အမေးအဖြေများ

လိုတရ ဆိုသည်မှာ သင်၏နေ့စဉ် လိုအပ်သမျှ သတင်းအချက်အလက်များကို တစ်နေရာတည်းတွင် စုံလင်စွာ သိရှိနိုင်မည့် MPT ၏ အစီအစဉ်တစ်ခုဖြစ်ပါသည်။ လိုတရတွင်ပါဝင်သည့် သတင်းစုံ၊ ကဏ္ဍစုံ၊ အကြောင်းအရာအစုံအလင်များက သင်သိရှိလိုသည့် အရာများကို ပြည့်စုံစွာ သိရှိစေနိုင်မည် ဖြစ်ပါသည်။ ဖုန်းအက်ပလီကေးရှင်းဖြင့်သော်လည်းကောင်း၊ဝက်ဆိုက်ဖြင့်သော်လည်းကောင်း အသုံးပြုနိုင်ပါသည်။
လိုတရ၏ သတင်းများကို ဖတ်ရှုနိုင်ရန် အလွယ်ကူဆုံးနည်းလမ်းအနေဖြင့် *2727# ကိုခေါ်ဆို၍ လိုတရသတင်းများဖတ်ရှုနိုင်မည့် MPT4U Application ဒေါင်းလုဒ် URL ကိုရယူလိုက်ပါ။ ဤလင့်မှတဆင့် (https://bit.ly/MPT4U-FAQ) အခမဲ့ ဒေါင်းလုဒ်ရယူနိုင်ပြီး Apple Store နှင့် Google Play Store တို့်တွင်လည်း ဒေါင်းလုဒ်ရယူနိုင်ပါသည်။ (App Store နှင့် Google Play Store တို့မှ ဒေါင်းလုဒ်ရယူခြင်းအတွက် Data Charges များကျသင့်ပါမည်။)
လိုတရ သတင်းများကို ဖတ်ရှုနိုင်သည့် MPT4U အက်ပလီကေးရှင်းကို Android ဖုန်းတွင်သာမက iPhone များဖြင့်လည်း အသုံးပြုနိုင်ပါသည်။ (Android Version 5.0 နှင့်အထက် iOS Version 9.0 နှင့်အထက် ဖုန်းများသာ အသုံးပြုနိုင်သည်။)
MPT4U အက်ပလီကေးရှင်းတွင် လိုတရ သတင်းများကို Wifi သို့မဟုတ် တခြားမည်သည့်ကွန်ယက်များဖြင့် အသုံးပြုနိုင်သော်လည်း လိုတရ ၏ အထူးခံစားခွင့်များကို MPT ကွန်ယက်ဖြင့်သာလျှင်ရယူနိုင်မည်။
လိုတရ သတင်းများကို ဖတ်ရှုနိုင်သည့် MPT4U အက်ပလီကေးရှင်းကို MPT ကွန်ယက်ဖြင့် အခမဲ့ အသုံးပြုနိုင်ပါသည်။
Some text some message..