ်နှင်းထားခြင်းမရှိသည့် အခွင့်အရေး အားလုံးကို ကျွန်ုပ်တို့က သို့မဟုတ် ကျွန်ုပ်တို့၏ အသုံးပြုခွင့်ပေးသူများ၊ ထောက်ပံ့သူများ၊ ထုတ်ဝေသူများ၊ အခွင့်အရေး ကိုင်ဆောင်သူများနှင့် အခြားသော အကြောင်းအရာပံ့ပိုးသူများက သီးသန့်ရယူထိန်းသိမ်းထားပါသည်။ လူကြီးမင်း အနေဖြင့် စည်းကမ်းချက်များနှင့် ဥပဒေတွင် ခွင့်ပြုသည့်အတိုင်းသာ ဝန်ဆောင်မှုကို အသုံးပြု နိုင် ပြီး အခြားသောအသုံးပြုခံစားမှုအားလုံးကို တင်းကျပ်စွာ တားမြစ်ထားပါသည်။

MPT သည် MPT ၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် အကြောင်းပြချက်တစ်ခုခု သို့မဟုတ် အကြောင်း ပြချက် မရှိဘဲ လူကြီးမင်း၏ ဝန်ဆောင်မှု ဝင်ရောက်အသုံးပြုမှုကို အကြောင်းကြားမှုနှင့် တာဝန်မရှိဘဲ အမြဲတမ်း သော်လည်းကောင်း၊ ယာယီသော်လည်းကောင်း ရပ်စဲခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် အခြား နည်းဖြင့် ခွင့်ပြုရန် ငြင်းပယ်ခြင်းများ ပြုလုပ်နိုင်ပါသည်။ ထိုသို့ပြုလုပ်သည့်အခါတွင် စည်းကမ်းချက်များသည် ဤတွင်ဖော်ပြ ထားသော ဆက်လက်တည်ရှိနေမည့်စည်းကမ်းချက်များကို ဖြည့်ဆည်းရန် လိုအပ်သော အတိုင်းအတာ အထိ လူကြီးမင်းအပေါ် ဆက်လက်စည်းနှောင်မှုရှိရမည်။

ဝန်ဆောင်မှုကို လူကြီးမင်းအသုံးပြုမှုသည် ကြိုတင်စီစဉ်ထားသောနှင့် ကြိုတင်စီစဉ်ထားခြင်းမရှိ သော ဝန်ဆောင်မှု အဆက်ပြတ်ခြင်းများပေါ် မူတည်နိုင်သည်။ ဝန်ဆောင်မှု အဆက်ပြတ်ခြင်း၊ (စီစဉ်ထားသည် ဖြစ်စေ၊ စီစဉ်မထားဘဲ ဖြစ်စေ) ချို့ယွင်းမှုဖြစ်ပေါ်ခြင်း သို့မဟုတ် မဝင်ရောက်နိုင် ခြင်းတစ်ခုခုအတွက် MPT သည် လူကြီးမင်းအပေါ် သို့မဟုတ် မည်သည့်တတိယပုဂ္ဂိုလ်များအပေါ်မဆို တာဝန်ရှိမည် မဟုတ်သည်ကို လူကြီးမင်းအနေဖြင့် သဘောတူပါသည်။

လူကြီးမင်း၏ ဝန်ဆောင်မှု အသုံးပြုမှု သို့မဟုတ် အလွဲသုံးစားပြုမှု၊ လူကြီးမင်း၏ အခြားအသုံးပြုသူများနှင့် မည်သည့် အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှုများအတွက်မဆို သို့မဟုတ် ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ လူကြီးမင်း၏ အခြားဆောင်ရွက်မှု သို့မဟုတ် လိုက်နာရန်ပျက်ကွက်မှုတစ်ရပ်ရပ်အတွက် MPT တွင် တာဝန် မရှိစေရ။  

၂။     ကျွန်ုပ်တို့၏ ပိုင်ဆိုင်မှုအခွင့်အရေးများ

မိတ်ဖက် သို့မဟုတ် အခြားတတိယပုဂ္ဂိုလ်တစ်ဦးဦးက အခြားနည်းအားဖြင့် မှန်မှန်ကန်ကန် ပိုင်ဆိုင်ထား ခြင်းမှ လွဲ၍ သက်ဆိုင်မှုရှိသည့်အတိုင်း ဤ ဝန်ဆောင်မှုနှင့်စပ်လျဉ်းသော ဆော့ဖ်ဝဲ၊ ရုပ်ပုံများ၊ စာသား၊ ဂရပ်ဖစ်များ၊ သရုပ်ဖော်မှုများ၊ လိုဂိုများ၊ တီထွင်မှုမူပိုင်ခွင့်များ၊ ကုန်အမှတ်တံဆိပ်များ၊ ဝန်ဆောင်မှု အမှတ် တံဆိပ်များ၊ မူပိုင်ခွင့်များ၊ ဓာတ်ပုံများ၊ အသံ၊ ဗီဒီယိုများ၊ ဂီတနှင့်အကြောင်းအရာ အပါအဝင် ၎င်းတို့ ချည်းသာ မဟုတ်သော MPT ၏ မည်သည့် ပိုင်ဆိုင်မှုအချက်အလက်မဆိုနှင့် ၎င်းတို့နှင့် သက်ဆိုင်သော ဥာဏပစ္စည်းအခွင့်အရေးများ အားလုံး (စုပေါင်း၍ “အကြောင်းအရာ”) မှာ MPT ၏ သီးသန့် ပစ္စည်းဖြစ်သည်။ ဤတွင်အတိအလင်း ဖော်ပြထားသည်မှလွဲ၍ ဝန်ဆောင်မှု ၏ မည်သည့် အရာကမျှ ဥာဏပစ္စည်းဆိုင်ရာ အခွင့် အရေးများတစ်ခုခု တွင်ရှိသော သို့မဟုတ် ထိုအောက်တွင်ရှိသော အသုံးပြုခွင့်တစ်ခု သို့မဟုတ် အခွင့်အရေး တစ်ခု ဖန်တီးသည်ဟု မမှတ်ယူရ။ ဝန်ဆောင်မှုတွင် ဝင်ရောက်အသုံးပြုနိုင်သော အချက် အလက်များတစ်ခုခု သို့မဟုတ် အကြောင်းအရာတစ်ခုခုမှ ဆင့်ပွားရရှိလာသော လက်ရာများကို ရောင်းချ ခြင်း၊ အသုံးပြုခွင့် ပေးခြင်း၊ ငှားရမ်းခြင်း၊ ပြုပြင်ခြင်း၊ ဖြန့်ချိခြင်း၊ ကူးယူခြင်း၊ ဆင့်ပွားကူးယူခြင်း၊ ထုတ်လွှင့် ခြင်း၊  လူအများ မြင်သာစေရန် ပြသခြင်း၊ လူအများ မြင်သာစေရန် ဖျော်ဖြေခြင်း၊ ထုတ်ဝေခြင်း၊ သင့်လျော် သလို ပြင်ဆင် အသုံးပြုခြင်း၊ တည်းဖြတ်ခြင်း သို့မဟုတ် ဖန်တီးခြင်းများကို လူကြီးမင်းအနေဖြင့် မပြုလုပ် ရန် သဘောတူ ပါသည်။ စည်းကမ်းချက်များမှ အတိအလင်း ခွင့်ပြုမထားသော မည်သည့်ရည်ရွယ်ချက်အတွက် မဆို အကြောင်းအရာအားအသုံးပြုခြင်းကို တင်းကျပ်စွာ တားမြစ်ထားပါသည်။

၃။     အသုံးပြုခွင့် သတ်မှတ်ချက်

ဤ ဝန်ဆောင်မှုကို အသက်ဆယ့်ရှစ် (၁၈)နှစ် နှင့်အထက်ရှိသည့် (MPT SIM ကဒ် အသုံးပြုသည့်) MPT အသုံးပြုသူများအတွက်သာ သီးသန့်ရည်ရွယ်ပါသည်။  အကယ်၍ လူကြီးမင်းသည် အသက်ဆယ့်ရှစ် (၁၈) နှစ် အောက်ဖြစ်ပါက လူကြီးမင်းအနေဖြင့် တရားဝင် မိဘအုပ်ထိန်းမှု သို့မဟုတ် အုပ်ထိန်းသူ ခွင့်ပြုချက် ရရှိပြီးနှင့် ဤစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန် စွမ်းဆောင်ရည်နှင့် အရည်အချင်း အပြည့် အဝရှိမှသာ ဝန်ဆောင်မှုကို အသုံးပြုနိုင်မည် ဖြစ်သည်။

၎။ ကောက်ခံမှုများ

ဝန်ဆောင်မှုကို ဝက်ဘ်ဆိုဒ်၊ Android နှင့် iOS ပေါ်တွင် ရရှိနိုင်မည်ဖြစ်သည်။

လူကြီးမင်းအနေဖြင့် MPT အား ဝန်ဆောင်မှုအသုံးပြုခြင်းအတွက် လူကြီးမင်း၏ အကောင့်ထဲမှ ဒေတာ ကောက်ခံမှုများထဲမှ အမှန် တကယ်နှင့် အလိုအလျောက် ဖြတ်တောက်နှုတ်ယူသွားရန် အခွင့်ပေးပါသည်။

အကယ်၍ လူကြီးမင်းထံ တွင် လက်ကျန်လုံလောက်မှုမရှိပါက ဝန်ဆောင်မှုကို အသုံးပြု၍မရပါ။ လူကြီးမင်း ထံတွင် လက်ကျန် လုံလောက်မှု ရှိပါက ကောက်ခံမှုနှင့် ဝန်ဆောင်မှုအသုံးပြုမှု ပြန်လည်စတင်မည် ဖြစ်ပါ သည်။

လူကြီးမင်း၏ အကြောင်း အရာ ရှာဖွေကြည့်ရှုခြင်းနှင့် ဒေါင်းလုတ်ပြုလုပ်ခြင်းအတွက် ဒေတာကောက်ခံမှု ရှိနိုင်ပါသည်။ ကောက်ခံမှု များအားလုံးတွင် ကုန်သွယ်လုပ်ငန်းခွန် ၅% ပါဝင်သည်ကို သတိပြုပါ။

လူကြီးမင်းသည် ဝန်ဆောင်မှုအသုံးပြု ခြင်းအပါအဝင် ယင်းတို့ချည်းသာမက လူကြီးမင်း မိုဘိုင်း အင်တာနက် မျှဝေသည့်  တတိယပုဂ္ဂိုလ်တစ်ဦး ဦး၏ ဆောင်ရွက်ချက်များအတွက် တာဝန်ရှိမည်ဖြစ်သည်။

စည်းကမ်းချက်များသည် ဝန်ဆောင်မှုကို ထိုစည်းကမ်းချက်များနှင့်အညီ ရပ်စဲသည့်အချိန်ထိ တရားဝင် တည်ရှိမည် ဖြစ်သည်။

၅။     တာဝန်ခံမှုမှ ကင်းလွတ်စေခြင်း

လူကြီးမင်းသည် MPT နှင့် ၎င်း၏ လက်အောက်ခံကုမ္ပဏီများ၊ ပူးတွဲလုပ်ငန်းဆောင်ရွက်သူ၊ အေးဂျင့်များ၊ မန်နေဂျာများ နှင့် အခြားဆက်စပ်ကုမ္ပဏီများ၊ နှင့် ၎င်းတို့၏ ဝန်ထမ်းများ၊ ကန်ထရိုက်တာများ၊ အေး ဂျင့်များ၊ အရာထမ်းများ၊ ဒါရိုက်တာများအား (၁) လူကြီးမင်းထုတ်လွှတ်လိုက်သော သို့မဟုတ် ရရှိသော ဒေတာ သို့မဟုတ် အကြောင်းအရာတစ်ခုခုအပါအဝင် လူကြီးမင်း၏ ဝန်ဆောင်မှုအား အသုံးပြုခြင်းနှင့် ဝင်ရောက် ခြင်း (၂) ဤတွင် ပါဝင်သော ကိုယ်စားပြုတင်ပြခြင်းများနှင့် အာမခံချက်များတစ်ခုခုကို ချိုးဖောက်ခြင်း အပါအဝင် ယင်းတို့ ချည်းသာမဟုတ်သော စည်းကမ်းချက်များ၏ စည်းကမ်းတစ်ခုခုအား ချိုးဖောက်ခြင်း (၃) ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု အခွင့်အရေး တစ်စုံတစ်ရာ၊ လူတစ်ဦးတစ်ယောက်၏ ကျော်ကြားမှုကိုယ်ပိုင် လက္ခဏာများအား အလွှဲသုံးစားပြုခြင်းကို ကာကွယ်သည့် အခွင့်အရေးများ (Publicity Rights) သို့မဟုတ်၊ ဥာဏပစ္စည်းဆိုင်ရာ အခွင့်အရေးများအပါအဝင် ၎င်းတို့ချည်းသာ မဟုတ်သော တတိယပုဂ္ဂိုလ်အခွင့်အရေး တစ်ခုခုကို လူကြီးမင့်းအနေဖြင့် ချိုးဖောက်ခြင်း၊ (၄) လူကြီးမင်း၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သို့မဟုတ် အခြားနိုင်ငံတစ်နိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေ သို့မဟုတ် စည်းမျဉ်း တစ်ခုခုကိုချိုးဖောက်ခြင်း၊ (၅) ဝန်ဆောင်မှုမှတစ်ဆင့် လူကြီးမင်းတင်ပြသော သို့မဟုတ် လူကြီးမင်း ရရှိသော အချက်အလက်တစ်ခုခု၏ ရလဒ်တစ်ခုကြောင့် တောင်းဆိုမှု သို့မဟုတ် နစ်နာမှုတစ်စုံ တစ်ရာဖြစ်ခြင်း သို့မဟုတ် (၆) လူကြီးမင်း၏ ဖုန်းနံပါတ် (စာရင်းသွင်းထား သည်ဖြစ်စေ၊ စာရင်းမသွင်းထား သည်ဖြစ်စေ)၊ ဟန်းဆက်၊ သို့မဟုတ် အခြား သော ကိရိယာမှတစ်ဆင့် အခြားပုဂ္ဂိုလ်တစ်ဦးဦး၏ ဝန်ဆောင်မှုသို့ ဝင်ရောက်မှုနှင့် အသုံးပြုမှုတို့မှ ပေါ်ပေါက်လာသော တောင်းဆိုမှု များ၊ နစ်နာမှုများ၊ တာဝန်ဝတ္တရားများ၊ ဆုံးရှုံးမှုများ၊ တာဝန်ခံမှုများ၊ ကုန်ကျမှုများ သို့မဟုတ် ကြွေးမြီနှင့် အသုံးစရိတ်များ (ရှေ့နေ့ခများအပါအဝင် ဖြစ်သော်လည်း ယင်းတို့ချည်း သာမက) တစ်ခုခုနှင့် အားလုံးထံမှ နှင့် ၎င်းတို့ကိုဆန့်ကျင်၍ ကာကွယ်ပေးရန်၊ တာဝန်ခံမှုမှ ကင်းလွတ်စေ ရန်နှင့် ထိခိုက်နစ်နာမှုမှ ကင်းလွတ် စေရန်သဘောတူပါသည်။

၆။     အာမခံချက်များ၏ မသက်ဆိုင်ကြောင်း ရှင်းလင်းချက်များနှင့် တာဝန်ခံမှုကန့်သတ်ချက်

ဝန်ဆောင်မှုနှင့် သို့မဟုတ် ဝန်ဆောင်မှုတွင် ပါဝင်သည့် သို့မဟုတ် ဝန်ဆောင်မှုတွင် လူကြီးမင်းအသုံးပြု နိုင်ရန် အခြားနည်းအားဖြင့် ပြုလုပ်ထားသော သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက်အလက် များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲ အပါအဝင်) နှင့် အခြားသောဝန်ဆောင်မှုများကို “ရှိသည့်အတိုင်း” နှင့် “ရနိုင် သည့် အတိုင်း” အခြေခံဖြင့် ပံ့ပိုထားးခြင်းဖြစ်သည်။ MPT သည် ဝန်ဆောင်မှု လည်ပတ်ခြင်း သို့မဟုတ် ဝန်ဆောင်မှု တွင်ပါဝင်သော သို့မဟုတ် ဝန်ဆောင်မှု မှတဆင့် အခြားနည်းဖြင့်လူကြီးမင်းအသုံးပြုနိုင်ရန်ပြု လုပ်ထားသော သတင်းအချက်အလက်၏ တိကျမှု၊  အကြောင်းအရာ၊ အချက် အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲ အပါအဝင်) သို့မဟုတ်  အခြားသောဝန်ဆောင်မှုများကို အတိအလင်းဖြစ်စေ၊ တိုက်ရိုက်မဟုတ်ဘဲ ဖြစ်စေ မည်သည့်အမျိုးအစားမဆိုဖြစ်သော ကိုယ်စားပြုခြင်းများ သို့မဟုတ် အာမခံချက်များ မပြုလုပ်ပါ။ လူကြီးမင်း ၏ ဝန်ဆောင်မှု အသုံးပြုမှုသည် ဖြစ်ပေါ်လာနိုင်ချေရှိသောအန္တရာယ်ကို မိမိဘာသာ တာဝန်ယူ သည်ဟု အတိအလင်း သဘောတူပါသည်။

သက်ဆိုင်ရာဥပဒေများမှ ခွင့်ပြုနိုင်သည့် အများဆုံးအတိုင်းအတာအလျောက် MPT သည် ရည်ရွယ်ချက် တစ်ခုအတွက် ရောင်းချရန်သင့်လျော်မှုနှင့် သုံးစွဲရန်သင့်လျော်မှု၏ တိုက်ရိုက်မဟုတ်သော အာမခံချက်များ အပါအဝင် ယင်းတို့ချည်းသာဟုကန့်သတ်မထားသော အတိအလင်းဖော်ပြထားသည့် သို့မဟုတ် တိုက်ရိုက် မဟုတ်သည့် အာမခံချက်များအားလုံးကို မသက်ဆိုင်ကြောင်း ငြင်းဆိုပါသည်။ ဝန်ဆောင်မှု တွင်ပါဝင်သော သို့မဟုတ် ဝန်ဆောင်မှု မှတဆင့်အခြားနည်းဖြင့် လူကြီးမင်းအသုံးပြုနိုင်ရန် ပြုလုပ်ထားသော သတင်း အချက်အလက်၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲ အပါအဝင်) သို့မဟုတ် အခြားသောဝန်ဆောင်မှုများတွင် MPT ဆာဗာများ သို့မဟုတ် MPT မှ ပို့သောအီလက် ထရောက်နစ် ဆက်သွယ်မှုများသည် ဗိုင်းရပ်စ်များ သို့မဟုတ် အခြားသော အန္တရာယ်ရှိသည့် အစိတ်အပိုင်း များမှ ကင်းလွတ်ပါသည်ဟု MPT က အာမခံခြင်း မပြုပါ။ MPT သည် ဝန်ဆောင်မှု သို့မဟုတ် ဝန်ဆောင်မှုတွင် ပါဝင်သည့် သို့မဟုတ် ဝန်ဆောင်မှုတွင် လူကြီးမင်းအသုံးပြု နိုင်ရန် အခြားနည်းအားဖြင့် ပြုလုပ်ထားသော သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲ အပါအဝင်) နှင့် အခြားသောဝန်ဆောင်မှုများကို အသုံးပြုခြင်းကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ဆက်စပ် ဖြစ်သော၊ ပြစ်ဒဏ်အရဖြစ်သော နှင့်/သို့မဟုတ် အကျိုးဆက်ကြောင့်ဖြစ်သော နစ်နာမှုများ အပါ အဝင် မည်သည့် အမျိုးအစားမဆိုရှိ မည်သည့် နစ်နာမှုများအတွက်မှ တာဝန်ရှိမည် မဟုတ်ပါ။

၇။     တတိယပုဂိုလ်၏ အကြောင်းအရာ

ဝန်ဆောင်မှုတွင် မိတ်ဖက် အပါအဝင် တတိယပုဂ္ဂိုလ်များမှ ရရှိသော သို့မဟုတ် ၎င်းတို့က ပံ့ပိုးပေးထား သောအကြောင်းအရာ (²တတိယပုဂ္ဂိုလ်၏ အကြောင်းအရာ²)တို့ ပါဝင်နိုင်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ တတိယပုဂ္ဂိုလ်၏အကြောင်းအရာ သို့မဟုတ် တတိယပုဂ္ဂိုလ်၏ အကြောင်းအရာနှင့်ဆက်စပ်သော ချိတ် ဆက်ထားသည့် ဝက်ဘ်ဆိုဒ်တစ်ခုခုအတွက် MPT တွင် တာဝန်ရှိမည်မဟုတ်ပါ။ တတိယ ပုဂ္ဂိုလ်များ၏ သတင်းအချက်အလက်၊ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများတစ်ခုခုအား ရည်ညွှန်းချက်သည် MPT က ထောက်ခံမှု၊ ကမကထပြုမှု သို့မဟုတ် အကြံပြုမှု မဟုတ်ပါ သို့မဟုတ် ထိုသို့ သွယ်ဝိုက် ဆိုလိုခြင်း မဟုတ်ပါ။

၈။     အထွေထွေ

စည်းကမ်းချက်များသည် http://mpt.com.mm/mm/about-home/terms-conditions-mm/ တွင် ဖတ်ရှု နိုင်သည့် MPT ၏ အထွေထွေစည်းကမ်းသတ်မှတ်ချက်များ (“GTC”) အရ ဖြစ်ရပါမည်။

ဤစည်းကမ်းချက်များနှင့် GTC အကြား ပဋိပက္ခတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက ဤ စည်းကမ်းချက်များ က လွှမ်းမိုးပါမည်။

စည်းကမ်းချက်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများ နှင့် တရားရုံး သို့မဟုတ် စီရင်ပိုင် ခွင့်ရှိသော အဖွဲ့တစ်ခုမှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက် သို့ဟုတ် လမ်းညွှန်ချက် တစ်ခုခုအရဖြစ်ရပါမည်။

အကယ်၍ စည်းကမ်းချက်များ သို့မဟုတ် ၎င်းအကျုံးဝင်မှု၏ စည်းကမ်းများ ပဋိညာဉ်ပြုချက်၊ ပြဋ္ဌာန်း ချက်တစ်ခုခုအား တရားရုံးတစ်ခုခု သို့မဟုတ် စီရင်ပိုင်ခွင့်ရှိသော အဖွဲ့တစ်ခုခု သို့မဟုတ် ထို အကြောင်း အရာနှင့်စပ်လျဉ်း၍ ဥပဒေတစ်ရပ်ရပ်မှ ဥပဒေနှင့် မကိုက်ညီခြင်း၊ တရားမဝင်ဖြစ်ခြင်း သို့မဟုတ် အာဏာ မသက်ရောက်နိုင်ခြင်းအဖြစ်သတ်မှတ်ခဲ့ပါက စည်းကမ်းချက်များ၏ ကျန်ရှိသော အပိုင်း သို့မဟုတ် အဆိုပါ စည်းကမ်းများ၊ ပဋိညာဉ်ပြုချက် သို့မဟုတ် ပြဋ္ဌာန်းချက်၏ (တရားမဝင် ဖြစ်ကြောင်း သို့မဟုတ် အာဏာ သက်ရောက်မှုမရှိကြောင်း သတ်မှတ်ထားသည့် ပုဂ္ဂိုလ်များမှအပ) ပုဂ္ဂိုလ်တစ်ဦးဦးနှင့် သက်ဆိုင်မှုအပေါ် သက်ရောက်မှုမရှိစေရဘဲ စည်းကမ်းချက်များ၏ ပြဋ္ဌာန်းချက် တစ်ရပ်စီသည် ဥပဒေအရခွင့်ပြုထားသော အများဆုံး အတိုင်းအတာအထိ တရားဝင်ဖြစ်ပြီး အာဏာ သက်ရောက်မှု ဆက်လက်ရှိရမည်။

Terms and Conditions

These Terms and Conditions (“Terms and Conditions”) is a binding contract between you (“you”, “your”) and Myanma Posts and Telecommunications (“MPT”, “we”, “us”, “our”) governing your use of our service, MPT Ballone, (the “Service”). 
 
By accessing the Service or the content offered by a third-party content provider (the “Partner”) through the Service, you agree that you have read, understood, and agree to be bound by these Terms and Conditions and any other applicable rules, policies and terms associated therewith (collectively, the “Terms”). 
 
If you do not agree to these Terms and Conditions, please do not use the Service. 
 
The Terms are subject to change at any time. Any subsequent confirmation by you or your continued use of the Service after any such change constitutes your acceptance of the revised Terms. 
 
1. USE OF THE SERVICE 
 
MPT, through the Service, allows you to watch and access English Premier League (“EPL”) football match live streaming, videos, and other EPL information. 
 
Use of the Service does not require you to have an active subscription, registration, or log-in to any website or application.
 
All rights not expressly granted to you in the Terms are reserved and retained by us or our licensors, suppliers, publishers, rights holders, or other content providers. You may use the Service only as permitted by the Terms and by law; all other uses are strictly prohibited. 
 
MPT may permanently or temporarily terminate, suspend, or otherwise refuse to permit your access to the Service without notice and liability for any or no reason as determined in MPT’s sole discretion. In such event, you shall continue to be bound by the Terms to the extent necessary to fulfill surviving terms contained herein.
 
Your use of the Service is subject to scheduled and unscheduled service interruptions. You agree that MPT will not be liable to you or any third parties for any interruption of the Service, downtime (planned or unplanned) or access failure. 
 
MPT shall have no liability for your use or misuse of the Service, any interactions you have with other users, or any other act or omission by you regarding the Service. 
 
2. OUR PROPRIETARY RIGHTS
 
Except as otherwise rightfully owned by Partner or any other third party, as applicable, any MPT proprietary material related to the Service, including, without limitation, software, images, text, graphics, illustrations, logos, patents, trademarks, service marks, copyrights, photographs, audio, videos, music, and content (collectively, “Content”), and all intellectual property rights related thereto, are the exclusive property of MPT. Except as explicitly provided herein, nothing in the Terms shall be deemed to create a license or right in or under any such intellectual property rights, and you agree not to sell, license, rent, modify, distribute, copy, reproduce, reverse engineer, transmit, publicly display, publicly perform, publish, adapt, edit or create derivative works from any materials or Content accessible on the Service. Use of the Content for any purpose not expressly permitted by the Terms is strictly prohibited.
 
3. ELIGIBILITY
 
The Service is intended solely for MPT users (using an MPT SIM) who are eighteen (18) years of age or older. If you are under eighteen (18) years of age you may use the Service only if you possess legal parental or guardian consent, and are fully able and competent to enter into the Terms. 
 
4. CHARGES
 
The Service shall be available on both Web, Android, and iOS. 
 
You authorize MPT to actually and actively deduct from your account data charges for using the Service. 
 
If you have insufficient balance, you will not be able to use the Service. Charging and use of Service will resume when you have sufficient balance. 
 
Data charges may apply for your browsing and downloading of content. Please note that all charges include 5% Commercial Tax.
 
You are responsible for the actions of any third party with whom you are sharing your mobile internet including, but not limited to, use of the Service.
 
These Terms are valid until the Service is terminated pursuant to these Terms.
 
5. INDEMNITY
 
You agree to defend, indemnify and hold harmless MPT and its subsidiaries, joint operation partner, agents, managers, and other affiliated companies, and their employees, contractors, agents, officers and directors, from and against any and all claims, damages, obligations, losses, liabilities, costs or debt, and expenses (including but not limited to attorneys’ fees) arising from: (i) your use of and access to the Service, including any data or content transmitted or received by you; (ii) your violation of any term of the Terms, including without limitation your breach of any of the representations and warranties herein; (iii) your violation of any third-party right, including without limitation any right of privacy, publicity rights or intellectual property rights; (iv) your violation of any law, rule or regulation of the Republic of the Union of Myanmar or any other country; (v) any claim or damages that arise as a result of any information submitted or received by you through the Service; or (vi) any other party’s access and use of the Service through your phone number (registered or unregistered), handset, or other device. 
 
6. DISCLAIMERS OF WARRANTIES AND LIMITATION OF LIABILITY
 
THE SERVICE AND ALL INFORMATION, CONTENT, MATERIALS, PRODUCTS (INCLUDING SOFTWARE) AND OTHER SERVICES INCLUDED IN OR OTHERWISE MADE AVAILABLE TO YOU THEREIN ARE PROVIDED ON AN "AS IS" AND "AS AVAILABLE" BASIS. MPT MAKES NO REPRESENTATIONS OR WARRANTIES OF ANY KIND, EXPRESS OR IMPLIED, AS TO THE OPERATION OF THE SERVICE, OR THE INFORMATION, INCLUDING ITS ACCURACY, CONTENT, MATERIALS, PRODUCTS (INCLUDING SOFTWARE) OR OTHER SERVICES INCLUDED IN OR OTHERWISE MADE AVAILABLE TO YOU THROUGH THE SERVICE. YOU EXPRESSLY AGREE THAT YOUR USE OF THE SERVICE IS AT YOUR SOLE RISK.
 
TO THE FULLEST EXTENT PERMISSIBLE BY APPLICABLE LAW, MPT DISCLAIMS ALL WARRANTIES, EXPRESS OR IMPLIED, INCLUDING, BUT NOT LIMITED TO, IMPLIED WARRANTIES OF MERCHANTABILITY AND FITNESS FOR A PARTICULAR PURPOSE. MPT DOES NOT WARRANT THAT THE SERVICE, INFORMATION, CONTENT, MATERIALS, PRODUCTS (INCLUDING SOFTWARE) OR OTHER SERVICES INCLUDED IN OR OTHERWISE MADE AVAILABLE TO YOU THEREIN, MPT SERVERS OR ELECTRONIC COMMUNICATIONS SENT FROM MPT ARE FREE OF VIRUSES OR OTHER HARMFUL COMPONENTS. MPT WILL NOT BE LIABLE FOR ANY DAMAGES OF ANY KIND ARISING FROM THE USE OF THE SERVICE, OR FROM ANY INFORMATION, CONTENT, MATERIALS, PRODUCTS (INCLUDING SOFTWARE) OR OTHER SERVICES INCLUDED IN OR OTHERWISE MADE AVAILABLE TO YOU THROUGH THE SERVICE, INCLUDING, BUT NOT LIMITED TO DIRECT, INDIRECT, INCIDENTAL, PUNITIVE, AND/OR CONSEQUENTIAL DAMAGES. 
 
7. THIRD PARTY CONTENT
 
The Service may aggregate content obtained or provided by third parties, including Partner (“Third Party Content”). As such, MPT is not responsible for such Third Party Content or any linked websites associated with Third Party Content. Reference to any information, products or services of third parties does not constitute or imply endorsement, sponsorship or recommendation by MPT. 
 
8. GENERAL 
 
The Terms are subject to MPT’s General Terms and Conditions (“GTC”) which can be found at: http://mpt.com.mm/mm/about-home/terms-conditions-mm/. 
 
In the event of a conflict between these Terms and the GTC, these Terms shall prevail. The Terms are subject to the laws of the Republic of the Union of Myanmar and any regulation, notification, directive or instruction issued by a court or body of competent jurisdiction. 
If any term, covenant or provision of the Terms is held to be illegal, invalid or unenforceable by any court or body of competent jurisdiction or by virtue of any legislation to which it is subject, then the remainder of the Terms or the application of such term, covenant or provision to any person (other than those as to whom it is held invalid or unenforceable) shall not be affected thereby, and each provision of the Terms shall remain valid and enforceable to the fullest extent permitted by law.
 

 


ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..