MPT4U App
MPT ၏ဝန်ဆောင်မှုများကိုပိုမိုလွယ်ကူစွာအသုံးပြုနိုင်ရန် အင်တာနက်ဖိုးမကုန်တဲ့ MPT4U app ကို အခမဲ့ ဒေါင်းလုတ်ရယူလိုက်ပါ
Google Play Store နှင့် App Store တို့တွင်အင်တာနက်ကုန်ကျမှုဖြင့် ဒေါင်းလုတ်ရယူနိုင်ပါသည်။
MPT4U
နယူးထိပေါက်ကစားရင်း လက်ဆောင်များ ရယူနိုင်သလို သင့်အတွက်သာ Special offer ပက်ကေ့ချ်တွေကိုလည်း MPT4Uမှာ ဝယ်ယူနိုင်ပါပြီ
MPT4U App ဖြင့်အသုံးပြုနိုင်သော လုပ်ဆောင်ချက်များ
- MPTအင်တာနက်ဖြင့်အခမဲ့သုံးနိုင်ခြင်း
- လက်ကျန်ငွေစစ်ဆေးခြင်း
- ဖုန်းဘေလ်ဖြည့်ခြင်း
- နေ့စဉ်အသုံးပြုမှုပမာဏစစ်ဆေးခြင်း
- ပက်ကေ့ချ်ဝယ်ယူခြင်း
ပိုမိုသိရှိရန်
- ဖုန်းဘေလ်ချေးယူခြင်း
- ဝန်ဆောင်မှုပြောင်းလဲခြင်း
- ဖုန်းဘေလ်လွှဲပြောင်းခြင်း
- Wifiအပါအဝင်အခြား Network ဖြင့်အသုံးပြုနိုင်ခြင်း
- ပက်ကေ့ချ် လက်ကျန် ပမာဏများ စစ်ဆေးနိုင်ခြင်း
- Call Service ဝန်ဆောင်မှုများ ရယူနိုင်ခြင်း
- FAQ များ ဖတ်ရှု့နိုင်ခြင်း
- MPT Ring Tune ရယူခြင်း
- MPT Club ပွိုင့်များ စစ်ဆေးနိုင်ခြင်း
- လိုတရ ပေ့ချ် သို့ဝင်ရောက်နိုင်ခြင်း
- ဆွေသဟာ၊ ရွှေစကားအစရှိသော ဝန်ဆောင်မှု များပြောင်းလဲနိုင်ပါသည်။
MPT4U Applicationအား Android ဖုန်းအသုံးပြုသူများ ဖော်ပြပါနည်းလမ်းအတိုင်း ဒေါင်းလုတ် ရယူနိုင်ပါသည်။
Step-1:အောက်ဖော်ပြပါအတိုင်း Phone setting ထဲရှိ Security ထဲမှ Unknown Sources ကို On ပါ။
Step-2: ဖော်ပြပါအခမဲ့ ဒေါင်းလုတ် ရယူရန်နေရာမှ ဒေါင်းလုတ် ကိုနှိပ်၍ မိမိနှစ်သက်ရာ ဒေါင်းလုတ်ဆွဲမည့် Browser ကိုရွေးချယ်ပါ။
Step-3: Phone notification bar တွင် ဒေါင်းလုတ် (%) ပြည့်သွားပါကအောက်ဖော်ပြပါအတိုင်း install လုပ်၍ MPT4U Applicationအားရယူနိုင်ပါသည်။
MPT4U App
MPT4U App ကို MPTအင်တာနက်ဖြင့်အခမဲ့ ဒေါင်းလုတ်ရယူရန်
Google Play Store နှင့် App Store တို့တွင်အင်တာနက်ကုန်ကျမှုဖြင့် ဒေါင်းလုတ်ရယူနိုင်ပါသည်။
MPT4U App ဖြင့် ဖုန်းဘေလ်ဖြည့်သွင်းပုံအဆင့်ဆင့်
- ၁။ Application ၏ မူလစာမျက်နှာမှ ငွေဖြည့်သွင်းသည် (Top Up)ကိုနှိပ်ပါ။ (ငွေဖြည့်ကဒ်ကို ခဲခြစ်ထားပါ။)
- ၂။ ငွေဖြည့်သွင်းသည့် စာမျက်နှာတွင် ငွေဖြည့်ကဒ်နံပါတ် ရိုက်ထည့်၍သော်လည်းကောင်း၊ ငွေဖြည့်ကဒ်နံပါတ် ဖြည့်သွင်းရန် နေရာ ဘေးတွင် ရှိသော QR ကုဒ် စကန်နာ ကိုနှိပ်ပြီး ငွေဖြည့်ကဒ်မှ QR ကုဒ်ကို ကင်မရာချိန်လိုက်ပါ။ စကန်ဖတ်ပြီးပါက ငွေဖြည့်သွင်းမှုပြီးပါပြီ။
- ၃။ တခြားဖုန်းသို့ဖုန်းဘေလ်ဖြည့်ပေးလိုပါက ပေးပို့လိုသောဖုန်းနံပါတ်ကိုရိုက်ထည့်၍သော်လည်းကောင်း၊ဖုန်းစာအုပ်မှတ်တမ်းမှ ရွေးချယ်၍ သော်လည်းကောင်းဖြည့်သွင်းပေးနိုင်ပါသည်။
MPT4U App ဖြင့် ပက်ကေ့ချ် ဝယ်ယူပုံအဆင့်ဆင့်
- ၁။ Application ၏ မူလစာမျက်နှာမှ ပက်ကေ့ချ်ဝယ်ယူခြင်း(Package Purchase)ကိုနှိပ်ပါ။
- ၂။ ပက်ကေ့ချ်ဝယ်ယူခြင်း စာမျက်နှာတွင် နှစ်သက်ရာ ပက်ကေ့ချ်ကို ရွေးချယ်၍ ဝယ်ယူသည် ကိုနှိပ်ပါ။
- ၃။ ဝယ်ယူမှုအတည်ပြုရန် စာမျက်နှာတွင် ဝယ်ယူပါမည် ကိုနှိပ်၍ ဝယ်ယူနိုင်ပါသည်။
(အခြားသူများအတွက်ဝယ်ပေးလိုပါက ဝယ်ယူမှုအတည်ပြုရန် စာမျက်နှာ၏ ပေးပို့လိုသောဖုန်းနံပါတ် ရိုက်ထည့်၍သော်လည်းကောင်း၊ ဖုန်းစာအုပ်မှတ်တမ်းမှ ရွေးချယ်၍လည်း ဝယ်ယူပေးပို့နိုင်ပါသည်။)
MPT4U App ဖြင့်ဖုန်းဘေလ်အသုံးပြုမှုပမာဏ စစ်ဆေးပုံအဆင့်ဆင့်
- ၁။ Application ၏မူလစာမျက်နှာမှ နေ့စဉ်အသုံးပြုမှုမှတ်တမ်း ကိုနှိပ်ပါ။
- ၂။ နေ့စဉ်အသုံးပြုမှုမှတ်တမ်း စာမျက်နှာတွင် မိမိအသုံးပြုထားသော (၇) ရက်စာ Voice/Data/SMS ပမာဏကိုစစ်ဆေးနိုင်ပါသည်။
MPT4U App ဖြင့် လက်ကျန်ငွေလွှဲပြောင်းပုံအဆင့်ဆင့်
- ၁။ Application ၏ မူလစာမျက်နှာမှ လက်ကျန်ငွေလွှဲပြောင်းခြင်းကိုနှိပ်ပါ။
- ၂။ လက်ကျန်ငွေလွှဲပြောင်းခြင်း စာမျက်နှာတွင် မိမိလွှဲပြောင်းလိုသော ဖုန်းနံပါတ် ကိုရိုက်ထည့်၍ သော်လည်းကောင်း၊ ဖုန်းစာအုပ်မှတ်တမ်းမှ လည်း ရွေးချယ်နိုင်ပါသည်။
- ၃။ လွှဲပြောင်းလိုသော ဖုန်းနံပါတ်ရွေးချယ်ပြီးပါက လွှဲပြောင်းလိုသည့်ပမာဏကိုရွေးချယ်ပြီး လွှဲပြောင်းသည် ကိုနှိပ်၍ ပေးပို့နိုင်ပါသည်။ (လွှဲပြောင်းလိုသည့်ပမာဏကို ရိုက်ထည့်နိုင်ပါသည်။)
MPT4U App ဖြင့် ဖုန်းဘေလ်ချေးယူပုံအဆင့်ဆင့်
- ၁။ Application ၏ မူလစာမျက်နှာမှ လက်ကျန်ချေးငွေ ကိုနှိပ်ပါ။
- ၂။ လက်ကျန်ချေးငွေ စာမျက်နှာတွင် ချေးယူနိုင်သည့်ပမာဏ ၈၀၀ ကျပ်ကို ငွေချေးမည် ကိုနှိပ်၍ ချေးယူနိုင်ပါသည်။
MPT4U App ဖြင့် ဝန်ဆောင်မှုပြောင်းလဲအသုံးပြုပုံအဆင့်ဆင့်
- ၁။ Application ၏ မူလစာမျက်နှာမှ My tab (ကျွန်ုပ်) ကိုနှိပ်ပါ။
- ၂။ My tab ထဲကအစီအစဉ်ပြောင်းရန် ကိုရွေးချယ်ပါ။
- ၃။ အစီအစဉ်ပြောင်းရန် စာမျက်နှာမှ မိမိနှစ်သက်ရာ ဝန်ဆောင်မှုကိုပြောင်းလဲအသုံးပြုနိုင်ပါသည်။