MyMTV
  • နောက်ဆုံးပေါ် သီချင်း Music Video များနှင့် တစ်ခေတ်တစ်ခါက နာမည်ကြီးတေးသီချင်းဗွီဒီယိုများစွာကို တစ်နေရာတည်းမှာ အမျိုးအစားစုံလင်စွာ အကန့်အသတ်မရှိ ကြည့်ရှုနားဆင်ခံစားနိုင်မည့်အပြင် Suzuki Ciaz ကားသစ်ကြီးကိုလည်း ကံစမ်းရယူလိုက်ပါ

    Win the Brand New Suzuki Ciaz as the biggest prize of our lucky draw event by enjoying all kinds of music genres including the latest MTVs and famous classical songs on one-stop limitless MyMTV Portal

    MPTမှ ဝန်ဆောင်မှုအတွက် စည်းမျဉ်းစည်းကမ်းချက်များ

  • MyMTV
    တစ်ရက် ၉၉ ကျပ်
  • MyMTV 
    FAQ
    MyMTV Mega Promotion (6.12.2019 to 5.3.2020)
     
    ၁။ MyMTV (သီချင်း ဗွီဒီယို ဝန်ဆောင်မှု) အစီအစဉ်မှ မည်ကဲ့သို့သော ဝန်ဆောင်မှုမျိုးရရှိနိုင်မည်နည်း။
    MyMTV (သီချင်း ဗွီဒီယို ဝန်ဆောင်မှု) အစီအစဉ်မှ အောင်မြင်ကျော်ကြား  လူကြိုက်များနေသော ပြည်တွင်းမှ    နိုင်ငံကျော်  တေးသံရှင် အဆိုတော်များ၏   Exclusive  Up  To  Date သီချင်း ဗွီဒီယိုအသစ်များကို  အစောဆုံး  ကြည့်ရှုနိုင်မည့်  ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။
     
    ၂။ MyMTV (သီချင်း ဗွီဒီယို ဝန်ဆောင်မှု) ဝန်ဆောင်မှုများအား မည်ကဲ့သို့ရယူနိုင်မည်နည်း။
    MyMTV ဝန်ဆောင်မှုအား ရယူလိုပါက SMS ဖြင့်သော်လည်းကောင်း ၊ Portal ပေါ်မှတစ်ဆင့် သော်လည်းကောင်း ဝန်ဆောင်မှုအားရယူနိုင်ပါသည်။
    (၁) SMS ဖြင့်ရယူလိုပါက- 
    MTV ဟုရိုက်ပြီး 8411 သို့ စာတို(Message) ပေးပို့ရန်လိုအပ်ပြီး စည်းမျဉ်းစည်းကမ်းများ နှင့် ဝန်ဆောင်မှု ကုန်ကျစရိတ်အား လက်ခံပါက ‘9’ ဟုရိုက်ကာ အတည်ပြုရန် 8411 သို့ ထပ်မံ စာတို(Message) ပေးပို့ရမည်  ဖြစ်ပါသည်။ဝန်ဆောင်မှု ရယူပြီး အောင်မြင်ကြောင်း Message ပြန်လည်ရောက်ရှိလာပါက ပါဝင်သော www.mymtvportal.com  လင့်အား နှိပ်ပြီး MyMTV Portal သို့ ဝင်ရောက်နိုင်မည် ဖြစ်ပါသည်။
    (၂) MyMTV Portal မှတစ်ဆင့်ရယူလိုပါက-
    Mobile ဖုန်း Browser မှတစ်ဆင့် www.mymtvportal.com လင့်အားရိုက်နှိပ်ပြီး Portal သို့ဝင်ရောက်ပါ။
    Mobile Data ဖြင့်အသုံးပြုသူ User များအတွက်
    အဆင့် (၁) - “ဝန်ဆောင်မှုရယူမည်” ဆိုသည့် စာမျက်နှာ (Landing Page) ဦးစွာကျလာမည်ဖြစ်သည်။
    အဆင့် (၂) - ဝန်ဆောင်မှုရယူမည် စာမျက်နှာအား နှိပ်ပြီးပါက မိမိ၏ ဖုန်းနံပါတ် ဖြည့်သွင်းထားသော စာမျက်နှာ (Landing Page) သို့ရောက်ရှိ မည်ဖြစ်ပြီး ထို စာမျက်နှာ (Landing Page) တွင် ဝန်ဆောင်မှု၏ ဈေးနှုန်း နှင့် စည်းမျဉ်းစည်းကမ်းများအား အသေးစိတ်ဖော်ပြထားရှိမည်ဖြစ်ပါသည်။ ဝန်ဆောင်မှုရယူရန်သေချာပြီဆိုပါက ဝန်ဆောင်မှုရယူရန် ခလုတ်အား နှိပ်ပြီး ဝန်ဆောင်မှုရယူနိုင်မည် ဖြစ်ပါသည်။
    အဆင့် (၃) - ထိုသို့ရယူပြီးပါက MyMTV Portal သို့ ရောက်ရှိသွားမည်ဖြစ်ပြီး သီချင်းဗွီဒီယိုများအား နားဆင် ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။
    Wifi ဖြင့်အသုံးပြုသူ User များအတွက်
    အဆင့် (၁) - ပထမဦးစွာ မိမိ၏ ဖုန်းနံပါတ်ရိုက်ထည့်ရမည့် စာမျက်နှာ (Landing page) သို့ရောက်ရှိပါမည်။ 
    အဆင့် (၂) - “ဝန်ဆောင်မှုရယူမည်” ဆိုသည့် စာမျက်နှာ (Landing Page) ကျလာမည်ဖြစ်သည်။
    အဆင့် (၃) - ဝန်ဆောင်မှုရယူမည် စာမျက်နှာအား နှိပ်ပြီးပါက ဝန်ဆောင်မှုရယူနိုင်ရန်အတွက် မိမိ၏ ဖုန်းနံပါတ်အားထပ်မံ  ဖြည့်သွင်းရန်လိုအပ်ပါသည်။  ထိုစာမျက်နှာ (Landing Page) တွင် ဝန်ဆောင်မှု၏ ဈေးနှုန်း နှင့် စည်းမျဉ်းစည်းကမ်းများအား အသေးစိတ်ဖော်ပြထားရှိမည်ဖြစ်ပါသည်။ ဝန်ဆောင်မှုရယူရန် သေချာပြီဆိုပါက ဝန်ဆောင်မှုရယူရန် ခလုတ်အား နှိပ်ပြီး ဝန်ဆောင်မှုရယူနိုင်မည်ဖြစ်ပါသည်။
    အဆင့် (၄) - ထိုသို့ရယူပြီးပါက OTP Code (One Time Password) အား 8411 မှရရှိမည်ဖြစ်ပြီး ထို OTP code အား ပြန်လည်ရိုက်ထည့်ခြင်းဖြင့် MyMTV Portal သို့ ရောက်ရှိသွားမည်ဖြစ်ပြီး သီချင်းဗွီဒီယိုများအား နားဆင် ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။
    ၃။ Promotion ကာလ မည်မျှကြာမြင့်မည်နည်း။
    Promotion ကာလသည် ၂၀၁၉  ဒီဇင်ဘာလ (၆) ရက်နေ့ မှ ၂၀၂၀ မတ်လ (၅) ရက်နေ့အထိ ဖြစ်ပြီး ဝန်ဆောင်မှုအတွက် ၉၉ကျပ် (ကုန်သွယ်လုပ်ငန်းခွန် ၅% ပါဝင်ပြီး) ကျသင့်မည် ဖြစ်ပြီး နေ့စဉ် ကောက်ခံသွားမည် ဖြစ်ပါသည်။
    ၄။ Mega Promotion အစီအစဉ်တွင် မည်သည့်ဆုအမျိုးအစားများပါဝင်မည်နည်း။
    Mega Promotion အစီအစဉ်တွင် အထူးဆုကြီးအနေဖြင့် Suzuki Ciaz 2019 ကားအသစ် (၁)စီးကိုပေးအပ်သွားမည် ဖြစ်သည်။
    ၅။ ကံထူးသူများအား မည်သို့ရွေးချယ်ပေးသွားမည်နည်း။
    MyMTV (သီချင်း ဗွီဒီယို ဝန်ဆောင်မှု) Mega Promotion အစီအစဉ်တွင် ပါဝင်ကံစမ်းသူများသည် MyMTV ဝန်ဆောင်မှုကို ရယူထားရမည်ဖြစ်ပြီး ဝန်ဆောင်ခအား အနည်းဆုံး (၃၀) ကြိမ်အထိ ပေးဆောင်ထားပြီးသူ ဖြစ်ရပါမည်။ ဆုရွေးချယ်သည့်အချိန်တွင် ဝန်ဆောင်မှုအား အသုံးပြုနေဆဲဖြစ်ရမည်။
     
    ကံထူးသူအား MyMTV Facebook Page (သို့မဟုတ်) MTP Facebook Page တို့တွင် တိုက်ရိုက် Live ထုပ်လွှင့်ပြသ၍ မဲဖောက်ရွေးချယ်ပေးသွားမည် ဖြစ်ပါသည်။ ထိုသို့ဝန်ဆောင်မှုရယူထားသူများထဲမှ ကံထူးသူများအား ၂၀၂၀ မတ်လ (၇)ရက်နေ့မှ (၂၂) ရက်နေ့အတွင်း တွင်  ကြေညာပေးသွားမည်ဖြစ်ပါသည်။
    ၆။ ဆုရရှိသူများအနေဖြင့် ဆုများကိုမည်ကဲ့သို့ထုတ်ယူနိုင်မည်နည်း။
    ဆုရရှိသူများအား ဆုလာရောက်ထုတ်ယူရမည့် နေရာနှင့်အချိန်ကို ဖုန်းဖြင့်ဆက်သွယ် အကြောင်းကြား ပေးသွားမည်ဖြစ်ပါသည်။ ဆုကိုလာရောက်ထုတ်ယူရန်၊ သက်ဆိုင်ရာကြေငြာမှုပြုလုပ်သောနေ့ရက် တွင် မှတ်ပုံတင်မူရင်းနှင့်လူကိုယ်တိုင် လာရောက်ထုတ်ယူရပါမည်။ အဆိုပါလိုအပ်ချက်များနှင့် ကိုက်ညီမှုမရှိလျှင် ဆုကိုအခြားအကျုံးဝင်သင့်လျော်သော ပါဝင်ယှဉ်ပြိုင်သူကို ပေးအပ်မည်ဖြစ်သည်။
    ၇။ အငြင်းပွားမှုတစ်စုံတစ်ရာရှိလာပါက မည်သို့ပြုလုပ်မည်နည်း။
    အငြင်းပွားမှုတစ်စုံတစ်ရာရှိလာပါက MPT နှင့် Contents Hub ၏ဆုံးဖြတ်ချက်သာအတည်ဖြစ်ပါသည်။
    ၈။ ဆုများအား ငွေသား (သို့မဟုတ်) တန်ဖိုးတူညီသည့်ပစ္စည်းအမျိုးအစား ဖြင့်လဲလှယ်မှုပြုလုပ် နိုင်ပါသလား။
    ဆုများအားငွေသား (သို့မဟုတ်) တန်ဖိုးတူညီသည့်ပစ္စည်းအမျိုးအစားဖြင့်လဲလှယ်မှုပြုလုပ်၍မရနိုင်ပါ။
    ၉။ ဝန်ဆောင်မှုပယ်ဖျက်လိုပါကမည်သို့ပြုလုပ်ရမည်နည်း။
    MyMTV (သီချင်းဗွီဒီယို ဝန်ဆောင်မှု) ဝန်ဆောင်မှုအား ပယ်ဖျက်လိုပါက - MTVOFF ဟု 8411 သို့   စာတို (SMS) ပေးပို့ရပါမည်။
    ၁၀။ MyMTV Promotion အစီအစဉ်နှင့် ပတ်သက်ပြီး အသေးစိတ်မေးမြန်းလိုပါက မည်သို့ ပြုလုပ်ရမည်နည်း။
    MyMTV Promotion အစီအစဉ်နှင့် ပတ်သက်ပြီး အသေးစိတ်မေးမြန်းလိုပါက Contents Hub Facebook Page Chat Box တွင် မေးမြန်းနိုင်သလို Customer Care Hotline Number 09-258539955, 09-258539966 တို့ကို တိုက်ရိုက်ဆက်သွယ်ပြီး မေးမြန်းနိုင်ပါသည်။

    MPTမှ ဝန်ဆောင်မှုအတွက် စည်းမျဉ်းစည်းကမ်းချက်များ

    MyMTV ဝန်ဆောင်မှု၏ စည်းမျည်းစည်းကမ်းများ
    MyMTV ဝန်ဆောင်မှုကိုအသုံးမပြုမီ ဤစည်းမျဉ်းစည်းကမ်းများကို ဖတ်ရှုနားလည်သိရှိထားရန်လိုအပ်ပါသည်။ ဤစည်းမျဉ်းစည်းကမ်းများအရ MyMTV ဝန်ဆောင်မှုကို စီမံဆောင်ရွက်လျှက်ရှိပါသည်။ သင်သည် MyMTV ဝန်ဆောင်မှုသို့ ဝင်ရောက်အသုံးပြုနေသူဖြစ်ပါက ဤစည်းမျဉ်းစည်းကမ်းများကို သဘောတူလက်ခံပြီး ဖြစ်ကြောင်း အတည်ပြုပါသည်။ ဤစည်းမျဉ်းစည်းကမ်းများ၏ အကြောင်းအရာတစ်ခုခုကို သဘောတူညီမှု မရှိပါက MyMTV ဝန်ဆောင်မှုကို အသုံးပြုနိုင်မည် မဟုတ်ပါ။
    ဤစည်းကမ်းချက်များသည် အချိန်မရွေးပြောင်းလဲနိုင်ပါသည်။ ထိုသို့ပြောင်းလဲမှုတစ်ခုခု ပြုလုပ်ပြီးနောက် လူကြီးမင်း၏ ထပ်မံအတည်ပြုမှု သို့မဟုတ် လူကြီးမင်း၏ ဝန်ဆောင်မှုအားဆက်လက်အသုံးပြုမှု သည်  ပြင်ဆင်ပြောင်းလဲထားသည့် စည်းကမ်းချက်များကို လက်ခံရာ ရောက်ပါသည်။
    ၁။ သုံးစွဲမှုအတွက် ပြည့်မီရမည့်သတ်မှတ်ချက်
    ဤဝန်ဆောင်မှုသည် အသက်တစ်ဆယ့်ရှစ် (၁၈) နှစ် သို့မဟုတ် ၎င်းအထက်ရှိ (MPT SIM အသုံးပြု နေသည့်) MPT သုံးစွဲသူများအတွက်သာ ရည်ရွယ်ပါသည်။ အကယ်၍လူကြီးမင်းသည် အသက်တစ်ဆယ့်ရှစ် (၁၈) နှစ် အောက် ဖြစ်ပါက ဥပဒေအရ မိဘ သို့မဟုတ် အုပ်ထိန်းသူ ခွင့်ပြုချက်ရှိပြီး စည်းကမ်းချက်များကို ချုပ်ဆိုရန် စွမ်းဆောင်ရည်နှင့် အရည်အချင်းအပြည့်အဝရှိမှသာလျှင် ဤဝန်ဆောင်မှု ကိုအသုံးပြုနိုင်ပါမည်။
    ၂။ အဖိုးအခကောက်ခံခြင်း
    လက်ရှိအသုံးပြုလျက်ရှိသော ဝန်ဆောင်မှုသည် စာရင်းပေးသုံးစွဲသောဝန်ဆောင်မှု ရယူထားရန်လိုအပ်ပါ သည်။ လူကြီးမင်းသည် MPT အား  လူကြီးမင်း အတည်ပြု ရွေးချယ်ထားသည့် စာရင်းပေးသုံးစွဲမှု အမျိုး အစား ဝန်ဆောင်မှု၊ ပက်ကေ့ချ် နှင့် အဖိုးအခကောက်ခံသည့် အကြိမ်ရေအပေါ်မူတည်၍ အမှန် တကယ် ကျသင့်သည့် နှုန်းထားကို စာရင်းပေးသုံးစွဲမှု ရပ်စဲသည့် အချိန်ထိ လူကြီးမင်း၏ အကောင့်ထဲမှ အမှန်တကယ် အလို အလျောက်  ဖြတ်တောက် နှုတ်ယူရန်  အခွင့်ပေးပါသည်။ 
    အဖိုးအခ ကောက်ခံသည့် အကြိမ်ရေမှာ တစ်ကြိမ် (ဥပမာ - သက်တမ်းတိုးမှု မပါသော သို့မဟုတ် နေ့စဉ် ကောက်ခံမှု မရှိသော) သို့မဟုတ် စဉ်ဆက်မပြတ် (ဥပမာ - နေ့စဉ်/အပတ်စဉ်/လစဉ် ကောက်ခံမှုရှိ သည့် ၃၆၅ ရက် ပက်ကေ့ချ်) ဖြစ်နိုင်ပါသည်။ လူကြီးမင်းသည် လူကြီးမင်း အတည်ပြုရွေးချယ်ထားသည့် ဝန်ဆောင်မှု၊ ပက်ကေ့ချ်နှင့် အဖိုးအခ ကောက်ခံသည့် အကြိမ်ရေတို့အပေါ်မူတည်၍ ထပ်ခါထပ်ခါ ကျသင့် သည်ဖြစ်စေ မကျသင့်သည် ဖြစ်စေ မည်သည့်မဆိုနှင့် အားလုံးသော ကောက်ခံမှုများအတွက် တာဝန် ရှိမည်ဖြစ်သည်။ လူကြီးမင်း အနေဖြင့် စာရင်းပေးသုံးစွဲမှု ရပ်စဲလိုက်ပါက MPT က ဝန်ဆောင်မှု အတွက် လူကြီးမင်း၏ အကောင့်ကို နောက်ထပ် ဖြတ်တောက် နှုတ်ယူမှုများ ပြုလုပ်မည် မဟုတ်ပါ။
    စာရင်းပေးသုံးစွဲမှုအမျိုးအစား ဝန်ဆောင်မှု၏ တရားဝင်မှု ကာလမှာ ၃၆၅ ရက်ဖြစ်သည်။ 
    အကယ်၍ ဝန်ဆောင်မှုတွင် အခမဲ့စမ်းသပ်သုံးစွဲမှုကာလပါဝင်ပါက သတ်မှတ်ထားသည့်  အခမဲ့ စမ်းသပ် သုံးစွဲမှုကာလအတွက်သာ ဝန်ဆောင်မှုကို အသုံးပြုနိုင်ပါသည်။ အကယ်၍ လူကြီးမင်းထံတွင် လုံလောက် သော လက်ကျန်ငွေရှိပါက အခမဲ့စမ်းသပ်သုံးစွဲမှုကာလပြီးဆုံးပြီးနောက်တွင် ပေးချေမှုကို ကောက်ခံမည် ဖြစ်သည်။ 
    လူကြီးမင်း၏ဝန်ဆောင်မှုအသုံးပြုမှုကို MPT ၏ အလိုအလျောက်ဖြစ်သော လျှော့ပေါ့နှုန်းထား စာရင်းပေး သုံးစွဲမှုစနစ်တွင် အလိုအလျောက် စာရင်းသွင်းသွားမည် ဖြစ်သည်။ 
    လူကြီးမင်းတွင် အမှန်တကယ်ကျသင့်သည့် နှုန်းထားပေးဆောင်ရန် လက်ကျန်ငွေအလုံအလောက်မရှိပါက လူကြီးမင်းအား အောက်ပါဇယားပေါ်အခြေခံ၍ လျှော့ပေါ့နှုန်းထား ကောက်ခံသွားမည်ဖြစ်သည်။ 
    အမှန်တကယ် ကျသင့်သည့် နှုန်းထား (ကျပ်) လျှော့ပေါ့ နှုန်းထား (ကျပ်)
    ၉၉ ၅၀
     
     
    အကယ်၍ လူကြီးမင်းတွင်ရှိသော ငွေလက်ကျန်သည် လျှော့ပေါ့နှုန်းထားထက် လျော့နည်းပါက ငွေကောက်ခံမှုပြုလုပ်မည် မဟုတ်သည့် အပြင် ထိုနေ့ အတွက် ဝန်ဆောင်မှုလဲရရှိမည်မဟုတ်ပါ။ 
    လူကြီးမင်းတွင် လက်ကျန်ငွေ အလုံအလောက်ရှိပါက လျှော့ပေါ့နှုန်းထားများ အကျိုးသက်ရောက်မည် မဟုတ်ဘဲ  အမှန်တကယ်ကျသင့်သည့်နှုန်းထား ကောက်ခံခြင်းကို ပြန်လည်ဆောင်ရွက်မည် ဖြစ်သည်။  
    အမှန်တကယ်ကျသင့်သည့် ဈေးနှုန်း သို့မဟုတ် လျှော့ပေါ့ဈေးနှုန်းအတွက် နောက်ကြောင်းပြန် ကောက်ခံမှု မရှိပါ။  MPT အနေဖြင့် လူကြီးမင်းအား အမှန်တကယ်ကျသင့်သည့် ဈေးနှုန်း သို့မဟုတ် လျှော့ပေါ့ဈေးနှုန်း အကြားရှိ ကွာဟခြားနားချက်အပါအဝင် မည်သည့်ငွေပမာဏအတွက်ကိုမှ နောက်ကြောင်းပြန် ကောက်ခံ သွားမည် မဟုတ်ပါ။  အမှန်တကယ်ကျသင့်သည့် ဈေးနှုန်း သို့မဟုတ် လျှော့ပေါ့ဈေးနှုန်းကို အကြောင်းရင်း တစ်ရပ်ရပ်ကြောင့် ငွေကောက်ခံခြင်းမရှိလျှင် ထိုနေ့ရက်များအတွက် လူကြီးမင်းထံမှ အဖိုးအခကောက်ခံ မည် မဟုတ်ပါ။ 
    လူကြီးမင်းအနေဖြင့် စာရင်းပေးသုံးစွဲမှုကို အတည်ပြုပြီး လူကြီးမင်းကို ငွေကောက်ခံပြီးသည့် နေ့မှစ၍ လူကြီး မင်းကို တစ်ဆက်တည်း ရက်ပေါင်း (၄၅) အတွက် မည်သည့်ပေးချေမှုမှ ကောက်ခံထားခြင်း မရှိပါက စာရင်းပေးသုံးစွဲမှု အလိုလျောက်ရပ်စဲမည်ဖြစ်သည်။
    အကယ်၍ ဝန်ဆောင်မှုကို အခမဲ့မဟုတ်သော စမ်းသပ်အသုံးပြုသည့် ကာလတစ်ခုအတွက် စာရင်းပေးသုံးစွဲ ရန် တောင်းဆိုမှုပြုလုပ်ပြီး လူကြီးမင်းသထံတွင် လုံလောက်သော ငွေလက်ကျန်မရှိပါက ကျွန်ုပ်တို့အနေဖြင့် လူကြီးမင်းအား နောင်လာမည့် တစ်ဆက်တည်း နေ့ရက် သုံး(၃) ရက်အတွင်း ငွေကောက်ခံရန် ကြိုးပမ်းသွား ပါမည်။  လူကြီးမင်းတွင် လုံလောက်သော ငွေလက်ကျန်မရှိဘဲ ထိုတစ်ဆက်တည်း သုံး(၃) ရက်အတွင်း ငွေ ကောက်ခံမရရှိပါက ဝန်ဆောင်မှု စာရင်းပေးသုံးစွဲရန် တောင်းဆိုမှု အလိုအလျောက် ရပ်စဲမည်ဖြစ်သည်။ 
    လူကြီးမင်း၏ အကြောင်းအရာအား ရှာဖွေမှုပြုခြင်းနှင့် ဒေါင်းလုတ်လုပ်ခြင်းအတွက် ဒေတာအဖိုးအခ ကျသင့် ပါမည်။ ကောက်ခံမှုအားလုံးတွင် ကုန်သွယ်ခွန် ၅% ပါဝင်မည်ကို သတိပြုပါ။
    ဝန်ဆောင်မှုအတွက်စာရင်းပေးသုံးစွဲခြင်းအပါအဝင် ၎င်းချည်းသာဟုကန့်သတ်မထားဘဲ လူကြီးမင်း၏မိုဘိုင်း အင်တာနက်ကို မျှဝေသုံးစွဲသည့် တတိယပုဂ္ဂိုလ်တစ်ဦးဦး၏ ပြုမူဆောင်ရွက်ချက်အတွက် လူကြီးမင်းတွင် တာဝန်ရှိပါသည်။
    အဆိုပါ စည်းကမ်းချက်များ သည် လူကြီးမင်းအနေဖြင့် စာရင်းပေး သုံးစွဲမှုကိုရပ်တန့်ခြင်း သို့မဟုတ် အဆိုပါ စည်းကမ်းချက်များအရ ဝန်ဆောင်မှု အလိုအလျောက် ရပ်စဲခြင်း အချိန်ထိ တရားဝင် တည်ရှိမည်ဖြစ်သည်။
    MyMTV  နှစ်သစ်ကူး အထူးအစီအစဉ်အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်များ 
    ၁။ အသုံးပြုသူသည် MyMTV ဝန်ဆောင်မှုကို MPT ဖုန်းနံပတ်များအသုံးပြု၍ ဝန်ဆောင်မှု ရယူထားရမည်   ဖြစ်သည်။
    ၂။ မှတ်ပုံတင်ထားသော MPTအသုံးပြုသူများ (MPT ဆင်းမ်ကဒ်အသုံးပြုသူ)၊ အနည်းဆုံး အသက် တစ်ဆယ့်ခြောက်နှစ်ပြည့်ပြီးသော မြန်မာနိုင်ငံသားများနှင့် MyMTV ဝန်ဆောင်မှုကို ရယူထားသောသူများ (အသစ်/အဟောင်း)သည် ဤအထူးအစီအစဉ် တွင်ပါဝင်နိုင်ပါသည်။
    ၃။ အသုံးပြုသူသည် ပရိုမိုးရှင်းကာလအတွင်း ဝန်ဆောင်မှုအား အနည်းဆုံး (၃၀) ကြိမ် အောင်မြင်စွာ ပေးချေ ထားရမည် ဖြစ်ပြီး ဆုရွေးချယ်သည့်အချိန်တွင် ဝန်ဆောင်မှုအား အသုံးပြုနေဆဲဖြစ်ရမည်။
    ၄။ ပရိုမိုးရှင်းကာလသည် ၂၀၁၉  ဒီဇင်ဘာလ (၆) ရက်နေ့ မှ ၂၀၂၀ မတ်လ (၅) ရက်နေ့အထိ ဖြစ်ပါသည်။
    ၅။ Mega Promotion အစီအစဉ်တွင် အထူးဆုကြီးအနေဖြင့် Suzuki Ciaz 2019 ကားအသစ် (၁)စီးကို ပေးအပ်သွားမည်ဖြစ်ပြီး ကံထူးသူအား MyMTV Facebook Page (သို့မဟုတ်) MTP Facebook Page တို့တွင် တိုက်ရိုက် Live ထုပ်လွှင့်ပြသ၍ မဲဖောက်ရွေးချယ်ပေးသွားမည် ဖြစ်ပါသည်။
    ၆။ ကံထူးသူများအား ၂၀၂၀ မတ်လ (၇)ရက်နေ့မှ (၂၂)ရက်နေ့အတွင်း  ့တွင်  ကြေညာပေးသွားမည်ဖြစ်ပါသည်။
     
    ၇။ ဆုကိုလာရောက်ထုတ်ယူရန်၊ သက်ဆိုင်ရာကြေညာမှုပြုလုပ်သောနေ့ရက် နှင့် နေရာအား မှတ်ပုံတင်မူရင်း နှင့် လူကိုယ်တိုင်လာရောက်ထုတ်ယူရပါမည်။ အဆိုပါ လိုအပ်ချက်များနှင့် ကိုက်ညီမှုမရှိလျှင်ဆုကို အခြားအကျုံးဝင်သင့်လျော်သော ပါဝင်ယှဉ်ပြိုင်သူကို ပေးအပ်မည် ဖြစ်သည်။
    ၈။ ဆုအမျိုးအစားများနှင့် ကံစမ်းမဲပေါက်သူများကို ရွေးချယ်ရန်အပါအဝင် ပရိုမိုးရှင်းနှင့် ပတ်သတ် သောမည်သည့်အခြေအနေကိုမဆို Contents Hub Co., Ltd. နှင့် MPT တို့၏ဆုံးဖြတ်ချက်များကသာ နောက်ဆုံးအတည်ဖြစ်သည်။ နောက်ထပ်တောင်းဆိုမှုများ၊ စုံစမ်းမှုများနှင့် အပေးအယူများကို ပြုလုပ်သွားမည် မဟုတ်ပါ။
    ၉။ ပရိုမိုးရှင်းနှင့်ပတ်သတ်၍အသေးစိတ်သိရှိလိုပါက ၀၉၂၅၈၅၃၉၉၅၅ သို့မဟုတ် ၀၉၂၅၈၅၃၉၉၆၆ သို့ ဆက်သွယ်နိုင်ပါသည်။

Some text some message..