သင်အသက်အရွယ်ရလာတဲ့အချိန်ထိစတိုင်ကျပြီးမရိုးသွားမယ့် ဖက်ရှင်အိုင်ဒီယာ (၅) မျိုး
myanmaplatform.com
|
2020-02-21



ဖက်ရှင်ရေစီးကြောင်းဟာ တစ်နှစ်ထပ်တစ်နှစ် တိုးတက်လာပြီး စိတ်ဝင်စားသူ လူငယ်တွေလည်း များပြားလာပါတယ် ။ ဒါပေမယ့် အခုခေတ်မှာ ရေပန်းစားနေတဲ့ မော်ဒန် ဖက်ရှင်တွေဟာ ဆယ်ကျော်သက်အရွယ် မိန်းမပျိုတွေအတွက်ပဲ လိုက်ဖက်ညီတာမဟုတ်ပါဘူးနော် ။ အသက် ၄၀ ကျော် သွားလည်း အခုခေတ်စားနေတဲ့ ဖက်ရှင်တွေက အမျိုးသမီးတိုင်းအတွက် လိုက်ဖက်ညီနေဆဲပါ ။ အဲ့ဒီ့ထဲကမှ အသက်အရွယ်ရွေးစရာ မလိုအပ်ဘဲ ဝတ်စားလိုက်ရုံနှင့် အမျိုးသမီးတိုင်းကို ဖက်ရှင်ကျကျ လှပသွားစေနိုင်တဲ့ အိုင်ဒီယာ ၅ မျိုးကို ဖော်ပြပေးလိုက်ပါတယ် ။

အပတ်စဉ်တိုင်းမှာ မြန်မာပလက်ဖောင်းကနေ အလှအပနှင့် ဖက်ရှင်နှင့် ဆိုင်တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးနေတာကြောင့် လက်လွတ်မခံချင် ရင်တော့ Myanma Platform ပေ့ခ်ျ နှင့် Myanma Platform Lifestyle ပေ့ချ့် တို့ကို Like နှင့် See First လုပ်ထားလိုက်ပါနော် ။

၁ ။ အမျိုးသမီးဝတ် အပေါ်ထပ်ကုတ်




အမျိုးသမီးဝတ် အပေါ်ထပ် ကုတ်တွေဟာ အသက် ၂၀ ၊ ၃၀ ၊ ၄၀ စတဲ့ အမျိုးသမီးတွေနှင့် လိုက်ဖက်ညီမယ့် ဖက်ရှင်ပါ ။ ပွဲတက်အခမ်းအနားတွေမှာ အတည်အခန့် ဝတ်ဆင်လို့ရတဲ့အပြင် ဂျင်းဘောင်းဘီ နှင့် တီရှပ်တို့နှင့်အတူ တွဲဖက်ဝတ်ဆင်လိုက်မယ်ဆိုရင်တော့ တက်ကြွတဲ့ ဟန်ကို ရစေနိုင်မှာပါ ။

၂ ။ ကလက်ဆစ် ရှပ်တ်




ဒီဖက်ရှင်လေးကတော့ အမျိုးသမီးတိုင်းအတွက် အသက်အရွယ်မရွေးဘဲ လိုက်ဖက်ညီမယ့် ဖက်ရှင်ပါ ။ အရောင်စုံနှင့် တွဲဖက်ဝတ်ဆင်နိုင်ပြီး ဝတ်ဆင်လိုက်တဲ့အခါ ငယ်ရွယ်တဲ့ဟန်ကို ရစေနိုင်မှာပါ ။

၃ ။ ဦးထုပ်




သင်ဝတ်စားထားတဲ့ ဝတ်စုံနှင့် လိုက်ဖက်ညီတဲ့ဦးထုပ် ကို ရှာတွေ့ဖို့က နည်းနည်းတော့ ခက်ခဲပါတယ် ။ ဒါပေမယ့် လည်း သင့်ရဲ့ ဝတ်စုံနှင့် လိုက်တဲ့ ဦးထုပ်ကို တွဲဖက် ဝတ်ဆင်လိုက်မယ်ဆိုရင်တော့ အသက်အရွယ်မရွေးလိုက်ဖက် တဲ့ ဖက်ရှင်အိုင်ဒီယာ တစ်ခုပါပဲ ။

၄ ။ ဂျင်း ဂျက်ကတ်




ဂျင်းဂျက်ကတ် ရဲ့ ဖက်ရှင်လောကမှာ အရေးပါမှုကတော့ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ ။ အခုချိန်အထိ ဂျင်းဂျက်ကတ်ဝတ်ဆင်မှုဟာ ပျောက်ကွယ်သွားခြင်းမရှိသေးပါဘူး ။ ဒါ့အပြင် ဂျင်းဂျက်တတ်ဟာ အသက်အရွယ်မရွေးလိုက်ဖက် တဲ့ ဖက်ရှင် ဝတ်စုံတစ်ခုပါ ။

၅ ။ Jump Suit




အခုချိန်မှာ Jump Suit က မိန်းကလေးတိုင်း သဘောကျ နှစ်သက်တဲ့ ဖက်ရှင် တစ်ခုပါ ။ Jump Suit ဝတ်ဆင်လိုက်တဲ့အခါမှာ ဆယ်ကျော်သက်တွေနှင့်လည်း လိုက်ဖက် နေသလို အသက် ၄၀ ကျော်နေရင်တော့ ငယ်ရွယ်နုပျိုတဲ့ အသွင်ကို ရရှိစေမယ့် ဖက်ရှင် တစ်မျိုးပါ ။




Some text some message..