
မျက်နှာအသားအရေပေါ်မှာ ချွေးပေါက်လေးတွေက ရှိနေပေမယ့် သေးငယ်တဲ့အပေါက်မျိုးလေးတွေနဲ့ အသားအရေကိုကောင်းကောင်းအသက်ရှူနိုင်အောင် လုပ်ပေးနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် အရမ်းများနေမယ်ဆိုရင်တော့ အသားအရေကိုပျက်စီးစေပုံပေါ်စေပြီး ဝက်ခြံဖြစ်ဖို့အခွင့်အလမ်းပိုများစေပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းနိုင်ပြီး ကောင်းမွန်တဲ့အသားအရေမျိုးရရှိစေဖို့ နည်းလမ်းတစ်ချို့ကိုလည်း လိုက်နာဖို့လိုအပ်ပါတယ်။
ရှားစောင်းလက်ပတ်ဂျယ်
ရှားစောင်းလက်ပတ်အနှစ်က အသားအရေအတွက်အရမ်းကို အကျိုးရှိစေပါတယ်။ လတ်ဆတ်တဲ့ရှားစောင်းလက်ပတ်အနှစ်ကို မျက်နှာပေါ်မှာလိမ်းပြီး တစ်ညအိပ်လိုက်ပါ။ နောက်တစ်နေ့မနက်မှာတော့ သိသာတဲ့ရလဒ်နဲ့ ချောမွေ့နေတဲ့အသားအရေမျိုးကို ပိုင်ဆိုင်နေတာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ နေ့တိုင်းလုပ်ပေးလို့လည်းရသလို တစ်ရက်ခြားတစ်ခါစီလုပ်ပေးသွားတာမျိုးဆိုရင်လည်း အချိန်တိုအတွင်းမှာ ချွေးပေါက်ကျယ်နေတာတွေကို သက်သာသွားစေမှာပါ။
Apple Cider Vinegar
City Mart တွေမှာရနိုင်တဲ့ Apple Cider Vinegar ကို ရေနဲ့ရောပြီး တိုနာအနေနဲ့ သုံးပေးမယ်ဆိုရင်လည်း ချွေးပေါက်တွေကိုသိသိသာသာလျော့နည်းလာစေမှာပဲဖြစ်ပါတယ်နော်။
ကွကျဥအကာ
ကြက်ဥတစ်လုံးကို အကာဖယ်ထုတ်ပြီး ရှောက်သီးအရည်နဲ့ နှံ့စပ်သွားအောင်ခေါက်ပေးရမှာဖြစ်ပါတယ်။ ရလာတဲ့အနှစ်တွေကို မျက်နှာပြင်အနှံ့လိမ်းပေးပြီး တစ်နာရီလောက်ထားထားပေးလိုက်ပါ။ ခြောက်သွားပြီဆိုရင်တော့ မျက်နှာကိုသေချာပြောင်စင်အောင် ဆေးကြောသန့်စင်ပေးလိုက်ရုံပေါ့။
ဒီလိုနည်းလမ်းတွေက ပျိုမေတို့ရဲ့မျက်နှာပေါ်မှာရှိနေတဲ့ သိသာနေတဲ့ချွေးပေါက်တွေကိုလည်း လျော့နည်းပြီး ကောင်းမွန်တဲ့အသားအရေမျိုးကို အချိန်တိုအတွင်းမှာ ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။
Featured Image Source: freepik
The post
မျက်နှာပေါ်က သိသာတဲ့ချွေးပေါက်တွေကို ကျဉ်းသွားစေမယ့် သဘာဝနည်းလမ်းများ
appeared first on
MyStyle Myanmar
.