မေးလေ့မေးထရှိသောမေးခွန်းများ
FAQs
1. myCANAL နှင့် CANAL+ မည်သို့ကွာခြားသလဲ ?
What is the difference between myCANAL and CANAL + ?
Ans: CANAL+ သည် Pay TV Service တစ်ခုဖြစ်ပြီး အိမ်တွင် TVမှတဆင့်ကောင်းမွန်သော ရုပ်သံလိုင်းများကို ကြည့်ရှုနိုင်ရုံသာမက မိုဘိုင်းဖုန်း မှတဆင့် myCANAL application ကိုအသုံးပြုပြီး CANAL+ မှ ထုတ်လွှင့်ပြသနေသော အစီအစဉ်ကောင်းများကို အချိန်မရွေး နေရာမရွေးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
Ans: CANAL + is a Pay TV service that allows you to watch great TV shows at home and myCANAL is a mobile application on which you can watch the excellent programs of CANAL+ anytime, anywhere.
2. MPT သုံးစွဲသူတိုင်းက myCANAL app သွင်းပြီးသည်နှင့် CANAL+ စက်မရှိလဲ ကြည့်လို့ရပါသလား?
Can all MPT users enjoy the programs without CANAL+ Decoder after myCANAL app has been installed?
Ans: ဟုတ်ပါတယ်။ MPTအသုံးပြုသူတိုင်း CANAL+ Decoder ဝယ်စရာမလိုဘဲ myCANAL app မှတဆင့်လိုင်းပေါင်း ၁၁ လိုင်းကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
Ans: Yes. All MPT users can watch 11 channels through myCANAL app without CANAL+ Decoder.
3. myCANAL app ကို ဝင်ပြီးရင် Account နဲ့ Password ကို ဘယ်လိုရယူမလဲ / package တွေကိုဘယ်လိုဝယ်ရမှာလဲ?
How can we get the account and password after entering to myCANAL app?/ How can the packages be purchased?
Ans: MPT SMS နံပါတ်ဖြစ်တဲ့ 8434 ကို ON ဟု ပို့လိုက်ခြင်းဖြင့်လည်းကောင်း၊ https://mycanal.canal-plus.com.mm/web/mpt/ Link ကို ဝင်ခြင်းဖြင့်လည်းကောင်း Package ကို ဝယ်ယူနိုင်မည်ဖြစ်ပြီး…
myCANAL Myanmar application ကို App Store (သို့မဟုတ်) Play Store (သို့မဟုတ်) MPT4U App မှာ ဒေါင်းလုဒ်ဆွဲပြီးလျှင် MPT ဖုန်းအင်တာနက် ဖြင့် အပ်ပလီကေးရှင်းကို ဖွင့်လိုက်ပြီး “MPT Subscribers” ကို ရွေးချယ်လိုက်ပါ။ ထို့နောက် မိမိဖုန်းနံပါတ်ကိုရိုက်ထည့်ပြီး ဖုန်းသို့ပေးပို့လာတဲ့ OTP နံပါတ်ကိုယူကာ စကားဝှက်ကို ရယူနိုင်မည်ဖြစ်ပါတယ်။
Ans: The package can be purchase by sending “ON” to MPT SMS Number “8434” or, by clicking the link https://mycanal.canal-plus.com.mm/web/mpt/
Please download myCANAL Myanmar application on App Store or Play Store or MPT4U App and open the App on MPT mobile internet and choose “MPT Subscribers”. Then, add your phone number and get the OTP sent to your phone.
4. စာရင်းသွင်းပြီးလျှင်စက်ဘယ်နှလုံးဖြင့်ကြည့်ရှုနိုင်သလဲ?
After subscription, how many devices can be used to watch?
Ans: MPT Subscriber တစ်ယောက်အနေနဲ့စက်တစ်လုံးထဲမှာပဲ အဆက်မပြတ်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ သို့ပေမယ့်လည်း App ရဲ့ Setting ထဲမှာ အခြားဖုန်းကို ပြောင်းလဲ၍လည်းကြည့်ရှုနိုင်ပါတယ်။
Ans: As an MPT Subscriber, you can watch it continuously on one device. However, you can also switch to another phone in the app's settings.
5. ရုပ်ရှင်တွေ၊စီးရီးတွေကြည့်ဖို့ Package ဖိုးပဲပေးရုံပဲလား ။ Internet Data ရော အပိုထပ်ကုန်သလား?
Will only package fee be charged to watch movies and series? Is there any extra internet data charge?
Ans: Package ဝယ်လိုက်ပြီဆိုတာနဲ့ myCANAL မှာ ပြသမယ့် တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်များ၊ လွတ်သွားတဲ့အစီအစဉ်တွေပြန်လည်ကြည့်ရှုနိုင်တဲ့ Replay ၊ “အစီအစဉ်ကောင်းများ” ဆိုတဲ့ On Demand မှ အစီအစဉ်များအားလုံးကို ကြည့်ရှုနိုင်ပြီပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေကိုကြည့်ဖို့တော့ အင်တာနက်အပိုခထပ်ကုန်ပါတယ် (ဒါမှမဟုတ် MPT Wifi နဲ့ကြည့်နိုင်ပါတယ်)
Ans: Once the package is purchased, the live events, replay feature for the programs that you missed to watch and On Demand programs can be watched on myCANAL. However, there is additional charge for internet (or you can watch on MPT Wifi)
6. ရုပ်ရှင်တွေကို Save ထားပြီး နောက်မှ ပြန်ကြည့်လို့ရော ရလား?
Can we save the movies and watch them later?
Ans: အင်တာနက်ဖိုးအကုန်ခံ၍ ရုပ်ရှင်များကို Save လုပ်ထားပြီး နောက်ရက်မှ ပြန်ကြည့်နိုင်တဲ့အစီအစဉ်ကတော့ လောလောဆယ်မရှိသေးပေမယ့် မကြာခင်ရရှိလာတော့မှာဖြစ်ပါတယ်။ဒါပေမယ့် အသုံးပြုသူအနေနဲ့ထုတ်လွှင့်ပြီးသားရုပ်ရှင်များကို ၁၅ ရက်အတွင်း ပြန်လည်ကြည့်ရှုနိုင်မည်ဖြစ်ပါတယ်။
Ans: The feature of saving movies and watch them later is not available yet but it is coming soon. However, the users will be able to rewatch movies broadcasted in past 15 days.
7. ရုပ်ရှင်တွေကို ဒေါင်းလုဒ်လုပ်ထားလို့ရလား?
Can we download the movies?
Ans: ဒီအစီအစဉ်ကတော့လောလောဆယ်မရှိသေးပေမယ့် မကြာခင်ရရှိလာတော့မှာဖြစ်ပါတယ်။
Ans: This feature is not available for the moment but it’s coming soon!
8. myCANAL App ထဲက “On Demand- အစီအစဉ်ကောင်းများ” ဆိုတာက ဘာလဲ?
What is “On Demand” feature in myCANAL App?
Ans: ဘယ်အချိန်ဘယ်နေရာမှာမဆို CANAL+ မှာ ပြထားပြီးသား ဇာတ်ကားများ၊ ဇာတ်လမ်းတွဲများကို တစ်နေရာတည်းမှာ တစုတစည်းထဲ ကြည့်ရှုနိုင်တဲ့ App feature လေးပဲဖြစ်ပါတယ်။
Ans: It is an app feature which lets you watch movies and series broadcasting in CANAL+ within one place at anytime, anywhere.
9. CANAL+ မှာကိုယ်ပိုင်ရုပ်သံလိုင်း ဘယ်နှလိုင်းရှိသလဲ? အသေးစိတ်ကို ပြောပြပါ။
How many inhouse channels are there in CANAL+? Please describe in details.
Ans: CANAL+ ရဲ့ကိုယ်ပိုင်ရုပ်သံလိုင်း ၉ လိုင်းရှိပါတယ်။ CANAL+ ZAT LENN, CANAL+ ACTION, CANAL+ MAE MADI , CANAL+ PU TU TUE, CANAL+ CHA TATE, CANAL+ SPORTS, CANAL+ SU SANN, CANAL+ GITA, CANAL+ HA HA တို့ပဲဖြစ်ပါတယ်။
CANAL+ ZAT LENN မှာ ကိုယ်ပိုင်ဖန်တီးရိုက်ကူးထားတဲ့ အကောင်းဆုံး ဇာတ်လမ်းတွဲတွေ ဖြစ်တဲ့ TOXIC, စာမျက်နှာသစ် ဇာတ်လမ်းတွဲများအပြင် အကောင်းဆုံးသော ပြည်တွင်း နှင့် နိုင်ငံတကာ ရုပ်ရှင်များနှင့် ဇာတ်လမ်းတွဲများကို မပြတ်ပြနေတဲ့ ရုပ်သံလိုင်း ဖြစ်ပါတယ်။ (နိုင်ငံတကာရုပ်ရှင်များကို မြန်မာစာတန်းထိုး / မြန်မာနောက်ခံအသံဖြင့် ပရိတ်သတ်များ အဆင်ပြေရန် ပြသပေးနေပါတယ်။)
CANAL+ ACTION မှာတော့ပြည်တွင်း နှင့် နိုင်ငံတကာ အကောင်းဆုံးအက်ရှင် ဇာတ်ကားတွေ၊ အက်ရှင် ဇာတ်လမ်းတွဲတွေ ကို စဉ်ဆက်မပြတ်ပြသနေပြီး တုန်လှုပ် အံ့သြ ရင်သပ် စိတ်လှုပ်ရှားမှု များကို တကယ်ပေးနေတဲ့ရုပ်သံလိုင်း ဖြစ်ပါတယ်။ (နိုင်ငံတကာ ရုပ်ရှင်များကို မြန်မာစာတန်းထိုးဖြင့်ပရိတ်သတ်များ အဆင်ပြေရန် ပြသပေးနေပါတယ်။)
CANAL+ MAE MADI မှာတော့ပျိုမေတို့နေ့စဉ် ရသမျိုးစုံ ကို ခံစား စေဖို့အချစ်၊ အမုန်း၊ ကြောက်မက်ဖွယ်၊ဂလဲ့စားချေမှု၊ကြိုးစားရုန်းကန်မှု၊ အောင်မြင်မှု စတဲ့ ရသ တို့ကို အပီအပြင် ပေးတဲ့ ပြည်တွင်းနှင့် နိုင်ငံတကာ အကောင်းဆုံး ဇာတ်လမ်းတွဲများ ကို ပြသပေးသည့် ရုပ်သံလိုင်း ဖြစ်ပါတယ်။
CANAL+ PU TU TUE မှာတော့ကလေးတွေ နှစ်သက်သည့် ကာတွန်းကားများကို မြန်မာ ဘာသာ နောက်ခံပြောဖြင့် ပြသပေးနေသည့် ရုပ်သံလိုင်းပါ။ အဲလစ် အုန်း နှင့် ကလေးများအတူ ရိုက်ကူး ထားသည့် WONDER KIDS အစီအစဉ်များ လည်းရှိပါတယ်။ ဒါ့ကြောင့် ကလေးများအတွက် ဗဟုသုတလည်းဖြစ်၊ ပျော်ရွှင်စေမယ့် ရုပ်သံလိုင်း ဖြစ်ပါတယ်။
CANAL+ CHA TATE မှာတော့လူငယ်တို့အကြိုက်ဖြစ်စေရန် အသေအချာ ရွေးချယ်ထားသည့် နိုင်ငံတကာမှ ဇာတ်လမ်းများ၊ ဇာတ်လမ်းတွဲများ နှင့် အခြား ဗဟုသုတနှင့် ဖျော်ဖြေရေး အစီအစဉ်များကို မြန်မာဘာသာ ဖြင့် ပြသပေးသည့် ရုပ်သံလိုင်းဖြစ်ပြီး ကိုယ်ပိုင် ဖန်တီးရိုက်ကူးထားသည့် Team Genius အစီအစဉ်ဖြစ်သည့် လူငယ်များကို ဗဟုသုတနှင့် အဖွဲ့ စိတ်ဓါတ်တိုးပွားစေသည့် အစီအစဉ်ကိုပါ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
CANAL+ SPORTS မှာတော့မြန်မာ့ရိုးရာလက်ဝှေ့ပွဲများ နှင့် WLC ပွဲများ ကို အားရပါးရ ရင်သပ်ရှုမောစွာ ကြည့်လို့ရအောင် လက်ဝှေ့ပွဲများ ကို တိုက်ရိုက်ကြည့်ရှုနိုင်ခွင့်၊ နိုင်ငံတကာ ဖိုက်ပွဲများ၊ အော်တိုမိုဘိုင်း ကားပြိုင်ပွဲ၊ ကားမောင်း Review ရှိုးပွဲများ၊ ကျန်းမာရေး အားကစား နည်းများနှင့် အားကစားဖျော်ဖြေရေး အစီအစဉ်များ စသည်တို့ကို အဆက်မပြတ်ပြ သနေသော ရုပ်သံလိုင်း ဖြစ်ပါတယ်။
CANAL+ SU SANN မှာတော့ခရီးသွားအစီအစဉ်တွေ၊ ဘဝနေထိုင်မှုပုံစံတွေ၊ ကမ္ဘာကြီးရဲ့ ဖြစ်တည်လာမှု အစဉ်အဆက်ပုံစံတွေ၊ သဘာဝတရားရဲ့ထူးဆန်းလှပမှုတွေ၊ တောရိုင်းတိရိစ္ဆာန်တွေ ရဲ့ထူးဆန်းစွာ ရှင်သန်နေထိုင်မှုတွေ၊ နေရာ ဒေသစုံက လူတွေရဲ့ ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်းတွေ အဆင့်ဆင့် ဖြစ်တည်လာပုံတွေ၊ ဖြစ်ရပ်မှန် မှုခင်းရှာဖွေ စုံစမ်းမှုတွေ၊ သမိုင်းဖြစ်ရပ်မှန်တွေ၊ အင်္ဂလိပ်ဘာသာစကားကို စိတ်ဝင်တစား လေ့လာလို့ရတဲ့ အစီအစဉ်တွေကို ကြည့်ရှုနိုင် ပါတယ်။
CANAL+ GITA မှာတော့နောက်ဆုံးပေါ် မြန်မာ သီချင်းဗီဒီယို နှင့် Universal Studio ၏ နိုင်ငံတကာ သီချင်းဗီဒီယိုတွေကို အချိန်ပြည့် ကြည့်ရှု နားဆင်နိုင်မှာပါ။
CANAL + HA HA - နေ့စဉ်မပြတ် ဟဒယရွှင်ဆေးတိုက်ကျွေးသွားမယ့် ရုပ်သံလိုင်း၊ ဇာတ်လမ်းတိုလေးများ၊ ဟာသပြဇာတ်လေးများအပြင်၊ ဟာသရုပ်ရှင်များကိုပါ မပြတ်ကြည့်ရှုရမည့် ရုပ်သံလိုင်း နာမည်ကြီး ဟာသရုပ်ဆောင်များနှင့် ဆိုရှယ်မီဒီယာပေါ်မှာ အရမ်း ပေါ်ပြူလာ ဖြစ်နေတဲ့ သရုပ်ဆောင်များဖြစ်သည့် ငြိမ်းချမ်းထက်အောင်၊ တာချီလိတ် ဂိုင်းစ် စသည်တို့နဲ့ ရိုက်ကူးထားသည့် ဟာသ ဇာတ်လမ်းတိုများလည်း ပါဝင်လို့ အမောပြေ ပျော်စေမယ့် ရုပ်သံလိုင်းပါ။
Ans: There are 9 CANAL+ inhouse channels which are CANAL+ ZAT LENN, CANAL+ ACTION, CANAL+ MAE MADI , CANAL+ PUTUTUE, CANAL+ CHATATE, CANAL+SPORTS, CANAL+ SUU SANN, CANAL+ GITA and CANAL+ HAHA.
CANAL+ ZAT LENN channel is continuously displaying the best own-created series such as TOXIC, New Page and also the best local and international movies and series. (International movies are displayed in both Myanmar subtitles and dubbing for customer’s convenience .)
CANAL+ ACTION channel is constantly delivering the best local and international action movies and series to offer customers thrilling, exciting and breathtaking moments. (International movies are displayed in Myanmar subtitles for customer’s convenience.)
CANAL+ MAE MADI is showing the best local and international series for ladies to get different feeling like love, hatred, fear, revenge, struggles, success, etc.,
CANAL+ PU TU TUE is a channel showing kid’s favorite cartoons in Myanmar dubbing.
There is also WONDER KIDS program filmed with Alice Ong and kids. Therefore, this channel is giving kids knowledges as well as making them happy.
CANAL+ CHA TATE channel is broadcasting the selective international movies, series and other educational and entertaining programs in Myanmar subtitles to inspire teenagers. This channel is also displaying own-created Team Genius program which enhances knowledge and team spirit to youths.
CANAL+ SPORTS channel is presenting Live programs of Myanmar traditional Lethwei (Boxing) Events and WLC events, international fights, automobile races and their review shows, health and sport trainings and sport entertaining programs to hold customers’ breath.
CANAL+ SU SANN channel is offering variety of documentary programs such as travel programs, life styles, the earth’s evolution, the magnificent beauty of the nature, unusual nature of wildlife, culture and tradition of people from all over the places, true stories of crime investigation, historical facts and educational English programs.
In CANAL+ GITA channel, latest Myanmar music videos and international music videos from Universal Studio can be enjoyed all the time.
CANAL+ HA HA channel will be giving you a daily dose of hilarious medicine with short films, comedy shows and movies and also short comedy stories filmed with famous comedians and popular social media stars such as Nyein Chan Htet Aung, Tachileik Guys.
10. CANAL+ ရဲ့ကိုယ်ပိုင်လိုင်းမဟုတ်တဲ့အခြား နိုင်ငံခြားလိုင်းတွေကိုရော ကြည့်လို့ရလား?
Can we also watch third-party channels besides CANAL+ inhouse channels?
Ans: CANAL+ ရဲ့ကိုယ်ပိုင်လိုင်း ၉ လိုင်းအပြင်အခြားသော အခမဲ့ရုပ်သံလိုင်းများဖြစ်တဲ့ CHANNEL7, MRTV-4, MRTV, YTV, MIZZIMATV, FORTUNE TV, 5 PLUS, DVB တို့ကိုလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
Ans: In addition to CANAL +'s 9 inhouse channels, there are other free-to-air channels like CHANNEL7, MRTV-4, MRTV, YTV, MIZZIMATV, FORTUNE TV, 5 PLUS, DVB.
11. အခမဲ့ရုပ်သံလိုင်းများရော ကြည့်နိုင်သလား ?
Can we watch free-to-air channels?
Ans: MPT Package ထဲတွင်အခမဲ့ရုပ်သံလိုင်း (၈) ခုဖြစ်သော CHANNEL7, MRTV-4, MRTV, YTV, MIZZIMATV, FORTUNE TV, 5 PLUS, DVB တို့ပါဝင်ပါတယ်။
Ans: MPT Package includes two free-to-air channels: CHANNEL7, MRTV-4, MRTV, YTV, MIZZIMATV, FORTUNE TV, 5 PLUS, DVB.
12. ဒီ Package တစ်ခုကို ဘယ်လောက်ကြာကြာသုံးလို့ရလဲ ?
How long can we use a connection/package?
Ans: တစ်ပတ်စာ Package ကို ၉၉၉ ကျပ်ဖြင့်ဝယ်ယူနိုင်ပါတယ်။
Ans: You can purchase one week package in 999 MMK.
13. Package တစ်ခု သက်တမ်းကုန်သွားရင် အကောင့်နဲ့ password ကအသစ်ပြောင်းသွားမှာလား?
Will the account and password change when the package expires?
Ans: မပြောင်းပါဘူး။ Package တစ်ခု သက်တမ်းကုန်သွားရင်တောင်ဖုန်းနံပါတ်မပြောင်းလဲရင်အသစ်ထပ်ပြီး Log in ဝင်စရာမလိုပါဘူး။
Ans: No. Even after the package has expired, you don’t need to log in again as long as your phone number isn’t changed. The package will renew automatically for another one week.
14. Package အဟောင်းမကုန်သေးဘဲ အသစ်ကို ကြိုဝယ်ထားလို့ရလား ?
Can we renew the package even if the current package doesn’t expire yet?
Ans:သက်တမ်းတိုးတာကိုမပယ်ဖျက်သရွေ့ package ကသက်တမ်းကုန်မှာမဟုတ်ပါဘူး။ တစ်ခါဝယ်ထားပြီးတာနဲ့ package ကအလိုအလျောက်သက်တမ်းတိုးနေမှာဖြစ်ပါတယ်။ Package ဝယ်ဖို့အတွက် MPT SMS number "8434" ကို "ON" ဟုပို့ရမည်ဖြစ်ပြီး သက်တမ်းမတိုးလိုတော့ပါက "8434" ကို "OFF" ဟုပို့ပါ။
Ans: The package will not expire until you unsubscribe our service. The package will be renewed automatically after purchasing for once. To purchase the package, please send “ON” to MPT SMS number “8434” and for unsubscribing, please send “OFF” to “8434”.
15. MPT ဒုံးပျံ အိမ်သုံးအင်တာနက်ဝယ်ယူထားသူများအနေနဲ့ရော ကြည့်ရှုလို့ရလား? သုံးလို့ရခဲ့ရင်အကောင့်ဘယ်နှခုကနေ သုံးလို့ရလဲ?
Can MPT Dome Pyan FTTH users watch myCANAL? How many accounts can we use?
Ans: ရပါတယ်။ Log in ပထမဆုံးအကြိမ်ဝင်တဲ့အချိန်မှာပဲ MPT ဖုန်းအင်တာနက်နဲ့ဝင်ရ မှာဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ MPTအင်တာနက်ရှိနေသရွေ့ (Wifi သို့မဟုတ် ဖုန်းအင်တာနက်ဖြင့်) myCANAL ပေါ်က ရုပ်သံလိုင်း ၁၁ လိုင်းလုံးကို ကြည့်နိုင်ပါတယ်။
Ans: Yes, you can. Only the first time log in to myCANAL needs to be on MPT mobile internet. After that, you can enjoy all 11 channels on myCANAL as long as you have access to MPT internet (Wifi or mobile data),.
16. myCANAL အသုံးပြုနေရင်းအခက်အခဲရှိပါက ဘယ်ကိုဆက်သွယ်ရမလဲ ?
Where can I contact in case of any difficulty using myCANAL?
Ans: MPT Call center number – 106 (သို့မဟုတ်) CANAL+ Call center number – 09969983588 သို့ဆက်သွယ်နိုင်ပါတယ်။
Ans: You can contact MPT Call center number – 106 (or) CANAL+ Call center number- 09969983588.