English Premier League
English Premier League
သတိပြုရန် ။ English premier league ပွဲစဉ်များကို VPN အသုံးပြုစရာမလိုဘဲ ကြည့်ရှုနိုင်ပါသည်။


English Premier League ၂၀၂၂-၂၀၂၃ ပွဲစဉ်များပြီးဆုံးသွားပါပြီ။ MPT IPTV မှတဆင့် အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။


FAQ of “MPT IPTV” for English Premier League (EPL) 
 
၀န်ဆောင်မှုအကြောင်း
 
၁။   EPL (English Premier League) ဆိုသည်မှာ အဘယ်နည်း။
အင်္ဂလိပ်ပရီးမီးယားလိဂ်သည် အင်္ဂလန်နိုင်ငံ၏ ထိပ်တန်းဘောလုံးအဖွဲ့ချုပ်ဖြစ်ပြီး ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး ဘောလုံးအဖွဲ့ချုပ်တစ်ခုဖြစ်ပါသည်။ ကလပ် ၂၀ တွင် အပတ်စဉ် ပွဲစဉ် ၃၈ ပတ် ကြာသည်။ ၎င်းပွဲစဉ်များသည် ၂၀၂၂ ခုနှစ် မေလ အထိဖြစ်ပါသည်။
 
၂။  MPT IPTV ၀န်ဆောင်မှု တွင် EPL ဆိုသည်မှာ အဘယ်နည်း။
 MPT IPTV ၀န်ဆောင်မှု တွင် EPL ဆိုသည်မှာ အင်္ဂလိပ်ပရီးမီးယားလိဂ်ဘောလုံးပွဲစဉ် တိုက်ရိုက်ထုတ်လွှင့်မှု၊     
 ဟိုက်လိုက်ဗွီဒီယိုနှင့် “Goal of the week” “Goal Rush” များကို MPT ကွန်ရက်မှတဆင့် သီးသန့် စာရင်းသွင်းခ
 ပေးစရာမလိုဘဲ MPT IPTV တွင် ကြည့်ရှုနိုင်ပါသည်။ ထို့ပြင် MPT IPTV ၀န်ဆောင်မှု တွင် ပြည်တွင်းပြည်ပ ရုပ်သံလိုင်းများ၊ ရုပ်ရှင်ဇာတ်လမ်းများ ပါဝင်သော ဗွီဒီယိုများကိုလည်း ကြည့်ရှု ခံစားနိုင်ပါသည်။
 
၃။   MPT IPTV ကို ဘယ်လိုအသုံးပြုရပါသလဲ။
MPT IPTV တွင် Android အပလီကေးရှင်းနှင့် iOS အက်ပလီကေးရှင်းသာမက မိုဘိုင်းဝဘ်ဗားရှင်းလည်း ပါရှိသည်။ အသုံးပြုသူသည် ၎င်းကို Google Play Store နှင့် App Store တွင်“MPT IPTV” ဟု ရိုက်ထည့်၍ ဒေါင်းလုတ်ရယူနိုင်ပါသည်။ MPT အသုံးပြုသူများ Android အတွက် Lo Ta Ya ( https://lotaya.mpt.com.mm/event/268 ) မှ ဒေါင်းလုဒ်ဆွဲနိုင်ပြီး MPT မိုဘိုင်းကွန်ရက်ဖြင့် အခမဲ့ရယူ နိုင်ပါသည်။ (သို့မဟုတ်) *7373# ကိုခေါ်ဆိုခြင်းဖြင့် SMS မှတစ်ဆင့် လင့်ခ်များကို  လွယ်ကူစွာရယူနိုင်ပါသည်။
 
၄။   MPT မှ ဤဝန်ဆောင်မှုကိုဘာကြောင့် ဝန်ဆောင်မှုပေးပါသလဲ။
MPT သည် မြန်မာနိုင်ငံ၏ အကြီးဆုံး ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်ပြီး MPT သုံးစွဲသူများကို မိုဘိုင်းနှင့်ပတ်သက်သော အတွေ့အကြုံကောင်းများ ရရှိစေရန်ဖြစ်ပါသည်။ အင်္ဂလိပ်ပရီးမီးယားလိဂ် သည် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့တစ်ဝှမ်းတွင် လူကြိုက်အများဆုံး ဘောလုံးပြိုင်ပွဲ ဖြစ်သည့်အတွက် ဤထူးခြား သော ဝန်ဆောင်မှုကိုပေးခြင်းဖြင့် MPT သုံးစွဲသူများ၏ စိတ်ကျေနပ်မှုကို အထောက်အကူ ပြုနိုင်ရန်ဖြစ်ပါ သည်။
 
၅။   MPT သုံးစွဲသူများအတွက် ဤဝန်ဆောင်မှု ၏ အကျိုးကျေးဇူးကား အဘယ်နည်း။
MPT သုံးစွဲသူများသည် တိုက်ရိုက်ထုတ်လွှင့်သော အင်္ဂလိပ်ပရီးမီးယားလိဂ် ဘောလုံးပွဲများ၊ SPORTS-1, SPORTS-2, SPORTS-3, SPORTS-4, SPORTS-5 & SPORTS-6 (SPORTS-6 အား MPT IPTVတွင်  ၂၄ နာရီ ၇ ရက်ပတ်လုံး ထုတ်လွှင့်သွားမည်) ချန်နယ်များ တွင်ပြသနေသော အင်္ဂလိပ်ပရီးမီးယားလိဂ် ဘောလုံးပွဲများ ကြည့်ရှုနိုင်ခြင်း ၊ ဟိုက်လိုက်ဗွီဒီယိုနှင့် “Goal of the week” “Goal Rush” များကိုလည်း ပြန်လည်ကြည့်ရှုနိုင်ပါသည်။ MPT သုံးစွဲသူများ သည် အချိန်မရွေး ၊ နေရာမရွေး မိမိ မိုဘိုင်းဖုန်းဖြင့် MPT ကွန်ရက်မှတဆင့် ကြည့်ရှုနိုင်ပါသည်။
 
၆။   တိုက်ရိုက်ထုတ်လွှင့်မှုများ နှင့် ဗွီဒီယိုများကို ဘယ်လိုကြည့်ရှုနိုင်ပါသလဲ။
MPT အသုံးပြုသူများသည် အင်္ဂလိပ်ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်များ   ကို “MPT IPTV” App ဖြင့် Android (5.0 သို့မဟုတ် ထို့ထက်ပို၍) ကြည့်ရှုနိုင်ပြီး၊  သို့မဟုတ် IOS (9.0 သို့မဟုတ် ထို့ထက်ပိုသော) အတွက် App Store သို့မဟုတ် မိုဘိုင်းဝဘ်ဗားရှင်း (https://iptv.mpt.com.mm/) မှ ကြည့်ရှုနိုင်သည်။ သုံးစွဲသူများသည် ဝန်ဆောင်မှု icons များ ပြသထားသည့် “MPT IPTV” icons များကို နှိပ်ခြင်းဖြင့် “MPT4U” App သို့မဟုတ် ဝဘ်ဗားရှင်းမှတစ်ဆင့် ၎င်းကို ကြည့်ရှုခံစားနိုင်သည်။မိုဘိုင်းဝဘ်ဗားရှင်းအတွက် မကြာမှီ  စတင်အသုံးပြုနိုင်မည်ဖြစ်သည်။
 
၇။   အသုံးပြုသူများသည် တိုက်ရိုက်ထုတ်လွှင့်မှုများ  (သို့မဟုတ် )ဗွီဒီယိုကို Wi-Fi ကွန်ယက် သို့မဟုတ်  
အခြားမိုဘိုင်း ကွန်ယက်များ မှတဆင့် အသုံးပြုနိူင်ပါသလား။
အသုံးမပြုနိူင်ပါ။ ၎င်းကို MPT မိုဘိုင်းကွန်ယက်မှသာ အသုံးပြုနိူင်ပါသည်။
 
၈။ MPT IPTV မှ အခြားရုပ်သံလိုင်းများနှင့် VOD contents များကို ဝန်ဆောင်ခ တစ်ရက် ၉၉ ကျပ်ပေးဆောင်ပြီး အခြားအင်တာနက်လိုင်း/Wifi ဖြင့်ကြည့်လို့ရသော်လည်း ဘာလို့ အင်္ဂလိပ်ပရီးမီးယားလိဂ် content တွေကို ကြည့်လို့မရပါ။ ဘာလို့လဲ။
အင်္ဂလိပ်ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်များ ဖြင့် သက်ဆိုင်သော content များကို MPT မိုဘိုင်းအင်တာနက်ဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်သောကြောင့် အခြားအင်တာနက်လိုင်း/Wifi ဖြင့် ကြည့်ရှုလို့ရမည်မဟုတ်ပါ။
 
ငွေပေးချေမှုပုံစံများ
 
၈။   တိုက်ရိုက်ထုတ်လွှင့်မှုများ နှင့် ဗွီဒီယိုများ ကြည့်ရှုရန် ဝန်ဆောင်ခပေးသွင်းရန် လိုအပ်ပါသလား။
အင်္ဂလိပ်ပရီးမီးယားလိဂ် ဘောလုံးပွဲ ပါ၀င်သောဝန်ဆောင်မှုများကို သီးသန့် စာရင်းသွင်းခပေးသွင်းရန် မလိုအပ်ဘဲ MPT မိုဘိုင်းကွန်ယက်မှတဆင့် အက်ပလီကေးရှင်းကို အသုံးပြု၍ ကြည့်ရှုနိုင်ပါသည်။ (MPT ဒေတာ အသုံးပြုခ သာ ကျသင့်မည်ဖြစ်ပါသည်။)
 
၉။   သုံးစွဲသူများသည် ဒေတာအတွက် ဝန်ဆောင်ခ သက်သာရန် မည်သို့ပြုလုပ်နိုင်ပါသနည်း။
သုံးစွဲရလွယ်ကူအဆင်ပြေစေရန်နှင့် ကုန်ကျစရိတ်ပိုမိုသက်သာမှုရှိစေရန် အတွက် “IPTV Pack” အထူးပက်ကေ့ချ်အား အမျိုးအစား (၂) မျိုးထုတ်လုပ်ထားပြီး MPT IPTV သုံးစွဲသူများ အနေနှင့် မိမိတို့၏ လိုအပ်ချက်နှင့် ကိုက်ညီသော အမျိုးအစားအား ရွေးချယ်ဝယ်ယူနိုင်ပါသည်။ 
ရွေးချယ်ဝယ်ယူနိုင်သော အမျိုးအစားများမှာ_ 
 

အမျိုးအစား 

(ကုန်သွယ်ခွန် 

ပါဝင်ပြီး) 

စျေးနှုန်း 

ဒေတာ 

သက်တမ်း 

စာတို  

(SMS) 

တိုက်ရိုက် USSD 

အက်ပလီကေးရှင်း 

IPTV Pack 

၉၉၉ 

၉၉၉ ကျပ် 

1000MB 

၃ ရက် 

စာတိုSMS IPTV1 အား 1331 သို့ပို့ပါ 

*2022*1# 

MPT4U  

(or)  

MPT Pay 

IPTV Pack 

၁၉၉၉ 

၁,၉၉၉ကျပ် 

3000MB 

၇ ရက် 

စာတိုSMS IPTV2 အား 1331 သို့ပို့ပါ 

 

*2022*2# 

MPT4U 

(or) 

MPT Pay 

 

***MPT IPTV ဝန်ဆောင်မှု အတွက်သာ 
 
 
 
နည်းပညာအကူအညီ
 
၁၀။   တိုက်ရိုက်ထုတ်လွှင့်မှုများ နှင့် ဗွီဒီယို များ၏ အရည်အသွေး ကောင်းမွန်ပါသလား။
 ဖုန်းနှင့် အသုံ:ပြုသူများအတွက် 1K HD (1280*720P) & SD (720*576P)ရုပ်ထွက်များဖြင့်ကြည့်ရှုနိုင်ပါသည်။
 
၁၁။  တိုက်ရိုက်ကြည့်ရှုခြင်းတွင် ဗီဒီယို ရုပ်ထွက်ကိုမည်သို့ရွေးချယ်နိုင်ပါသလဲ။
App တွင် ဗီဒီယို ရုပ်ထွက်များကို အင်တာနက်ဆွဲအားပေါ်မူတည်ပြီး အလိုလျောက်ချိန်ညှိပေးပါသည်။
 
၁၂။ ကြည့်ရှုနေစဥ် ရပ်တန့်သွားပါက မည်သို့ပြုလုပ်ရမည်နည်း။
ဦးစွာ အင်တာနက်လိုင်းဆွဲအားကို စစ်ဆေးပါ။ App ကို အဖွင့်ပိတ်လုပ်ပါ။ မရပါက အသုံးပြုသူများ ၀န်ဆောင်မှုသို့ဆက်သွယ်ပါ။
 
၁၃။ ရုပ်သံများ ရုပ်ထွက်မကောင်းပါက မည်သို့ပြုလုပ်နိုင်မည်လဲ။
ရုပ်သံများ ရုပ်ထွက်မကောင်းခြင်းသည် အောက်ပါအချက်အလက်များကြောင့်ဖြစ်နိုင်ပါသည်။
• အင်တာနက်လိုင်းစွဲအား အားနည်းခြင်း
• App/web တွင် ရုပ်သံလိုင်းများ ကြည့်ရှုနေပါက ရုပ်ထွက်ကို HD သို့ပြောင်းလဲပြီး ကြည့်ရှုနိုင်ပါသည်။
 
၁၄။ MPT IPTV ၀န်ဆောင်မှုအသုံးပြုနေစဥ် နည်းပညာဆိုင်ရာ အခက်အခဲများဖြစ်ပေါ်လာပါက မည်သို့ပြုလုပ်ရမည်နည်း။
အသုံးပြုနေသော application သည် နောက်ဆုံးဗားရှင်း ဟုတ်မဟုတ်စစ်ဆေးပါ။ ဆက်လက်ဖြစ်နေပါက Error Code ကိုမှတ်ထားပြီး အသုံးပြုသူများ ၀န်ဆောင်မှုသို့ဆက်သွယ်ပါ။
 
၁၅။ MPT IPTV ၀န်ဆောင်မှုအသုံးပြုနေစဥ် အသံမကြားရပါက မည်သို့ပြုလုပ်ရမည်နည်း။
အသံဖွင့်ထားခြင်းရှိမရှိစစ်ဆေးပါ။ ဆက်လက်ဖြစ်နေပါက အသုံးပြုသူများ ၀န်ဆောင်မှုသို့ဆက်သွယ်ပါ။
 
၁၆။ MPT IPTV ၀န်ဆောင်မှုတွင် မျက်နှာပြင်အပြည့်နှင့် ကြည့်ရှုခြင်းကို မည်သို့ ပိတ်ရမည်နည်း။
IPTV App  အတွက် Return ခလုပ်ကိုနှိပ်ပါ။
 
၁၇။ Web ကို အခုလက်ရှိအသုံးပြုနေတဲ့ browser ဖြင့် ဗီဒီယိုကိုမကြည့်နိုင်ရင် ဘယ်လိုလုပ်ရမလဲ။
သင်၏လက်ရှိအသုံးပြုနေတဲ့ browser ဖြင့်ဗီဒီယိုကိုမကြည့်နိုင်လျှင် ကျေးဇူးပြု၍ Chrome browser ကိုပြောင်းသုံးပါ။
 
အခြာ
 
၁၈။   MPT အပိုဆုဒေတာလက်ဆောင်များဖြင့် MPT IPTV ဝန်ဆောင်များကို ကြည့်ရှုနိုင်ပါသလား။
MPT အပိုဆုဒေတာလက်ဆောင်များဖြင့် MPT IPTV ဝန်ဆောင်မှုများကို ကြည့်ရှုနိုင်မည် မဟုတ်ကြောင်း လေးစားစွာ အသိပေးပါရစေ။ MPT IPTV အက်ပလီကေးရှင်း ဒေတာအသုံးပြုခကို လူကြီးမင်း ဝယ်ယူထားသော data package/ လက်ကျန်ငွေ မှကောက်ခံမည် ဖြစ်ပါသည်။ MPT မိုဘိုင်းကွန်ယက်ဖြင့် MPT IPTV အက်ပလီကေးရှင်းကို အသုံးပြုရာတွင် လူကြီးမင်း ဝယ်ယူထားသော data package/ လက်ကျန်ငွေ  လုံလောက်မှုမရှိပါက အသုံးပြု၍ ရနိုင်မည်မဟုတ်ပါ။
 
FAQ of “MPT IPTV” for English Premier League (EPL) 
 
1. What is EPL (English Premier League)?  
EPL is the top-level football league in England, which is one of the most popular football leagues in the world - 20 clubs have weekly matches for 38 weeks. It will last until May 2022.
 
2. What is EPL on MPT IPTV?  
MPT IPTV is providing EPL live streaming, VOD of Goals of the week and VOD of Goal Rush through of MPT mobile network with no subscription fees. Beside EPL, user can enjoy a wide variety of local and international TV channels and video contents on MPT IPTV as well.
 
3. How to get MPT IPTV?  
MPT IPTV has not only Android application and iOS application but also mobile web version. User can download it on Google Play Store and App Store by search key “MPT IPTV”. As for MPT users, you can download it from Lo Ta Ya ( https://lotaya.mpt.com.mm/event/268 ) for Android and it will be data charges free with MPT mobile network. (OR) Dial *7373# is the easiest way to get the links via SMS.
 
4. Why do MPT provide this service?
MPT keeps offering our valued customers better experiences on their mobile lives, as the only national and the largest telecom-operator in Myanmar. English Premier League is the most popular football match in the world and Myanmar. By providing these unique and amazing services, we believe that we can contribute customers’ satisfaction.
 
5. What is the benefit of providing this for MPT customers?
MPT Customers can watch English Premier League matches on live streaming, SKYNET SPORTS-6 (24/7) and SPORTS 1 for WORLD CUP match related programs and many VOD (“Video on Demand”) contents, such as, highlights and some English Premier League related programs (“Goal of the week” and “Goal Rush”).
Customers can enjoy those contents whenever, wherever, with their mobile phone (through MPT mobile network).
 
6. How to watch those live streaming and VOD contents?
Users can watch it via “MPT IPTV” application, available for Android (5.0 or more), or App Store for IOS (9.0 or more) or mobile web version (https://iptv.mpt.com.mm/). Users also can enjoy it via “MPT4U” application or web version by clicking on “MPT IPTV” icons which show on service icons area.  
 
7. Can users play English Premier League live streaming or VOD via Wi-Fi network or other mobile networks?
No, it’s only available through MPT mobile network.
8. I can watch other TV channels and VOD contents from MPT IPTV for 99 Kyats per day with other internet connection / Wifi but why not watch English Premier League content. Why?
English Premier League match related content can only be viewed on MPT mobile internet, so other internet connection / Wifi users could not enjoy English Premier League content on MPT IPTV.
 
Bill and Payment
 
9. Are there any subscription fees to watch live streaming and VOD?  
No subscription nor the fee is required to watch English Premier League contents. Just open the application through MPT mobile network and play video. (Data charge is applied as usual)
 
10. How can customers optimize the data fee?
MPT has initiated this pack for the cost effectiveness and convenience of Myanmar football lovers, “IPTV Pack” comes in two different types and customers can choose the type that suits the best with their needs. 
The types are as follow- 
 

Type (Inc.Tax) 

Price 

Data 

Validity 

SMS 

USSD 

App 

IPTV Pack 999 

999 Ks 

1,000 MB 

3 days 

Send SMS IPTV1 to 1331 

USSD *2022*1# 

MPT4U  

(or)  

MPT Pay 

IPTV Pack 1999 

1,999 Ks 

3,000 MB 

7 days 

Send SMS IPTV2 to 1331 

USSD 

*2022*2# 

MPT4U 

(or) 

MPT Pay 

 ***only for MPT IPTV usage 
 
Technical
 
11. What is the quality of live streaming and VOD?  
For mobile version, it is available in 1K HD (1280*720P) and SD (720*576P).
 
12. How can I choose the streaming quality of video for watching? 
The app has adaptive streaming and automatically selects the best quality available according to the network speed to ensure a buffering-free experience.
 
13. How can I do if stops playing?
Please check network connection first and restart/reopen the App. If the problem is still not solved, please contact customer service for further support.
 
14. How can I do if video quality is not good?
Video quality is different due to many reasons. Possible reasons:
• Buffer and latency are usually caused by network issues. Please refer to the network bandwidth suggestions and check your network quality.
• Resolution is not as high as expected: when you are watching the live channels on App/web, you can manually change the resolution to HD for better experience.
 
15. What should I do if a technical problem occurs while enjoying contents on MPT IPTV service?
Please make sure that you have installed the latest version of application, if the issue keeps happen, please record the error code, and share with customer service.
 
16. How can I do there no sound when enjoying contents on MPT IPTV service?
Please check if you have turned on the sound. If the problem keep happened, please contact customer service for issue report.
 
17. How can I exit full-screen mode while enjoying MPT IPTV service on app/web?
For App/web, please click return button to exit.
 
18. How should I do if you can't watch the video with my current browser?
If you can't watch the video with your current browser, please use Chrome.
 
Other
 
19. Can I watch IPTV Mobile service with my MPT mobile data bonus?
No, kindly note that MPT mobile bonus cannot be used for watching IPTV service. Your IPTV data usage will be charged from your current data pack/main balance as per your current plan. You may not be able to access the MPT IPTV app on MPT mobile network if you do not have balance remaining in your data pack or main balance. 

အသေးစိတ်စည်းကမ်းသတ်မှတ်ချက်များ

(MPT IPTV ဝန်ဆောင်မှုအတွက်)

ဤဝန်ဆောင်မှုကို အသုံးပြုခြင်းအားဖြင့် ဝန်ဆောင်မှုရယူသူသည် ဤအသေးစိတ်စည်းကမ်းသတ်မှတ်ချက်များနှင့် MPT ၏ အထွေထွေစည်းကမ်းသတ်မှတ်ချက်များကိုဖတ်ရှုပြီး ကောင်းစွာနားလည်သဘောပေါက်၍ အားလုံးသောစည်းကမ်းချက် များကို လက်ခံလိုက်နာရန် သဘောတူညီပါသည်။

ယခုစာမျက်နှာတွင် MPT IPTV မှတဆင့် ထောက်ပံ့ပေးသော (သို့မဟုတ်) MPT IPTV နှင့်စပ်လျဥ်းသည့် ဝန်ဆောင်မှု၊ ဝက်ဆိုက် (နှင့်/သို့မဟုတ်) ဆော့ဝဲလ်တို့ (“ဝန်ဆောင်မှု”) အား အသုံးပြုရာ၌ ဝန်ဆောင်မှုရယူသူအနေဖြင့် လိုက်နာရမည့် စည်းကမ်းချက်များအား ရှင်းလင်းဖော်ပြထားပါသည်။

ဤဝန်ဆောင်မှုအား အသုံးပြုခြင်းအားဖြင့် ဤအသေးစိတ်စည်းကမ်းသတ်မှတ်ချက်များနှင့် အခြားသောဆက်စပ်သည့် သက်ဆိုင်ရာ စည်းမျဥ်းများ၊ မူဝါဒများနှင့် စည်းကမ်းချက်များ (“အသေးစိတ်စည်းကမ်းချက်များ”) အား ဖတ်ရှုနားလည်ပြီး သဘောတူလက်ခံကြောင်း ဝန်ဆောင်မှုရယူသူမှ အသိအမှတ်ပြုပါသည်။ ဤအသေးစိတ်စည်းကမ်းချက်များအား MPT ၏ အထွေထွေစည်းကမ်းသတ်မှတ်ချက်များ (“အထွေထွေစည်းကမ်းချက်များ”) ၊ ဤအသေးစိတ်စည်းကမ်းချက်များ၏ တစ်စိတ် တစ်ပိုင်းဖြစ်သည့် MPT ၏ သီးသန့်ကိုယ်ရေးအချက်အလက်ဆိုင်ရာမူဝါဒ (“ကိုယ်ရေးအချက်အလက်မူဝါဒ”) များနှင့်အတူ ပူးတွဲဖတ်ရှုရမည်။ အကယ်၍ အသေးစိတ်စည်းကမ်းချက်များနှင့် အထွေထွေစည်းကမ်းချက်များ (သို့မဟုတ်) ကိုယ်ရေး အချက်အလက်မူဝါဒအကြား ကွဲလွဲမှုတစ်စုံတစ်ရာရှိပါက အသေးစိတ်စည်းကမ်းချက်များတွင်ပါဝင်သည့် ပြဌာန်းချက်များက အထွေထွေစည်းကမ်းချက်များပါ ပြဌာန်းချက်များကို ကွဲလွဲမှုရှိသည့်အတိုင်းအတာအလျောက် လွှမ်းမိုးအတည်ဖြစ်စေရမည်။

၁။ အဓိပ္ပာယ်ဖွင့်ဆိုချက်များ

သီးခြားအဓိပွာယ်ဖွင့်ဆိုထားခြင်းမရှိသည့် ဤအသေးစိတ်စည်းကမ်းချက်များတွင်ပါရှိသော စာလုံးအကြီးဖြင့် ရေးသားထား သည့်စကားရပ်များအား အထွေထွေစည်းကမ်းချက်များတွင် သတ်မှတ်ထားသည့်အတိုင်း ထပ်တူအဓိပ္ပာယ်ကောက်ယူရမည်။

(က) “အပလီကေးရှင်း” (သို့မဟုတ်) “App” ဆိုသည်မှာ MPT IPTV ဝန်ဆောင်မှုအတွက် အသုံးပြုမည့် Android (သို့မဟုတ်) iOS အပလီကေးရှင်းကို ဆိုလိုသည်။

(ခ) “MPT IPTVကျွန်ုပ်တို့”၊ “ကျွန်ုပ်တို့၏” နှင့် “ကျွန်ုပ်တို့အား” ဟုဆိုရာတွင် လက်အောက်ခံများ၊ ကိုယ်စားလှယ်များ၊ ဝန်ထမ်းများ၊ ဆက်ခံသူများနှင့် တာဝန်လွှဲပြောင်းပေးခြင်းခံရသူများပါဝင်သည်။

(ဂ) “ဝန်ဆောင်မှု” ဆိုသည်မှာ ဝန်ဆောင်မှုရယူသူအား ပါဝင်သည့်အရာများ၊ TV လိုင်းများနှင့် ရုပ်ရှင်များရယူကြည့်ရှုနိုင်ရန် ခွင့်ပြုပေးထားသည့် MPT မှ ထောက်ပံ့ပေးထားသော IPTV ဝန်ဆောင်မှုကို ဆိုလိုသည်။

၂။ ဝန်ဆောင်မှုဖော်ပြချက်

၂.၁။ MPT IPTV Service မှ ဝန်ဆောင်မှုရယူသူအား MPT IPTV ဝန်ဆောင်မှု၏ TV လိုင်းများ၊ ရုပ်ရှင်များနှင့် အခြားသော MPT IPTV အချက်အလက်များကို ကြည့်ရှုခံစားရယူခွင့်ပေးထားပါသည်။ ဤအသေးစိတ်စည်းကမ်းချက်များတွင် ဝန်ဆောင်မှု ရယူသူအား အတိအလင်းခွင့်ပြုချက်ပေးထားခြင်းမရှိသည့် အခွင့်အရေးများအားလုံးကို ကျွန်ုပ်တို့ (သို့မဟုတ်) ကျွန်ုပ်တို့၏ လိုင်စင်ခွင့်ပြုချက်ပေးသူများ၊ ထောက်ပံ့ပေးသူများ၊ ထုတ်ဝေဖြန့်ချိသူများ၊ အခွင့်အရေးရရှိသူများ (သို့မဟုတ်) အခြားသော ထောက်ပံ့ပေးသူများမှ ထိန်းသိမ်းထားရှိပါသည်။ ဝန်ဆောင်မှုရယူသူသည် ဤအသေးစိတ်စည်းကမ်းချက်များအရ ခွင့်ပြုထားသည့်ဝန်ဆောင်မှုကိုသာ အသုံးပြုနိုင်မည်ဖြစ်ပြီး အခြားသောအသုံးပြုမှုများအား အသုံးပြုခြင်းကို တင်းကြပ်စွာ တားမြစ်ထားပါသည်။

၂.၂။ ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ ဝန်ဆောင်မှုရယူသူ၏ အသုံးပြုမှုအား အစီအစဥ်တကျဖြစ်သော (သို့မဟုတ်) အစီအစဥ်တကျမဟုတ်သော ဝန်ဆောင်မှုကြားဖြတ်ဝင်ရောက်မှုများဖြစ်ပေါ်လာနိုင်ပါသည်။ ဝန်ဆောင်မှု၊ (အစီအစဥ်တကျ ဖြစ်သော (သို့မဟုတ်) အစီအစဥ်တကျမဟုတ်သော) လိုင်းကျမှု ၊ သို့မဟုတ် ဝင်ရောက်အသုံးပြုမရမှု တို့နှင့်စပ်လျဥ်း၍ ကြားဖြတ်ဝင်ရောက်နှောင့်ယှက်မှုတစ်ခုခုအတွက် ဝန်ဆောင်မှုရယူသူ (သို့မဟုတ်) တတိယလူပုဂ္ဂိုလ် တစ်ဦးဦးအပေါ်တွင် MPT IPTV အနေဖြင့် မည်သည့်တာဝန်မျှမရှိသည်ကို ဝန်ဆောင်မှုရယူသူအနေဖြင့် သဘောတူသိရှိပါသည်။

၂.၃။ ဝန်ဆောင်မှုအား ဝန်ဆောင်မှုရယူသူမှ အသုံးပြုခြင်း (သို့မဟုတ်) တလွဲအသုံးပြုခြင်း၊ အခြားသော အသုံးပြုသူများနှင့်ဆက်သွယ်ဆောင်ရွက်ခြင်း ၊ သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ ဝန်ဆောင်မှုရယူသူ၏ အခြားသော လုပ်ဆောင်မှု (သို့မဟုတ်) ပျက်ကွက်မှုများအတွက် MPT IPTV အနေဖြင့် မည်သည့်တာဝန်မျှမရှိစေရ။

၃။ Video ကြည်လင်ပြတ်သားမှု။ ကျွန်ုပ်တို့လက်ခံရရှိသည့် အကြောင်းအရာဖွဲ့စည်းမှုပုံစံ၊၊ အသုံးပြုသည့်အင်တာနက် ချိတ်ဆက်မှုအရည်အသွေး၊၊ အသုံးပြုသည့်စက်ကိရိယာမျက်နှာပြင်နှင့် အခြားသောအကြောင်းအရာတို့ကြောင့်  Video တွင် ပါဝင်သောအရာများ၏ ကြည်လင်ပြတ်သားမှုကို ထိခိုက်နိုင်ပါသည်။

၄။ လုံခြုံမှု။ ဝန်ဆောင်မှုနှင့် အပလီကေးရှင်းတို့တွင် ကိန်းဂဏာန်းအချက်အလက်များကို ကာကွယ်ထားပြီး အဆိုပါ ဝန်ဆောင်မှုများကိုသာလျှင် ဝန်ဆောင်မှုရယူသူမှ ရယူအသုံးပြုနိုင်ရန် ကန့်သတ်ထားသည့်နည်းပညာအား အသုံးပြုထားသည့် လုံခြုံမှုဆိုင်ရာကန့်သတ်ချက်တစ်ခုပါဝင်ပါသည်။ အဆိုပါဝန်ဆောင်မှုများအား ဝန်ဆောင်မှုရယူသူဝယ်ယူထားသည့်အရာ များနှင့်တတ်နိုင်သမျှ အသုံးပြုနိုင်ရန်၊ လုပ်ဆောင်နိုင်ရန်၊ ပြသပေးနိုင်ရန် (သို့မဟုတ်) ချိတ်ဆက်နိုင်ရန်အတွက် အပလီကေးရှင်းအား ဖန်တီးထားသည်။ ထို့ကြောင့် ဝန်ဆောင်မှုရယူသူမှ သက်ဆိုင်ရာဝန်ဆောင်မှုများအား ဝယ်ယူထားခြင်း မရှိပါက အပလီကေးရှင်းတွင်ပါဝင်သည့် အချို့သောအရာများကို အသုံးပြု၍ရမည်မဟုတ်ပါ။ အဆိုပါနည်းပညာသည် ဝန်ဆောင်မှုများနှင့် အပလီကေးရှင်းလုပ်ဆောင်မှုတို့အကြားတွင်ရှိသည့်စနစ်မှ ခွဲထုတ်၍မရနိုင်သည့်အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး အဆိုပါနည်းပညာကောင်းစွာလည်ပတ်ဆောင်ရွက်နိုင်ရန် ဝန်ဆောင်မှုများနှင့် အပလီကေးရှင်းတို့အကြား ဆက်သွယ် ဆောင်ရွက်မှုတို့ကို MPT မှ ထိန်းချုပ်စောင့်ကြည့်နိုင်ပါသည်။ ဝန်ဆောင်မှုအတွက် အဆိုပါနည်းပညာအား အချိန်မရွေး ပြောင်းလဲပြင်ဆင်ပိုင်ခွင့်ကို MPT မှ ထိန်းသိမ်းထားရှိပါသည်။

ဝန်ဆောင်မှုရယူသူသည် ဝန်ဆောင်မှုအား ရည်ရွယ်ထားသည့်အတိုင်းအတာမှတပါး အခြားသောရည်ရွယ်ချက်အတွက် အသုံးမပြုရန် သဘောတူညီပါသည်။

အောက်ပါဆောင်ရွက်ချက်တို့အား မပြုလုပ်ရန်အတိအလင်းတားမြစ်ပါသည်။ မိတ္တူကူးခြင်း၊ ဝန်ဆောင်မှုတွင် ပါဝင်သည့် အကာအကွယ်ထားမှုများ (ဝန်ဆောင်မှုအား ရရှိနိုင်မည့်လုပ်ငန်းစဥ်များထဲမှာ ဆော့ဝဲလ်တစ်ခုခု (သို့မဟုတ်) အခြားသော ပစ္စည်းများနှင့်စပ်လျဥ်း၍ Reverse-engineer လုပ်ခြင်း ၊ ကုတ်နံပါတ်ဖော်ထုတ်ခြင်း၊ ခွဲထုတ်ခြင်း)မှ တစ်စုံတစ်ခုအား သွေဖည် အောင်ပြုလုပ်စေရန်၊ ပြင်ဆင်စေရန်၊ ဖယ်ရှားစေရန်၊ ပြောင်းလဲစေရန်၊ အသုံးပြု၍မရစေရန်၊ အဆင့်လျော့ကျစေရန် (သို့မဟုတ်) အဖျက်အမှောက်ပြုလုပ်စေရန် တစ်စုံတစ်ယောက်ကို အားပေးအားမြှောက်ပြုခြင်း (သို့မဟုတ်) ကူညီခြင်း၊ ဝန်ဆောင်မှုအား အခွင့်မရှိဘဲအသုံးပြုခြင်းအပါအဝင် ဝန်ဆောင်မှုတွင်ပါရှိသောအရာများအား ကြိုးကိုင်ခြယ်လှယ်နိုင်ရန် ကုတ်နံပါတ် (သို့မဟုတ်) ပစ္စည်းများထည့်သွင်းခြင်း၊ နည်းပညာပိုင်းဆိုင်ရာ (သို့မဟုတ်) အစိတ်အပိုင်းတစ်ခုခုကို ကလိခြင်း။ အဆိုပါပြုလုပ်မှုများကို ဝန်ဆောင်မှုရယူသူမှ ပြုမူလုပ်ဆောင်ခြင်းသည် မူပိုင်ခွင့်ဆိုင်ရာချိုးဖောက်ခြင်းဖြစ်ပြီး တရားမ ကြောင်းအရသော်လည်းကောင်း၊ ပြစ်မှုကြောင်းအရသော်လည်းကောင်း တာဝန်ကျရောက်စေမည်ဖြစ်ပါသည်။

 

၅။ ငွေပေးချေရသည့် ဝန်ဆောင်မှုများ

၅.၁။ ငွေကောက်ခံမှုမူဝါဒ။ ဝန်ဆောင်မှု၏ အချို့သောကဏ္ဍများကို ငွေပေးသွင်းရခြင်း (သို့မဟုတ်) အခြားသော ငွေကောက်ခံမှုများအတွက် ထောက်ပံ့ပေးထားနိုင်သည်။ အဆိုပါပေးသွင်းငွေနှင့် ငွေကောက်ခံမှုများ (ရှိခဲ့လျှင်) အား MPT IPTV ဝက်ဘ်ဆိုက်တွင် ဖော်ပြထားမည်ဖြစ်သည်။

ဝန်ဆောင်မှုရယူသူအနေဖြင့် ဝန်ဆောင်မှုအား ငွေပေးချေမှုကဏ္ဍများအတွက် အသုံးပြုရန်ရွေးချယ်ပါက ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် အဆိုပါငွေပေးသွင်းမှုနှင့် ငွေကောက်ခံမှုနှင့်သက်ဆိုင်သည့် စျေးနှုန်း၊ ငွေပေးချေမှုနှင့် ငွေကောက်ခံမှုဆိုင်ရာ မူဝါဒများအား သဘောတူညီရမည်ဖြစ်သည်။ MPT အနေဖြင့် ထပ်ဆောင်းငွေပေးသွင်းမှုများနှင့် ငွေကောက်ခံမှုများအတွက် ဝန်ဆောင်မှုအသစ်များအား ထပ်မံဖြည့်သွင်းခြင်း (သို့မဟုတ်) လက်ရှိဝန်ဆောင်မှုများအတွက် ငွေပေးသွင်းမှုများနှင့် ငွေကောက်ခံမှုများအား ပြင်ဆင်ခြင်းတို့ကို တစ်ဦးတည်းဆန္ဒဖြင့် အချိန်မရွေး ပြုလုပ်နိုင်သည်။

ကျွန်ုပ်တို့အနေဖြင့် ဝန်ဆောင်မှုရယူသူမှ အောက်ဖော်ပြပါတို့အား ဆောင်ရွက်ခြင်းအတွက် ငွေကောက်ခံသွားမည်ဖြစ်သည်။

(က) Subscribe လုပ်ခြင်း ။ ဝန်ဆောင်မှုရယူသူမှ ဝန်ဆောင်မှုတွင်ပါဝင်သည့်အရာအား Subscribe လုပ်သည့်အခါ ကျွန်ုပ်တို့မှ ဝန်ဆောင်မှုရယူသူအပေါ် ငွေကောက်ခံသွားမည်ဖြစ်သည်။ Subscribe ပြုလုပ်ခြင်းအတွက် ငွေပေးသွင်းပြီးသည့်အခါ ဝန်ဆောင်မှုရယူသူမှ တစ်ရက်တာအတွက် Subscribe ပြုလုပ်ရာတွင်ပါဝင်သည့်အရာများအားလုံးကို ကြည့်ရှုနိုင်မည် ဖြစ်သည်။ ဝန်ဆောင်မှုရယူသူမှ Unsubscribe မလုပ်ပါက Subscribe ပြုလုပ်ခြင်းနှင့် ငွေကောက်ခံခြင်းတို့အတွက် အလိုအလျောက် သက်တမ်းတိုးသွားမည်ဖြစ်သည်။ အခမဲ့စမ်းသုံးမည်ဆိုပါက အခမဲ့စမ်းသုံးမှုကာလသက်တမ်း ကုန်လွန်သွားပြီးနောက်တွင် ဝန်ဆောင်မှုရယူသူမှ Unsubscribe မလုပ်ထားပါက ကျသင့်သည့် Subscribe ပြုလုပ်ခြင်း အတွက်ငွေကို အလိုအလျောက် ကောက်ခံသွားမည်ဖြစ်သည်။

Subscribe ပြုလုပ်ခြင်းတစ်ခုတွင်ပါဝင်သည့်အရာအား MPT ၏ တစ်ဦးတည်းသောဆုံးဖြတ်ချက်ဖြင့် အခါအားလျော်စွာ ပြောင်းလဲပြင်ဆင်နိုင်သည်။

အထက်ကဆိုခဲ့သည့်အရာများအပြင် (ဝန်ဆောင်မှုနှင်စပ်လျဥ်းသည့် Download ဆွဲယူမှုများအပါအဝင်) ဝန်ဆောင်မှုအား ဝန်ဆောင်မှုရယူသူ၏အသုံးပြုမှုအတွက် အင်တာနက်အသုံးပြုခလည်းကျသင့်မည်ဖြစ်သည်။

၅.၂။ ပြန်လည်ငွေအမ်းမည်မဟုတ်ခြင်း။ ဝန်ဆောင်မှုရယူသူသည် ၎င်း၏ဝန်ဆောင်မှုရယူထားသောအကောင့်အား မည်သည့်အချိန်တွင်မဆို ဖျက်သိမ်းနိုင်မည်ဖြစ်သော်လည်း ထိုသို့ဖျက်သိမ်းခြင်းအတွက် မည်သည့်ပြန်အမ်းငွေမျှရရှိလိမ့်မည် မဟုတ်ပါ။

ကျွန်ုပ်တို့မှ ဝန်ဆောင်မှုရယူသူ၏ဝန်ဆောင်မှုအကောင့်ကို ဆိုင်းငံ့ထားခြင်း (သို့မဟုတ်) ပိတ်ထားခြင်းပြုလုပ်ထားသည့်အခါ၌ ဝန်ဆောင်မှုရယူသူအနေဖြင့် Subscribe ပြုလုပ်ခြင်းတစ်ခုအတွက် အသုံးမပြုရသေးသည့် အချိန်ကာလတစ်ခုခုအတွက်၊ ဝန်ဆောင်မှုအပိုင်းကဏ္ဍတစ်ခုခု၏ လိုင်စင်ကြေး (သို့မဟုတ်) Subscribe ပြုလုပ်ကြေးတစ်ခုခုအတွက် (သို့မဟုတ်) ဝန်ဆောင်မှုရယူသူ၏ MPT IPTV အကောင့်နှင့်စပ်ဆက်သည့် ပါဝင်သည့်အရာတစ်ခုခု (သို့မဟုတ်) အင်တာနက်အသုံးပြုမှု တစ်ခုခုအတွက် မည်သို့သောပြန်အမ်းငွေကိုဖြစ်စေ၊ လဲလှယ်ပေးမှုကိုဖြစ်စေ လက်ခံရရှိလိမ့်မည်မဟုတ်သည်ကို ဝန်ဆောင်မှု ရယူသူမှ သိရှိနားလည်လက်ခံသဘောတူညီပါသည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ Server နှင့် ဝန်ဆောင်မှုများမှ ဝန်ဆောင်မှုရယူသူ၏ အကြောင်းအရာနှင့် Data များအားလုံးကို ဖြစ်စေ၊ တစ်ခုခုကိုဖြစ်စေ ရည်ရွယ်၍သော်လည်းကောင်း၊ မရည်ရွယ်ဘဲနှင့်သော်လည်းကောင်း အကြောင်းပြချက်မရှိ (ဝန်ဆောင်မှုရယူသူ (သို့မဟုတ်) အခြားသောသူတစ်ဦးဦးအား မည်သို့သောတာဝန်မျှမကျရောက်စေဘဲ) ပယ်ဖျက်ခွင့် ရှိသည်ကို ဝန်ဆောင်မှုရယူသူမှ သိရှိနားလည်ပါသည်။

၆။ ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ ပိုင်ဆိုင်မှုနှင့် အခွင့်အရေးများအား ထိန်းသိမ်းထားရှိခြင်း။ ဤဝန်ဆောင်မှုသည် မူပိုင်ခွင့်နှင့် အခြားဥပဒေများ၊ နိုင်ငံတကာမူပိုင်ခွင့်နှင့် အခြားသောနိုင်ငံတကာစာချုပ်များနှင့်သက်ဆိုင်အကျုံးဝင်စေရမည်။ ဝန်ဆောင်မှု နှင့်စပ်လျဥ်းသည့် အခွင့်အရေးများ၊ အသိဉာဏဆိုင်ရာပစ္စည်းအခွင့်အရေးများအားလုံးနှင့် ဝန်ဆောင်မှုနှင့်ပတ်သက်သည့် ပြင်ဆင်မှုများ၊ မွမ်းမံမှုများ၊ အဆင့်မြှင့်တင်မှုများ၊ ဖြည့်စွက်မှုများ၊ တိုးမြှင့်ဆောင်ရွက်မှုများနှင့် ဆင့်ပွားဖြစ်ပေါ်လာသည့် အလုပ်များအားလုံးကို MPT (သို့မဟုတ်) ၎င်း၏လိုင်စင်ခွင့်ပြုချက်ပေးသူများမှ အကြွင်းမဲ့ပိုင်ဆိုင်သည်။ ဝန်ဆောင်မှု နှင့်စပ်လျဥ်း၍အသုံးပြုသည့် အချို့သောတတိယလူပုဂ္ဂိုလ်တို့၏ ဆော့ဝဲလ်အား ယင်းနှင့်သက်ဆိုင်သမျှ ဝန်ဆောင်မှုပေးသူ များမှ ဝန်ဆောင်မှုရယူသူအား တိုက်ရိုက်ဝန်ဆောင်မှုပေးနိုင်သည်။ အဆိုပါဆော့ဝဲလ်အား အသုံးပြုမှုသည် ဝန်ဆောင်မှု ရယူသူနှင့် အဆိုပါဝန်ဆောင်မှုပေးသူတစ်ဦးချင်းစီတို့အကြားချုပ်ဆိုထားသည့် သက်ဆိုင်ရာစာချုပ်ပါ စည်းကမ်းချက်များ နှင့်အညီဖြစ်ရမည်။ ဤအသေးစိတ်စည်းကမ်းချက်များအရ ဝန်ဆောင်မှုရယူသူအား အတိအလင်းခွင့်ပြုချက်ပေးထားခြင်း မရှိသည့် ဝန်ဆောင်မှုနှင့်စပ်လျဥ်းသည့် အခွင့်အရေးများအားလုံးကို MPT မှ ထိန်းသိမ်းထားရှိပါသည်။

၇။ အသုံးပြုသူအကောင့်။ ဝန်ဆောင်မှုရယူသူသည် ဤဝန်ဆောင်မှုကို အချို့သော MPT မှခွင့်ပြုထားသည့် ဝန်ဆောင်မှုများ နှင့်အတူ ဝန်ဆောင်မှုမှတဆင့် ဝင်ရောက်ဖို့ရန်လည်းကောင်း၊ ဝန်ဆောင်မှုမှ လုပ်ဆောင်ဖို့ရန်လည်းကောင်း၊ ဝန်ဆောင်မှုတွင် ပြသဖို့ရန်လည်းကောင်း၊ ဝန်ဆောင်မှုနှင့်ချိတ်ဆက်ဖို့ရန်လည်းကောင်း ပူးတွဲအသုံးပြုလိုပါက ဝန်ဆောင်မှုရယူသူသည် အသုံးပြုသူအကောင့်တစ်ခုဖွင့်ရန် (သို့မဟုတ်) ဝန်ဆောင်မှုကို ဝင်ရောက်အသုံးပြုနိုင်မည့် အဆိုပါကဲ့သို့သော အခြား MPT IPTV ဝက်ဘ်ဆိုက် (“အကောင့်”) လိုအပ်ပါသည်။ ဝန်ဆောင်မှုသည် ၎င်း၏လုပ်ဆောင်ချက်များမှ အချို့သောလုပ်ဆောင်ချက် များကို လုပ်ဆောင်နိုင်ရန်နှင့် ၎င်းတွင်ပါဝင်သည့်အရာများမှ အချို့သောအရာများအား ဝင်ရောက်အသုံးပြုနိုင်ရန် ဝန်ဆောင်မှု ရယူသူ၏အကောင့်တွင်ပါဝင်သည့် အချက်အလက်များကို အသုံးပြုမည်ဖြစ်ပါသည်။ ထို့ကြောင့် ဝန်ဆောင်မှုရယူသူမှ အကောင့်ဖွင့်လှစ်ထားခြင်းမရှိပါက အဆိုပါအရာများအား ရရှိနိုင်မည်မဟုတ်ပါ။

ဝန်ဆောင်မှုရယူသူမှ အကောင့်ဖွင့်သည့်အခါတွင် ၎င်းဖော်ပြဖြည့်သွင်းသည့် အချက်အလက်များအတွက် ၎င်းကိုယ်တိုင် တာဝန်ယူရမည်ဖြစ်ပြီး အကောင့်နှင့်ပတ်သက်သည့် လျှို့ဝှက်ထားရှိမှုနှင့် လုံခြုံမှု၊ အဆိုပါအကောင့်အား ဝင်ရောက်နိုင်ရန် ပေးထားသည့် လျှို့ဝှက်နံပါတ်တို့အား ထိန်းသိမ်းထားရှိမှုတို့အတွက် ၎င်းတွင် အပြည့်အဝတာဝန်ရှိသည်။ ဝန်ဆောင်မှု ရယူသူသည် ၎င်းအကောင့်နှင့်သက်ဆိုင်သည့် အချက်အလက် (သို့မဟုတ်) လျှို့ဝှက်နံပါတ်ကို အခြားသူတစ်ဦးဦးအား ထုတ်ဖော်ပြောကြားခြင်းမပြုရ။ ဝန်ဆောင်မှုရယူသူအနေဖြင့် ၎င်းအား ခွင့်ပြုချက်ပေးထားခြင်းမရှိသည့် အကောင့်တစ်ခုအား ဝင်ရောက်ခြင်း (သို့မဟုတ်) ဝင်ရောက်ရန်အားထုတ်ခြင်းတို့အား မပြုလုပ်ရ။

ဝန်ဆောင်မှုရယူသူ၏အကောင့်တွင်ဖြစ်ပွားသော (သို့မဟုတ်) အကောင့်မှတဆင့်ဖြစ်ပွားသော လုပ်ဆောင်ချက်များအားလုံး အတွက် ဝန်ဆောင်မှုရယူသူ၌ တာဝန်အပြည့်အဝရှိမည်ဖြစ်ပြီး အကောင့်အား အခွင့်မရှိဘဲအသုံးပြုခြင်း (သို့မဟုတ်) အကောင့် လုံခြုံမှုအား အခြားသောတစ်နည်းနည်းဖြင့် ချိုးဖောက်ခြင်းတို့အား MPT သို့ ချက်ခြင်းအကြောင်းကြားရန် ဝန်ဆောင်မှု ရယူသူမှ သဘောတူညီပါသည်။ ဝန်ဆောင်မှုရယူသူအကောင့်အား အခွင့်မရှိဘဲအသုံးပြုခြင်းနှင့်စပ်လျဥ်း၍ ပေါ်ပေါက် လာသောဆုံးရှုံးမှုတစ်စုံတစ်ရာအတွက် MPT ၌ တာဝန်ရှိလိမ့်မည်မဟုတ်ပါ။

၈။ ဝန်ဆောင်မှုရယူသူ၏ အချက်အလက်များ ။ MPT ၏ ကိုယ်ရေးအချက်အလက်မူဝါဒပါစည်းကမ်းချက်များအပြင် ဝန်ဆောင်မှုရယူသူ၏ အချက်အလက်များအား ကောက်ယူခြင်း၊ အသုံးပြုခြင်းနှင့် ထုတ်ဖော်ပြောကြားမှုတို့အပေါ်တွင် အောက်ပါစည်းကမ်းချက်များက အကျိုးသက်ရောက်မှုရှိစေရမည်။

၈.၁။ အချက်အလက်များအား မည်သည့်အချိန်၌ မည်ကဲ့သို့ကောက်ယူသနည်း။

အသုံးပြုသူမှ ဖြည့်သွင်းပေးပို့သည့် အချက်အလက်များ။ သင့်အနေဖြင့် ဝန်ဆောင်မှုအား အသုံးပြုရန် စာရင်းသွင်းသည့်အခါ သင်နှင့်ပတ်သက်သည့်အချက်အလက်များဖြစ်သည့် သင့်နာမည်၊ ဖုန်းနံပါတ် အစရှိသည်တို့ကို ကျွန်ုပ်တို့အား ဖြည့်သွင်း ပေးပို့ရမည်။ သင့်အနေဖြင့် ကျွန်ုပ်တို့ထံသို့ ဖုန်းဖြင့်အဆက်အသွယ်ပြုလုပ်ပါက သင့်ဖုန်း၏စာတိုပေးပို့မှုများ၊ သင့်ဖုန်းနံပါတ်နှင့် ကျွန်ုပ်တို့၏ တုန့်ပြန်မှုများအား ထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။

Cookie အချက်အလက်များ။ ဝက်ဘ်ဆိုက်မှတဆင့် ဝန်ဆောင်မှုအား အသုံးပြုသည့်အခါ သင်အသုံးပြုသည့် Browser အား သီးသန့်အားဖြင့် ခွဲခြားသိရှိနိုင်မည်ဖြစ်သော သင်၏ Device သို့ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုသည့် Cookie များ (ကိန်းဂဏာန်းအက္ခရာလေးများပါဝင်သည့် စာဖိုင်အသေးလေးတစ်ခု) အားပေးပို့ကာ သင့်အား Log in လျင်မြန်စွာဝင်ရောက် စေနိုင်ပြီး သင်ဝင်ရောက်မည့် ဝက်ဘ်ဆိုက်လမ်းကြောင်းကို ပိုမိုကောင်းမွန်လာစေရန် ကျွန်ုပ်တို့မှ အကူအညီပေးမည် ဖြစ်သည်။ အဆိုပါ Cookie များတွင် အောက်ဖော်ပြပါအချက်အလက်များအား သိမ်းဆည်းထားနိုင်ပါသည်။ ဖုန်းနံပါတ်၊ Network အမျိုးအစား၊ Sign in ဝင်ခြင်း အထောက်အထားနှင့် ဘာသာစကားရွေးချယ်ခြင်း။

လိုအပ်သည့် Cookie များကို ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်အလုပ်လုပ်ဆောင်နိုင်ရန်အတွက် အသုံးပြုမည်ဖြစ်သည်။ ဝက်ဘ်ဆိုက် လုပ်ဆောင်မှုတိုးတက်အောင် အကူအညီဖြစ်စေရန် ရွေးချယ်၍ရနိုင်သည့် စိစိချက်ဆိုင်ရာ (သို့မဟုတ်) လုပ်ဆောင်ချက် ဆိုင်ရာ Cookie များအားလည်း ချမှတ်မည်ဖြစ်ပါသည်။

မှတ်တမ်းဖိုင်အချက်အလက်များ။ ဝက်ဘ်ဆိုက်တစ်ခုအား သင့်အနေဖြင့် ဝင်ရောက်အသုံးပြုသည့်အခါတိုင်း သင်အသုံးပြု သည့် Browser မှ မှတ်တမ်းဖိုင်အချက်အလက်များသို့ အလိုအလျောက် အကြောင်းကြားပါမည်။ ဝန်ဆောင်မှုဝက်ဘ်ဆိုက်အား စာရင်းသွင်းခြင်း (သို့မဟုတ်) ကြည့်ရှုခြင်းပြုလုပ်သည့်အခါ မည်သည့်ဝက်ဘ်ဆိုက်ကိုမဆို ဝင်ရောက်သည့်အခါတိုင်း သင်၏ ဝက်ဘ်ဆိုက် Browser မှပေးပို့သည့် အချို့သောအချက်အလက်များအား ကျွန်ုပ်တို့ Server မှ အလိုအလျောက် မှတ်တမ်းရယူ ထားမည်ဖြစ်သည်။ အဆိုပါ Server မှတ်တမ်းတွင် သင်ဝင်ရောက်သည့် ဝက်ဘ်ဆိုက်၊ Internet Protocol “IP” လိပ်စာBrowser အမျိုးအစား၊ ဝင်ရောက်ကြည့်ရှုသော (သို့မဟုတ်) ပြန်ထွက်သွားသောစာမျက်နှာများနှင့် URL များ၊ Click နှိပ်သော အရေအတွက်၊ Domain နာမည်များ၊ Landing Page များ၊ ကြည့်ရှုသည့်စာမျက်နှာများနှင့် အဆိုပါကဲ့သို့သော အခြားအချက် အလက်များ အစရှိသည့် အချက်အလက်များပါဝင်နိုင်ပါသည်။

သင့်အနေဖြင့် ဝန်ဆောင်မှုအား အသုံးပြုသည့်အခါ ကျွန်ုပ်တို့မှ အောက်ဖော်ပြပါအချက်အလက်များကိုလည်း ကောက်ယူထား နိုင်ပါသည်။

  • ရှာဖွေမှုစုံစမ်းခြင်းများ (ဝက်ဘ်ဆိုက် သို့မဟုတ် အပလီကေးရှင်းအား အသုံးပြုသည့်အခါ Click နှိပ်သောအရာ သို့မဟုတ် ရှာဖွေသောအရာနှင့် အသံပြုညွှန်ကြားချက်များ သို့မဟုတ် အခြားသောထည့်သွင်းပြုလုပ်မှုများ စသဖြင့်)၊
  • အသုံးပြုသည့် Device ၏ တည်နေရာIP လိပ်စာ (သို့မဟုတ်) Wifi မှ စသဖြင့် (“သင့် Device ၏တည်နေရာ အချက်အလက်”)၊
  • ခွဲခြားရနိုင်သော အထောက်အထားများ၊ အကောင့် ID (သို့မဟုတ်) ဖုန်းနံပါတ် စသဖြင့်၊
  • အင်တာနက်အား မည်သို့ချိတ်ဆက်ပုံ၊ သင်အသုံးပြုသည့် Wifi ဆက်သွယ်ချိတ်ဆက်မှု စသဖြင့်
  • Billing Address
  • လူဦးရေဆိုင်ရာအချက်အလက်များ (ဥပမာ- စာရင်းပေးသွင်းခြင်းမှတဆင့်)၊
  • အပလီကေးရှင်းနှင့်ချိတ်ဆက်ထားသော MPT IPTV အကောင့်များအတွက် ရယူအသုံးပြုခြင်းအစီအစဥ်များ
  • အသုံးပြုသော Device အမျိုးအစားနှင့် အသုံးပြုနေသည့်စနစ်၊
  • ချိတ်ဆက်မှုအမျိုးအစား နှင့်
  • ဆော့ဝဲလ် ။

 

 

၈.၂။ သင့်အချက်အလက်များအား ကျွန်ုပ်တို့မှ အသုံးပြုပုံ

  • ကျွန်ုပ်တို့မှ အချက်အလက်များအား အောက်ပါတို့အား ဆောင်ရွက်နိုင်ရန် အသုံးပြုနိုင်ပါသည် -
  • ဝန်ဆောင်မှုပေးနိုင်ရန်နှင့် ပိုမိုကောင်းမွန်အောင်ပြုလုပ်ရန်၊
  • ပါဝင်သည့်အကြောင်းအရာကို ကြည့်ရှုနိုင်ရန် အကြံပြုချက်ပေးခြင်းကဲ့သို့သော အရာများအပါအဝင် သင်ကြည့်ရှု ခဲ့မှုများအား လိုအပ်ချက်နှင့်အံဝင်ခွင်ကျဖြစ်ရန် စီမံနိုင်ရန်၊
  • စိစစ်လေ့လာမှုပြုလုပ်နိုင်ရန်၊
  • သင့်အတွက် အကျိုးရှိစေနိုင်သော MPT (သို့မဟုတ်) တတိယလူပုဂ္ဂိုလ်တို့၏ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအား အကြံပြုချက်ပေးပြီး ရောင်းချရန်၊
  • သင့် Device ၏တည်နေရာ အချက်အလက်ကိုမသိရှိပါက ဒေသတွင်းဆိုင်ရာအားကစားများ ရွေးချယ်စီစဥ်မှု ဒေသတွင်းရာသီဥတု၊ ဒေသတွင်းရွေးချယ်မှုအစီအစဥ်၊ ဒေသတွင်းတိုက်ရိုက်တင်ဆက်သော Channel လိုင်းများ (သို့မဟုတ်) ဒေသအလိုက်ကန့်သတ်မှုများရှိသည့် အခြားသောပါဝင်သည့်အရာများကဲ့သို့သောအချို့ဝန်ဆောင်မှု များနှင့် အစီအစဥ်များအား ရယူခြင်းတို့ကို ထောက်ပံ့ပေးနိုင်မည်မဟုတ်ပါ။ သင့်အနေဖြင့် သင်၏ Device ရှိ တည်နေရာခြေရာခံခြင်းအား ပိတ်ထားမည်ဆိုပါက အပလီကေးရှင်း (သို့မဟုတ်) ဝက်ဘ်ဆိုက်သည် (သင်၏ အများပြည်သူဆိုင်ရာ  IP လိပ်စာအား အသုံးပြုခြင်းကဲ့သို့) သင်၏တည်နေရာကို (Channel လိုင်းလမ်းညွှန်ချက် ကဲ့သို့) ဝန်ဆောင်မှုများပေးရန်အတွက် သင်၏ယေဘုယျတည်နေရာအဖြစ် ဆုံးဖြတ်နိုင်ရန် သတ်မှတ်ပေးနိုင်သည်ကို သင့်အနေဖြင့် သိရှိနားလည်လက်ခံသဘောတူပါသည်။

၈.၃။ အချက်အလက်များအား ထုတ်ဖော်ပြောကြားမှု

  • ကျွန်ုပ်တို့မှ အောက်ဖော်ပြပါသူတို့အား ဝန်ဆောင်မှုမှတဆင့် ကောက်ယူထားသည့် အချက်အလက်များကို ဝေမျှသွားမည်ဖြစ်သည်။
  • ကျွန်ုပ်တို့၏ အုပ်စုအဖွဲ့ဝင်တစ်ခုခုအပါအဝင် (MPT IPTV သို့မဟုတ် MPT အမှတ်တံဆိပ်အား ဝေမျှခြင်း မပြုလုပ် နိုင်သည့်သူများအပါအဝင်) MPT မိသားစုကုမ္ပဏီများထဲရှိ အခြားသောကုမ္ပဏီများ၊
  • ဝန်ဆောင်မှုမှတဆင့် သင်ကြည့်ရှုသည့် အစီအစဥ်အား ထောက်ပံ့ပေးသည့် Programmer များနှင့် Network များ
  • ကြော်ငြာ (သို့မဟုတ်) စျေးရောင်းချခြင်းပြုလုပ်သည့် တတိယလူပုဂ္ဂိုလ်များ၊ ဤအချက်အလက်များ၌ ယေဘုယျ စိတ်ဝင်စားမှုများ (ဥပမာ- အားကစားချစ်သူတစ်ဦး)၊ သီးခြားစိတ်ဝင်စားမှုများ (ဥပမာ- ဘတ်စကတ်ဘောအသင်း တစ်ခု၏ အားပေးပရိတ်သတ်တစ်ဦး) နှင့် သင်နှင့်ပတ်သက်၍ ကောက်ယူသည့် အခြားသောအချက်အလက်များ ပါဝင်နိုင်သည်။ ကျွန်ုပ်တို့မှ တတိယလူပုဂ္ဂိုလ်တို့အား အချက်အလက်များဝေငှရာတွင် သင်၏ Android advertising ID ကဲ့သို့ ခွဲခြားသတ်မှတ်နိုင်သည့်အရာများကို အသုံးပြုပါမည်။
  • ကျွန်ုပ်တို့မှ အချက်အလက်များအား ဝေမျှမည့် “တတိယလူပုဂ္ဂိုလ်များ” ဟုဆိုရာတွင် ကြော်ငြာသူများ၊ ပရိုဂရမ်မာ များနှင့် အဖွဲ့အစည်းများ၊ ဆိုရှယ်မီဒီယာအဖွဲ့အစည်းများ၊ စိစစ်လေ့လာမှုပြုလုပ်သည့်အဖွဲ့များ (သုံးစွဲသူ၏ အပြု အမူကို စိစစ်လေ့လာသောကုမ္ပဏီများ)၊ ad network များ (များပြားလှသောဝက်ဘ်ဆိုက်များ၊ အပလီကေးရှင်း များနှင့် Device များရှိ ကြော်ငြာမည့်သူများအတွက် ကြော်ငြာများအား ပေးပို့ခြင်းနှင့် စစ်တမ်းကောက် ယူခြင်းတို့ပြုလုပ်သည့် ကုမ္ပဏီများ) နှင့် ကြော်ငြာများဖန်တီးခြင်းနှင့် ပေးပို့ခြင်းတို့တွင်ပါဝင်သည့် အခြားသော အလားတူကုမ္ပဏီများအား ဆိုလိုခြင်းဖြစ်သည်။
  • သင်၏အချက်အလက်များအား စုပေါင်းအစီရင်ခံစာများ (တယ်လီဗေးရှင်းရှိုးတစ်ခုအား လူဘယ်နှစ်ဦးရှာဖွေသလဲ ဆိုသည့် အစီရင်ခံစာတစ်စောင်အနေဖြင့်) အဖြစ်လည်းကောင်း (သို့မဟုတ်) ကျွန်ုပ်တို့မှ အခြားကုမ္ပဏီများသို့ ၎င်းတို့၏ ကိုယပိုင်စီးပွားရေးရောင်းချခြင်း၊ ကြော်ငြာထည့်သွင်းခြင်း သို့မဟုတ် အခြားသောအလားတူ အသုံးပြုမှု များအတွက် ရောင်းချနိုင်သည့် အစီရင်ခံစာများအဖြစ်လည်းကောင်း အမည်နာမများဖယ်ထုတ်ကာ အသုံးပြုပြီး ဝေမျှနိုင်သည်။ ကိုယ်ရေးကိုယ်တာအချက်အလက်များ ပေါင်းစုထားခြင်းအား အမည်နာမများ ထည့်သွင်းဖော်ပြ မည်မဟုတ်သောကြောင့်  အသုံးပြုခြင်းခံရမည့် သင်နှင့်ပတ်သက်သည့်အချက်အလက်များမှ သင်မည်သူမည်ဝါ ဖြစ်သည်ဆိုသောအချက်ကို သိရှိထုတ်ဖော်နိုင်မည်မဟုတ်ပါ။

၉။ ကျွန်ုပ်တို့၏ ပိုင်ဆိုင်မှုနှင့်ပတ်သက်သည့် အခွင့်အရေးများ။ ဝန်ဆောင်မှုနှင့်စပ်လျဥ်းသည့် MPT ၏ ပိုင်ဆိုင်မှုနှင့်ပတ်သက် သည့်အရာများအားလုံး (ဆော့ဝဲလ်၊ ပုံရိပ်များ၊ စာသားများ၊ ဂရပ်ဖစ်ပုံများ၊ ရုပ်ပုံထည့်သွင်းဖော်ပြမှုများ၊ တံဆိပ်များ၊ တီထွင်ဖန်တီးမှုများ၊ ကုန်အမှတ်တံဆိပ်များ၊ ဝန်ဆောင်မှုအမှတ်အသားများ၊ မူပိုင်ခွင့်များ၊ ဓာတ်ပုံများ၊ အသံဖိုင်များ၊ တေးဂီတများနှင့် ပါဝင်သည့်အကြောင်းအရာများ (“MPT တွင်ပါဝင်သည့်အရာ”) အပါအဝင်) နှင့် ယင်းနှင့်ပူးတွဲသက်ဆိုင်သည့် အသိဉာဏဆိုင်ရာပစ္စည်းအခွင့်အရေးများအားလုံးတို့သည် MPT ၏ တစ်ဦးတည်းပိုင်ပစ္စည်းများဖြစ်သည်။ အတိအလင်း ပြဌာန်းချက်ရှိသည်မှတပါး ဤအသေးစိတ်စည်းကမ်းချက်များတွင်ပါဝင်သည့် မည်သည့်အရာကိုမျှ  ခွင့်ပြုချက်လိုင်စင်တစ်ခု အနေဖြင့်ဖန်တီးခြင်း (သို့မဟုတ်) အဆိုပါအသိဉာဏပစ္စည်းဆိုင်ရာအခွင့်အရေးများအရ အခွင့်အရေးတစ်ခု ဖန်တီးခြင်းအဖြစ် မှတ်ယူခြင်းမရှိစေရ။ ဝန်ဆောင်မှုရယူသူအနေဖြင့် ဝန်ဆောင်မှု၏ သုံးခွင့်ရသည့်အရာတစ်ခုခုမှ ဆင့်ပွားကူးယူထားသော လုပ်ငန်းများအား (သို့မဟုတ်) MPT တွင်ပါဝင်သည့်အရာအား ရောင်းချခြင်း၊ လိုင်စင်ချပေးခြင်း၊ ငှားရမ်းခြင်း၊ မွမ်းမံခြင်း၊ ဖြန့်ဝေခြင်း၊ မိတ္တူကူးခြင်း၊ ပွားယူခြင်း၊ Reverse engineer လုပ်ခြင်း၊ ထုတ်လွှင့်ခြင်း၊ လူသိရှင်ကြား ပြသခြင်း၊ လူသိရှင်ကြား ဆောင်ရွက်ခြင်း၊ ထုတ်ဝေခြင်း၊ ပြင်ဆင်ခြင်း၊ တည်းဖြတ်ခြင်း သို့မဟုတ် ဖန်တီးခြင်းတို့ကို မပြုလုပ်ရန် သဘောတူညီပါသည်။ ဤအသေးစိတ်စည်းကမ်းချက်များတွင် အတိအလင်းခွင့်ပြုထားခြင်းမရှိသည့် ရည်ရွယ်ချက်တစ်ရပ်ရပ်အတွက်  MPT တွင် ပါဝင်သည့်အရာအား အသုံးပြုခြင်းကို လုံးဝတားမြစ်ထားပါသည်။

၁၀။ ရပ်ဆိုင်းခြင်း။ MPT သည် မည်သည့်ဝန်ဆောင်မှုကိုမဆို ဝန်ဆောင်မှုရယူသူထံသို့ အသိပေးအကြောင်းကြားခြင်းမပြုဘဲ  အချိန်မရွေး ဆိုင်းငံ့ခြင်း (သို့မဟုတ်) ရပ်ဆိုင်ခြင်းပြုလုပ်နိုင်သည်။  ဝန်ဆောင်မှုအား ဆိုင်းငံ့ခြင်း (သို့မဟုတ်) ရပ်ဆိုင်းခြင်း ပြုလုပ်သည့်အခါ၌ ဝန်ဆောင်မှုရယူသူသည် အပလီကေးရှင်းအသုံးပြုမှုအားလုံးအား ရပ်ဆိုင်းရမည်။

ဝန်ဆောင်မှုများနှင့်စပ်လျဥ်း၍ ဆိုင်းငံ့ထားခြင်း (သို့မဟုတ်) ရပ်ဆိုင်းလိုက်ခြင်းတစ်ခုခုကြောင့် ဝန်ဆောင်မှုရယူသူအား (သို့မဟုတ်) တတိယလူပုဂ္ဂိုလ်တစ်ဦးဦးအား နစ်နာကြေး သို့မဟုတ် လျော်ကြေးပေးရန် MPT ၌ တာဝန်ရှိလိမ့်မည်မဟုတ်ပါ။ အဆိုပါဆိုင်းငံ့ထားခြင်း (သို့မဟုတ်) ရပ်ဆိုင်းထားခြင်းသည် MPT အနေဖြင့် ယခုလက်ရှိ (သို့မဟုတ်) အနာဂတ်ကာလတွင် ရရှိနိုင်သည့် အခြားသောအခွင့်အရေးတစ်ခုခု (သို့မဟုတ်) ကုစာခွင့်တစ်ရပ်ရပ်ကို ထိခိုက်မှုရှိစေမည်မဟုတ်ပါ။

၁၁။ တာဝန်ကန့်သတ်ခြင်း။ အထွေထွေစည်းကမ်းချက်များ၏ အပိုဒ် (၈) အပြင် ဝန်ဆောင်မှုအား ၎င်းတွင်ပါရှိသည့်အတိုင်း အာမခံချက် (သို့မဟုတ်) စည်းကမ်းချက်မထားဘဲ ထောက်ပံ့ပေးမည်ဖြစ်သည်။

၁၂။ အာမခံခြင်း။ MPT နှင့် ၎င်း၏ ပူးပေါင်းဆောင်ရွက်သူများ၊ ဝန်ဆောင်မှုပေးသူများနှင့် လိုင်စင် ထုတ်ပေးသူများနှင့် ၎င်းတို့၏ အရာရှိများ၊ ဒါရိုက်တာများ၊ ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများ (“အာမခံရရှိသူများ”) အား (၁) ဤအသေးစိတ် စည်းကမ်းချက်များနှင့်စပ်လျဥ်း၍ ဝန်ဆောင်မှုရယူသူက ချိုးဖောက်ခြင်း၊ (၂) ဝန်ဆောင်မှုရယူသူမှ ဥပဒေ အားချိုးဖောက်ခြင်း၊ (၃) ဝန်ဆောင်မှုရယူသူ၏ မဆင်မခြင်ပြုမူခြင်း သို့မဟုတ် မိမိဆန္ဒအလျောက် မဆင်မခြင်လုပ်ခြင်း (သို့မဟုတ်) (၄) တတိယလူပုဂ္ဂိုလ်၏ အခွင့်အရေးများအား ဝန်ဆောင်မှုရယူသူမှ ချိုးဖောက်ခြင်း စသည်တို့မှပေါ်ပေါက်လာ သည့် တောင်းဆိုမှု၊ တရားစွဲဆိုမှု၊ ဆုံးရှုံးမှု၊ ထိခိုက်မှု၊ ဒဏ်ကြေးတပ်ရိုက်မှု၊ ပြစ်ဒဏ်ချမှု၊ အတိုးနှင့် ကုန်ကျစရိတ် (ရှေ့နေနှင့် အခြားသောအကြံပေးပုဂ္ဂိုလ်များအတွက် အဖိုးအခများအပါအဝင်) စသည်တို့အတွက် ဝန်ဆောင်မှုရယူသူမှ အာမခံပေးခြင်း၊ ခုခံကာကွယ်ပေးခြင်းနှင့် ထိခိုက်မှုမရှိအောင် ပြုလုပ်ပေးခြင်းတို့အား ဆောင်ရွက်ပေးရမည်။

ဝန်ဆောင်မှုအား ဝန်ဆောင်မှုရယူသူက အသုံးပြုခြင်းမှပေါ်ပေါက်လာသော (သို့မဟုတ်) အသုံးပြုခြင်းနှင့်ပတ်သက်သော တတိယလူပုဂ္ဂိုလ်တစ်ဦးဦး၏ တောင်းဆိုမှုတစ်ခုခုရှိခဲ့လျှင် ဝန်ဆောင်မှုရယူသူမှ MPT ထံသို့ စာဖြင့်ရေးသား၍ ချက်ခြင်း အသိပေးအကြောင်းကြားရမည်။  အဆိုပါတာဝန်များသည် ဝန်ဆောင်မှုများအား ရပ်ဆိုင်းပြီးသည့်နောက်ပိုင်း ဆက်လက် တည်ရှိစေရမည်။

၁၃။ အထွေထွေ

၁၃.၁။ အဆက်အသွယ်ပြုလုပ်ရန် အချက်အလက်။ MPT IPTV ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ ဝန်ဆောင်မှုရယူသူသည် နံပါတ် ၁၀၆ သို့ခေါ်ဆိုကာ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

၁၃.၂။ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်မှုများ။ ကျွန်ုပ်တို့သည် ဝန်ဆောင်မှုရယူသူအကောင့်ဖြင့် စာရင်းပေးသွင်း ထားသည့် ဖုန်းနံပါတ်ကဲ့သို့သော ဝန်ဆောင်မှုရယူသူ၏ အဆက်အသွယ်မှတဆင့် ဝန်ဆောင်မှုရယူသူထံသို့ ဆက်သွယ် ဆောင်ရွက်သွားမည်ဖြစ်သည်။

ဝန်ဆောင်မှုရယူသူသည် အဆိုပါကဲ့သို့သော ဆက်သွယ်ဆောင်ရွက်မှုများအား လက်ခံရယူရန် သဘောတူညီပြီး ဝန်ဆောင်မှု ရယူသူအကောင့်ဖြင့် မှတ်ပုံတင်ထားသည့် အီးမေးလ်လိပ်စာမှတဆင့် ဝန်ဆောင်မှုရယူသူထံသို့ ပေးပို့သည့်ဆက်သွယ် ဆောင်ရွက်မှုတိုင်းသည် သက်ဆိုင်ရာဥပဒေအရ အသိပေးအကြောင်းကြားမှုတစ်ခုခုအား ပေးပို့မှုအတွက်လည်းပဲ လုံလောက်မှု ရှိစေရမည်။

ဝန်ဆောင်မှုရယူသူ၏ အီးမေးလ်လိပ်စာပြောင်းလဲခြင်းအတွက် MPT အား အသိပေးအကြောင်းကြားရန်တာဝန်မှာ ဝန်ဆောင်မှုရယူသူ၏ တာဝန်သာဖြစ်ပြီး MPT အနေဖြင့် ဝန်ဆောင်မှုရယူသူ၏အီးမေးလ်လိပ်စာပြောင်းလဲခြင်းနှင့်စပ်လျဥ်း၍ ဝန်ဆောင်မှုရယူသူထံမှ စာဖြင့်ရေးသား ပေးပို့သောအသိပေးအကြောင်းကြားစာလက်ခံရရှိခြင်းမရှိပါက ဝန်ဆောင်မှုရယူသူ ၏ ဝန်ဆောင်မှုအကောင့်ဖြင့် မှတ်ပုံတင်ထားသည့် အီးမေးလ်လိပ်စာသို့ ပေးပို့သည့်ဆက်သွယ်ဆောင်ရွက်မှုများအား ဝန်ဆောင်မှုရယူသူမှ လက်ခံမရရှိမှုအတွက် MPT တွင် မည်သည့်တာဝန်မျှရှိလိမ့်မည်မဟုတ်ပါ။

၁၃.၃။ ဆက်လက်အကျိုးသက်ရောက်ခြင်း။ ဤအသေးစိတ်စည်းကမ်းချက်များအထဲမှ ပြဌာန်းချက်တစ်ခုခုသည် တရားမဝင်မှု (သို့မဟုတ်) အတည်ပြုဆောင်ရွက်မရမှုဖြစ်သည်ဟုသတ်မှတ်ပါက ကျန်ပြဌာန်းချက်များအား ထိခိုက်မှုမရှိစေဘဲ ဥပဒေမှ ခွင့်ပြုထားသည့် အတိုင်းအတာအထိ တရားဝင်ဖြစ်စေပြီး အတည်ပြုဆောင်ရွက်နိုင်စေရမည်။

၁၃.၄။ တောင်းဆိုပိုင်ခွင့်ကို စွန့်လွှတ်ခြင်း။ ပြဌာန်းချက်ရှိသည်မှတပါး ဤအသေးစိတ်စည်းကမ်းချက်များအရ တာဝန်တစ်ခု နှင့်စပ်လျဥ်း၍ အခွင့်အရေးတစ်ခုအား ကျင့်သုံးရယူရန် (သို့မဟုတ်) လုပ်ဆောင်ချက်တစ်ခုအား လုပ်ဆောင်ရန် ပျက်ကွက်ခြင်းသည် စာချုပ်ဝင်တစ်ဦး၏ အဆိုပါအခွင့်အရေးအား အချိန်မရွေး ကျင့်သုံးရယူနိုင်စွမ်း (သို့မဟုတ်) အဆိုပါ လုပ်ဆောင်ချက်တစ်ခုအား လုပ်ဆောင်နိုင်စွမ်းအား ထိခိုက်မှုမရှိစေရ။ ချိုးဖောက်မှုတစ်ခုအတွက် တောင်းဆိုပိုင်ခွင့်အား စွန့်လွှတ်ခြင်းသည် နောက်ဆက်တွဲဖြစ်ပေါ်လာသော ချိုးဖောက်မှုအား စွန့်လွှတ်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရ။

၁၃.၅။ တာဝန်လွှဲပြောင်းခြင်း။ ဝန်ဆောင်မှုရယူသူသည် MPT ၏ စာဖြင့်ရေးသားထားသည့် သဘောတူညီမှုကို ကြိုတင် ရယူခြင်းမရှိဘဲ ၎င်းနှင့်စပ်လျဥ်းသည့် ဝယ်သူနှင့်သဘောတူညီချက် (သို့မဟုတ်) အခွင့်အရေးများ (သို့မဟုတ်) တာဝန်များအား အခြားသောဝန်ဆောင်မှုရယူသူတစ်ဦးဦးထံသို့ တာဝန်ခွဲဝေပေးခြင်း (သို့မဟုတ်) လွှဲပြောင်းပေးခြင်း မပြုလုပ်ရ။

၁၃.၆။  MPT သည် ဝယ်သူနှင့်သဘောတူညီချက်တစ်ခုခုအရ ၎င်း၏အခွင့်အရေးများ၊ အကျိုးစီးပွားနှင့် တာဝန်များ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ အုပ်စုအဖွဲ့ဝင်ကုမ္ပဏီတစ်ခုခု (သို့မဟုတ်) ဆက်ခံမည့်သူတစ်ဦးဦး (သို့မဟုတ်) တတိယလူပုဂ္ဂိုလ်တစ်ဦးဦးထံသို့ လွှဲပြောင်းပေးနိုင်သည်။

၁၃.၇။ ပြောင်းလဲခြင်း သို့မဟုတ် ပြင်ဆင်ခြင်း။ ဤအသေးစိတ်စည်းကမ်းချက်များအား MPT မှ အခါအားလျော်စွာ ပြင်ဆင်ခြင်းနှင့် ပြောင်းလဲခြင်းတို့ကို ပြုလုပ်သွားမည်ဖြစ်ပြီး အသိပေးအကြောင်းကြားသည့်နေ့ရက်၌ (သို့မဟုတ်) ထုတ်ပြန်သောနေ့ရက်၌ (သို့မဟုတ်) MPT မှ အခြားနည်းဖြင့် သတ်မှတ်ထားသည့်အတိုင်း အကျိုးသက်ရောက်စေရမည်။ ဤအသေးစိတ်စည်းကမ်းချက်များအား အဆိုပါကဲ့သို့ပြင်ဆင်ခြင်း (သို့မဟုတ်) ပြောင်းလဲခြင်းတို့အတွက် အသိပေးအကြောင်း ကြားခြင်းကို MPT မှ သတ်မှတ်ဆုံးဖြတ်သော သင်လျော်သည့်နည်းလမ်းဖြင့် ဝန်ဆောင်မှုရယူသူထံသို့ ပေးပို့မည်ဖြစ်ပြီး အဆိုပါနည်းလမ်းတို့တွင် MPT ဝက်ဘ်ဆိုက်၌ (သို့မဟုတ်) MPT IPTV ဝက်ဘ်ဆိုက်၌ ပို့စ်တင်ပေးထားခြင်းလည်းပါဝင်သည်။

၁၃.၈။ ဆက်လက်တည်ရှိခြင်း။ ဝယ်သူနှင့်သဘောတူညီချက်သည် ၎င်းတွင်ပါရှိသည့်စည်းကမ်းချက်များအရလည်းကောင်း၊ ဥပဒေအရလည်းကောင်း၊ တစ်နည်းနည်းဖြင့် သက်တမ်းကုန်လွန်ပြီးသည့်နောက် (သို့မဟုတ်) ရပ်ဆိုင်းသွားပြီးသည့်နောက် ရပ်ဆိုင်းသည့်နေ့ရက်မတိုင်မီက ပေါ်ပေါက်လျက်ရှိသည့် အခွင့်အရေးနှင့် တာဝန်များအားလုံးနှင့်စပ်လျဥ်း၍ ဝယ်သူနှင့် သဘောတူညီချက်အား အနက်အဓိပ္ပာယ်ကောက်ရန်အတွက်လိုအပ်သည့် (သို့မဟုတ်) စာချုပ်ဝင်တစ်ဦးချင်းစီအနေဖြင့် သေသေချာချာလေ့လာစိစစ်၍ လုပ်ဆောင်ရန်လိုအပ်သည့် စည်းကမ်းချက်၊ ပြဌာန်းချက်များအပါအဝင် ဤအသေးစိတ် စည်းကမ်းချက်များ၌ ပြဌာန်းထားသည့်စည်းကမ်းချက်များသည် အဆိုပါသက်တမ်းကုန်လွန်ပြီးသည့်နောက် (သို့မဟုတ်) ရပ်ဆိုင်းခြင်းပြုလုပ်ပြီးသည့်နောက်၌ ဆက်လက်အကျိုးသက်ရောက်မှုရှိစေရမည်။

၁၄။ ကမ္ဘာ့ဖလား ballone Data Pack
 
1. ဝယ်ယူထားသော Data Pack ကို MPT IPTV Application တွင်သာ အသုံးပြုနိုင်ပါသည်။
2. Data Pack အသုံးပြုနိုင်သော သက်တမ်းကာလသည် မိမိဝယ်ယူထားသော ပက်ကေ့ချ်ပေါ်လိုက်၍ ပြောင်းလဲသွားမည်ဖြစ်သည်။
3. ဝယ်ယူထားသော Data Pack အသုံးပြုပြီးနောက် (သို့) သုံးစွဲနိုင်သော
ဒေတာသက်တမ်း ကျော်လွန်ပြီးနောက်တွင် ဝယ်ယူထားသော သက်ဆိုင်ရာ Data Pack (သို့မဟုတ်) သုံးသလောက်ပေးအင်တာနက်မှ ဖြတ်တောက်သွားပါမည်။
4. ကမ္ဘာ့ဖလား ballone Data Pack ကို အကြိမ် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပါသည်။ 

 

Specific Terms and Conditions
(for MPT IPTV service)
 
BY USING THIS SERVICE, CUSTOMER ACKNOWLEDGES THAT HE/SHE HAS READ AND UNDERSTOOD FULLY THE TERMS AND CONDITIONS OF THESE SPECIFIC TERMS, AS WELL AS MPT’S GENERAL TERMS AND BINDS HIMSELF/HERSELF TO ALL THE TERMS AND CONDITIONS THEREIN.
This page explains the terms by which Customer agrees to abide by when using MPT IPTV service, website and/or software provided through or in connection with MPT IPTV (collectively, the “Service”). 
By using this Service, Customer signifies that Customer has read, understood, and agree to be bound by these Specific Terms and Conditions (for MPT IPTV Service) and any other applicable rules, policies and terms associated therewith (Collectively, the “Specific Terms”). These Specific Terms are to be read in conjunction with MPT’s General Terms and Conditions (the “General Terms”) and MPT’s Privacy Policy (“Privacy Policy”) which shall form an integral part of these Specific Terms. If there is any conflict between the Specific Terms and the General Terms / Privacy Policy, the provisions of the Specific Terms will supersede the provisions of the General Terms only to the extent of the inconsistencies.
1. Definitions 
 
Capitalized terms contained herein but not specifically defined as follows shall have the same meaning as those set out in the General Terms:
 
(a) “Application” or “App” means Android or iOS application which can be used for MPT IPTV service;
 
(b) “MPT IPTV”, “We”, “Our” and “Us” mean MPT, and its subsidiaries, agents, employees, successors and assigns; and
 
(c) “Service” means the IPTV service provided by MPT which allows Customers to subscribe and watch content, TV channels and movies. 
 
2. Service Description
 
2.1. MPT IPTV Service allows Customer to watch and access MPT IPTV service’s TV channels, movies, and other MPT IPTV information. All rights not expressly granted to Customer in these Specific Terms are reserved and retained by us or our licensors, suppliers, publishers, rights holders, or other content providers. Customer may use the Service only as permitted by these Specific Terms and by law; all other uses are strictly prohibited.
 
2.2. Customer’s use of the Service is subject to scheduled and unscheduled service interruptions. Customer agrees that MPT IPTV will not be liable to Customer or any third parties for any interruption of the Service, downtime (planned or unplanned) or access failure. 
 
2.3. MPT IPTV shall have no liability for Customer’s use or misuse of the Service, any interactions Customer have with other users, or any other act or omission by Customer regarding the Service. 
 
3. Video resolution. Resolution of video content can be affected by the format of the content we receive, the quality of the Internet connection used and device screens used, and other reasons. 
 
4. Security. The Services, and the Application include a security framework using technology that protects digital information and limits Customer’s access to only those Services which the Application is designed to access, perform, display or link to and, if applicable, which Customer has purchased. Therefore, certain features of the Application may not be available if Customer has not purchased the applicable Services. Such technology is an inseparable part of the system within which the Services, and the Application interact, and communications between the Services, and the Application may be controlled and monitored by MPT to ensure that such technology operates properly. MPT reserves the right to modify the technology for the Service at any time.
 
Customer agrees not to use the Service for any reason other than its intended purpose. 
 
For the avoidance of doubt, the following is not permitted: copying, attempting to or encouraging or assisting any other person to, circumvent, modify, remove, alter, deactivate, degrade or thwart any of the content protections of the Service; reverse-engineer, decompile, disassemble, any software or other products of processes accessible through the Service; insert any code or product to manipulate the contents of the Service in any way or otherwise tamper with such technology, or any part thereof, for any reason whatsoever, including to obtain unauthorized access to the Services. Any such act by Customer may constitute copyright infringement and may result in civil or criminal liability.
 
5. Paid Services
 
5.1 Billing Policies. Certain aspects of the Service may be provided for a fee or other charge. These fees and charges, if any, are described on our MPT IPTV website. 
 
If Customer elects to use paid aspects of the Service, Customer agrees to the pricing, payment and billing policies applicable to such fees and charges, posted at the website. MPT may add new services for additional fees and charges, or amend fees and charges for existing services, at any time in its sole discretion.
 
 
 
We will charge Customer for making the following processes:
a) Subscription: When Customer subscribes to content through the Service, we will charge Customer. Upon payment of the subscription fee, Customer can view all content included in the subscription for one (1) day. Subscriptions, and charges therefor, automatically renews unless Customer unsubscribes. In case of a free trial, after expiration of the free trial, Customer will be charged the applicable subscription fee automatically unless Customer unsubscribes. 
 
The content included in a subscription may change from time to time as determined by MPT in its sole discretion. 
In addition to the foregoing, data charges may apply for Customer’s use of the Service, including any downloads with respect to the Service. 
5.2 No Refunds. Customer may cancel Customer’s Service account at any time, however, there are no refunds for cancellation. 
 
In the event that we suspend or terminate Customer’s Service account, Customer understands and agrees that Customer shall receive no refund or exchange for any unused time on a subscription, any license or subscription fees for any portion of the Service, any content or data associated with Customer’s MPT IPTV account, or otherwise. 
 
Customer acknowledges that we have the perpetual and irrevocable right to delete any or all of Customer’s content and data from our servers and from the Service, whether intentionally or unintentionally, and for any reason or no reason, without any liability of any kind to Customer or any other party.
 
6. Ownership of the Service and Reservation of Rights. The Service is protected by copyright and other laws and international copyright and other treaties. All title and intellectual property rights in and to the Service and all modifications, updates, upgrades, supplements, enhancements and derivative works of the Service are owned exclusively by MPT or its licensors. Certain third-party software used in connection with the Service may be made directly available to Customer by the providers thereof. Use of such software is also subject to the terms of any applicable agreement between Customer and each such provider. MPT reserves all rights in and to the Service not expressly granted to Customer under this Specific Terms.
 
7. User Account. If Customer would like to use the Service in conjunction with certain Services which have been authorized by MPT to be accessed from, performed by, displayed on or linked through the Service, Customer needs to establish a user account or with such other MPT IPTV website through which the Services may be accessed (the “Account”). The Service will use information included in Customer’s Account to perform some of its functions and enable access to some of its features. Therefore, such features may not be available if Customer does not establish an Account. 
 
Customer is solely responsible for the information Customer provides when Customer establishes its/his Account, and for maintaining the confidentiality and security of the Account and the password created to access such Account. Customer should not reveal Customer’s Account information or password to another person. Customer shall not access or attempt to access an Account that Customer is not authorized to access. 
 
Customer is entirely responsible for all activities that occur on or through Customer’s Account, and Customer agrees to immediately notify MPT of any unauthorized use of the Account or any other breach of the security of the Account. MPT shall not be responsible for any losses arising out of the unauthorized use of Customer’s Account.
 
8. Customer Data. In addition to the terms of MPT’s Privacy Policy, the following terms on the collection, use, disclosure of Customer Data will apply:
 
8.1  When and what information is collected?
User-Provided Information: You provide us information about yourself, such as your name and phone number, when you register with and use the Service. If you correspond with us by phone, we may retain the content of your phone messages, your phone number and our responses.
 
Cookie Information: When you use the Service via the web, we may send one or more cookies - a small text file containing a string of alphanumeric characters - to your device that uniquely identifies your browser and lets us help you log in faster and enhance your navigation through the site.  These cookies may store the following information: 
phone number, network type, sign in authentication and language selection.
 
We use necessary cookies to make our site work. We’d also like to set optional analytics/performance cookies to help us improve it. 
 
Log File Information: Log file information is automatically reported by your browser each time you access a web page. When you register with or view the Service site, our servers automatically record certain information that your web browser sends whenever you visit any website. These server logs may include information such as your web request, Internet Protocol ("IP") address, browser type, referring / exit pages and URLs, number of clicks, domain names, landing pages, pages viewed, and other such information.
 
We may also collect the following information from you when you use the Service:
• Search queries (such as what you click on or search for, and voice commands or other inputs when navigating the Website or Application);
• Device location, such as from IP address or Wi-Fi (“Your Device Location Information”);
• Unique identifiers, such as Account ID / Mobile Number;
• How you connect to the internet, such as the Wi-Fi connection you use;
• What videos, stations, or programs you watch and when;
• Billing Address;
• Demographic Information (e.g., through registration);
• Subscription Plans for MPT IPTV accounts linked to the Application;
• Device type and operating system;
• Connection type; and
• Software.
8.2 How might we use your information
• We may use the information to: 
- deliver and improve the Service; 
- tailor your viewing experience, including things like making recommendations on the content to be viewed; 
- conduct analytics; 
- recommend and market products and services of MPT or third parties that may be of interest to you;
• Without Your Device Location Information, we may not be able to provide access to certain services and features like regional sports programming, local weather, local programming, live local channels or other content with geographic restrictions. If you disable location tracking on your device, you acknowledge and agree that the Application/Website may determine your location, such as using your public IP address, to determine your general location for purposes of delivering services, such as the channel guide. 
8.3 Disclosure of Information
• We may share information collected through the Service with the following:
o Other companies within the MPT family of companies, including any of our affiliates (including those that may not share the MPT IPTV or MPT brands);
o Programmers and networks who provide the programming that you watch through the Service; and
o Third parties for their advertising or marketing uses. This information may include general interests (for example a sports lover); specific interests (for example a basketball fan of a specific team); and other information collected about you. When we share data with third parties, we use identifiers such as your Android advertising ID.
• When we say “third parties” with whom we share data, we mean parties such as advertisers, programmers and networks, social media networks, analytics firms (companies that measure and analyze consumer behavior), ad networks (companies that deliver and track ads for advertisers across numerous websites, applications and devices), and other similar companies that are involved in creating and delivering advertisements.
• Your information may be anonymized and used in or shared to compile aggregate reports, such as a report on how many people searched for a certain television show or reports we may sell to other companies for their own marketing, advertising or other similar uses. Since the aggregation of personal information is anonymized, the information about you being used will not identify who you are. 
9. Our Proprietary Rights. Any MPT proprietary material related to the Service, including, without limitation, software, images, text, graphics, illustrations, logos, patents, trademarks, service marks, copyrights, photographs, audio, videos, music, and content (collectively, “MPT Content”), and all intellectual property rights related thereto, are the exclusive property of MPT. Except as explicitly provided herein, nothing in this Specific Terms shall be deemed to create a license or right in or under any such intellectual property rights, and Customer agrees not to sell, license, rent, modify, distribute, copy, reproduce, reverse engineer, transmit, publicly display, publicly perform, publish, adapt, edit or create derivative works from any materials or MPT Content accessible on the Service. Use of the MPT Content for any purpose not expressly permitted by this Specific Terms is strictly prohibited.
 
10. Termination. MPT may suspend or terminate any Service at any time with or without notice to the Customer and without liability. Upon Service suspension or termination, Customer shall cease all use of the Application.
 
MPT will not be liable to Customer or any third party for compensation, indemnity, or damages of any sort as a result of any suspension or termination of the Services, and such suspension or termination will be without prejudice to any other right or remedy MPT may have, now or in the future. 
 
11. Limitation of Liability. In addition Clause 8 of the General Terms, the Service is provided “as is” and without warranty or condition. 
 
12. Indemnification. Customer shall indemnify, defend and hold harmless MPT and its collaborators, suppliers and licensors, and their officers, directors, agents and employees (the “Indemnified Parties”) from and against any claim, proceeding, loss, damage, fine, penalty, interest and expense (including, without limitation, fees for attorneys and other professional advisors) arising out of, in connection with or related to the following: (i) Customer’s breach of this Specific Terms; (ii) Customer’s violation of law; (iii) Customer’s negligence or willful misconduct; or (iv) Customer’s violation of the rights of a third party. 
 
Customer will promptly notify MPT in writing of any third-party claim arising out of or in connection with Customer’s use of the Service. These obligations survive termination of the Services.
 
13. Miscellaneous
 
13.1 Contact Information. Customer may reach MPT IPTV Customer Service by calling 106 to speak to a representative.
 
13.2 Electronic Communications. We may communicate with Customer via Customer’s contact such as the phone number registered with Customer’s Account. 
 
Customer hereby consents to receive such communications and agree that any communications sent to Customer to the email address registered with Customer’s Account will satisfy any applicable legal notice requirement. 
 
It is Customer’s responsibility to notify MPT of any changes to Customer’s email address and MPT shall have no liability resulting from Customer’s failure to receive any communication sent to the email address registered with Customer’s service account unless MPT receives written notice from Customer of a change to Customer’s email address.
 
13.3 Severability. If any provision of this Specific Terms is held to be invalid or unenforceable, the remaining provisions shall not be affected and shall remain valid and enforceable to the fullest extent permitted by law.
 
13.4 Waiver. Except as provided herein, the failure to exercise a right or require performance of an obligation under this Specific Terms shall not affect a party’s ability to exercise such right or require such performance at any time thereafter nor shall the waiver of a breach constitute waiver of any subsequent breach.
 
13.5 Assignment. Customer shall not assign or transfer any Customer Agreement or any of the rights or obligations granted therein without the prior written consent of MPT.
 
13.6 MPT may transfer all or any part of MPT’s rights, interests and obligations under any Customer Agreement to an Affiliate, successor or third party.
 
13.7 Modification or Amendment. These Specific Terms may be amended and updated by MPT from time to time and shall take effect upon the date of notice or publication, or as otherwise specified by MPT.  Notice of such amendment or update to the Specific Terms may be provided to the Customers in any reasonable manner as determined by MPT and includes posting to the MPT website or MPT IPTV website.
 
13.8 Survival. Following the expiration or termination of the Customer Agreement, whether by its terms, operation of Law, or otherwise, the terms and conditions set forth, as well as any term, provision, or condition required for the interpretation of the Customer Agreement or necessary for the full observation and performance by each Party thereto of all rights and obligations arising prior to the date of termination, shall survive such expiration or termination.

 

14. Gabar Pha Lar ballone Data Pack
1. The purchased Data Pack can only be used in the MPT IPTV Application.
2. Data Pack validity will vary based on the type of package that you purchased.
3. After the purchased Data Pack has been used
or the applicable data period has expired, the respective purchased Data Pack (or Pay-as-You-Go) will be disconnected.
4. Gabar Pha Lar ballone Data Pack can be purchased unlimited times.
 
Some text some message..