Tay Than Thar
  • နာမည်ကြီး‌အဆိုတော်များရဲ့ နောက်ဆုံးထွက်ရှိထားသော အမိုက်စားသီးချင်းများကို Tay Than Thar တွင်ဦးဦးဖျားဖျား နားဆင်လိုက်ပါ။ဝန်ဆောင်မှုရယူလိုပါက 8734 သို့ ON ဟု SMS ပေးပို့ရယူနိုင်သလို၊ Google Play Store (  http://bit.ly/2LblN70 ), iOS App Store ( https://apple.co/2Oi1msp ) ကနေလည်း ရယူနိုင်ပါတယ်။

    MPTမှ ဝန်ဆောင်မှုအတွက် စည်းမျဉ်းစည်းကမ်းချက်များ

  • Tay Than Thar
    99 kyats per day
  • 1. TTT ဆိုတာ ဘာလဲ
    • “Tay Than Thar” ဆိုတာ ဂီတ App ဖြစ်ပါတယ်။
    • “Tay Than Thar” က မည်သည့် Media တွင်မှ မဖော်ပြရသေးသော မြန်မာသီချင်းအသစ်များ၊ သီချင်းကောင်းများအား မြန်မာဂီတပရိတ်သတ်ထံသို့ Exclusive ပုံစံဖြင့် ဦးဦးဖျားဖျား ထူးခြားစွာ တင်ဆက်နေသည့် ဂီတApp ဖြစ်ပါတယ်။
     
    2. TTT App ကို ဘယ်လို Download ရယူမလဲ
    • အသုံးပြုမယ့် User က မိမိဖုန်းထဲက Browser, Google Play Store (သို့) Apple iTunes store ကနေ Download ရယူနိုင်ပါတယ်
     
    3. ဘယ် Device တွေမှာ အသုံးပြုနိုင်မလဲ
    • TTT App ဟာ Android Device iOS Device အတွက်ပါ ထုတ်ပေးတာမို့ ဖုန်းတိုင်းမှာ အသုံးပြုနိုင်ပါတယ်
    • Android Device အတွက်ကတော့ Android Version 6.0 ကျော်မှသာ အသုံးပြုလို့ရမှာပါ
     
    4. TTT App မှာ ဘယ်လို အစီအစဉ် တွေပါဝင်မှာလဲ
    • TTT App ထဲမှာဆိုရင် Audio Streaming, Music Video, Live Shows, Concerts နဲ့ CRBT စတဲ့ အစီအစဉ်တွေပါဝင်မှာပါ
     
    5. Account က ဘယ်လိုလျှောက်လို့ရမလဲ
    • Account လျှောက်ဖို့အတွက်ဆိုရင်တော့ Mobile Phone No. နဲ့ Register လုပ်ဖို့လိုအပ်ပါတယ်
     
    6. Register ဘယ်လိုလုပ်ရမလဲ
    Register လုပ်လို့ရမယ့် နည်း (၂) နည်းရှိပါတယ်
    ပထမနည်းကတော့
    Application ကို install လုပ်ပြီးနောက် စတင်အသုံးချိန်တွင် Registration box ကျလာလျှင် မိမိရဲ့ Phone No. ရိုက်ထည့်ပြီး OTP Code ရယူလိုက်ပါ
    • SMS Messageဖြင့် ဝင်လာသော OTP Code ကို Box ထဲရိုက်ထည့်လိုက်မယ်ဆို Subscribe ဖြစ်သွားပြီး Application ကို စတင်အသုံးပြုနိုင်ပါပြီ
     
    7. Account ကိုလျှောက်လို့ရမယ့် အခြားနည်းရှိလား
    • ဝမ်းနည်းပါတယ် TTT App ကို ဖုန်းနံပါတ်အပြင် တခြားလျှောက်လို့ရမယ့် နည်းလမ်း မရှိသေးပါဘူး
     
    8. ဘယ် Operator တွေနဲ့ Register လုပ်လို့ရမလဲ
    • မည်သည့် Operator No. နဲ့မဆို လျှောက်ခွင့်ရှိပါတယ်
     
    9. ဖုန်းနံပါတ်တစ်လုံးကို Account ဘယ်နှခု ဖွင့်ခွင့်ရှိလဲ
    • ဖုန်းနံပါတ်တစ်ခုကို Account တစ်ခုပဲ ဖွင့်ခွင့်ရှိပါတယ်
     
    10. User ဘယ်နှစ်မျိုးရှိလဲ
    • Freemium User နဲ့ Premium User နှစ်မျိုးရှိပါတယ်
     
    11. Free User နဲ့ Premium User ကွာခြားချက်က ဘာလဲ
    • Free User က Free ပေးထားတဲ့ သီချင်းတွေကိုသာနားထောင်နိုင်မှာဖြစ်ပြီး Premium User ကတော့ အသစ်ထွက်သမျှ သီချင်းတွေတင်သာမက Live Shows နဲ့ Concerts တွေပါ ကြည့်ရှုခံစားခွင့် ရှိပါတယ်
     
    12. Premium User ဆိုတာ ဘာလဲ
    • Premium User တွေက အသစ်ထွက်သမျှ သီချင်းအသစ်တွေကို ပထမဦးဆုံးနားဆင်ရမယ့် အခွင့်အရေးရှိရုံမက Live Shows နဲ့ Concerts တွေကိုလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်
    • MPT သုံးစွဲသူမှသာလျှင် Premium User အဖြစ် Subscribe လုပ်လို့ ရမှာပါ
     
     
    13. Premium User အတွက် ဝန်ဆောင်ခက ဘယ်လောက်ကျသင့်မှာလဲ
    Premium User အတွက် တစ်ရက်လျှင် ၉၉ကျပ်(ကုန်သွယ်ခွန်ပါပြီး) ကျသင့်မှာပါ
     
    14. Premium User ကိုဘယ်လို Subscribe လုပ်ရမလဲ
    ပထမနည်းကတော့
    • Application ထဲက Profile မှတဆင့် Premium Registration Button ကို နှိပ်ပြီး register လုပ်မယ့် MPT Phone No. ရိုက်ထည့်ပြီး OTP Code ရယူလိုက်ပါ
    • ကျလာမယ့် OTP Code ကို Box ထဲရိုက်ထည့်လိုက်မယ်ဆို Subscribe ဖြစ်သွားပြီး Premium User အဖြစ် App ကို စတင်အသုံးပြုနိုင်ပါပြီ
    • နောက်တစ်နည်းအနေနဲ့ ON ဟု 8734 သို့ SMS ပေးပို့ပြီးလည်း Subscribe ပြုလုပ်နိုင်ပါတယ်။ 
    • Register Successful ဖြစ်ကြောင်း Message Box ကျလာရင် Premium User အဖြစ် စတင်ပြီးအသုံးပြုနိုင်ပါတယ်
     
    15. Free User တွေမှာ ဘာခံစားခွင့်ရှိလဲ
    • Free User မှာဆိုရင် Free ပေးထားတဲ့ သီချင်းတွေကို Streaming နားထောင်နိုင်မှာပါ
     
    16. သီချင်းကို Download လုပ်ဖို့ အတွက်ဘာလိုလဲ
    • Download လုပ်မယ်ဆိုရင်တော့ User ရဲ့ဖုန်း (သို့) Card ထဲမှာ Bill ရှိဖို့ လိုအပ်ပါတယ်
     
    17. သီချင်းတစ်ပုဒ်က ဘယ်လောက်ကျသင့်မှာလဲ
    • သီချင်းတစ်ပုဒ်အတွက် ၃ဝဝကျပ် + ကုန်သွယ်ခွန် ၅% ကျ သင့်မှာပါ 
     
    18. Download လုပ်ထားတဲ့ Offline Songs တွေက ဘယ်ထဲမှာ သိမ်းထားပေးမှာလဲ
    • Download လုပ်ထားတဲ့ Offline Songsတွေကတော့ App ထဲမှာ သိမ်းထားပေးမှာဖြစ်ပါတယ်။ မိမိကိုယ်ပိုင်phoneဖြင့်သာ နားဆင်နိုင်မှာပါ။
     
     
     
    19. Gift Song ဆိုတာဘာလဲ
    • Gift Songs ဆိုတာကတော့ Tay Than Thar Application User တစ်ယောက်ကနေ တစ်ခြား User တစ်ယောက်ကို သီချင်းကို ကိုယ်တိုင်ဝယ်ပြီး လက်ဆောင်ပေးတဲ့ အစီအစဥ်ပါ
     
    20. သီချင်း တွေကို ဘယ်လို လက်ဆောင် ပေးရမလဲ
    • Audio File ရဲ႕ ဘယ်ဘက်ထောင့်လေးက Present Box လေးကိုနှိပ်ပြီး မိမိ လက်ဆောင်ပေးလိုတဲ့ သူရဲ့ ဖုန်းနံပါတ်လေးကို ရိုက်ထည့်ပြီး လက်ဆောင်ပေးလိုက်ရုံပါပဲ
     
    21. CRBT ဆိုတာကရော ဘာလဲ
    • CRBT ဆိုတာကတော့ မိမိရဲ့ ကို အခြား user ဘက်မှ ဖုန်းခေါ်ချိန်တွင် သီချင်းသံစဥ်ကြားနိုင်အောင် ပြုလုပ်ပေးထားသော အစီအစဥ် ဖြစ်ပါတယ်
     
    22. CRBT တစ်ပုဒ်ကို ဘယ်လောက်လဲ
    • CRBT တစ်ပုဒ်ကို ၃ဝဝကျပ် + ကုန်သွယ်ခွန် ၅% (300Ks + Including 5% Commercial Tax)
     
    23. Live Shows နဲ့ Concerts တွေကို ဘယ်လိုကြည့်ရှုခွင့်ရှိမလဲ
    • Live Shows နဲ့ Concerts တွေကတော့ Payment System မှာ ပါဝင်တာဖြစ်တာမို့ Payment ပေးထားတဲ့ မည်သည့် User မဆို ကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်
     
    24. Mobile Data နဲ့မဟုတ်ဘဲ WiFi နဲ့ရော သုံးခွင့်ရှိလား
    • WiFi နဲ့လည်း သုံးခွင့်ရှိပါတယ် 
     
    25. မသုံးတော့တဲ့အချိန်မှာ Unsubscribe ဘယ်လိုလုပ်ရမလဲ
    • Member တွေက App ကိုဆက်လက် အသုံးမပြုလိုတော့ရင် Profile ထဲမှ Cancel Registration Button ကိုနှိပ်ပြီး Unsubscribe ပြုလုပ်နိုင်ပါတယ်။
    • နောက်တစ်နည်းအနေနဲ့ Off ဟု 8734 သို့ SMS ပေးပို့ပြီးလည်း ပေးပို့ပြီးလည်း Unsubscribe ပြုလုပ်နို်င်ပါတယ်။ 
    • Unsubscribe ဖြစ်ကြောင်း Message လေးဝင်လာပြီဆိုရင်တော့ လုပ်ဆောင်မှုလေးအောင်မြင်သွားပါပြီ

    MPTမှ ဝန်ဆောင်မှုအတွက် စည်းမျဉ်းစည်းကမ်းချက်များ

    Tay Than Thar App ဝန်ဆောင်မှုကို အသုံးပြုသူများ လိုက်နာရန် စည်းမျဉ်းစည်းကမ်းများ
     
    ဝန်ဆောင်မှု
    Tay Than Thar App ဝန်ဆောင်မှုကို ရယူအသုံးပြုသူများအနေဖြင့် Tay Than Thar App မှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာအသုံးပြုရမည်ဖြစ်ပါသည်။ Tay Than Thar ဝန်ဆောင်မှုအနေဖြင့် ဤဝန်ဆောင်မှုနှင့် ပတ်သက်၍ သုံးစွဲသူများထံ ကြိုတင်အသိပေး၍ဖြစ်စေ၊ ကြိုတင်အသိမပေးဘဲဖြစ်စေ လိုအပ်သလိုပြင်ဆင်မွမ်းမံခြင်း (သို့မဟုတ်) ရပ်ဆိုင်းခြင်းများ ပြုလုပ်နိုင်မည် ဖြစ်သည်။ ဤအတွက်လည်း ဝန်ဆောင်မှုနှင့် MPT တို့တွင် တာဝန်ရှိမည် မဟုတ်ပါ။ ဤဝန်ဆောင်မှုကို မှတ်ပုံတင်၍ ရယူရာတွင် သင်၏ပေါ့လျော့မှု တစ်စုံတစ်ရာကြောင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်း ကောင်း၊ သင်၏ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် ငွေကြေးအပါအဝင် အကျိုးစီးပွားထိခိုက်မှုဖြစ်ပေါ်လာပါက (သို့မဟုတ်) ဝန်ဆောင်မှုရယူရန် မတတ်သာပါက East Boy Engineering Co.,Ltd နှင့် MPT တို့တွင် တစ်စုံတစ်ရာ တာဝန်ရှိမည် မဟုတ်ပါ။ Tay Than Thar App ဝန်ဆောင်မှုကို အသုံးပြု ရန်အတွက် စည်းမျဉ်းစည်းကမ်းအသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
     
    ၁။ အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ခြင်း
    Tay Than Thar ဝန်ဆောင်မှုကိုအသုံးပြုနိုင်ရန်အတွက် Tay Than Thar ဝန်ဆောင်မှုတွင် အဖွဲ့ဝင်ထားရန် လိုအပ်သည်။ အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်ရာတွင် တောင်းခံသည့် လိုအပ်သောအချက်အလက်များကို သင့်အနေဖြင့် လတ်တလော ဖြစ်သော၊ တိကျမှန်ကန်သော၊ ပြည့်စုံမှုရှိသော အချက်အလက်များကို ဖြည့်သွင်းရမည်။ သင့်အားဝန်ဆောင်မှုပေးရန်နှင့် ဝန်ဆောင်မှုနှင့် ပတ်သက်၍ သင်၏တောင်းဆိုမှုများကို ပြန်လည်တုံ့ပြန်ပေးရန်၊ ဥပဒေကြောင်းအရ လုပ်ဆောင်ရန် ကိစ္စများရှိလာသည့်အခါ အသုံးပြုရန်၊ စည်းမျဉ်းစည်းကမ်းများ အကျိုးသက်ရောက်မှုရှိစေရန်၊ Tay Than Thar ဝန်ဆောင်မှုနှင့်ပတ်သက်၍ အခြားဖြစ်ပေါ်လာသော ကိစ္စအ၀၀ကို ဖြေရှင်းဆောင်ရွက်ရန်၊ ဤဝန်ဆောင်မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပေးပို့ဆက်သွယ်ရန် လိုအပ်သောကြောင့် ဤဝန်ဆောင်မှုကို အသုံးပြုရန် မှတ်ပုံတင်စဉ်ကဖြည့်သွင်းခဲ့သော သင်၏ အချက်အလက်များကို Tay Than Thar မှဝင်ရောက်ကြည့်ရှုခြင်း၊ ထိန်းသိမ်းမှုပြုလုပ်ခြင်း၊ အများသိအောင် ကြေညာခြင်းတို့ ပြုလုပ်ရန် သင့်အနေဖြင့် သဘောတူလက်ခံမည်ဖြစ်သည်။ Tay Than Thar ဝန်ဆောင်မှုတွင် သင်၏ ဖုန်းနံပါတ်ဖြင့် မှတ်ပုံတင်လိုက်ခြင်းသည် ဤဝန်ဆောင်မှုနှင့် ပတ်သက်သည့် အကြောင်းအရာများ အားလုံးကို သင်၏ မိုဘိုင်းလ်ဖုန်းထံသို့ SMS စာတိုများနှင့် SMS Link များ ပေးပို့မည်ကို သိရှိလက်ခံ သဘောတူရာရောက်သည်။
     
    ၂။ ဝန်ဆောင်ခ
    Tay Than Thar ဝန်ဆောင်မှုကို အသုံးပြုမယ်ဆိုရင် နေ့စဉ်ကြေး  ၉၉  ကျပ် (ကုန်သွယ်ခွန် ၅% ပါဝင်ပြီး) ကျသင့်မှာ ဖြစ်ပါတယ်။ နေ့စဉ်ကြေး ၉၉ ကျပ်ပေးဆောင်ပြီးပြီဆိုရင်တော့ App ထဲတွင်ရှိသော သီချင်းများနှင့် Music Video များကို ဦးဦးဖျားဖျား တဝကြီး နားဆင်နိုင်မည် ဖြစ်ပါတယ်။ အဖိုးအခ ကောက်ခံသည့် အကြိမ်ရေမှာ စဉ်ဆက်မပြတ်  နေ့စဉ် ကောက်ခံမှုရှိ သည့် ၃၆၅ ရက် ပက်ကေ့ချ် ဖြစ်ပါသည်။ စာရင်းပေးသုံးစွဲမှုအမျိုးအစား ဝန်ဆောင်မှု၏ တရားဝင်မှု ကာလမှာ ၃၆၅ ရက်ဖြစ်ပါသည်။
    အခြားဝန်ဆောင်မှုများဖြစ်သည့် CRBT, Download Song နှင့် Gift Song များကို တစ်ပုဒ်ချင်းဝယ်ယူရမည် ဖြစ်ပါသည်။ အထက်ပါဝန်ဆောင်မှုများအတွက် သီချင်းတစ်ပုဒ်လျှင် ၃၁၅ ကျပ် (ကုန်သွယ်ခွန် ၅% ပါဝင်ပြီး) ကျသင့်မည် ဖြစ်ပါသည်။
    လူကြီးမင်း၏ လက်ကျန်ငွေ မလုံလောက်လျှင် အဖိုးအခ ကောက်ခံမည် မဟုတ်ပါ။ မည်သည့် အကြောင်းကြောင့် ငွေကောက်ခံခြင်းမရှိပါက လူကြီးမင်းအနေဖြင့် ထိုနေ့အတွက် ဝန်ဆောင်မှု အသုံးပြုနိုင်မည်မဟုတ်ပါ။
    လက်ကျန်ငွေ လုံလောက်သည့်အချိန်မှသာ အဖိုးအခကောက်ခံခြင်းနှင့် ဝန်ဆောင်မှုအသုံးပြုခြင်းအား ဆက်လက်လုပ် ဆောင်ပါမည်။
    နောက်ကြောင်းပြန်၍ ငွေကောက်ခံခြင်း ပြုလုပ်မည်မဟုတ်ပါ။ မည်သည့်အကြောင်းကြောင့် ငွေကောက်ခံခြင်းမရှိလျှင် ထိုနေ့များအတွက် လူကြီးမင်းထံမှ အဖိုးအခ ကောက်ခံမည်မဟုတ်ပါ။
    လူကြီးမင်းကို ငွေကောက်ခံသည့်နေ့မှစ၍ လူကြီးမင်းကို တစ်ဆက်တည်း ရက်ပေါင်း (၉၀) အတွက် ငွေကောက်ခံထားခြင်း မရှိပါက စာရင်းပေးသုံးစွဲမှု အလိုလျောက်ရပ်စဲမည်ဖြစ်သည်။
    Tay Than Thar ဝန်ဆောင်မှုအတွက် ဝန်ဆောင်ခကျသင့်ငွေကို သင်၏ဖုန်းဘေလ်ထဲမှ အပြည့်အ၀ ပေးဆောင်ရ မည်ဖြစ်သည်။ ဤဝန်ဆောင်မှုအတွက် ဝန်ဆောင်ခကို ဖုန်းဘေလ် ကြိုတင်ဖြည့်ပြီးဖြစ်ပါက ဖုန်းငွေလက်ကျန်မှ ဖြတ်တောက်မည်ဖြစ်ပြီး သုံးပြီးမှ ငွေချေသည့်စနစ်ကို အသုံးပြုသူဖြစ်ပါက ဖုန်းဘေလ်ကောက်ခံသည့်အခါ MPT မှ ကျသင့်ငွေကို တွက်ချက်ကောက်ခံသွားမည် ဖြစ်သည်။ ဤဝန်ဆောင်ခများသည် Tay Than Thar ဝန်ဆောင်မှုကို အသုံးပြုခြင်းအတွက် သက်သက်ကျသင့်ငွေဖြစ်ပြီး အင်တာနက်မှတဆင့် ဂိမ်းများရှာဖွေခြင်းနှင့် ဂိမ်းများကိုတိုက်ရိုက် ဆော့ကစားခြင်းများအတွက် အပိုဆောင်း အင်တာနက်ဒေတာဖိုး ထပ်မံကျသင့်မည် ဖြစ်သည်။ ကောက်ခံမှုအားလုံးတွင် ကုန်သွယ်ခွန် ၅% ပါဝင်မည်ကို သတိပြုပါ။
     
    ဝန်ဆောင်မှုအတွက် စာရင်းပေးသုံးစွဲခြင်းအပါအဝင် ၎င်းချည်းသာဟု ကန့်သတ်မထားဘဲ လူကြီးမင်း၏ မိုဘိုင်း အင်တာနက်ကို မျှဝေသုံးစွဲသည့် တတိယပုဂ္ဂိုလ်တစ်ဦးဦး၏ ပြုမူဆောင်ရွက်ချက်အတွက် လူကြီးမင်းတွင် တာဝန်ရှိပါသည်။ အဆိုပါ စည်းကမ်းချက်များသည် လူကြီးမင်းအနေဖြင့် စာရင်းပေးသုံးစွဲမှုကိုရပ်တန့်ခြင်း၊ သို့မဟုတ် အဆိုပါ စည်းကမ်း ချက်များအရ ဝန်ဆောင်မှု အလိုအလျောက် ရပ်စဲခြင်း အချိန်ထိ တရားဝင် တည်ရှိမည်ဖြစ်သည်။
     
    ၃။ ဝန်ဆောင်ခပေးချေခြင်း
    သီချင်းများ Streaming နားထောင်ခြင်းအတွက် ဝန်ဆောင်ခကို Tay Than Thar ဝန်ဆောင်မှုတွင် အဖွဲ့ဝင်စဉ်က မှတ်ပုံတင်ခဲ့သော သင်၏ MPT ဖုန်းနံပါတ်၏ ဖုန်းဘေလ်ထဲမှ ကောက်ခံရန်ကို သင့်အနေဖြင့် သဘောတူလက်ခံသည် ဖြစ်သည်။ လိုအပ်သော အခွန်အခများကိုလည်း သင့်အနေဖြင့် ပေးဆောင်ရန် သဘောတူပါသည်။ ဝန်ဆောင်မှုအတွက် နေ့စဉ်ကြေး ၉၉ ကျပ်(ကုန်သွယ်ခွန် ၅% ပါဝင်ပြီး) အဖွဲ့ဝင်ဖြစ်သည့်နေ့မှစတင်၍ သင်အဖွဲ့ဝင်အဖြစ်မှ နုတ်မထွက်မချင်း နေ့စဉ် အလိုအလျောက် ထပ်မံကောက်ခံသွားမည် ဖြစ်သည်။ Tay Than Thar ဝန်ဆောင်ခနှုန်းထားများကို  ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ အချိန်မရွေး ပြောင်းလဲခွင့်ရှိသည်။ ဈေးနှုန်းအပြောင်းအလဲရှိပါက သင့်ထံသို့ SMS မှတဆင့် အကြောင်းကြားစာပေးပို့ပြီးမှသာ ကောက်ခံသွားမည်ဖြစ်သည်။ Tay Than Thar အနေဖြင့် မည်သည့် အကြောင်းကြောင်းကြောင့်နှင့်မျှ ကောက်ခံပြီးသား ဝန်ဆောင်ခများကို ပြန်လည်ပေးအပ်မည် မဟုတ်ပါ။ သင့်အနေဖြင့် Tay Than Thar ဝန်ဆောင်မှုမှ အဖွဲ့ဝင်အဖြစ် မပယ်ဖျက်မခြင်း (သို့မဟုတ်) Tay Than Thar ဝန်ဆောင်မှုမှ သင့်အား အဖွဲ့ဝင်အဖြစ်မှ မပယ်မဖျက်မခြင်း ဝန်ဆောင်ခကောက်ခံမှုဟာ အကျုံးဝင်နေမည် ဖြစ်သည်။
    အကယ်၍ သင်မဟုတ်သော တစ်စုံတစ်ယောက် (သို့မဟုတ်) အခြားအဖွဲ့အစည်းတစ်ခုခုက သင်သိ သည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သင်၏ ဖုန်းကိုယူသုံး၍သော်လည်းကောင်း (သို့မဟုတ်) သင်၏အမည်ပေါက် Sim Card ကို ယူသုံး၍သော်လည်းကောင်း၊ သင်၏ကိုယ်ရေးအချက်အလက်များဖြင့် စာရင်းဝင်ထားသည့် Sim Card ကို အသုံးပြုခြင်းကြောင့်သော်လည်းကောင်း ဤဝန်ဆောင်မှုကိုအသုံးပြုမှုအတွက် ဝန်ဆောင်ခကျသင့် ငွေအားလုံးကို သင်၏ဖုန်းဘေလ်ထဲမှ ကောက်ခံသွားမည် ဖြစ်သည်။ 
     
    ၄။ ဝန်ဆောင်မှုပေးခြင်း
    ဝန်ဆောင်ခ သီချင်းတစ်ပုဒ်လျှင် ၃၁၅ ကျပ် (ကုန်သွယ်ခွန် ၅% ပါဝင်ပြီး)ကို အပြည့်အဝပေးသွင်းပြီးမှသာ Tay Than Thar ဝန်ဆောင်မှုနှင့် သီချင်းများကို Streamig နားဆင်နိုင်မည်ဖြစ်သည်။ ဝန်ဆောင်မှုရယူထားသည့်ကာလအတွင်း Tay Than Thar အဖွဲ့ဝင်အဖြစ်မှ ရပ်စဲခြင်း၊ သီချင်း ပံ့ပိုးသူမှ သီချင်းများကို ပြန်လည်ရုတ်သိမ်းသွားခြင်းမျိုး ရှိခဲ့လျှင် ထို သီချင်းများကို ဆက်လက်နားဆင်၊ ကြည့်ရှုနိုင်မည် မဟုတ်တော့ပါ။ ဒီအတွက် Tay Than Thar တွင် တာဝန်ရှိ မည်မဟုတ်ပါ။
    Tay Than Thar App ထဲမှ အကြောင်းအရာများ၊ အချက်အလက်များကို Tay Than Thar မှ ကြိုတင်စမ်းသပ်ခြင်း၊ စောင့်ကြည့်ခြင်းများ ပြုလုပ်နိုင်သည်ကို သိရှိသဘောတူပါသည်။ ဤဝန်ဆောင်မှုမှတဆင့် ရရှိနိုင်သည့် အကြောင်းအရာမှန်သမျှကို ကြိုတင်စမ်းသပ်ခြင်း၊ စောင့်ကြည့်ခြင်း၊ ပယ်ချခြင်း၊ ကြည့်ရှုခွင့် ရုတ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်းတို့ပြုလုပ်ရန် Tay Than Thar တစ်ဦးတည်းဆုံးဖြတ်ကာ လုပ်ပိုင်ခွင့်ရှိသည်။ 
     
    ၅။ ဝန်ဆောင်မှုရပ်ဆိုင်းခြင်း၊ ဆိုင်းငံ့ခြင်း၊ ဖျက်သိမ်းခြင်း
    သင့်အနေဖြင့် Tay Than Thar ဝန်ဆောင်မှုကို ဆက်လက်အသုံးမပြုလိုပါက 8734 ကို OFF ဟု ပေးပို့၍ဖြစ်စေ၊ Tay Than Thar App အတွင်းမှ Unsubscribe Button ကိုနှိပ်၍ အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခြင်း (သို့) သုံးစွဲသူဝန်ဆောင်မှုဌာနသို့ ဖုန်းခေါ်ဆိုခြင်းမှတဆင့်ဖြစ်စေ ဝန်ဆောင်မှုကို ရပ်ဆိုင်းနိုင်သည်။ မည်သည့်အကြောင်းကြောင်းကြောင့်ဖြစ်စေ ဤဝန်ဆောင်မှုကို သင့်အနေဖြင့် အသုံးပြုနေခြင်းအား ဖျက်သိမ်းခြင်း၊ ဆိုင်းငံ့ခြင်း၊ ရပ်ဆိုင်းခြင်းတို့ကိုလည်းကောင်း၊ ဝန်ဆောင်ခတောင်းခံခြင်းနှင့်ပတ်သက် ၍ ရုပ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်း၊ ဆိုင်းငံ့ခြင်း (သို့) ရပ်တန့်ခြင်းတို့ကို လည်းကောင်း ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ  East Boy Engineering Co.,Ltd တစ်ဦးတည်း၏ ဆုံးဖြတ်ချက်ဖြင့် ပြုလုပ်ခွင့်ရှိသည်။ ထို့အတွက် မည်သူတစ်ဦးတစ်ယောက်အတွက်မျှ East Boy Engineering Co.,Ltd တွင် တာဝန်ရှိမည်မဟုတ်ကြောင်းကို သင့်အနေဖြင့် သိရှိသဘောတူ လက်ခံပါသည်။ 
     
    ၆။ စက်ပစ္စည်းများ
    အင်တာနက်အသုံးပြုနိုင်ပြီး Tay Than Thar App အတွက် သတ်မှတ်ထားသော   Android နှင့် IOS Version  ရှိသောဖုန်းနှင့် တက်ဘလက်များတွင် ဤဝန်ဆောင်မှုကို ရယူအသုံးပြုနိုင်မည်ဖြစ်သည်။ သင်၏စက်ပစ္စည်းများမှ ဤဝန်ဆောင်မှုကို ရယူ အသုံးပြုမှုများနှင့်ပတ်သက်၍ သင်တစ်ဦးတည်းတွင် တာဝန်ရှိသည်။ အကယ်၍ သင့်အနေဖြင့် ဤဝန်ဆောင်မှုကို ရယူထားသော်လည်း သင်၏ စက်ပစ္စည်းကိရိယာများ ချို့ယွင်းမှုကြောင့်လည်းကောင်း၊ သင်၏ စက်ပစ္စည်းများသည် ဤဝန်ဆောင်မှုမှချမှတ်ထားသော ဘရောက်ဆာလိုအပ်ချက်များဖြင့် မကိုက်ညီ၍သော်လည်းကောင်း Tay Than Thar ဝန်ဆောင်မှုကို အသုံးမပြုနိုင်သော်လည်း သင်သည် ဤဝန်ဆောင်မှုကို ရယူထားပါက ကျသင့်သည့်ဝန်ဆောင်ခများကိုမူ ပေးချေရမည် ဖြစ်သည်။ သို့ဖြစ်၍ သင့်အနေဖြင့် သင်၏ စက်ပစ္စည်းကိရိယာများသည် Tay Than Thar ဝန်ဆောင်မှုကို အသုံးပြုရန် ထောက်ပံ့ပေး နိုင်ခြင်းရှိမရှိကို သေချာစစ်ဆေးထားရန် လိုအပ်ပါသည်။ သင်၏စက်ပစ္စည်းကိရိယာများ ချို့ယွင်းမှုကြောင့်သော် လည်းကောင်း၊ ဤဝန်ဆောင်မှုမှ သတ်မှတ်ထားသည့် အနိမ့်ဆုံးလိုအပ်ချက်များကို သင်၏စက်ပစ္စည်းများက မထောက်ပံ့နိုင်သောကြောင့်သော်လည်း ကောင်း ဤဝန်ဆောင်မှုကို အသုံးမပြုနိုင်ခြင်းအတွက် Tay Than Thar တွင် တာဝန်ရှိမည် မဟုတ်ပါ။ အင်တာနက်မှတဆင့် တိုက်ရိုက်ကြည့်သည့်အခါ Audio သီချင်းများ Music Video များအရည်အသွေးသည် သင်အသုံးပြုနေသော စက်၊ နေရာနှင့် အင်တာနက်မြန်နှုန်းတို့ပေါ်တွင် မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါသည်။ Tay Than Thar ဝန်ဆောင်မှုကို ရယူသုံးစွဲနိုင်ရန်မှ အခါအားလျော်စွာ သတ်မှတ်ထားသော အနိမ့်ဆုံးလိုအပ်ချက်များအတိုင်း စက်ပစ္စည်းများ၊ ဆော့ဖ်ဝဲလ်များနှင့် ဝန်ဆောင်မှုများကို ရယူထားရန် လိုအပ်ပါသည်။ Tay Than Thar ဝန်ဆောင်မှုမှ ချမှတ်ထားသော အနိမ့်ဆုံးလိုအပ်ချက် များနှင့်မကိုက်ညီသော စက်ပစ္စည်းများ၊ Software များနှင့် ဝန်ဆောင်မှုများကို အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာသော စက်ပစ္စည်းချို့ယွင်းမှုများနှင့် ပြည့်စုံမှုမရှိသော ဝန်ဆောင်မှုများအားလုံး အတွက် Tay Than Thar ဝန်ဆောင်မှုမှ တာဝန်ယူ မည် မဟုတ်ပါ။ 
     
    ၇။ အသိပေးချက်များပေးပို့ခြင်း
    Tay Than Thar ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် သင့်ထံသို့ အကြောင်းကြားချက်များပေးပို့ခြင်း၊ Tay Than Thar ဝန်ဆောင်မှု ရယူစဉ်က စာရင်းပေးသွင်းထားသော ဖုန်းနံပါတ်ထံသို့ Tay Than Thar ဝန်ဆောင်မှုမှ ဆက်သွယ်ခြင်းတို့ကို သဘောတူလက်ခံပါသည်။ Tay Than Thar အနေဖြင့် သီချင်းအသစ်များ၊ ဗီဒီယိုအသစ်များ၊ ပရိုမိုးရှင်းအစီအစဉ်များ၊ သုံးစွဲသူများထံမှစစ်တမ်းကောက်ယူခြင်းများ စသည်တို့ကို Tay Than Thar App Notification မှတစ်ဆင့်ဖြစ်စေ၊ SMS ကတဆင့်ဖြစ်စေ၊ အခြားသော ဆက်သွယ်ရေး နည်းလမ်းများမှတဆင့်ဖြစ်စေ ဆက်သွယ်ပေးပို့သွားမှာ ဖြစ်ပါသည်။ ဒါအပြင် Tay Than Thar ဝန်ဆောင်မှုထဲမှ ဂိမ်းများဆော့ကစားခြင်းများအတွက် သင့်ရဲ့ငွေပေးချေမှုကိစ္စများ၊ သဘောတူညီမှုများ၊ ထုတ်ဖော်ချက်များနဲ့ အခြားအချက် အလက်များပေးပို့ခြင်းကိုလည်း လက်ခံပါမည်။ ဤဝန်ဆောင်မှုကို ရယူထားသော သင့်ထံသို့ Tay Than Thar ဝန်ဆောင်မှုမှတဆင့် အချက်အလက်များ၊ အကြောင်းအရာများ၊ စာသားများ၊ ဆော့ဖ်ဝဲများ၊ အသံများ၊ ဓာတ်ပုံများ၊ ဒီဇိုင်းပုံရိပ်များ၊ ဗီဒီယိုများ၊ မက်ဆေ့ချ်များ၊ တွဲဖက်အကြောင်းအရာများနှင့် အခြားသော အကြောင်းအရာများကို Tay Than Thar မှ ပေးပို့ခွင့်ရှိသည်။ မှတ်ပုံတင်စဉ်က သင်ပေးသွင်းသော အချက်အလက်များနှင့် ထိုသို့ပေးသွင်းခြင်းကြောင့်ဖြစ်ပေါ်လာသော အကျိုးဆက်များအတွက် သင့်တွင်သာ အလုံးစုံ တာဝန်ရှိသည်။ 
     
    ၈။ ကန့်သတ်တားမြစ်ချက်များ 
    Tay Than Thar ဝန်ဆောင်မှုကို သင့်အနေဖြင့် စီးပွားဖြစ်အသုံးပြုခွင့်မရှိပါ။ ဤဝန်ဆောင်မှုသည် သင်၏ တစ်ကိုယ်ရည်နှင့် အကျိုးအမြတ်အတွက် မဟုတ်သော အသုံးပြုမှုအတွက်သာ ဖြစ်သည်။ Tay Than Thar ဝန်ဆောင်မှုထဲရှိ သီချင်းများ ဗီဒီယိုများကို Tay Than Thar ဝန်ဆောင်မှု၏ စည်းကမ်းချက်များအတိုင်း တရားဥပဒေနှင့် အညီသာ ရယူသုံးစွဲကြည့်ရှုဟု သင့်အနေဖြင့် သဘောတူပါသည်။
    သင့်အနေဖြင့် ဝန်ဆောင်မှုအား ရယူရာတွင် (၁) Tay Than Thar မှ စီစဉ်ပေးထားသော ကြားခံစနစ် မဟုတ်သည့် အခြားနည်းလမ်းများကို အသုံးပြုခြင်း၊ (၂) ဝန်ဆောင်မှုများရယူရာတွင် Robot၊ Spider၊ Scraper၊ Script၊ Web Crawler များအသုံးပြု၍ နှောင့်ယှက်ခြင်းများ ပြုလုပ်ခြင်းနှင့် အခြားအလိုအလျောက် နည်းလမ်းများကို အသုံးပြုခြင်း၊ (၃) ဝန်ဆောင်မှုကို ရယူခြင်း၏ ဇာတ်မြစ်ကို ဖုံးကွယ်ရန်အတွက် Identifier ကုဒ်နံပါတ်များကို အတုအပပြုလုပ်ခြင်း၊ အချက်အလက်များကို လိုသလိုပြုပြင်ခြင်း (၄) Tay Than Thar ဆာဗာအား ပျက်ဆီးစေမည့်လုပ်ရပ်များ၊ ဆော့ဖ်ဝဲလ်များ အသုံးပြုခြင်း (၅) နှောင့်ယှက်ဖျက်ဆီးလိုသော ရည်ရွယ်ချက်ဖြင့် စာများ၊ အီးမေးလ်များရေးသားခြင်း၊ ဗိုင်းရပ်စ်ပါသောဆော့ဖ်ဝဲလ်များ အသုံးပြုခြင်းများကို လုံး၀ မပြုလုပ်ပါဟု သဘောတူပါသည်။
    သင်သည် Tay Than Thar ဝန်ဆောင်မှုကို Tay Than Thar ဝန်ဆောင်မှုမှ သတ်မှတ်ပေးထားသော စည်းကမ်းများနှင့် သတ်မှတ်ချက်များဘောင်အတွင်းကသာ အသုံးပြုရမည် ဖြစ်သည်။ သင့်အနေဖြင့် Tay Than Thar ဝန်ဆောင်မှုကသတ်မှတ်ပေးထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်၍သော်လည်းကောင်း၊ သတ်မှတ်ချက်များ ကို မလိုက်နာဘဲ ကျော်လွန်၍သော်လည်းကောင်း Tay Than Thar ဝန်ဆောင်မှုကို အသုံးပြုခြင်း၊ Tay Than Thar ဝန်ဆောင်မှု၏ Social Media စာမျက်နှာများဖြစ်သည့် Facebook ၊ Instagram ၊ YouTube နှင့် Web Page များကို Tay Than Thar ဝန်ဆောင်မှုမှ သက်ဆိုင်ရာ တစ်ဦးတစ်ယောက်၏ ခွင့်ပြုချက်မရှိဘဲ ရယူသုံးစွဲခြင်းများ မပြုလုပ်ပါဟု သဘောတူပါသည်။ 
     
    ၉။ အသိဉာဏ်ပစ္စည်းများဆိုင်ရာ ရပိုင်ခွင့် (Intellectually Property Rights) 
    Tay Than Thar ဝန်ဆောင်မှုတွင် အသုံးပြုထားသော ကုန်အမှတ်တံဆိပ်များ (Tay Than Thar ဝန်ဆောင်မှု အမည်နှင့် ကုန်အမှတ်တံဆိပ်များအပါအဝင်)၊ လုပ်ငန်းအမည်များ၊ လိုဂိုများ၊ ဝန်ဆောင်မှု အမှတ်အသားများ အားလုံးသည် Tay Than Thar ဝန်ဆောင်မှုနှင့် ယင်း၏လုပ်ငန်းဖော်ကုမ္ပဏီများ၊ အခြားသက်ဆိုင်ရာ လုပ်ငန်းများမှ ပိုင်ဆိုင်ပါသည်။ ဤဝန်ဆောင်မှုကို အသုံးပြုရန်အတွက် သင့်ကိုပေးသောအခွင့်အရေးသည် ထိုကုန်အမှတ်တံဆိပ်များ၊ လုပ်ငန်းအမည်များ၊ လိုဂိုများ၊ ဝန်ဆောင်မှု အမှတ်အသားများကို သုံးစွဲပိုင်ခွင့်များ ရပိုင်ခွင့်များ ပေးအပ်ခြင်း မပါဝင်ပါ။ ထိုအခွင့်အရေးများကို Tay Than Thar  ဝန်ဆောင်မှု၏ လုပ်ငန်းဖော်များနှင့် အခြားသက်ဆိုင်ရာ လုပ်ငန်းများမှ စာဖြင့်ခွင့်ပြုချက်ပေးမှသာ သုံးစွဲပိုင်ခွင့် ရရှိမည် ဖြစ်သည်။ ထိုနာမည်များကို အသုံးပြုပြီး East Boy Engineering Co.,Ltd ဝန်ဆောင်မှုကို ရည်ညွှန်းခြင်း၊ အခြားတစ်ခုခုကို ရည်ညွန်းခြင်းများ ဆောင်ရွက်ခွင့်မရှိပါ။  
     
    ၁၀။ တာဝန်မရှိကြောင်းရှင်းလင်းဖော်ပြချက်
    မည်သည့်အခြေအနေတွင်ဖြစ်စေ အထက်ဖော်ပြပါ စည်းမျဉ်းစည်းများကို ဖောက်ဖျက်ခြင်း၊ ချိုးဖောက်ခြင်းကြောင့် (သို့မဟုတ်) စာချုပ်အရဖြစ်စေ၊ တရားမနစ်နာမှုအရဖြစ်စေ၊ ယတိပြတ်တာဝန်ရှိမှုကြောင့် ဖြစ်စေ (သို့မဟုတ်) ဤ ဝန်ဆောင်မှုကို ရယူအသုံးပြုခြင်းကြောင့် ကုန်ကျစရိတ်၊ နစ်နာကြေး၊ တောင်းဆိုချက်၊ အရေးယူဆောင်ရွက်မှု၊ တရားစွဲ ဆိုခြင်း၊ ဥပဒေအဆုံးအဖြတ်၊ ဆုံးရှုံးမှုနှင့်တာဝန်ရှိမှုများ (သို့မဟုတ်) ဝန်ဆောင်မှုမှတဆင့် ရရှိသော အချက်အလက်များ၊ အကြောင်းအရာများ၊ ဆော့ဖ်ဝဲလ်များ၊ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကြောင့် သင်နှင့်အခြား အဖွဲ့အစည်းများအတွက် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ ကြီးမားပြင်းထန်သော၊ အသေးအဖွဲဖြစ်သော၊ (သို့မဟုတ်) အကျိုးဆက်အရ ဖြစ်ပေါ်လာသော အကြောင်းကိစ္စများ၊ ထိခိုက်နစ်နာမှုများ၊ နစ်နာကြေးတောင်းခံမှုများ၊ အရေးယူမှုများ၊ တောင်းဆိုချက်များ၊ တရားရင်ဆိုင်မှုများ ကြောင့် ဖြစ်ပေါ်လာသည့်စွဲဆိုချက်များ၊ စီရင်ချက်များ၊ ကုန်ကျစရိတ်များအမျိုးမျိုးသည် East Boy Engineering Co.,Ltd၊ MPT နှင့် ၎င်းတို့၏အဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ကိုယ်စားလှယ်များ၊ တွဲဖက် လုပ်ကိုင်သူများ၊ မူပိုင် ခွင့်ပေးအပ်သူများတွင် ဥပဒေအရ တာဝန်မရှိစေရပါ။ သင့်အနေဖြင့်သာ ကိစ္စအ၀၀တို့အတွက် တာဝန်ယူဖြေရှင်း သွားမည်ဖြစ်ကြောင်း သိရှိသဘောတူပါသည်။ 
     
    ၁၁။ အသိပေးချက်
    အထက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများသည် တရားဝင်ဖြစ်သည်။ သင့်အနေဖြင့် Tay Than Thar App ဝန်ဆောင်မှုကို စတင်အသုံးပြုသည့် အချိန်မှစ၍ အသုံးပြုသူများစည်းမျဉ်း စည်းကမ်းများကို သိရှိသဘောတူ လက်ခံပြီးဖြစ်သည်ဟု မှတ်ယူသည့်အတွက် ထိုစည်းမျည်းစည်းကမ်းများကို မဖတ်ရှုဘဲ ဤဝန်ဆောင်မှုကို ရယူအသုံးပြုခြင်းသည် သင်တစ်ဦးတည်း၏ တာဝန်သာ ဖြစ်သည်။ 
     
    ၁၂။ ဥပဒေသက်ရောက်မှုနှင့် တရားစီရင်ပိုင်ခွင့်
    အထက်ဖော်ပြပါ စည်းမျဉ်းစည်းကမ်းများနှင့် သတ်မှတ်ချက်များ အားလုံးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖော်ဆောင်ရမည် ဖြစ်သည်။ ဤဝန်ဆောင်မှုကို အသုံးပြုမှုကြောင့် ပေါ်ပေါက်လာသော အငြင်းပွားမှုတစ်စုံတစ်ရာ၊ ပြဿနာတစ်ခုခု ပေါ်ပေါက်လာပါက မြန်မာနိုင်ငံတော်တရားရုံးများတွင် တည်ဆဲ ဥပဒေများအရ ဖြေရှင်းဆောင်ရွက်မည်ဖြစ်ကြောင်း သင့်အနေဖြင့် သဘောတူလက်ခံပါသည်။ 

Some text some message..