အိန္ဒိယက လယ်သမားကြီးတစ်ဦးရဲ့ ဉာဏ်ကောင်းချက်ကတော့ တကယ့်ကို လက်ဖျားခါလောက်ပါ တယ်။အံ့အားသင်စ ရာကောင်းလောက်တဲ့ သူ့ရဲ့အယူသီးတဲ့ ခံယူချက်နဲ့ ထင်မြင်ချက်က လူတွေအားလုံးကို တအံ့တသြ ဖြစ်စေရလောက်တဲ့အထိပါပဲ။ သူ့ရဲ့သီးနှံစိုက်ပျိုးတဲ့ လယ်ကွယ်မှာအပြာ မင်းသမီး တစ်ဦးရဲ့ ပိုစတာကို ချိတ်ဆွဲထားခဲ့လို့ တစ်နှစ်တာစိုက်ပျိုးသီးနှံဖြစ် ထွန်းအောင်မြင်တယ်လို့ သူက ဆိုပါတယ်။ ဒါဟာ သူ့ကို ဒီအပြာမင်းသမီးသရုပ်ဆောင်က ကူညီပေးလိုက်တယ်လို့ ဆိုတာပါပဲ။
ချန်ချူးရက်ဒီလို့ခေါ်တဲ့အဆိုပါ တောင်သူလယ်သမားကြီးဟာ သူ့ရဲ့ဆန်စပါးလယ်ကွက်နဲ့ စိုက်ပျိုးသီး နှံ လယ်ကွက်တွေမှာ သီးနှံဖြစ်ထွန်းတဲ့ စိုက်ပျိုးသီးနှံတွေကို ဖြတ်သွားလာသူ ရွာသားတွေနဲ့ ခိုးဝင် ရောက်သူခူးစွတ်သူတွေရဲ့ ရန်ကနေ ကာကွယ်ဖို့အတွက် ဒီလိုမျိုး ဖျက်ထိုးဉာဏ်ကောင်းတဲ့အကြံနဲ့ လုပ်ခဲ့တာပါ။အဲ့ဒါဟာအိန္ဒိယအပြာကား သရုပ်ဆောင်မင်းသမီး ဆန်နီလီဝမ်းရဲ့အဝတ်မဲ့ ဓာတ်ပုံ ပိုစ တာကို လယ်ကွင်းအဆက်မှာချိတ်ဆွဲပြီး လူတွေရဲ့အာရုံကို လှည့်စားပစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီ့အတွက်ကြောင့်လည်း သူ့အတွက်အလုပ်တော်တော်ဖြစ်ခဲ့တယ်ဆိုပဲ။အံ့အားသင့်စရာကောင်းတဲ့ ရလာဒ်က သူ့ရဲ့လယ်ကွင်းမှာ ခိုးသူတွေနဲ့ သီးနှံတွေ ပျောက်ဆုံးတာမျိုးတွေမရှိတော့ပဲ ယခင်ကထက် ကို ပိုပြီးအထွက်တိုးခဲ့တယ်လို့ဆိုပါတယ်။ ဒါဟာ ခိုးယူမယ့် သူတွေရဲ့အမြင်အာရုံကိုအပြာမင်းသမီးရဲ့ ဆွဲဆောင်မှုရှိတဲ့ ဓာတ်ပုံနဲ့ ဖမ်းစားနိုင်ခဲ့လို့ ခိုးယူခဲ့ခြင်းမရှိတော့တာဖြစ် လိမ့်မယ်လို့လည်း ဆိုပါတယ်။ သူ့အနေနဲ့ သူ့လယ်ကွင်းထဲက စိုက်ပျိုးသီးနှံတွေ သူများမျက်စိကျခိုးယူချင်တဲ့စိတ်ဖြစ်ပေါ်တာကနေအပြာမင်းသမီးကိုအာရုံရောက်ပြီး သီးနှံတွေ မခိုးဖြစ်ကြတော့ဘူးလို့လည်း ဆိုပါတယ်။ ဒါ့ကြောင့် လည်း ချန်ချူးက ဒီအပြာမင်းသမီးရဲ့ ပိုစတာကို ရက်ပေါင်းများစွာ ချိတ်ဆွဲထားတာဖြစ်တယ်လို့ ပြော ပါတယ်။
မေ(ရွှေအင်းလေး)