တောင်သူများက အထွက်နှုန်းမြင့် စပ်မျိုးစပါးမျိုးများကို ပိုမို စိုက်ပျိုးလာကြကြောင်း သိရသည်။ ပြည်တွင်း စပါးဈေးနှုန်းမှာ တင်း ၁၀ဝ
လျှင် ကျပ်ငါးသိန်းခန့်သာ ဈေးရရှိသဖြင့် စိုက်ပျိုးစရိတ်ကာမိရုံသာ ရှိနေသည့်အခြေအနေတွင် စိုက်ပျိုးချိန် ရက် ၁၂၀ ခန့်ဖြင့် တစ်
ဧကလျှင် တင်း ၁၅၀ ခန့် ထွက်ရှိသည့် အထွက်တိုးစပ်မျိုးစပါး (GW-1)ကို စိုက်ပျိုးရန် တောင်သူများက ပိုမိုစိတ်ဝင်စားလာကြကြောင်း
မျိုးစေ့ထုတ်လုပ်သည့် ဂရိတ်ဝေါလ် အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် အုပ်ချုပ်မှုဒါရိုက်တာ ဦးတင်မောင်က ပြောသည်။ အထူး
အထွက်တိုးနှုန်း စပ်မျိုးစပါးမျိုးစေ့များကို သာမန်ဒေသမျိုးစပါးများ အတိုင်း ရေသွင်း၊ ရေထုတ်နှင့် ပုံမှန်အတိုင်း ဓာတ်မြေဩဇာသုံးစွဲ
ရန်သာလိုအပ်ပြီး စိုက်ပျိုးနည်းစနစ်များအတိုင်း စနစ်တကျ စိုက်ပျိုးခြင်းဖြင့် တစ်ဧကကို တင်း ၁၅၀ ခန့်ထွက်ရှိမည်ဖြစ်ကြောင်း သိ
ရသည်။ စပ်မျိုးစပါးများ အသုံးပြုစိုက်ပျိုးခြင်းကြောင့် အထွက်နှုန်းကောင်းမွန်ခြင်း၊ ဆန်သားအရည်အသွေးကောင်းမွန်ခြင်း၊ ဒေသ
မရွေး စိုက်ပျိုးနိုင်ခြင်း၊ ရောဂါဒဏ်ခံနိုင်ခြင်းများအပြင် မျိုးစပါးအသုံးပြုရမှု သက်သာခြင်း၊ စိုက်ပျိုးစနစ်အလိုက် စိုက်ပျိုးနိုင်ပြီးဒေသမျိုး
များထက် အထွက်နှုန်းသိသိသာသာ ကောင်းမွန်သဖြင့် တောင်သူများ ပိုမို စိုက်ပျိုးလာကြောင်း နေပြည်တော် GW မျိုးစပါး စိုက်ပျိုး
ထုတ်လုပ်ရေးတာဝန်ခံ ဦးအောင်စိုးက ပြောသည်။“စပါးမျိုးတွေက စားသုံးတဲ့အခါမှာလည်း အရည်အသွေးကောင်းပြီး လူကြိုက်များ
တယ်။ တောင်သူတွေ အထွက်တိုး မျိုးကောင်းမျိုးသန့်တွေကို အသုံးပြုစိုက်ပျိုးပြီး ဝင်ငွေနှစ်ဆ တိုးတက်ရရှိဖို့ပါ။ ဒေသမျိုးတွေထက်
စပါးနှစ်ဆထွက်လို့ တောင်သူတွေ စပါးဈေးကျဆင်းမှုကို ကာမိစေပါတယ်။ အထွက်နှုန်းမြင့်စပါးဆိုပေမယ့် မြေဆီမြေဩဇာက ဒေသ
မျိုးစပါးကို စိုက်သ လိုပဲ သုံးရပါတယ်။ဒါကြောင့် စိုက်စရိတ်မတိုးဘဲ စပါးအထွက်တိုးစေပါတယ်“ဟု ပြောသည်။
စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ စပါးသီးနှံဌာနခွဲ (နေပြည်တော်) ညွှန်ကြား ရေးမှူး ဒေါ်မွှေးမွှေးက ွျှ-၁ စပ်မျိုးစပါး အမျိုးအစားများကို
စိုက်ပျိုးနေသည့် ဧရာဝတီတိုင်းဒေသကြီးသို့ သွားရောက်လေ့လာခဲ့ရာ စပါးတစ်ဧကလျှင် တင်း ၁၅၀ ကျော်သည်အထိ အထွက်နှုန်း
အထူးကောင်းမွန်သည်ကို တွေ့ရှိရကြောင်း ဆိုသည်။ “စပ်မျိုးစပါးတွေက မြန်မာနိုင်ငံ ရာသီဥတုရေမြေနဲ့လည်း ကိုက်ညီတယ်။ အကြမ်
းခံတယ်။ စိုက်ရက် သက်တမ်းတိုတယ်။ ရေသုံးစွဲမှုနည်းတယ်”ဟု ပြောသည်။ အထူးအထွက်တိုး စပ်မျိုးစပါး မျိုးစိတ်များကို နေပြည်တော်
ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် အလျင်လိုကျေးရွာနှင့် ချိုင်းရွာတို့ရှိ မြေဧက ၃၀ဝ ၌ ၂၀၁၂ ခုနှစ်က စတင်၍ စမ်းသပ်စိုက်ပျိုးခဲ့
ကြောင်း သိရသည်။ ထိုသို့ အထွက်နှုန်းမြင့်စပါးမျိုးများကို စိုက်ပျိုးခြင်းဖြင့် မြန်မာနိုင်ငံ၏ ဆန်လိုအပ်ချက်အပြင် ပို့ကုန်အရည်အသွေးမြင့်
ဆန်မျိုးများ ဈေးကွက်ဈေးကောင်းရရှိလာ နိုင်ကြောင်း သိရသည်။
- ရွှေမန်း
မြန်မာတောင်သူကြီးများ ဂျာနယ်
အတွဲ(၂၆) အမှတ်(၃၇၇)၊ နိုဝင်ဘာ ၄ - ၁၀၊ ၂၀၁၉ ခုနှစ်